မာတိကာသို့ ခုန်သွားရန်

ပအိုဝ်းအမျိုးသားတပ်မတော်

ဝီကီပီးဒီးယား မှ
ပအိုဝ်းအမျိုးသားတပ်မတော်
ပအိုဝ်ႏစွိုးခွိုꩻတပ်မတောႏ
မြန်မာ့ပြည်တွင်းပဋိပက္ခများတွင် ပါဝင်
PNA မှ အသုံးပြုသော ပအိုဝ်းလူမျိုးအလံ
လှုပ်ရှား၁၉၄၉ (၁၉၄၉) – ၉ ဒီဇင်ဘာ ၂၀၀၉၊ ၂၀၂၁–လက်ရှိ
ခံယူချက်ပအိုဝ်းအမျိုးသားရေး
ဦးဆောင်သူများဦးအောင်ခမ်းထီ[]
ဌာနချုပ်တောင်ကြီးမြို့ရှမ်းပြည်နယ်မြန်မာနိုင်ငံ
လှုပ်ရှားသည့် ဧရိယာပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
(ထိန်းချုပ်နယ်မြေ)
ယခင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်
မဟာမိတ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး
ကရင်နီ တပ်မတော်
ပြိုင်ဘက် မြန်မာ

ပြည်ထောင်စု မြန်မာနိုင်ငံ
ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံ (၁၉၈၈ အထိ)

ပြည်ထောင်စုဗမာနိုင်ငံ (၁၉၆၂ အထိ)
တိုက်ပွဲနှင့် စစ်ပွဲများမြန်မာ့ပြည်တွင်းပဋိပက္ခများ

ပအိုဝ်းအမျိုးသားတပ်မတော် (အင်္ဂလိပ်: Pa-O National Army; ပအိုဝ်း: ပအိုဝ်ႏစွိုးခွိုꩻတပ်မတောႏ‎; အတိုကောက် PNA ) သည် မြန်မာနိုင်ငံရှိ ပအိုဝ်း လက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သည်။ ၁၉၄၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၏ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။[][]

PNA သည် ရှမ်းပြည်တောင်ပိုင်း ရှိ မြို့နယ်သုံးမြို့နယ်ဖြစ်သည့် ဟိုပုံးဆီဆိုင် နှင့် ပင်လောင်းမြို့နယ်များ ပါဝင်သော PNO အုပ်ချုပ်သော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အကာအကွယ်ပေးသည်။[]

စစ်တိုင်း ၄ ခု ခွဲခြားထားပြီး မျင်ꩻမိုရ်ႏခမ်း (မြင့်မိုရ်တိုင်း) ၊ စန္တာႏခမ်း (စန္တာတိုင်း) ၊ ခွန်ဖြားဗွာခမ်း (ခွန်ဖြားဗွာတိုင်း) နှင့် သူရိယခမ်း (သူရိယတိုင်း) တို့ဖြစ်သည်။မျင်ꩻမိုရ်ႏခမ်း (မြင့်မိုရ်တိုင်း) သည် တောင်ကြီးမြို့မြောက်ဘက်အခြမ်းရှိ လွိုင်လင် ၊ ပင်လုံ ၊ မိုင်းပွန် စသည့် မြို့ ဧရိယာများ ပါဝင်သော နယ်မြေဖြစ်သည်။[]

စန္တာႏခမ်း (စန္တားတိုင်း) သည် ကလော ၊ အောင်ပန်း ၊ ပင်လောင်း ၊ ဟဲဟိုး နှင့် ရပ်စောက်မြို့ ဧရိယာတို့ပါဝင်သော နယ်မြေဖြစ်သည်။

ခွန်ဖြားဗွာခမ်း (ခွန်ဖြားဗွာတိုင်း) သည် တောင်ကြီးမြို့တောင်ဘက်မှ ကရင်နီ (ကယား) ပြည်နယ် နယ်စပ်အထိ အကျုံးဝင်သော နယ်မြေဖြစ်ပြီး သူရိယတိုင်းသည် မဲနယ်တောင်တန်းအပါအဝင် ဆီဆိုင်နှင့် မောက်မယ်မြို့နယ် ဘက်အထိ အကျုံးဝင်သည်။

PNA သည် ၎င်းတို့နယ်မြေအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် မှောင်ခိုကူးခြင်းကို တားဆီးရန် ကြိုးပမ်းသည့် အနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ကရင်နီတပ်မတော် တို့ နှင့် အလွတ်သဘော မဟာမိတ်ဖွဲ့ထားသည်။

၁၉၉၁ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် PNA သည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် အခြားသော ပအိုဝ်းလက်နက်ကိုင်အဖွဲ့များနှင့် ပေါင်းစည်းခဲ့သည်။[][] ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် PNA မှ အစိုးရအပေါ် လက်နက်ကိုင် တိုက်ခိုက်မှုများ ပြန်လည်စတင်ကြောင်း ကြေညာခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ South၊ Ashley (2008)။ Ethnic Politics in Burma: States of Conflict။ Oxon: Routledge။ pp. 122–124။ ISBN 978-0-203-89519-1
  2. Armed ethnic groups။ Myanmar Peace Monitor။
  3. ၃.၀ ၃.၁ PNLO။ Myanmar Peace Monitor။
  4. https://myanmar-now.org/mm/news/58435/
  5. Kyaw၊ Sann; Christensen၊ Russ (2006)။ The Pa-O: Rebels and Refugees။ Chiang Mai: Silkworm Books။ ISBN 978-974-9575-93-2