ဝီကီပီးဒီးယား:ဝီကီပီးဒီးယားက ဘာမဟုတ်ဘူးလဲ

Page semi-protected
ဝီကီပီးဒီးယား မှ
"WP:NOT"ကို ဤနေရာသို့ ညွှန်းသည်။ ဝီကီပီးဒီးယား၏ ထင်ရှားအရေးပါမှု လမ်းညွှန်ချက်များအတွက် Wikipedia:ထင်ရှားအရေးပါမှုကို ကြည့်ပါ။

ဝီကီပီးဒီးယားသည် အွန်လိုင်းစွယ်စုံကျမ်းတစ်ခု ဖြစ်ပြီး အပြန်အလှန်လေးစားမှုရှိသော အရည်အသွေးမြင့် စွယ်စုံကျမ်းကို တည်ထောင်ခြင်းနှင့် အသုံးပြုရာတွင် စိတ်ပါဝင်စားမှုရှိသည့် လူတစ်ဦးချင်းစီပါဝင်သော အွန်လိုင်း အသိုင်းအဝိုင်းတစ်ခု ဖြစ်ပါသည်။ သို့အတွက် ဝီကီပီးဒီးယားသည် ဘာမဟုတ်ဘူးလဲ ဟူသည့် အချက်တစ်ချို့ ရှိပါသည်

ဟန်ပန်ပုံစံ

ဝီကီပီးဒီးယားသည် စာရွက်စွယ်စုံကျမ်းတစ်ခု မဟုတ်ပါ

မူဝါဒ အတိုကောက်များ:

ဝီကီပီးဒီးယားသည် စာရွက်စွယ်စုံကျမ်းတစ်ခု မဟုတ်ဘဲ ဒစ်ဂျစ်တယ် စွယ်စုံကျမ်း စီမံချက်တစ်ခု ဖြစ်ပါသည်။ စိစစ်အတည်ပြုနိုင်ခြင်းနှင့် ဤစာမျက်နှာတွင် ဖော်ပြထားသော အခြားသော အချက်များမှ လွဲ၍ ဝီကီပီးဒီးယားမှ လွှမ်းခြုံနိုင်သော ခေါင်းစဉ်အရေအတွက် သို့မဟုတ် အကြောင်းအရာ ပမာဏ စုစုပေါင်းကို ကန့်သတ်ထားခြင်း မရှိပါ။ သို့သော်လည်း အောက်တွင် ဖော်ပြထားသော § စွယ်စုံကျမ်း အကြောင်းအရာ ကဲ့သို့သော ဆောင်ရွက်နိုင်သော နှင့် ဆောင်ရွက်သင့်သော အရာများအကြား အရေးပါသော ကွဲပြားချက် ရှိပါသည်။ သို့ဖြစ်၍ ဤမူဝါဒသည် ဝီကီပီးဒီးယားတွင် ပါဝင်ခွင့် လက်မှတ်မဟုတ်ဘဲ ဆောင်းပါးများအနေဖြင့် ဆီလျော်သော အကြောင်းအရာ မူဝါဒများ၊ အထူးသဖြင့် လမ်းစဉ်ငါးရပ် တွင် ဖော်ပြထားသည်များကို လိုက်နာရမည် ဖြစ်သည်။

စာမျက်နှာကို ဒေါင်းလုပ်ပြုလုပ်သည့် အကြိမ်နှင့် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိသဖြင့် ဆောင်းပါးများကို သင့်တင့်မျှတသော ပမာဏဖြင့် ထိန်းသိမ်းထားရန်မှာ ဝီကီပီးဒီးယားကို လွယ်ကူစွာ အသုံးပြုနိုင်စေရန် (အထူးသဖြင့် dial-up နှင့် mobile browser ဖြင့် အသုံးပြု ဖတ်ရှုသူများ) အတွက် အရေးပါအချက် ဖြစ်သည်။ ရှည်လျားသော ဆောင်းပါးများကို ခွဲထုတ်ပြီး လုံလောက်မျှတသော အကျဉ်းချုပ် ချန်ရစ်ထားခြင်းသည် ဆောင်းပါးခေါင်းစဉ်တစ်ခုကို သဘာဝကျကျ တိုးတက်စေနိုင်မည့် နည်းလမ်း ဖြစ်သည် (see Wikipedia:Summary style)။ အချို့ခေါင်းစဉ်များသည် ပုံနှိပ်စွယ်စုံကျမ်းများတွင် အတိုချုပ်ပါဝင်ပြီး ဖြစ်သော်လည်း ဝီကီပီးဒီးယားတွင် ပိုမိုသော အချက်အလက်များ၊ ပြင်ပလင့်ခ်များ ပိုမိုထည့်သွင်းနိုင်ခြင်းနှင့် လျှင်မြန်စွာ မွမ်းမံနိုင်ခြင်းတို့ ပြုလုပ်နိုင်သည်။

စွယ်စုံကျမ်း အကြောင်းအရာ

မူဝါဒ အတိုကောက်:

မှန်ကန်နေခြင်း သို့မဟုတ် အသုံးတည့်ခြင်း တစ်ခုတည်းအတွက်ကြောင့် အချက်အလက်များသည် ဤစွယ်စုံကျမ်းတွင် မပါဝင်နေသင့်ပါ။ ဝီကီပီးဒီးယား ဆောင်းပါးတစ်ခုအနေဖြင့် ဖြစ်နိုင်သော အသေးစိတ် အချက်အလက်များအားလုံးကို အပြည့်အစုံ ဖော်ပြထားခြင်မျိုး မဖြစ်သင့်ဘဲ အကြောင်းအရာနှင့် ပတ်သက်သော လက်ခံနိုင်လောက်သည့် ဗဟုသုတ အကျဉ်းချုပ် တစ်ခုသာ ဖြစ်သင့်သည်။[၁] ထည့်သွင်းချက် အမျိုးမျိုးတို့၏ နှံ့စပ်သည့် အရည်အသွေးများအတွက် စကားစစ်ထိုးခြင်းများ ရှိနေသော်လည်း အောက်ပါတို့က ဝီကီပီးဒီးယားက ဘာမဟုတ်ဘူးလဲဆိုသော ကောင်းမွန်သည့် ဥပမာများသည် အများသဘောဆန္ဒ ဖြစ်သည်။ အပိုင်းတစ်ခုခြင်းစီရှိ နမူနာများသည် ပြည့်စုံစေ့စပ်သည်ဟု မယူဆစေလိုပါ။

ဝီကီပီးဒီးယားသည် အဘိဓာန်တစ်ခု မဟုတ်ပါ

မူဝါဒ အတိုကောက်များ:
အကျယ်တဝင့် ဖော်ပြထားသောစာမျက်နှာ - Wikipedia:ဝီကီပီးဒီးယားသည် အဘိဓာန်တစ်ခု မဟုတ်ပါ

ဝီကီပီးဒီးယားသည် အဘိဓာန်တစ်ခု သို့မဟုတ် အသုံးပြုပုံ သို့မဟုတ် ဗန်းစကား လမ်းညွှန်တစ်ခု မဟုတ်ပါ။ ဝီကီပီးဒီးယား ဆောင်းပါးများသည် အောက်ပါတို့ မဟုတ်ကြပါ။

  1. အဓိပ္ပာယ် ဖွင့်ဆိုချက်များ။ ဆောင်းပါးများကို ကောင်းမွန်သော အနက်ဖွင့်ခြင်း သို့မဟုတ် ဖော်ပြချက်ဖြင့် စတင်သင့်သော်လည်း အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုသာလျှင် ပါရှိသော ဆောင်းပါးများကို ထပ်ဆောင်း စွယ်စုံကျမ်း အချက်အလက်များဖြင့် ချဲ့ကားရေးသားသင့်သည်။ အကယ်၍ အဓိပ္ပာယ် ဖွင့်ဆိုချက်ထက် ထပ်မံချဲ့ကားရေးသား၍ မရနိုင်တော့ပါက ယင်းတို့အတွက် ဝီကီပီးဒီးယားတွင် နေရာမရှိပါ။ ဂြိုဟ်၏ အဓိပ္ပာယ် ဖွင့်ဆိုချက် ကဲ့သို့ အချို့သော ကိစ္စရပ်များတွင် စကားလုံးတစ်ခု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် စွယ်စုံကျမ်းအကြောင်းအရာတစ်ခု ဖြစ်နေနိုင်သည်။ အဘိဓာန်တစ်ခု ဖြစ်သော ဝီကီအတွက်၊ ကျွန်ုပ်တို့၏ ညီအစ်မပရောဂျက် ဝစ်ရှင်နရီကို ဝင်ရောက်လေ့လာပါ။ အဘိဓာန် အဓိပ္ပာယ် ဖွင့်ဆိုချက်များကို ယင်းနေရာတွင်သာ transwiki လုပ်သင့်သည်။
  2. အဘိဓာန် ထည့်သွင်းချက်များ။ စွယ်စုံကျမ်း ဆောင်းပါးများသည် လူပုဂ္ဂိုလ်တစ်ဦး၊ သို့မဟုတ် အဖွဲ့တစ်ခု၊ ဖျော်ဖြေပွဲတစ်ခု၊ နေရာတစ်ခု၊ အရာတစ်ခု၊ ဖြစ်ရပ်တစ်ခု စသည်တို့ အကြောင်း ဖြစ်သည်။ အချို့သော ကိစ္စရပ်များတွင် စကားလုံးတစ်ခု သို့မဟုတ် စကားစုတစ်ခု ကိုယ်တိုင်သည် စွယ်စုံကျမ်းအကြောင်းအရာတစ်ခု ဖြစ်နေနိုင်သည်။ သို့သော်လည်း ဆောင်းပါးရှားပါးပြီး၊ ရှိနေပါက ဆောင်းပါးခေါင်းစဉ်၏ ထင်ရှားသော အဓိပ္ပာယ်ဖွင့်ဆိုချက် သို့မဟုတ် သုံးစွဲပုံ တစ်ခုထက် ပိုမိုပါဝင်နေနိုင်သည်။ ကိန်းဂဏန်းတစ်ခုခြင်းစီ၏ ယဉ်ကျေးမှုဆိုင်ရာ သို့မဟုတ် သင်္ချာဆိုင်ရာ အရေးပါမှုတို့ကိုလည်း လက်ခံနိုင်သည်။
  3. သုံးစွဲပုံ၊ ဗန်းစကား၊ နှင့်/သို့မဟုတ် ဓလေ့သုံးစကား လမ်းညွှန်များ။ ဘာသာစကားများ၊ ဒေသိယစကားများ၊ သို့မဟုတ် ဗန်းစကား အမျိုးအစားများအကြောင်း ဖော်ပြချက် ဆောင်းပါးများကို လိုလားသည်။ ယင်းဘာသာစကားများကို အသုံးပြု ပြောဆိုမည့်သူများအတွက် သတ်မှတ်ပြဋ္ဌာန်းသော လမ်းညွှန်များကို လက်မခံပေ။ နောက်ထပ် အချက်အလက်များအတွက် အောက်တွင် ဖော်ပြထားသော "ဝီကီပီးဒီးယားသည် လက်စွဲစာအုပ်၊ လမ်းညွှန်စာအုပ်၊ ပြဋ္ဌာန်းစာအုပ်၊ သို့မဟုတ် သိပ္ပံဆိုင်ရာ ဂျာနယ်တစ်ခု မဟုတ်ပါ" ကို ကြည့်ပါ။ ပြဋ္ဌာန်းစာအုပ်များ စုစည်းထားမှုတစ်ခု ဖြစ်သော ဝီကီအတွက်၊ ကျွန်ုပ်တို့၏ ညီအစ်မပရောဂျက် ဝီကီစာအုပ်များကို ဝင်ရောက်လေ့လာပါ။ ဘာသာစကားတစ်ခုကို အသုံးပြု ပြောဆိုမည့်သူများအတွက် သတ်မှတ်ပြဋ္ဌာန်းသော လမ်းညွှန်များကို ယင်းနေရာတွင်သာ transwiki လုပ်သင့်သည်။

အဘိဓာန်တစ်ခု တည်ထောင်ရာတွင် ကူညီလိုပါက ကျွန်ုပ်တို့၏ ညီအစ်မပရောဂျက် ဝစ်ရှင်နရီတွင် ဝင်ရောက်လေ့လာပါ။

ဝီကီပီးဒီးယားသည် ကိုယ်ပိုင်အတွေးအခေါ်များ ဖြန့်ချိရာနေရာ မဟုတ်ပါ

မူဝါဒ အတိုကောက်များ:

ဝီကီပီးဒီးယားသည် သင့်ကိုယ်ပိုင်အတွေးအခေါ်များ၊ ဆန်းစစ်လေ့လာချက်များ သို့မဟုတ် သတင်းအချက်အလက်အသစ်များကို ဖြန့်ချိရန် နေရာမဟုတ်ပါ။ ကျွန်ုပ်တို့၏ ကိုယ်ပိုင်သုတေသန မူဝါဒအရ ကျေးဇူးပြု၍ အောက်ပါတို့အတွက် ဝီကီပီးဒီးယားကို အသုံးမပြုပါနှင့်

  1. မူလ (ကိုယ်ပိုင်) သုတေသန။ အဆိုပြုထားသော သီအိုရီများနှင့် ဖြေရှင်းချက်များ၊ ကိုယ်ပိုင်အတွေးအခေါ်များ၊ စည်းကမ်းဖွင့်ဆိုချက်များ၊ စကားလုံးအသစ် တီထွင်မှုများ စသည်တို့ ဖြစ်သည်။ ခေါင်းစဉ်တစ်ရပ်အတွက် ကိုယ်ပိုင်သုတေသနတစ်ခု ပြီးစီးသည်ဖြစ်ပါက သင့်ရလဒ်များကို အစီရင်ခံဂျာနယ်များ၊ အခြားပုံနှိပ်မီဒီယာများ၊ ပွင့်လင်းသုတေသန၊ သို့မဟုတ် လေးစားရသော အွန်လိုင်းဖြန့်ချိနေရာများကဲ့သို့ အခြားသောနေရာများတွင်သာ ဖြန့်ချိသင့်သည်။ ယင်းသို့ထုတ်ဝေဖြန့်ချိပြီးနောက် လက်ခံနိုင်သော အသိပညာအဖြစ် ဖြစ်လာသည့်အချိန်တွင် သင့်ဖန်တီးမှုကို ဝီကီပီးဒီးယားက အစီရင်ခံပါလိမ့်မည်။ သို့သော်လည်း တည်းဖြတ်သူ၏ သဘောထားသာမက ယင်းသည် စိစစ်အတည်ပြုခံနိုင်ကြောင်းကို ယုံကြည်စိတ်ချရသော ရင်းမြစ်များကို ကိုးကားပြုပြီး ထင်ရှားစေရန် လိုအပ်သည်။
  2. ပုဂ္ဂလိက တီထွင်မှုများ။ သင့်သူငယ်ချင်းတစ်ဦးသည် အသောက်အစားကစားနည်းတစ်ခု၊ ကကွက်သစ်တစ်ခု၊ သို့မဟုတ် စကားလုံးအသစ်တစ်ခုကို တီထွင်ဖန်တီးခဲ့ပါက လွတ်လပ်ပြီး ယုံကြည်စိတ်ချနိုင်သော ဒုတိယရင်းမြစ်အများအပြားမှ ယင်းကို မဖော်ပြသေးသရွေ့ ယင်းသည် ဆောင်းပါးတစ်ခုအဖြစ် နေရာပေးရန် လုံလုံလောက်လောက် ထင်ရှားမှုမရှိသေးပေ။ ဝီကီပီးဒီးယားသည် တစ်နေ့တာ ဖန်တီးမှုများအတွက် နေရာမဟုတ်ပါ
  3. ပုဂ္ဂလိက အက်ဆေးများ ခေါင်းစီးတစ်ခုအတွက် (ကျွမ်းကျင်သူများ၏ အမြင်မျိုး မဟုတ်ဘဲ) သင့်ခံစားမှုများကို ဖော်ပြထားသော အက်ဆေးများ ဖြစ်သည်။ ဝီကီပီးဒီးယားသည် လူ့အသိပညာများကို စုဆောင်းပြုစုထားရန် ဖြစ်သော်လည်း ကိုယ်ပိုင်ပုဂ္ဂလိက အမြင်များသည် ယင်းအသိပညာများ၏ အစိတ်အပိုင်းဖြစ်လာစေရန် ဆောင်ရွက်ပေးသည့် ကြားခံနေရာ မဟုတ်ပါ။ တစ်စုံတစ်ဦး၏ ထင်မြင်ချက်များကို ဆွေးနွေးမှုပြုလုပ်ရန်အထိ အရေးပါလာသည့် အခြေအနေများအတွက် အခြားသူများက ယင်းတို့ကို ရေးသားပါစေ။ (ဝီကီပီးဒီးယားနှင့် ဆက်စပ်သော ခေါင်းစီးများအပေါ် ကိုယ်ပိုင် ပုဂ္ဂလိက အက်ဆေးများကို သင့်အသုံးပြုသူ အမည်ညွှန်း သို့မဟုတ် Meta-wiki တွင် ရေးသားနိုင်သည်။)
  4. ဆွေးနွေးမှု ဖိုရမ်များ (ဟစ်တိုင်များ)။ ကျေးဇူးပြု၍ စွယ်စုံကျမ်းတစ်ခု ဖန်တီးမှုလုပ်ငန်းစဉ်တွင်သာ အာရုံစိုက်နိုင်ရန် ကြိုးစားပါ။ ဝီကီပီးဒီးယားနှင့် ဆက်စပ်သော ခေါင်းစီးများအတွက် အခြားသူများနှင့် ပြောဆိုရန် သူတို့၏ အသုံးပြုသူ ဆွေးနွေးချက် စာမျက်နှာများ၊ ဆောင်းပါးများ၏ ပြဿနာများ ဖြေရှင်းရန် သက်ဆိုင်ရာ ဆွေးနွေးချက် စာမျက်နှာများ ရှိပါသည်။ သို့သော် ကျေးဇူးပြု၍ ဆောင်းပါးများအတွင်းတွင် ဆွေးနွေးမှုများ မပြုလုပ်ပါနှင့်။ ထပ်ဆောင်းပြောလိုသည်မှာ ဆောင်းပါးများ၏ ဆွေးနွေးချက် စာမျက်နှာများသည် ယင်းဆောင်းပါးကို တိုးတက်ကောင်းမွန်လာစေရန် ဆွေးနွေးသည့် နေရာဖြစ်ပြီး ယင်းဆောင်းပါးအကြောင်းအရာအတွက် အထွေထွေ ဆွေးနွေးပြောဆိုရန် နေရာမဟုတ်သည်လည်းကောင်း၊ လမ်းညွှန်ချက်များ နည်းပညာအကူအညီများ တောင်းဆိုရယူနိုင်မည့် အကူအညီစားပွဲ မဟုတ်သည်ကိုလည်းကောင်း သတိပြုစေလိုပါသည်။ ဆွေးနွေးချက် စာမျက်နှာများပေါ်ရှိ မဆီလျော်သည်များကို ဆွေးနွေးချက် စာမျက်နှာ လမ်းညွှန်ချက်များအရ ဖယ်ရှားခံရမည် ဖြစ်သည်။ အကြောင်းအရာတစ်ခုအပေါ် သီးသန့်မေးခွန်း မေးမြန်းလိုပါက ဝီကီပီးဒီးယားတွင် Reference desk ရှိနေပြီး ဆွေးနွေးချက်စာမျက်နှာများတွင် မေးမြန်းမည့်အစား ယင်းစားပွဲတွင်သာ မေးမြန်းသင့်ပါသည်။

ဝီကီပီးဒီးယားသည် အရောင်းမြှင့်တင်ရန်နေရာ မဟုတ်ပါ

မူဝါဒ အတိုကောက်များ:

ဝီကီပီးဒီးယားသည် တရားဟောရန်နေရာတစ်ခု၊ စစ်တလင်းတစ်ခု၊ သို့မဟုတ် ဝါဒဖြန့်ချိရန်၊ ကြေညာရန်နှင့် ဗန်းပြရန် နေရာလည်း မဟုတ်ပါ။ ယင်းတွင် အသုံးပြုသူအမည်များ၊ ဆောင်းပါးများ၊ ကဏ္ဍများ၊ ဖိုင်များ၊ ဆွေးနွေးချက် စာမျက်နှာများ၊ တမ်းပလိတ်များနှင့် အသုံးပြုသူစာမျက်နှာများ အကျုံးဝင်သည်။ သို့အတွက်ကြောင့် ဝီကီပီးဒီးယားတွင် လွှင့်တင်ထားချက်များသည် အောက်ပါတို့အတွက် မဟုတ်ပါ။

  1. အမျိုးမျိုးသော ထောက်ခံအားပေးခြင်း၊ ဝါဒဖြန့်ချိခြင်း၊ သို့မဟုတ် လူသူစုဆောင်းခြင်း။ စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ သိပ္ပံနည်းကျ၊ ဘာသာရေးအရ၊ အမျိုးသားရေးအရ၊ အားကစားအရ၊ သို့မဟုတ် အခြားမည်သည့်နည်းနှင့်မဆို။ ဆောင်းပါးတစ်ခုသည် အကြောင်းအရာများအကြောင်းကို ဘက်မလိုက်သော အမြင်မှ မသွေဖယ်သရွေ့ ဖော်ပြနိုင်သည်။ သင့်ယူဆချက်များအပေါ် အခြားသူများကို သိမ်းသွင်းစည်းရုံးလိုပါက သင့်အနေဖြင့် ဘလော့ဂ်တစ်ခု စတင်ရေးသားနိုင်သလို၊ ဖိုရမ်တစ်ခုသို့ ဝင်ရောက်ရေးသားနိုင်ပါသည်။[၂]
  2. ထင်မြင်ချက် အပိုင်းအစများ။ လက်ရှိဖြစ်ပေါ်နေသော အကြောင်းအရာများနှင့် နိုင်ငံရေးကဲ့သို့သော အချို့သော ခေါင်းစီးများသည် ဒေါသတကြီးရေးသားချက်များ ပါဝင်နေနိုင်ပြီး ဖတ်ရှုသူများကို သွေးဆောင်ဖျားယောင်းနိုင်သည်။ ဝီကီပီးဒီးယားသည် ယင်းတို့အတွက် ကြားခံနေရာ မဟုတ်ပါ။ လက်ရှိဖြစ်ရပ်များကဲ့သို့သော ဆောင်းပါးများတွင် ထည့်သွင်းရေးသားချက်များသည် လက်ခံနိုင်လောက်သော ရှုထောင့်နှင့် ဘက်မလိုက်သော အမြင်ကို ထင်ဟပ်နေရမည်။ ထို့အပြင် ဝီကီပီးဒီးယား တည်းဖြတ်သူများအနေဖြင့် တော်တော်နှင့် ခေတ်နောက်ကျမည်မဟုတ်သော ဆောင်းပါးများကို ကြိုးပမ်းရေးသားသင့်သည်။ သို့သော် ဝီကီပီးဒီးယား၏ ညီအစ်မ ပရောဂျက် ဝီကီသတင်းတွင် ယင်း၏ ဆောင်းပါးများအပေါ် ထင်မြင်သုံးသပ်ချက်များ ခွင့်ပြုထားပါသည်။
  3. အတင်းအဖျင်းများ။ တဆင့်ကြားစကားများမှတဆင့် အကြောင်းအရာများအား ထောက်ခံအားပေးခြင်း သို့မဟုတ် အတင်းအဖျင်းများ ရေးသားခြင်း ဖြစ်သည်။ သက်ရှိ ပုဂ္ဂိုလ်များအကြောင်း ဆောင်းပါးများနှင့် အကြောင်းအရာများသည် မြင့်မားသော စံနှုန်းများနှင့် ကိုက်ညီရန် လိုအပ်ပြီး မဟုတ်ပါက ယင်းတို့သည် အသရေဖျက်ခြင်း သို့မဟုတ် ပုဂ္ဂိုလ်၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ထိပါးခြင်းတို့ ဖြစ်စေနိုင်သည်။ ဆောင်းပါးများသည် အခြားပုဂ္ဂိုလ်၏ အမည်ဂုဏ်သတင်းကို တိုက်ခိုက်ရေးသားခြင်း မပြုရပါ။
  4. ပုဂ္ဂိုလ်ရေးရာ ကြော်ငြာခြင်းသင့်အကြောင်း သင် ရေးသားခြင်း သို့မဟုတ် သင်ကိုယ်တိုင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေသော စီမံကိန်းများအကြောင်း သွေးဆောင်ရေးသားခြင်းတို့ ပါဝင်သည်။ သို့သော် ယင်းကဲ့သို့သော စာမျက်နှာများသည်လည်း အခြားစာမျက်နှာများကဲ့သို့ စွယ်စုံကျမ်းဆောင်းပါးများအတွက် စံသတ်မှတ်ချက်များ ရှိသည်ကို သတိပြုစေလိုပါသည်။ ဘက်မလိုက်သော အမြင်ဖြင့် ထိန်းသိမ်းရေးသားရန် ဖြစ်ပြီး သင့်အကြောင်း သို့မဟုတ် သင့်နှင့်ဆက်စပ်ရာ စီမံကိန်းများအကြောင်း ရေးသားရာတွင် ခက်ခဲနေနိုင်ပါသည်။ လင့်အများအပြားကို အလျှံပယ်ထည့်သွင်း ဖန်တီးခြင်းနှင့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ရင်းမြစ်များကို ကိုးကားထားခြင်းတို့ကို လက်မခံပါ။ Wikipedia:ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိWikipedia:ထင်ရှားအရေးပါမှု နှင့် Wikipedia:ကိုယ်ကျိုးစီးပွားအတွက် ပဋိပက္ခဖြစ်ခြင်း တို့ကို ကြည့်ပါ။
  5. ကြေညာခြင်း၊ ဈေးကွက်ရှာခြင်း သို့မဟုတ် ပြည်သူ့ဆက်ဆံရေးများ။ ကုမ္ပဏီများနှင့် ထုတ်ကုန်များအကြောင်း အချက်အလက်များကို ဓမ္မဒိဋ္ဌာန်ကျကျနှင့် ဘက်မလိုက်သည့် ပုံစံဖြင့် ရေးသားရမည်။ ဆောင်းပါးအကြောင်းအရာများအားလုံးသည် လွတ်လပ်သော တတိယရင်းမြစ်များနှင့် စိစစ်အတည်ပြုခံနိုင်ရမည်ဖြစ်သည့်အတွက် အလွန်သေးငယ်သော "ကားအလုပ်ရုံ" သို့မဟုတ် ဒေသခံကုမ္ပဏီများအကြောင်း ဆောင်းပါးများကို ပုံမှန်အားဖြင့် လက်ခံလေ့မရှိပါ။ ကုမ္ပဏီတစ်ခု သို့မဟုတ် အဖွဲ့အစည်းတစ်ခုအကြောင်း ဝီကီပီးဒီးယား ဆောင်းပါးများသည် ယင်းတို့၏ ဝက်ဘ်ဆိုဒ်၏ နောက်ဆက်တွဲတစ်ခု သို့မဟုတ် အခြားသော လူမှုကွန်ယက်ဈေးကွက်ရှာရာ နေရာမဟုတ်ပါ။ ဆောင်းပါးအကြောင်းအရာအရ စီးပွားရေးဆိုင်ရာ အဖွဲအစည်းများသည် ထင်ရှားအရေးပါမှုရှိပါက ယင်းအဖွဲ့အစည်းများသို့ ပြင်ပလင့်ခ် ချိတ်ဆက်ခြင်းကို လက်ခံသည်။ ဝီကီပီးဒီးယားသည် အဖွဲ့အစည်းများကို ထောက်ခံချက်ပေးခြင်း မပြုသလို နှီးနွှယ်ပေါင်းစပ် အစီအစဉ်များကိုလည်း ပြုလုပ်ခြင်း မရှိပါ။ အဖွဲ့အစည်းများ ထင်ရှားအရေးပါမှု လမ်းညွှန်ချက်များအတွက် Wikipedia:ထင်ရှားအရေးပါခြင်း (အဖွဲ့အစည်းများနှင့် ကုမ္ပဏီများ) ကိုကြည့်ပါ။ ဖြစ်ရပ်များ ကြေညာခြင်း၊ သို့မဟုတ် ပြည်သူသို့ ကြေညာချက်များ ထုတ်ပြန်ခြင်းတို့သည် စီးပွားရေးအရ မဟုတ်ခဲ့လျှင်တောင်မှ ဝီကီပီးဒီးယားအစား ဖိုရမ်တစ်ခုခုကိုသာ အသုံးပြုသင့်သည်။

ဝီကီပီးဒီးယား မူဝါဒများနှင့် လမ်းညွှန်ချက်များအပေါ် အငြင်းပွားဖွယ်မရှိသော ဖော်ပြချက်များသည် ပရောဂျက်၏ လက်ရှိနှင့် အနာဂတ် ဆောင်ရွက်ချက်များနှင့် ဆီလျော်နေပါက အသုံးပြုသူ စာမျက်နှာများနှင့် Wikipedia: အမည်ညွှန်းများအတွင်းတွင် ဖော်ပြနိုင်သည်။ သို့သော်လည်း ဆောင်းပါး ဆွေးနွေးချက် စာမျက်နှာများတွင် အကြောင်းအရာတစ်ခုအပေါ် ကိုယ်ပိုင်ပုဂ္ဂလိက အမြင်များ ဖော်ပြခြင်းကိုမူ မပြုလုပ်သင့်ပေ (Wikipedia:ဆွေးနွေးချက်စာမျက်နှာ လမ်းညွှန်ချက်များတွင် ကြည့်ပါ)။

ဝီကီပီးဒီးယားသည် လင့်ခ်များ၊ ပုံများ သို့မဟုတ် မီဒီယာဖိုင်များ၏ ပုံရိပ်ပွားနေရာ သို့မဟုတ် စုဆောင်းထားရာနေရာ မဟုတ်ပါ

မူဝါဒ အတိုကောက်များ:

ဝီကီပီးဒီးယားသည် လင့်ခ်များ၊ ပုံများ၊ သို့မဟုတ် မီဒီယာဖိုင်များ၏ ပုံရိပ်ပွားတစ်ခု မဟုတ်သလို စုဆောင်းထားရာ နေရာတစ်ခုလည်း မဟုတ်ပါ။ [၃] ဝီကီပီးဒီးယား ဆောင်းပါးများသည် အောက်ပါတို့ကို စုဆောင်းလေ့ မရှိပါ။

  1. ပြင်ပလင့်ခ်များ သို့မဟုတ် အင်တာနက် လမ်းညွှန်များ။ ဆောင်းပါးတစ်ခု၏ ပြင်ပလင့်ခ်များအပိုင်းတွင် အသုံးတည့် ဆီလျော်သော လင့်ခ်များ တစ်ခု သို့မဟုတ် ထို့ထက်ပို၍ ထည့်သွင်းနိုင်သော်လည်း မြောက်များသည့် စာရင်းများသည် ဆောင်းပါးကို သေးနုပ်သွားစေနိုင်ပြီး ဝီကီပီးဒီးယား၏ ရည်ရွယ်ချက်မှ သွေဖယ်စေနိုင်ပါသည်။ ပရိသတ်ဝက်ဘ်ဆိုဒ် အများအပြားရှိသော အကြောင်းအရာများ၏ ဆောင်းပါးများတွင် အဓိက ပရိသတ်ဝက်ဘ်ဆိုဒ် တစ်ခု၏ လင့်ခ်ကို ထည့်သွင်းခြင်းသည် လုံလောက်သည်။ အချို့သော လမ်းညွှန်ချက်များအတွက် Wikipedia:ပြင်ပလင့်ခ်များ ကို ကြည့်ပါ။
  2. အတွင်းလင့်ခ်များ။ ဆောင်းပါးခေါင်းစဉ်တစ်ခုသည် ဒွိဟဖြစ်နေသော သံတူကြောင်းကွဲ စာမျက်နှာများ၊ နှင့် ဆောင်းပါးစုစည်းမှုများနှင့် လမ်းညွှန် စာရင်းများ မှလွဲ၍ အတွင်းလင့်ခ်များ ဖြစ်သည်။ (Wikipedia:စတိုင်လက်စွဲ/စာရင်းများWikipedia:Stand-alone lists နှင့် Wikipedia:စတိုင်လက်စွဲ/Embedded lists တို့ရှိ ဆီလျော်သော လမ်းညွှန်ချက်များကို ကြည့်ပါ။)
  3. Public domain သို့မဟုတ် အခြားသော ရင်းမြစ်အကြောင်းအရာများ။ မူလအတိုင်း စာသားမပြောင်းထားဘဲ ဖော်ပြမှသာ အသုံးဝင်နိုင်သော စာအုပ်တစ်ခုလုံး သို့မဟုတ် ရင်းမြစ်ကုဒ်၊ မူရင်း သမိုင်းဆိုင်ရာ စာရွက်စာတမ်းများ၊ စာများ၊ ဥပဒေများ၊ ကြေညာချက်များ၊ နှင့် အခြားသော ရင်းမြစ်အကြောင်းအရာများ ဖြစ်သည်။ မူရင်း ရင်းမြစ်များ၏ မူပွားအပြည့်အစုံတို့ကို Wikisource တွင်သာ ရေးသားသင့်ပြီး ဝီကီပီးဒီးယားတွင် မရေးသားသင့်ပါ။ 1911 Encyclopædia Britannica ကဲ့သို့သော Public domain resources များကို ဆောင်းပါးတွင်းသို့ အကြောင်းအရာများ ထည့်သွင်းရာတွင် အသုံးပြုနိုင်သည်။ Wikipedia:မူလရင်းမြစ်များအတိုင်း အပြည့်အစုံ မကူးပါနှင့် နှင့် ဝီကီရင်းမြစ်၏ ပါဝင်မှု မူဝါဒကို ကြည့်ပါ။
  4. စာသား အတူမပါရှိသော ဓာတ်ပုံများ သို့မဟုတ် မီဒီယာဖိုင်များ။ ပုံတစ်ပုံကို တင်ပြရာတွင် စိတ်ပါဝင်စားသည်ဆိုပါက ကျေးဇူးပြု၍ စွယ်စုံကျမ်းဆန်သော စကားစပ် ထည့်သွင်းပေးပါ။ သို့မဟုတ် Wikimedia Commons တွင် တင်ရန် စဉ်းစားပါ။

ဝီကီပီးဒီးယားသည် ဘလော့ဂ်၊ ဝက်ဘ်လွှင့်တင်သည့် ဝန်ဆောင်မှု၊ လူမှုကွန်ယက်ဝန်ဆောင်မှု သို့မဟုတ် အထိမ်းအမှတ် ဝက်ဘ်ဆိုဒ်တစ်ခု မဟုတ်ပါ

မူဝါဒ အတိုကောက်များ:
နောက်ထပ် အချက်အလက်များ။ Wikipedia:အသုံးပြုသူ စာမျက်နှာများ

ဝီကီပီးဒီးယားသည် Facebook သို့မဟုတ် Twitter ကဲ့သို့သော လူမှုကွန်ယက်ဝန်ဆောင်မှုတစ်ခု မဟုတ်ပါ။ သင့်ကိုယ်ပိုင် ဝက်ဘ်ဆိုဒ်ဘလော့ဂ်ဝီကီ၊ သို့မဟုတ် cloud တို့ကို ဝီကီပီးဒီးယားတွင် လွှင့်တင်ခြင်း မပြုလုပ်နိုင်ပါ။ အသုံးပြုသူ အမည်ညွှန်း အပါအဝင် ဝီကီပီးဒီးယား စာမျက်နှာများသည် အောက်ပါတို့အတွက် မဟုတ်ပါ။

  1. ပုဂ္ဂိုလ်ရေးရာ ဝက်ဘ်စာမျက်နှာများဝီကီပီးဒီးယန်းများတွင် အသုံးပြုသူ စာမျက်နှာများ တစ်ခုစီ ရှိကြပြီး ယင်းတို့ကို စွယ်စုံကျမ်း၌ လုပ်ဆောင်ရာတွင် ဆီလျော်သော အချက်အလက်များ အဓိကပြသပေးရန်သာ အသုံးပြုသင့်သည်။ ကန့်သတ်ထားသော ကိုယ်ရေးအတ္ထုပ္ပတ္တိ အချက်အလက်များကို ခွင့်ပြုထားသော်လည်း အသုံးပြုသူ စာမျက်နှာများတွင် ကိုယ်ပိုင်ဝက်ဘ်စာမျက်နှာများ၊ ဘလော့ဂ်များ၊ သို့မဟုတ် ဝီကီပီးဒီးယားတွင် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် မသက်ဆိုင်သော အကြောင်းအရာများ အများအပြား စုစည်းထားခြင်းကို လက်မခံပေ။ အကယ်၍ သင့်ကိုယ်ရေးအကျဉ်း (résumé) ကို လွှင့်တင်လိုပါက၊ သို့မဟုတ် ကိုယ်ပိုင်ဝက်ဘ်စာမျက်နှာ ပြုလုပ်လိုပါက၊ ကျေးဇူးပြု၍ အင်တာနက်ပေါ်ရှိ များစွာသော အခမဲ့ထောက်ပံ့ပေးသူ တစ်ခုခုကို အသုံးပြုပါ သို့မဟုတ် သင့် အင်တာနက်ဝန်ဆောင်မှုထောက်ပံ့ပေးသူထံမှ ဝက်ဘ်လွှင့်တင်မှုကို ရယူပါ။ အသုံးပြုသူ စာမျက်နှာများ၏ ရည်ရွယ်ချက်သည် အကျိုးဖြစ်ထွန်းသော ပူးပေါင်းလုပ်ဆောင်မှုကို တည်ထောင်ရာတွင် အထောက်အပံ့မဖြစ်စေဘဲ လူမှုကွန်ယက် သို့မဟုတ် ရယ်စရာ အပျော်အပြက်အတွက် မဖြစ်သင့်ပါ။ ကိုယ်ပိုင် ဝက်ဘ်စာမျက်နှာများသည် မကြာခဏ ဖျက်ပစ်ခံရနိုင်သည်
  2. ဖိုင်သိုလှောင်သည့် နေရာ။ ကျေးဇူးပြု၍ စွယ်စုံကျမ်း ဆောင်းပါးများ သို့မဟုတ် ပရောဂျက် စာမျက်နှာများတွင် အသုံးပြုသော (သို့မဟုတ် အသုံးပြုလိမ့်မည် ဖြစ်သော) ဖိုင်များကိုသာ upload တင်ပါ။ ယင်းမှတပါး အခြားဖိုင်များသည် ဖျက်ပစ်ခံရမည် ဖြစ်သည်။ သင့်ထံတွင် ဆီလျော်သော ပုံများရှိနေပါက၊ Wikimedia Commons သို့ တင်ရန် စဉ်းစားပါ။
  3. ချိန်းဆိုသည့် ဝန်ဆောင်မှု။ ဝီကီပီးဒီးယားသည် သံယောဇဉ်ဆက်ဆံရေး သို့မဟုတ် လိင်တွေ့ဆုံမှုများအတွက် သင့်လျော်သည့် နေရာတစ်ခု မဟုတ်ပါ။ လိင်တိမ်းညွတ်မှုအပေါ် စိတ်ခံစားချက် အများအပြား ထုတ်ဖော်ရေးသားထားသော အသုံးပြုသူ စာမျက်နှာများကို လက်ခံခြင်း မရှိပါ။ သို့သော်လည်း စွယ်စုံကျမ်းကို တိုးတက်ကောင်းမွန်စေရန် သင်ပြုလုပ်နေသရွေ့ သူငယ်ချင်းဆက်ဆံရေး အသစ်များ ရရှိနိုင်ပါသည်။
  4. အထိမ်းအမှတ်၊ အမှတ်တရများ။ စွယ်စုံကျမ်း ဆောင်းပါး အကြောင်းအရာများသည် ဝီကီပီးဒီးယား၏ ထင်ရှားအရေးပါမှု လိုအပ်ချက်များနှင့် ကိုက်ညီရမည် ဖြစ်သည်။ ဝီကီပီးဒီးယားသည် ကွယ်လွန်ပြီးသော သူငယ်ချင်းများ၊ ဆွေမျိုးများ၊ အသိအကျွမ်းများ၊ သို့မဟုတ် ယင်းလိုအပ်ချက်များနှင့် မကိုက်ညီသည့် မည်သူမဆိုအတွက် အထိမ်းအမှတ်နေရာတစ်ခု မဟုတ်ပါ။
  5. ဝီကီပီးဒီးယားနှင့် မသက်ဆိုင်သော အကြောင်းအရာများ။ အသုံးပြုသူ အမည်ညွှန်းများအပါအဝင် ဝီကီပီးဒီးယားပေါ်တွင် မသက်ဆိုင်သော အကြောင်းအရာများ သိုလှောင်သိမ်းဆည်းခြင်း မပြုလုပ်ပါနှင့်။ မည်သည်တို့ မပါဝင်သင့်သည်ကို နမူနာပြထားသော WP:UPNOT ကို ကျေးဇူးပြု၍ ကြည့်ပါ။

တစ်စုံတစ်ခုတွင် ပူးပေါင်းဆောင်ရွက်မှုအတွက် ဝီကီနည်းပညာကို အသုံးပြုရာတွင် စိတ်ပါဝင်စားမှုရှိပါက ဝီကီလွှင့်တင်မှုကို ထောက်ပံ့ပေးသော အခမဲ့ သို့မဟုတ် ငွေကြေးအသုံးပြု ဝက်ဘ်ဆိုဒ်များ ရှိပါသည်။ သင့်ဆာဗာပေါ်တွင် ဝီကီကို ထည့်သွင်းနိုင်ပါသည်။ ယင်းသို့ ပြုလုပ်နိုင်ရန်အတွက် မီဒီယာဝီကီပေါ်ရှိ ထည့်သွင်းခြင်း လမ်းညွှန်ကို ကြည့်ပါ။

သင့်အသုံးပြုသူ စာမျက်နှာသည် သင့် ကိုယ်ပိုင် မဟုတ်ပါ။ ယင်းတို့သည် ဝီကီပီးဒီးယား၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဝီကီပီးဒီးယန်းများအကြား ပူးပေါင်းလုပ်ဆောင်ရာတွင် လွယ်ကူစေရန်အတွက် ဖြစ်ပြီး ကိုယ်တိုင်အရောင်းမြှင့်တင်ရန်အတွက် မဟုတ်ပါ။ အသုံးပြုသူ စာမျက်နှာများအတွက် လက်ရှိ အများသဘောတူထားသော လမ်းညွှန်ချက်များအတွက် အသုံးပြုသူ စာမျက်နှာ အကူအညီကို ကြည့်ပါ။

ဝီကီပီးဒီးယားသည် လမ်းညွှန်တစ်ခု မဟုတ်ပါ

မူဝါဒ အတိုကောက်များ:
"WP:DIRECTORY"ကို ဤနေရာသို့ ညွှန်းသည်။ ဝီကီပီးဒီးယား၏ လမ်းညွှန်များနှင့် မာတိကာများ စာရင်းအတွက် Wikipedia:Directoryကို ကြည့်ပါ။

ဝီကီပီးဒီးယားအတွင်းတွင် ဆောင်းပါးများဆီသို့ ချိတ်ဆက်ထားသော စာရင်းများစွာကို ထည့်သွင်းထားသည်။ ဤအချက်တွင် ဝီကီပီးဒီးယား လုပ်ဆောင်မှုများသည် မာတိကာတစ်ခု သို့မဟုတ် ယင်း၏ အကြောင်းအရာများကိုယ်တိုင်၏ လမ်းညွှန်အဖြစ် ဆောင်ရွက်သည်။ သို့သော်လည်း ဝီကီပီးဒီးယားသည် စကြာဝဠာအတွင်း တည်ရှိနေသော၊ တည်ရှိခဲ့သော ရှိရှိသမျှ အရာအားလုံးတို့အတွက် လမ်းညွှန် မဟုတ်ပါ။ ဝီကီပီးဒီးယား ဆောင်းပါးများသည် အောက်ပါတို့ မဟုတ်ကြပါ။

  1. ဆက်စပ်မှု နည်းပါးသော ခေါင်းစဉ်များ၏ စုစည်းထားမှု စာရင်းများ။ အဆိုအမိန့်များ၊ ဆောင်ပုဒ်များ၊ သို့မဟုတ် လူပုဂ္ဂိုလ်များ (သက်ရှိ သို့မဟုတ် ဇာတ်ကောင်) စသည်တို့ ဖြစ်သည်။ အဆိုအမိန့်များ စာရင်းတို့ကို ထည့်သွင်းလိုပါက၊ ယင်းတို့ကို ကျွန်ုပ်တို့၏ ညီအစ်မပရောဂျက် Wikiquote တွင် ထည့်သွင်းနိုင်သည်။ စာရင်းများသည် ဆီလျော်ဆက်စပ်မှုရှိပါက ယင်းတို့ကိုထည့်သွင်းခြင်းသည် မမှားပေ။ အဘယ့်ကြောင့်ဆိုသော် ယင်းတို့သည် စာရင်းခေါင်းစီးများနှင့် ဆက်စပ်နေခြင်း သို့မဟုတ် စာရင်းခေါင်းစီးများတွင် သိသာထင်ရှားစွာ ပါဝင်နေခြင်းတို့ကြောင့် ဖြစ်သည်။ ဝီကီပီးဒီးယားတွင် ကိုးကားဇယားများနှင့် အချက်အလက်များကို လွယ်ကူစွာ ကိုးကားနိုင်ရန် ထည့်သွင်းထားသည်။ အဓိက ခေါင်းစီးတစ်ခုကို အခြေပြုထားသော ဆောင်းပါးငယ်များ ပေါင်းစပ်ထားသည့် အုပ်စုများကိုလည်း ခွင့်ပြုထားသည်။
  2. မျိုးရိုးစဉ်ဆက် ထည့်သွင်းချက်များထင်ရှားသော ခေါင်းစီးတစ်ခုကို ဖတ်ရှုသူမှ နားလည်နိုင်စေရန် အထောက်အကူပြုမှသာလျှင် မိသားစုရာဇဝင်များကို ထည့်သွင်းသင့်သည်။
  3. အဖြူရောင် သို့မဟုတ် အဝါရောင် စာမျက်နှာများ။ ဖုန်းနံပါတ်များ၊ ဖက်စ်နံပါတ်များနှင့် အီးမေးလ်လိပ်စာများကဲ့သို့သော ဆက်သွယ်ရန် အချက်အလက်များသည် စွယ်စုံကျမ်း အကြောင်းအရာများ မဟုတ်ကြေပေ။ အလားတူ (စိန်ဝင်း ကဲ့သို့သော) သံတူကြောင်းကွဲ စာမျက်နှာများသည် ကမ္ဘာပေါ်ရှိ စိန်ဝင်းအမည်ရှိ ပုဂ္ဂိုလ်များအားလုံး ပါဝင်ထည့်သွင်းရန် မရည်ရွယ်ဘဲ ထင်ရှားကျော်ကြားသူများကိုသာ ထည့်သွင်းရန် ဖြစ်သည်။
  4. လမ်းညွှန်များ၊ လမ်းညွှန် ထည့်သွင်းချက်များ၊ အီလက်ထရွန်းနစ်အစီအစဉ် လမ်းညွှန် သို့မဟုတ် စီးပွားဖြစ် လေ့လာရေးခရီးစဉ်အတွက် ရင်းမြစ်များ။ ဥပမာအားဖြင့် ရုပ်သံလွှင့်ကုမ္ပဏီအကြောင်း ဆောင်းပါးတစ်ခုတွင် နောင်လာမည့် အစီအစဉ်များ၊ လက်ရှိအရောင်းမြှင့်တင်ချက်များ၊ လက်ရှိအစီအစဉ်များ စသည့်စာရင်းများ မပါဝင်သင့်ဘဲ အဓိက အစီအစဉ်အကြောင်း၊ ထင်ရှားသော သို့မဟုတ် သမိုင်းဝင် ရုပ်သံအစီအစဉ်စာရင်းတို့ကိုသာ ဖော်ပြသင့်သည်။ အလားတူ စီးပွားရေးလုပ်ငန်းအကြောင်း ဆောင်းပါးတစ်ခုတွင် ကုမ္ပဏီ၏ မူပိုင်ဖိုင်တွဲများအကြောင်း အားလုံး၏စာရင်းကို မထည့်သွင်းသင့်ပေ။ ထို့အပြင် ဆောင်းပါးများ၏ ဆွေးနွေးချက်စာမျက်နှာများသည်လည်း ဆောင်းပါးအကြောင်း ဆွေးနွေးရန် ဖြစ်ပြီး ဆောင်းပါးအကြောင်းအရာ၏ စီးပွားရေးဆိုင်ရာများ ဆွေးနွေးရန် မဟုတ်ပေ။
  5. အရောင်း ကတ်တလောက်များ။ ဆောင်းပါးတစ်ခုတွင် ကုန်ပစ္စည်း ဈေးနှုန်းများ သို့မဟုတ် ရရှိနိုင်သော အချက်အလက်များကို လွတ်လပ်သော ရင်းမြစ်များက ဖော်ပြထားခြင်း နှင့် ထည့်သွင်းဖော်ပြရန်အတွက် လျော်ကန်သော အကြောင်းပြချက် ရှိမှသာလျှင် ထည့်သွင်းဖော်ပြသင့်သည်။ ဈေးနှုန်းနှင့် ထုတ်ကုန်ရရှိနိုင်မှုသည် အချိန်နှင့် အမျှ၊ နေရာဒေသအလိုက် ပြောင်းလဲနေနိုင်သည်။ ဝီကီပီးဒီးယားသည် ထုတ်ကုန်များ၏ ဈေးနှုန်းများကို နှိုင်းယှဉ်ခြင်း၊ သို့မဟုတ် ထုတ်ကုန်တစ်ခုအား ရောင်းချသူ အမျိုးမျိုးတို့ထံမှ ရောင်းချပုံများအား နှိုင်းယှဉ်သည့် ဝန်ဆောင်မှုတစ်ရပ် မဟုတ်ပါ။
  6. စွယ်စုံကျမ်းမဆန်သော ပြန်လှန်ကဏ္ဍဖွဲ့ခြင်း။ ဥပမာ "က အဖွဲ့အစည်းရှိ လူမျိုး / ယဉ်ကျေးမှု / ကိုးကွယ်မှုဘာသာ အလိုက် လူပုဂ္ဂိုလ် ခ အုပ်စုများ" သို့မဟုတ် "က မြို့ရှိ ခ အစားအစာအလိုက် ရောင်းချသော စားသောက်ဆိုင်များ" စသည်တို့ ဖြစ်သည်။ ယင်းကဲ့သို့သော ပြန်လှန်ကဏ္ဍဖွဲ့ခြင်းသည် ယင်းကဏ္ဍများအနေဖြင့် ယဉ်ကျေးမှုဆိုင်ရာ အရေးပါဆက်စပ်မှု မရှိနေပါက ဆောင်းပါးတစ်ခု ဖန်တီးရန်အတွက် လုံလောက်မှုမရှိပေ။ ဤကဲ့သို့သော ကဏ္ဍဖွဲ့ခြင်းများအတွက် Wikipedia:လွန်ကဲသော ကဏ္ဍဖွဲ့ခြင်းကို ကြည့်ပါ။
  7. စကားစပ် အချက်အလက်မပါသော ရိုးရှင်းသည့် စာရင်းများ။ ဥပမာ စီးပွားမိတ်ဖက်များ၊ ဖောက်သယ်၊ အပြိုင်အဆိုင်များ၊ အလုပ်သမားများ (CEO များ၊ ကြီးကြပ်များနှင့် ထိပ်ပိုင်းရာထူးများ မှလွဲ၍)၊ ပစ္စည်းများ၊ နေအိမ်တိုက်ခန်းများ၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ၊ ရုံးများ၊ ဌာနခွဲများနှင့် လည်ပတ်သူဆွဲဆောင်မှုများ စာရင်းစသည်တို့ ဖြစ်ပြီး ကန့်သတ်ချက်အချို့ ရှိနေသည်။ ဆီလျော်ဆက်စပ်သော ထည့်သွင်းချက်တစ်ခုအကြောင်း စွယ်စုံကျမ်းဆန်သည့် အချက်အလက်များကို ရင်းမြစ်ကိုးကားများဖြင့် ထည့်သွင်းနိုင်သည်။ ဖန်တီးမှုလက်ရာစာရင်းများကို စကားစပ်များဖြင့် ရေးသားချက်အား လက်ခံသည်။

ဝီကီပီးဒီးယားသည် လက်စွဲစာအုပ်၊ လမ်းညွှန်စာအုပ်၊ ပြဋ္ဌာန်းစာအုပ်၊ သို့မဟုတ် သိပ္ပံဆိုင်ရာ ဂျာနယ်တစ်ခု မဟုတ်ပါ

မူဝါဒ အတိုကောက်များ:
ဒါက ဟင်းချက်နည်းစာအုပ်ပါ! (ဒါပေမယ့် ဝီကီပီးဒီးယားကတော့ မဟုတ်ပါဘူး။)

ဝီကီပီးဒီးယားသည် စွယ်စုံကျမ်းတစ်ခုဖြစ်ပြီး ညွှန်ကြားချက်လက်စွဲစာအုပ်၊ လမ်းညွှန်စာအုပ်၊ သို့မဟုတ် ပြဋ္ဌာန်းစာအုပ် မဟုတ်ပါ။ ဝီကီပီးဒီးယား ဆောင်းပါးများသည် အောက်ပါတို့ မဟုတ်ကြပါ။

  1. ညွှန်ကြားချက် လက်စွဲများ။ ဝီကီပီးဒီးယားသည် လူပုဂ္ဂိုလ်များ၊ နေရာဒေသများ၊ အရာဝတ္ထုများအကြောင်း ဖော်ပြချက်များဖြစ်ပြီး ဆောင်းပါးတစ်ခုအနေဖြင့် "မည်ကဲ့သို့"ပုံစံဖြစ်သော ပိုင်ဆိုင်သူ လက်စွဲစာအုပ်၊ ချက်ပြုတ်နည်းစာအုပ်၊ အကြံပေး ကော်လံများ (ဥပဒေဆေးပညာ သို့မဟုတ် အခြား) သို့မဟုတ် အကြံပြုစာပုံး စသည်တို့ မဟုတ်ပါ။ ဤနေရာတွင် ကျူတိုရီရယ်များ၊ ညွှန်ကြားချက်လက်စွဲများ၊ ဂိမ်းလမ်းညွှန်များ၊ နှင့် ချက်ပြုတ်နည်းများ ပါဝင်သည်။ ဖတ်ရှုသူများအား လူပုဂ္ဂိုလ်များ သို့မဟုတ် အရာဝတ္ထုများ သုံးစွဲကြသည်၊ တစ်ခုခုကို လုပ်ဆောင်သည် ဆိုသည်တို့ ဖော်ပြခြင်းသည် စွယ်စုံကျမ်းပုံစံဖြစ်ပြီး ဖတ်ရှုသူများအား မည်သို့မည်ပုံ သုံးစွဲရသည်၊ တစ်ခုခုအား မည်သို့မည်ပုံ လုပ်ဆောင်ရသည်ဟု အမိန့်ပေး လမ်းညွှန်ပုံတို့သည် စွယ်စုံကျမ်းပုံစံ မဟုတ်ပါ။[၄] ယင်းကဲ့သို့သော လမ်းညွှန်များကို Wikibooks တွင်သာ ရေးသားသင့်သည်။
  2. ခရီးသွားလမ်းညွှန်ပါရီမြို့ဆောင်းပါးတွင် အီဖယ်လ် မျှော်စင် နှင့် လူဗာပြတိုက်ကဲ့သို့သော အထင်ကရ အဆောက်အဦများအကြောင်းကို ဖော်ပြသင့်ပြီး "အကောင်းဆုံး" စားသောက်ဆိုင်များ၏ တယ်လီဖုန်းနံပါတ် သို့မဟုတ် လမ်းအမှတ် စသည်၊ café au lait ၏ ဈေးနှုန်းများ စသည်တို့ကို မထည့်သွင်းသင့်ပါ။ ဝီကီပီးဒီးယားသည် ဟိုတယ်လမ်းညွှန် သို့်မဟုတ် ချက်ပြုတ်နည်းလမ်းညွှန်၊ ခရီးသွားမှတ်တမ်း စသည်တို့တွင်သာ သင့်လျော်သော အကြောင်းအရာများကို ပြန်လည်ဖန်တီးရန် နေရာမဟုတ်ပါ။ ထင်ရှားသော နေရာဒေသများသည် ဝီကီပီးဒီးယားတွင် ပါဝင်ရန်သတ်မှတ်ချက်များနှင့် ကိုက်ညီနေနိုင်သော်လည်း ယင်းဆောင်းပါးများထဲတွင် လည်ပတ်စရာနေရာများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်များ၊ ခန်းမများ စသည်တို့အားလုံးကို ထည့်သွင်းရန် မလိုအပ်ပေ။ ခရီးသွားလမ်းညွှန်များတွင် မြို့တစ်မြို့အကြောင်းထက် ထင်ရှားသည့် လည်ပတ်စရာနေရာများအကြောင်းကို ပိုမိုဖော်ပြလေ့ရှိပြီး ဝီကီပီးဒီးယားရှိ မြို့တစ်မြို့အကြောင်း ဆောင်းပါးတွင်မူ မြို့တွင်အမှန်တကယ်ရှိနေသည်များကိုသာ ဖော်ပြလေ့ရှိသည်။ သင့်အနေဖြင့် ခရီးသွားလမ်းညွှန်ရေးသားရာတွင် ကူညီရန် ဆန္ဒရှိပါက ကျွန်ုပ်တို့၏ ညီအစ်မ ပရောဂျက် Wikivoyage က သင့်အား ကြိုဆိုပါသည်။
  3. ဗီဒီယိုဂိမ်း လမ်းညွှန်များ။ ဗီဒီယိုဂိမ်းအကြောင်း ဆောင်းပါးတစ်ခုတွင် ဂိမ်းတွင် ပါရှိသော အဓိကလုပ်ဆောင်ချက်များကို အကျဉ်းချုပ်ဖော်ပြသင့်သည်။ သို့သော် ဂိမ်းတွင် ပါဝင်သော လက်နက်များ၊ ပစ္စည်းများ၊ သို့မဟုတ် အယူအဆများ စာရင်းကို ဒုတိယရင်းမြစ်များတွင် ဖော်ပြရလောက်သည်ထိ ထင်ရှားအရေးပါမှု မရှိပါက ရေးသားခြင်းကို ရှောင်ကြဉ်ပါ။ အထူးရမှတ်များ၊ အောင်မြင်မှုများ၊ အချိန်ကန့်သတ်ချက်များ၊ အဆင့်များ၊ ရန်သူအမျိုးအစားများ၊ ဇာတ်ကောင် လှုပ်ရှားမှုများ စသည်တို့၏ Walk-through သို့မဟုတ် အသေးစိတ်ဖော်ပြချက်များသည်လည်း မသင့်လျော်ဟု ယူဆသည်။ အကျဉ်းချုံးဖော်ပြချက်သည် ဂိမ်းအား နားလည်ရန် လိုအပ်ပါက ဖော်ပြနိုင်သည်။ WP:VGSCOPE ကို ကြည့်ပါ။
  4. အင်တာနက် လမ်းညွှန်များ။ ဝီကီပီးဒီးယား ဆောင်းပါးများတွင် ဝက်ဘ်ဆိုဒ်တစ်ခု၏ သဘာဝ၊ သွင်ပြင်နှင့် ကမ်းလှမ်းသော ဝန်ဆောင်မှုများသာ ဖော်ပြထားခြင်းမျိုး မရှိဘဲ ဝက်ဘ်ဆိုဒ်ကို စွယ်စုံကျမ်းဆန်သည့် အပြုအမူ အနေဖြင့် ဝက်ဘ်ဆိုဒ်၏ အောင်မြင်မှု၊ အကျိုးသက်ရောက်မှု သို့မဟုတ် သမိုင်းဝင် ထင်ရှားကျော်ကြားမှု စသည်တို့ကို ရေးသားသင့်သည်။
  5. FAQs. ဝီကီပီးဒီးယား ဆောင်းပါးများသည် မကြာခဏ မေးလေ့ရှိသော မေးခွန်းများ (FAQs) ကို စာရင်းပြုထားခြင်း မဖြစ်သင့်ပါ။ ယင်းအစား သတင်းအချက်အလက်များကို ပင်ကိုယ်စကားပြေပုံစံဖြင့် ဆီလျော်သော ဆောင်းပါး(များ)အတွင်းတွင် ရေးသားပါ။
  6. ပြဋ္ဌာန်းစာအုပ်များနှင့် မှတ်စာများ။ ဝီကီပီးဒီးယားသည် နှံ့စပ်စုံလင်သော ကိုးကားကျမ်းတစ်ခုဖြစ်ပြီး ပြဋ္ဌာန်းစာအုပ်တစ်ခု မဟုတ်ပါ။ ဝီကီပီးဒီးယား၏ ရည်ရွယ်ချက်သည် ဖြစ်ရပ်မှန် အချက်အလက်များကို တင်ပြရန်ဖြစ်ပြီး အကြောင်းအရာခေါင်းစဉ်များ သင်ကြားပို့ချရန် မဟုတ်ပါ။ နမိတ်ပြမေးခွန်းများနှင့် စနစ်တကျ ပြဿနာဖြေရှင်းပြထားသော နမူနာများပါဝင်သည့် ပြဋ္ဌာန်းစာအုပ်ပုံစံ ရေးသားထားသော ဆောင်းပါးများ ဖန်တီးခြင်း၊ တည်းဖြတ်ခြင်းများသည် ဝီကီပီးဒီးယားတွင် မသင့်လျော်ပါ။ ယင်းတို့ကို ကျွန်ုပ်တို့၏ ညီအစ်မ ပရောဂျက်များဖြစ်သော Wikibooks, Wikisource, နှင့် Wikiversity တို့တွင် ရေးသားနိုင်သည်။ အမိန့်ပေးလမ်းညွှန်သည်ထက် သရုပ်ဖော်ပုံစံဖြစ်သော အချို့ နမူနာများသည် ဝီကီပီးဒီးယား ဆောင်းပါးတွင်းတွင် ပါဝင်ရန် သင့်လျော်နေနိုင်သည်။
  7. သိပ္ပံဆိုင်ရာ ဂျာနယ်များနှင့် သုတေသန စာတမ်းများ။ ဝီကီပီးဒီးယား ဆောင်းပါးတစ်ခုသည် ဖတ်ရှုသူများသည် ခေါင်းစဉ်၏ ဘာသာရပ်နယ်ပယ်တွင် ကျွမ်းကျင်ပြီးဖြစ်သည်ဟု ယူဆရေးသားသည့် ပုံစံဖြင့် တင်ပြခြင်း မပြုလုပ်သင့်ပါ။ ဆောင်းပါး၏ နိဒါန်း (နှင့် ကနဦးအပိုင်းများ)ရှိ မိတ်ဆက်စာသားများကို လွယ်ကူရိုးရှင်းသော ဝေါဟာရများဖြင့် ရေးသားခြင်းဖြင့် သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်တွင် ဗဟုသုတမရှိထားသည့် မည်သည့်စာဖတ်ရှုတတ်သော ဝီကီပီးဒီးယား ဖတ်ရှုသူများအား နောက်ပိုင်းတွင် ပိုမိုရှင်းလင်းပြမည့် အကြောင်းအရာများကို နားလည်လာစေနိုင်သည်။ ခက်ခဲသော ဝေါဟာရများနှင့် ဘာသာရပ်အသုံးအနှုန်းများဆီသို့ ဝီကီလင့်ခ်ချိတ်ဆက်ထားသင့်ပြီး ဆောင်းပါးများကို ဖတ်ရှုသူအနေဖြင့် ယင်းလင့်ခ်များအား လိုက်လံဖတ်ရှုလိမ့်မည် သို့မဟုတ် ဖတ်ရှုနိုင်မည် မဟုတ်ဟု ယူဆကာ ရေးသားသင့်သည်။
  8. ပညာရပ်ဆိုင်ရာ ဘာသာစကား။ စာသားများကို ပညာရှင်များအတွက်မဟုတ်ဘဲ သာမန်ဖတ်ရှုသူများအတွက် ရည်ရွယ်ရေးသားသင့်သည်။ ဆောင်းပါးခေါင်းစဉ်များသည် ယေဘုယျအသုံးအနှုန်း အနေဖြင့် ဖြစ်သင့်ပြီး ပညာရပ်ဆိုင်ရာ စကားလုံးများကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

ဝီကီပီးဒီးယားသည် အနာဂတ်ဟောဖန်လုံးတစ်ခု မဟုတ်ပါ

မူဝါဒ အတိုကောက်များ:

ဝီကီပီးဒီးယားသည် အတည်မပြုနိုင်သော ထင်မြင်ချက်များ စုစည်းရာနေရာ မဟုတ်ပါ။ ဝီကီပီးဒီးယားသည် အနာဂတ်ကို ကြိုတင် ဟောကိန်းထုတ်ခြင်းများ မပြုလုပ်ပါ။ ကြိုတင်စီစဉ်ထားသော ဖြစ်ရပ်များအကြောင်း ဆောင်းပါးများ အားလုံးသည် စိစစ်အတည်ပြုနိုင်ရမည်ဖြစ်ပြီး ဖြစ်ရပ်သည် ဖြစ်ပွားပြီး ဖြစ်ပါက အကြောင်းအရာသည် ကျယ်ကျယ်ပြန့်ပြန့် စိတ်ပါဝင်စားနိုင်မှု ပါရှိရမည် ဖြစ်သည်။ ဆွေးနွေးချက်သည် နည်းလမ်းတကျ ကိုးကားထားသည် ဖြစ်ပါက အနာဂတ် အဆိုပြုချက်များနှင့် စီမံကိန်းများ၏ အောင်မြင်မှုအပေါ် မျှော်လင့်ချက်များ၊ သို့မဟုတ် အကျိုးဖြစ်ထွန်းတိုးတက်နိုင်မှုများအပေါ် ဆွေးနွေးခြင်းနှင့် လျှောက်လဲချက်များ အစီရင်ခံရန် သင့်လျော်သည်။ တည်းဖြတ်သူများအနေဖြင့် သူတို့၏ ထင်မြင်ယူဆချက်များ သို့မဟုတ် စိစစ်လေ့လာချက်များကို ထည့်သွင်းရေးသားရန် မသင့်လျော်ပါ။ ယုံကြည်အားထားရသော၊ ကျွမ်းကျင်သည့် ရင်းမြစ်များမှ ဖော်ပြထားသော ဟောကိန်းထုတ်ခြင်းများ၊ ထင်မြင်ချက်များ၊ ကြိုတင်ပြောဆိုချက်များနှင့် သီအိုရီများ၊ သို့မဟုတ် ဘာသာရပ်နယ်ပယ်တစ်ခုရှိ အသိအမှတ်ပြု ထည့်သွင်းချက်များ ပါဝင်ရမည်ဖြစ်ပြီး တည်းဖြတ်သူများအနေဖြင့် မည်သည့်အမြင်နေရာမှမဆို လွန်ကဲသော ဘက်လိုက်မှု မဖြစ်စေရန် သတိပြုရမည်ဖြစ်သည်။ ဂိမ်းများနှင့် ရုပ်ရှင်များကဲ့သို့သော မဖြန့်ချိရသေးသည့် ထုတ်ကုန်များ အကြောင်း မြော်မြင်ရေးသားထားသည့် ဆောင်းပါးများသည် ကြေငြာခြင်းမျိုး မဖြစ်စေရန် အထူးဂရုပြု ရှောင်ကြဉ်ရမည်ဖြစ်သည်။ အထူးသဖြင့်

... ဝီကီပီးဒီးယားကတော့ မဟုတ်ပါဘူး။
  1. စီစဉ်ထားသော သို့မဟုတ် မျှော်လင့်ထားသော အနာဂတ် ဖြစ်ရပ်များ တစ်ခုခြင်းစီတွင် ယင်းဖြစ်ရပ်သည် ထင်ရှားမှုရှိပြီး အမှန်တကယ် ဖြစ်ပျက်ရန် သေချာသလောက်နီးပါး ရှိမှသာလျှင် ဝီကီပီးဒီးယားတွင် ပါဝင်မည် ဖြစ်သည်။ ဖြစ်ရပ်အမှန်တကယ် မဖြစ်မပွားမချင်း ရက်စွဲများကို မထည့်သွင်း မသတ်မှတ်ပါ။ အကယ်၍ ဖြစ်ရပ်အတွက် ကြိုတင်ပြင်ဆင်မှုများသည် အဆင်သင့်မဖြစ်သေးဘဲ လုပ်ဆောင်နေဆဲဆိုပါက ယင်းအကြောင်း ထင်မြင်မှန်းဆချက်များသည် ကောင်းမွန်စွာ မှတ်တမ်းတင်ထားပြီး ဖြစ်ရမည်။ အားကစားအသင်းများ၏ လူစာရင်းကို ကြိုတင်ခန့်မှန်းခြင်းများ ရှောင်ကြဉ်ပါ။ စီစဉ်ထားသော အနာဂတ်ဖြစ်ရပ်တစ်ခုသည် အတည်ပြုနိုင်ပါက သင့်လျော်နေနိုင်ပါသည်။ ခြွင်းချက်တစ်ခုအနေဖြင့် ယုံကြည်အားထားရသော ရင်းမြစ်များ လုံလောက်စွာပါဝင်နေပါက အနာဂတ်အတော်ဝေးဝေးတွင် ဖြစ်လာနိုင်သော သို့မဟုတ် မဖြစ်လာနိုင်သော ဖြစ်ရပ်များအကြောင်း ထင်မြင်ခန့်မှန်းချက်ဆောင်းပါးများသည် သင့်လျော်ပါသည်။ ဥပမာ စကြာဝဠာ၏ အဆုံးသတ် ကံကြမ္မာ သည် လက်ခံနိုင်သော ခေါင်းစဉ်တစ်ခု ဖြစ်သည်။
  2. အနာဂတ် ဖြစ်ရပ်များ သို့မဟုတ် ရှာဖွေတွေ့ရှိမှုများအတွက် ကြိုတင်စီစဉ်ထားသော စာရင်း သို့မဟုတ် စနစ်ကျသော အမည်ပေး အစီအစဉ်များမှ အမည်တစ်ခုခြင်းစီသည် ယေဘုယျ သတင်းအချက်အလက်များက ယင်းအကြောင်းသိရှိမနေပါက ဆောင်းပါးခေါင်းစဉ်အနေဖြင့် သင့်လျော်မှု မရှိပါ။ အပူပိုင်းမုန်တိုင်း အမည်များ စာရင်း သည် စွယ်စုံကျမ်းပုံစံဖြစ်ပြီး မုန်တိုင်းသည် အမှန်တကယ်ဖြစ်လာမည်ဆိုသည်မှာ သေချာလုနီးပါးဖြစ်သော်လည်း "အပူပိုင်း မုန်တိုင်း အယ်လ်ဘတ်တို (၂၀၁၈)" သည် စွယ်စုံကျမ်းတွင် မပါဝင်နိုင်သေးပါ။ အလားတူ ( "septenquinquagintillion" ကဲ့သို့သော) ကြိုတင်ခန့်မှန်းနိုင်သော နံပါတ်စနစ်မှ ဝေါဟာရများ သည် အာဏာပိုင်အဖွဲ့ကောင်းကောင်းတစ်ခုမှ မသတ်မှတ်သေးမီ၊ သို့မဟုတ် မှန်ကန်စွာ အသုံးမပြုသေးမီ အချိန်အတွင်း ဝီကီပီးဒီးယားတွင် မပါဝင်သင့်သေးပါ။ ဓာတုဗေဒ ဒြပ်စင်တစ်ခုသည် ဓာတ်ခွဲခန်းတွင်းတွင် သီးသန့်မဖြစ်သေးမီ သိပ္ပံပညာရှင်များအနေဖြင့် ယင်း၏ အရေးပါသော ဂုဏ်သတ္တိများကို ခန့်မှန်းထားပြီးမှုများပါဝင်ပြီး IUPAC အဖွဲ့မှ မှတ်တမ်းတင်ပြီး ဖြစ်ပါက ယင်းကဲ့သို့သော သိပ္ပံဆိုင်ရာ တွက်ချက်ခန့်မှန်းမှုများသည် သင့်လျော်သည်ဟု ယူဆသည်။
  3. တွက်ချက်ခန့်မှန်းမှု၊ ထင်မြင်မှန်းဆမှု နှင့် "အနာဂတ် သမိုင်း" ပုံစံဖြင့် တင်ပြထားသော ကိုယ်ပိုင်သုတေသနများအကြောင်း ဆောင်းပါးများသည် မသင့်လျော်ပေ။ သိပ္ပံဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ သတ်မှတ်ချက်များသည် စဉ်ဆက်မပြတ် ပြောင်းလဲဖြစ်ပေါ်နေမည်ဖြစ်သော်လည်း ကျွန်ုပ်တို့အနေဖြင့် ကြိုတင်ဟောကိန်းထုတ်မနေဘဲ ယင်းကဲ့သို့ ပြောင်းလဲဖြစ်ပေါ်မှု ဖြစ်လာချိန်အထိ စောင့်စားသင့်သည်။ ကျွန်ုပ်တို့အနေဖြင့် ပုံဖော်ထားသော ခန့်မှန်းချက်များဖြစ်သည့် ထင်ရှားသော အနုပညာမြောက်သည့် ဖန်တီးမှုများ၊ အက်ဆေးများ၊ သို့မဟုတ် ယုံကြည်ရသော သုတေသနများ အကြောင်း ဆောင်းပါးများ ရှိသင့်ပါသည်။ Star Trek မှ လက်နက်များ အကြောင်း ဆောင်းပါးသည် သင့်လျော်မှုရှိပြီး တတိယကမ္ဘာစစ်တွင် အသုံးပြုမည့် လက်နက်များ အကြောင်း ဆောင်းပါးသည် သင့်လျော်မှု မရှိပါ။
  4. လက်ရှိလက်ခံထားသော သိပ္ပံဆိုင်ရာ စံနမူနာများသည် နောက်ပိုင်းတွင် ပယ်ချခံရပြီး၊ ရံဖန်ရံခါ မှားယွင်းနေသော သို့မဟုတ် အငြင်းပွားဖွယ် အဆိုကြမ်းများသည် သိပ္ပံပညာဆိုင်ရာ အသိုင်းအဝိုင်းမှ လက်ခံလာနိုင်သော်လည်း ဝီကီပီးဒီးယားသည် ယင်းကဲ့သို့သော အရဲစွန့်ပြောဆိုခြင်းများအတွက် နေရာမဟုတ်ပါ။
  5. ဝီကီပီးဒီးယားသည် ထုတ်ကုန်ပစ္စည်း ကြေညာချက်များနှင့် ကောလဟာလများ စုစည်းထားရာနေရာ မဟုတ်ပါ။ ဝီကီပီးဒီးယားသည် အသစ်ဖော်ထုတ်လိုက်သော ထုတ်ကုန်ပစ္စည်းများအကြောင်းကို အချိန်နှင့် တပြေးညီ ဖော်ပြမှုများ ပါဝင်သော်လည်း၊ ကုန်ပစ္စည်းအကြောင်း ကြေညာချက်မျှသာ ပါဝင်သော ဆောင်းပါးတိုများသည် မသင့်လျော်ပါ။ ယင်းအခြေအနေမျိုးတွင် ကုန်ပစ္စည်းအကြောင်း အချက်အလက်များသည် အတည်ပြုနိုင်ပြီး ကုန်ပစ္စည်းအကြောင်း ကြေညာချက်များကို ပိုမိုသင့်လျော်သည့် ခေါင်းစဉ်ကြီးတစ်ခု (ဖန်တီးသူအကြောင်း ဆောင်းပါး၊ ကုန်ပစ္စည်းအတွဲလိုက်အကြောင်း ဆောင်းပါး၊ သို့မဟုတ် ယခင်ကုန်ပစ္စည်းကဲ့သို့သော) တွင် ပေါင်းစပ်သင့်သည်။ ယုံကြည်စိတ်ချရသော ရင်းမြစ်များတွင် ဖော်ပြထားသော ထင်မြင်ချက်များနှင့် ကောလဟာလများသည် စွယ်စုံကျမ်းအတွက် မသင့်လျော်ပေ။

ဝီကီပီးဒီးယားက သတင်းစာတစ်စောင် မဟုတ်ပါ

မူဝါဒ အတိုကောက်များ:

ဝီကီပီးဒီးယားသည် စာရွက်စာတမ်းရင်းမြစ်တစ်ခု မဟုတ်သည့်အတွက် တည်းဖြတ်သူများအား လက်ရှိသတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ထည့်သွင်းရေးသားရန်နှင့် ထင်ရှားသည့် လတ်တလော ဖြစ်ရပ်များကိုလည်း သီးသန့်ဆောင်းပါးဖန်တီးရန် အားပေးသည်။ သို့သော် အတည်ပြုနိုင်သော ဖြစ်ရပ်အားလုံးသည် ဝီကီပီးဒီးယားတွင် ပါဝင်ရန် မသင့်လျော်ပါ။ ဝီကီးပီးဒီးယား ဆောင်းပါးများသည် အောက်ပါတို့ မဟုတ်စေရန် သေချာပါစေ။

  1. မူလ သတင်းပေးပို့ချက် ကြားဖြတ်ဖြစ်ရပ်များအပေါ် ပထမသတင်းပေးပုံစံကို ဝီကီပီးဒီးယားမှ မလိုလားပါ။ ဝီကီပီးဒီးယားတွင် ပင်မရင်းမြစ်များဖြင့် ဖွဲ့စည်းမထားပါ။ သို့သော်လည်း ကျွန်ုပ်တို့၏ ညီအစ်မပရောဂျက်များဖြစ်သော Wikisource နှင့် Wikinews တို့သည် ပင်မရင်းမြစ်များအဖြစ် ရည်ရွယ်ပါသည်။ ဝီကီပီးဒီးယားတွင် လက်တလောသတင်းများတွင် ထင်ရှားသော သမိုင်းအဖြစ်အပျက်များအကြောင်း စွယ်စုံကျမ်းဆောင်းပါးများစွာ ရှိနှင့်ပြီး ယင်းတို့ကို အတည်ပြုနိုင်သော မကြာသေးမီက သတင်းအချက်အလက်များဖြင့် မွမ်းမံသည်။
  2. သတင်းပေးပို့ချက်များ ဝီကီပီးဒီးယားသည် လူပုဂ္ဂိုလ်များနှင့် ဖြစ်ရပ်များ၏ ထင်ရှားအရေးပါမှုကို ကြာရှည်တည်တံ့စေရန် တွေးတောသည်။ သတင်းများသည် စွယ်စုံကျမ်းခေါင်းစဉ်များအတွက် အသုံးတည့်သော ရင်းမြစ်များ ဖြစ်နိုင်ပြီး သတင်းဝင်လောက်သည့် ဖြစ်ရပ်များသည် ဝီကီပီးဒီးယားတွင် ပါဝင်ရန် အဆင့်မမီသေးပါ။ ဥပမာအားဖြင့် ကြေညာချက်များ၊ အားကစား၊ သို့မဟုတ် ထင်ပေါ်သူများအကြောင်း ပုံမှန်သတင်းပေးပို့ချက်သည် စွယ်စုံကျမ်းတွင် ပါဝင်နိုင်လောက်သည့် အခြေခံအချက်နှင့် ကိုက်ညီမှုမရှိပါ။ မကြာသေးမီက ဖွံ့ဖြိုးတိုးတက်မှုအကြောင်း သတင်းအချက်အလက်သည် သင့်လျော်နေနိုင်ပြီး ကြားဖြတ်သတင်းများသည် အလေးမပေးသင့်ပါ။ ဝီကီပီးဒီးယားတွင် မသင့်လျော်သော အချိန်ကိုက် သတင်းများကို ကျွန်ုပ်တို့၏ ညီအစ်မ ပရောဂျက် Wikinews တွင် သင့်လျော်ပါသည်။ ဝီကီပီးဒီးယားတွင် သတင်းရေးပုံစံဖြင့်လည်း မရေးသားပါ။
  3. မည်သူက မည်သူလဲ ဖြစ်ရပ်တစ်ခုသည် ထင်ရှားအရေးပါနေနိုင်သော်လည်း ယင်းဖြစ်ရပ်တွင် ပါဝင်သူ တစ်ဦးချင်းစီသည် ထင်ရှားအရေးပါမှု မရှိနိုင်ပါ။ တစ်စုံတစ်ဦးအကြောင်း သတင်းများသည် ဖြစ်ရပ်တစ်ခုအကြောင်းထက် ပိုမိုကျယ်ပြန့်ခြင်း မရှိပါက ယင်းတစ်စုံတစ်ဦးအကြောင်းကို ဖြစ်ရပ်အကြောင်း ဆောင်းပါးတွင် ကန့်သတ်ထားသလို အပြန်အလှန်အားဖြင့် အလုံးစုံခေါင်းစဉ်တွင် ယင်းတို့၏ အရေးပါမှုကိုလည်း ကန့်သတ်ထားသင့်သည်။ (အသေးစိတ်အတွက် Wikipedia:သက်ရှိပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများ တွင် ကြည့်ပါ။)
  4. နေ့စဉ်မှတ်တမ်း တစ်စုံတစ်ဦးသည် ထင်ရှားအရေးပါနေနိုင်သော်လည်း သူတို့ပါဝင်သော ဖြစ်ရပ်များအားလုံးသည် အရေးမပါနေနိုင်ပါ။ ဥပမာ ထင်ပေါ်သူများနှင့် အားကစားသမားများအကြောင်း သတင်းပေးပို့ချက်များသည် မကြာခဏတွေ့ရနိုင်ပြီး အသေးအဖွဲများစွာ ပါဝင်နေနိုင်သဖြင့် ယင်းသို့သော ရင်းမြစ်များအားလုံးကို အသုံးပြုခြင်းဖြင့် အသေးစိတ်ကျသော ဆောင်းပါးတစ်ခု အသွင်ဆောင်ကာ နေ့စဉ်မှတ်တမ်း ဒိုင်ယာရီနှင့် တူနေနိုင်သည်။ ပါဝင်ကစားသမျှ ပွဲစဉ်တိုင်းနှင့် သွင်းယူသမျှ ဂိုးတိုင်းသည် သက်ရှိပုဂ္ဂိုလ်တစ်ဦး၏ အတ္ထုပ္ပတ္တိတွင် အမြဲပါဝင်နိုင်လောက်ရန်အတွက် အရေးပါခြင်း မရှိပါ။


ဝီကီပီးဒီးယားသည် အချက်အလက်များကို လက်လွတ်စပယ် စုစည်းထားသည့်နေရာတစ်ခု မဟုတ်ပါ

မူဝါဒ အတိုကောက်များ:
အခြားကြည့်ရန်။ Wikipedia:ထင်ရှားအရေးပါမှု

စွယ်စုံကျမ်းရသကို ပေးစွမ်းနိုင်ရန်အတွက်၊ အချက်အလက်များကို လွတ်လပ်သောရင်းမြစ်များကို ကိုးကားပြုထားသည့် ရှင်းလင်းတင်ပြချက်များနှင့်အတူ စကားစပ်ရှိရှိ ရေးသားရမည်။ အပေါ်ရှိ § စွယ်စုံကျမ်း အကြောင်းအရာတွင် ရှင်းပြခဲ့သကဲ့သို့ပင် မှန်ကန်နေခြင်း သို့မဟုတ် စိစစ်အတည်ပြုနိုင်ခြင်းတို့သည် စွယ်စုံကျမ်းတွင် ပါဝင်ရန် သင့်လျော်သည်ဟု အလိုအလျောက် သတ်မှတ်ခြင်း မရှိပါ။ ဝီကီပီးဒီးယား ဆောင်းပါးများသည် အောက်ပါတို့ မဟုတ်ကြပါ။

  1. ဖန်တီးမှုများ၏ အကျဉ်းချုပ်သာပါဝင်သော ဖော်ပြချက်များ။ ဝီကီပီးဒီးယားတွင် ဖန်တီးမှုလက်ရာများ (အနုပညာ သို့မဟုတ် ဇာတ်လမ်းဖန်တီးမှုများ၊ စာရွက်စာတမ်းများ၊ သုတေသနစာအုပ်များ သို့မဟုတ် စာတမ်းများ၊ နှင့် တရားစာပေများ စသည်တို့) ကို ယင်းဖန်တီးမှုလက်ရာများ၏ အကျဉ်းချုပ်တွင်သာမက ဖွံ့ဖြိုးတိုးတက်မှု၊ ဒီဇိုင်း၊ ဆွေးနွေးချက်များ၊ လက်ခံမှုများ၊ ထင်ရှားမှုများ၊ နှင့် ဖန်တီးမှု၏ လွှမ်းမိုးမှုများ စသည်တို့ကို စွယ်စုံကျမ်းဆန်ဆန် ရေးသားပြုမူသည်။ အကျဉ်းချုပ်များနှင့် ပတ်သက်၍ နောက်ထပ် အချက်အလက်များအတွက် MOS:PLOT တွင် ကြည့်ပါ။
  2. သီချင်းစာသား ဒေတာဘေ့စ်များ။ သီချင်းတစ်ပုဒ်အကြောင်း ဆောင်းပါးတစ်ခုတွင် တေးရေး၊ ဖြန့်ချိသည့်ရက်၊ လူမှုအကျိုးသက်ရောက်မှု၊ စသည့် အချက်အလက်များကိုပါ ထည့်သွင်းသင့်သည်။ သီချင်းတစ်ပုဒ်မှ ကိုးကားချက်များကို ကျန်ဆောင်းပါးနှင့် လိုက်လျောညီထွေသော သဘာဝကျသည့် ပမာဏအနေဖြင့်သာ ပါရှိသင့်ပြီး ဆွေးနွေးချက်တွင် ပူးပေါင်းပါဝင်ရန် သို့မဟုတ် စတိုင်ကို ပုံဖော်ရန် အသုံးပြုသင့်သည်။ စာသားအပြည့်အစုံကို Wikisource တွင် ထည့်သွင်းနိုင်ပြီး ဆောင်းပါးမှနေ၍ လင့်ခ်ချိတ်ဆက်နိုင်သည်။ ၁၉၂၂ နောက်ပိုင်းထွက်ရှိသော သီချင်းစာသား အများစုသည် မူပိုင်ခွင့်ဖြင့် ကာကွယ်ထားပြီးဖြစ်သဖြင့် စာသားကိုးကားချက်ကို ဖြစ်နိုင်သမျှ အနည်းဆုံးသာ ပါသင့်ပြီး ပုံစံလက္ခဏာရှုထောင့်အချို့ကို ပုံဖော်ရန် သို့မဟုတ် တိုက်ရိုက်ရှင်းလင်းအစီရင်ခံချက်တွင် အသုံးပြုသင့်သည်။ ဖန်တီးမှုကို ထပ်ဆင့်ဖြန့်ဖြူးနိုင်ခြင်း မရှိခဲ့ပါက မူပိုင်ခွင့်ရှိ သီချင်းများ၏ စာသားရှိဝက်ဘ်ဆိုဒ်ကို မည်သည့်အခါတွင်မှ လင့်ခ်မချိတ်ဆက်ရပါ။ ဆွေးနွေးချက် အပြည့်အစုံအတွက် Wikipedia:ရှည်လျားသော ပင်မရင်းမြစ်များမှ စာသားအပြည့်အစုံ မထည့်သွင်းပါနှင့် ကို ကြည့်ပါ။
  3. ရှင်းလင်းချက် မပါဝင်သည့် စာရင်းအင်းများ၏ အဆမတန်စာရင်းများ။ ရှင်းလင်းချက် မပါဝင်သော စာရင်းအင်းများသည် ဖတ်ရှုနားလည်နိုင်စွမ်းကို လျော့ကျစေနိုင်ပြီး ရှုပ်ထွေးစေနိုင်သည်။ စာရင်းအင်းများကို ဖတ်ရှုရလွယ်ကူနိုင်စေရန် ဇယားများအတွင်း ထည့်သွင်းသင့်ပြီး စာရင်းအင်းပါဝင်သော ဆောင်းပါးများတွင် ရှင်းလင်းချက်စာသားများ ထည့်သွင်းသင့်သည်။ ရှည်လျားသော စာရင်းအင်းများသည် ဆောင်းပါးကို ဖတ်ရှုရာတွင် ကြန့်ကြာနေနိုင်သည့်အတွက် ယင်းတို့ကို သီးခြားဆောင်းပါးအနေဖြင့် ခွဲထုတ်သင့်ပြီး မူလဆောင်းပါးတွင် အကျဉ်းချုပ် ချန်ထားခဲ့နိုင်သည်။ (ဥပမာ ပင်မဆောင်းပါး အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၅ မှ အချက်အလက်များကို မြန်မာနိုင်ငံ အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၅ တွင် အနိုင်ရရှိသူများ စာရင်း သို့ ခွဲထုတ် ရွှေ့ပြောင်းထားသည်။)
  4. ဆော့ဖ်ဝဲလ် အဆင့်မြှင့်တင်မှုများ၏ ပြည့်စုံစေ့စပ်သော မှတ်တမ်းများ။ ဆော့ဖ်ဝဲလ် အဆင့်မြှင့်တင်မှုများနှင့် ပတ်သက်သော ဆောင်းပါးများတွင် ဗားရှင်းများ စာရင်း သို့မဟုတ် ဆောင်းပါးတွင်း ဆွေးနွေးချက်များ ဖော်ပြရန်အတွက် ယုံကြည်စိတ်ချရသော third-party (ကိုယ်တိုင် ဖြန့်ချိသော သို့မဟုတ် တရားဝင် မဟုတ်သည့်) ရင်းမြစ်များကို အသုံးပြုပါ။

ဝီကီပီးဒီးယားက ဆင်ဆာမပြုလုပ်ပါ

မူဝါဒ အတိုကောက်များ:
အကျယ်တဝင့် ဖော်ပြထားသောစာမျက်နှာ - Wikipedia:Content disclaimer

ဝီကီပီးဒီးယားတွင် အချို့သော အသုံးပြုသူများအတွက် ကန့်ကွက်စရာ သို့မဟုတ် မနှစ်မြို့စရာဟု ယူဆနိုင်သော အကြောင်းအရာများ ပါဝင်နိုင်ပြီး‍—‌အလွန့်အလွန်တောင် ပါဝင်နေနိုင်သည်။ ထိုသို့သော ဆောင်းပါးများနှင့် ပုံများကို ဖတ်ရှုသူအားလုံးမှ လက်ခံနိုင်ဖွယ်ရှိအောင် ပြင်ဆင်ရန် ကြိုးစားခြင်း သို့မဟုတ် ယေဘုယျ လူမှုရေး သို့မဟုတ် ဘာသာရေး သတ်မှတ်ချက်များအတိုင်း စောင့်ထိန်းလိုက်နာရန် စသည်တို့သည် စွယ်စုံကျမ်းတစ်ခု၏ ရည်ရွယ်ချက်များနှင့် မကိုက်ညီပေ။

ဝီကီပီးဒီးယား မူဝါဒများ (အထူးသဖြင့် သက်ရှိပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများ နှင့် ဘက်မလိုက်သော အမြင်) သို့မဟုတ် အမေရိကန်ပြည်ထောင်စု၏ ဥပေဒေများ (ဝီကီပီးဒီးယား လွှင့်တင်ထားရာ နေရာ) ကို ချိုးဖောက်သည်ဟု ဆုံးဖြတ်ခံရပါက အကြောင်းအရာများသည် ဖယ်ရှားခြင်း ခံရလိမ့်မည် ဖြစ်သည်။ သို့သော်လည်း တည်းဖြတ်မှု အများစုသည် ချက်ခြင်း ပြသပေးသည့်အတွက် မသင့်လျော်သောအရာများကို ဖယ်ရှားခြင်း သို့မဟုတ် ဖျက်ပစ်ခြင်း မပြုမီအချိန်ထိ ဖတ်ရှုသူများက တွေ့မြင်နေရမည်ဖြစ်သည်။

အချို့သော ဆောင်းပါးများတွင် အကြောင်းအရာနှင့် ဆီလျော်မှုရှိသော်လည်း အချို့သူများအတွက် ကန့်ကွက်စရာ ဖြစ်နိုင်သော ပုံများ၊ စာသားများ သို့မဟုတ် လင့်ခ်များ ပါဝင်နေနိုင်သည်။ ကန့်ကွက်စရာ မနှစ်မြို့စရာ ဖြစ်နိုင်သော အကြောင်းအရာများကို ဆွေးနွေးရာတွင် ယင်း၏ စိတ်အနှောက်အယှက် ဖြစ်စေနိုင်ဖွယ်ရာအတွက်ကိုသာမကပဲ ယင်းသည် သင့်လျော်သော ပုံတစ်ခု၊ စာသား၊ သို့မဟုတ် လင့်ခ်တစ်ခု ဖြစ်မဖြစ်ကိုပါ ဆွေးနွေးသင့်သည်။ "ကန့်ကွက်စရာ မနှစ်မြို့စရာ ဖြစ်နေခြင်း"သည် အကြောင်းအရာများကို ဖယ်ရှားပစ်ရန်အတွက် လုံလောက်သော အကြောင်းပြချက် မဟုတ်ပေ။ Wikipedia:စိတ်အနှောက်အယှက်ဖြစ်စေသော အကြောင်းအရာများ လမ်းညွှန်ချက်သည် အနှောက်အယှက်ဖြစ်စေသည်ဟု ယူဆရသော အကြောင်းအရာများကို ဆီလျော်သော ဆောင်ရွက်ချက်များ ပြုလုပ်နိုင်ရန် ကူညီပေးပါလိမ့်မည်။

အချို့သော အဖွဲ့အစည်းများ၏ စည်းကမ်းများ သို့မဟုတ် ရိုးရာသတ်မှတ်ချက်များတွင် လျှို့ဝှက်အကြောင်းအရာများကို ထိန်းသိမ်းထားရန်များ ရှိသည်။ ဝီကီပီးဒီးယားသည် ယင်းအဖွဲ့အစည်းများတွင် ပါဝင်နေခြင်း မရှိသည့်အတွက် ယင်းကဲ့သို့သော ကန့်သတ်ချက်များသည် ဝီကီပီးဒီးယားတွင် အကျုံးမဝင်ပါ။ သို့အတွက် ဆောင်းပါးများအတွင်းရှိ ယင်းကဲ့သို့သော အချက်အလက်များသည် စွယ်စုံကျမ်းသဖွယ် စုံလင်နေပါက ဝီကီပီးဒီးယားအနေဖြင့် ဖယ်ရှားလိမ့်မည် မဟုတ်ပါ။

လူမှုအဖွဲ့အစည်း

အထက်ပါတို့သည် ဝီကီပီးဒီးယား၏ အကြောင်းအရာ မူဝါဒများ ဖြစ်ကြသည်။ အောက်ပါတို့သည် ဝီကီပီးဒီးယား၏ အုပ်ချုပ်မှုနှင့် လုပ်ငန်းစဉ်များတွင် ကျင့်သုံးသော မူဝါဒများ ဖြစ်သည်။

WP is En­cy­clo­pe­dists' Corner, not Speakers' Corner.

ဝီကီပီးဒီးယားသည် မင်းမဲ့စနစ် သို့မဟုတ် လွတ်လပ်စွာ ပြောဆိုနိုင်သော ဟစ်တိုင် မဟုတ်ပါ

မူဝါဒ အတိုကောက်များ:
အခြားကြည့်ရန်။ m:Power structureWP:User access levels၊ နှင့် WP:Enforcement
အကျယ်တဝင့် ဖော်ပြထားသောစာမျက်နှာ - Wikipedia:Administration

ဝီကီပီးဒီးယားသည် ပွင့်လင်းလွတ်လပ်မှုရှိသော်လည်း ပွင့်လင်းမှုနှင့် လွတ်လပ်မှုတို့သည် စွယ်စုံကျမ်းတစ်ခုကို ဖန်တီးရာတွင် အနှောက်အယှက်ဖြစ်နေသော နေရာများတွင် ကန့်သတ်ချက်များ ထားရှိသည်။ ဝီကီပီးဒီးယားသည် စည်းကမ်းမရှိ လွတ်လပ်စွာ ပြောဆိုနိုင်သည့် ဟစ်တိုင် (ဆွေးနွေးပွဲ) တစ်ခု မဟုတ်ပါ။ ဝီကီပီးဒီးယားသည် လွတ်လပ်ပြီး ကိုယ်တိုင်ထိန်းကျောင်းသည့် စီမံချက်ဟု ဆိုသော်လည်း အန်နာခီအဖွဲ့အစည်းများ၏ အလားအလာများကို ဖော်ထုတ်ရန် မရည်ရွယ်ပါ။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ စွယ်စုံကျမ်းတစ်ခုကို တည်ဆောက်ရန်ဖြစ်ပြီး မင်းမဲ့ဝါဒ၏ စည်းနယ်နမိတ်များကို စမ်းသပ်ရန် မဟုတ်ပါ။

ဝီကီပီးဒီးယားသည် ဒီမိုကရေစီစနစ် မဟုတ်ပါ

မူဝါဒ အတိုကောက်များ:

ဝီကီပီးဒီးယားသည် ဒီမိုကရေစီစနစ်တွင် စမ်းသပ်ချက်တစ်ခု သို့မဟုတ် အခြားသော နိုင်ငံရေးစနစ် တစ်ခုခု မဟုတ်ပါ။ ဆုံးဖြတ်ချက်ချခြင်းနှင့် အငြင်းပွားမှု ဖြေရှင်းခြင်းတို့အတွက် အဓိက နည်းလမ်းများမှာ အများဆန္ဒကို ဦးတည်သော တည်းဖြတ်ခြင်း နှင့် ဆွေးနွေးခြင်း တို့ဖြစ်ပြီး—မဲပေးခြင်း မဟုတ်ပါ (မဲပေးခြင်းကို (ခုံသမာဓိ ကော်မတီ ရွေးကောက်ခြင်း ကဲ့သို့သော အခြားသော အခြေအနေများတွင် ဆောင်ရွက်သည်)။ အလွတ်စုံစမ်း ကောက်ယူချက်များ ကို အများဆန္ဒအတွက် စမ်းသပ်ကောက်ယူလေ့ရှိသော်လည်း မဲအရေအတွက်များနှင့် ဆန်းစစ်ခြင်းများသည် ဆွေးနွေးခြင်းများထက် ကြန့်ကြာလေ့ရှိပြီး ဂရုတစိုက် ဆောင်ရွက်သင့်သည်။

ဝီကီပီးဒီးယားသည် ဗျူရိုကရေစီစနစ် မဟုတ်ပါ

မူဝါဒ အတိုကောက်များ:
"WP:BURO" နှင့် "WP:BUREAU" ကို ဤနေရာသို့ ညွှန်းသည်။ "ဗျူရိုကရက်" အသုံးပြုသူ အဆင့် အတွက်၊ WP:CRAT ကို ကြည့်ပါ။

ဝီကီပီးဒီးယားတွင် ဗျူရိုကရေစီစနစ်၏ အခြေခံ သဘောတရားများ ပါရှိသော်လည်း[၅] ဥပဒေပြဋ္ဌာန်းချက်များဖြင့် ထိန်းချုပ်ထားခြင်း မဟုတ်ပါ။ စည်းကမ်းများသည် လူထုအဖွဲ့အစည်း၏ ရည်မှန်းချက် မဟုတ်ပါ။ အချို့သော စည်းကမ်းများသည် အတင်းအကြပ်ဖြစ်စေသော်လည်း၊ ရေးသားထားသော စည်းကမ်းများအနေဖြင့် လက်ခံထားသော အလေ့အကျင့်ကို မဖြစ်စေပါ။ တကယ်တမ်းအနေဖြင့် ယင်းတို့သည် မည်သည်ကို လက်ခံရမည်၊ နှင့် မည်သည်ကို ငြင်းဆိုရမည်ဆိုသည့် ရှိနှင့်ပြီး အများသဘောဆန္ဒကို ပြုစုထားခြင်း ဖြစ်သည်။

ဝီကီပီးဒီးယား၏ မူဝါဒများနှင့် လမ်းညွှန်ချက်များကို လေးလေးနက်နက် လိုက်နာသင့်သော်လည်း ယင်းတို့ကို တလွဲအသုံးပြုခြင်း ဖြစ်နိုင်သည်။ မူဝါဒများ၏ အခြေခံ သဘောတရား ကို ထည့်သွင်းစဉ်းစားခြင်း မပြုဘဲ မူဝါဒများ၏ စည်းကမ်းကို အလွန်အကျူး အဓိပ္ပာယ်ကောက်ယူခြင်း မပြုပါနှင့်။ အကယ်၍ ဝီကီပီးဒီးယားကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရာတွင် စည်းကမ်းများသည် သင့်အား တားမြစ်နေပါက ယင်းတို့ကို ဥပက္ခာပြုလိုက်ပါ။ သဘောကွဲပြားမှုများကို စည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများဖြင့် အတင်းအကျပ် ဆောင်ရွက်ခြင်းမဟုတ်ဘဲ အများသဘောဆန္ဒ အခြေပြု ဆွေးနွေးမှုများဖြင့် လုပ်ဆောင်လေ့ရှိသည်။ ထို့အပြင် မူဝါဒများနှင့် လမ်းညွှန်ချက်များသည် ဆန္ဒသဘောထား အဆင့်ဆင့်ပြောင်းလဲမှုအရ အပြောင်းအလဲရှိနိုင်ပါသည်

အဆိုပြုချက် သို့မဟုတ် တောင်းဆိုချက်တစ်ခုရှိ လုပ်ထုံးလုပ်နည်း မှားယွင်းမှုတစ်ခုသည် ယင်းအဆိုပြုချက် သို့မဟုတ် တောင်းဆိုချက်ကို ငြင်းပယ်ရမည့် အကြောင်းပြချက် မဟုတ်ပါ။

ပံ့ပိုးဆောင်ရွက်ချက်တစ်ခုရှိ လုပ်ထုံးလုပ်နည်း၊ ကုဒ်အသုံးပြုပုံ၊ သို့မဟုတ် သဒ္ဒါအမှားတစ်ခုသည် အလွယ်တကူ ပြင်ဆင်နိုင်ခြင်း မရှိခဲ့သည်မှလွဲ၍ နောက်ပြန်ပြင်ရန် အကြောင်းပြချက် မဟုတ်ပါ

မှတ်စုများ

  1. See :en:Wikipedia:Requests for arbitration/Rex071404 § Final decision, which suggested a similar principle in November 2004.
  2. Wikipedia article pages (and various technical pages: categories, navboxes, etc.) are off limits for any advocacy. Talk pages, user space pages and essays are venues where you can advocate your opinions provided that they are directly related to the improvement of wikipedia and are not disruptive.
  3. မြန်မာဝီကီပီးဒီးယား သည် ပုံများနှင့် စာသားများကို "တရားမျှတစွာ အသုံးပြုခြင်း" ဖြင့် အခမဲ့အကြောင်းအရာဖြစ်သော ဆောင်းပါးများအတွင်းသို့ ထည့်သွင်းထားသည်။ Wikipedia:Copyrights ကို ကြည့်ပါ။
  4. ဤ how-to ကန့်သတ်ချက်များသည် ပရောဂျက် အမည်ညွှန်းများတွင် အကျုံးမဝင်ပါ။
  5. Joseph Michael Reagle, Jr.; Lawrence Lessig (2010)။ Good Faith Collaboration: The Culture of Wikipedia။ MIT Press။ pp. 90–91။ ISBN 9780262014472

ပြင်ပလင့်ခ်များ

ညီအစ်မပရောဂျက်များရှိ ဆင်တူသော တရားဝင် မူဝါဒများ