ဂျီ-၃၆
G36 ခေါ် HK G36သည် ဂျာမဏီ နိုင်ငံ Heckler & Kochကုမ္ပဏီမှ ထုတ်လုပ်သော ချေမှုန်းရေးရိုင်ဖယ် အမျိုးအစား ဖြစ်ပြီး ၁၉၉ဝပြည့်နှစ်များ အတွင်း စတင်ဒီဇိုင်း ရေးဆွဲခဲ့သည်။ ၁၉၉ရခုနှစ်မှစ၍ ဂျာမဏီစစ်တပ်တွင် အိုမင်းနေပြီဖြစ်သော G3 မောင်းပြန်ရိုင်ဖယ်များ အစား ပြောင်းလဲ အသုံးပြုခဲ့သည်။
နောက်ခံသမိုင်း [ပြင်ဆင်ရန်]
၁၉ရဝနှောင်းပိုင်းမှ စ၍ ဂျာမဏီသည် အိုမင်းလာပြီ ဖြစ်သော G3များကို အစားထိုးရန် လက်နက် သစ် တစ်ရပ် ရှာဖွေလျှက် ရှိနေခဲ့သည်။ ဦးဆုံးသော ရလဒ်အနေဖြင့် ၄.၇၃မမ G11 ရိုင်ဖယ် ပေါ် ပေါက် လာခဲ့ပြီး ကျည်အိမ်မဲ့ ကျည်ဆံတောင့်အား အသုံးပြုသည်။ ဦးဆောင် တီထွင်ခဲ့သူမှာ H&K ကုမ္ပဏီပင် ဖြစ်ပြီး အခြားသော ကုမ္ပဏီ ငယ်အချို့ပါ ပါဝင်သည်။ အထက်ပါ ရိုင်ဖယ်သည် နောင် တွင် G3 အား အစားထိုး လိမ့်မည်ဟု မှတ်ယူခဲ့ကြသော်လည်း ဂျာမဏီ ကာကွယ်ရေးဝန်ကြီး ဌာနမှ အသုံးပြု ရန် ငြင်းဆန်ခဲ့ ခြင်းကြောင့် အဆိုပါ အစီအစဉ် ပျက်သွားခဲ့သည်။ H&K ကုမ္ပဏီမှ G41 အမျိုးအစားကို ထပ်မံ တင်ပြခဲ့သော်လည်း ငြင်းပယ် ခြင်းခံခဲ့ ရပြန်သည်။
ထို့ကြောင့် H&Kသည် ခေတ်သစ် ၅.၅၆မမ ချေမှုန်းရေးရိုင်ဖယ် အတွက်ဒီဇိုင်းသစ်တစ်ရပ် စတင် ရေးဆွဲခဲ့ပြီး "HK50စီမံကိန်း" ဟုခေါ်သည်။ မကြာမီ နမူနာအချို့ကို စတင်စမ်းသပ် အသုံးပြုကြည့် စေရာ အိမ်နီးချင်း ဩစတြီးယား၏ နာမည်ကျော် Steyr AUG ရိုင်ဖယ်များထက် ပိုကောင်းကြောင်း သတ်မှတ်ခံရသည်။ ထို့ကြောင့် ဂျာမဏီကာကွယ်ရေးဝန်ကြီးဌာနမှ HK50 ရိုင်ဖယ်များကို အသုံးပြု ရန် ရွေးချယ်ကာ ပထမအသုတ်အဖြစ် လက်ရည်၃၃၀၀၀ မှာယူခဲ့သည်။ အမည်ကိုလည်း Gewehr G36ဟု ခေါ်တွင် စေသည်။ ၁၉၉၈၊ ဂျူလိုင်အရောက်တွင် စပိန်လက်နက်ကိုင် တပ်များ၏ လက်နက် သစ် အဖြစ်ပါ အစားထိုး အသုံးပြုခြင်း ခံခဲ့ရသည်။
G36မျိုးကွဲများ [ပြင်ဆင်ရန်]
အခြေခံအားဖြင့် G36ကို ပုံစံသုံးမျိုးခွဲ၍ ထုတ်လုပ်လေ့ရှိသည်။ မူရင်း G36၊ အပေါ့စားစက်သေနတ် ပုံစံနှင့် ပြည်ပဈေးကွက် အတွက်ရည်ရွယ်သော ပုံစံတို့ဖြစ်သည်။
- MG36(အပေါ့စား စက်သေနတ်)
- G36K(ကာဘိုင်)
- G36C(အပေါ့စား)
- G36A2
- G36V(ပြည်ပပို့ကုန်)
- G36KV(ပြည်ပပို့ကုန်)
ကုလသမဂ္ဂ
အယ်ဘေးနီးယား
ဩစတြေးလျ
ဘရာလ်ဇီး
ကနေဒါ
ခရိုအေးရှား
အက်စတိုးနီးယား
ဖင်လန်
ပြင်သစ်
ဂျာမဏီ
ဂျော်ဂျီယာ
ဂရိ
အင်ဒိုနီးရှား
အိုင်ယာလန်
အီတလီ
ဂျော်ဒန်
လတ်ဗီးယား
လစ်သူးရေးနီးယား
မလေးရှား
မက္ကဆီကို
နယ်သာလန်
နော်ဝေ
ဖိလစ်ပိုင်
ပိုလန်
ပေါ်တူဂီ
ရိုမေးနီးယား
စင်္ကာပူ
ဆလိုဗေးနီးယား
ဆလိုဗားကီးယား
စပိန်
ဆွီဒင်
ထိုင်း
ဗြိတိန်
အမေရိကန်ပြည်ထောင်စု