ဇိဝှါနိစ္ဆာရကသိက္ခာပုဒ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဇိဝှါနိစ္ဆာရကသိက္ခာပုဒ် (ကဗဠဝဂ်)
လျှာထုတ်ခြင်း[ပြင်ဆင်ရန်]
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ လျှာထုတ်၍ ထိုလျှာပေါ်၌ ဆွမ်းလုပ်ကို တင်ပြီးမှ အတွင်းသို့ ကော်ယူကြကုန်၏၊ ထိုအပြုအမူလည်း ယဉ်ကျေးသူတို့၏ အပြုအမူ မဟုတ်ရကား လူတို့ကဲ့ရဲ့ကြသောကြောင့်—[၁]
“န ဇိဝှါနိစ္ဆာရကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်[ပြင်ဆင်ရန်]
“လျှာကိုထုတ်၍ ထုတ်၍ မစားအံ့” ဟု အလေ့အကျင့်ကို ပြုရမည်။ (ဇိဝှါ-လျှာ+နိစ္ဆာရကံ-ထုတ်၍၊)
ကိုးကား[ပြင်ဆင်ရန်]
- ↑ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး။