မာတိကာသို့ ခုန်သွားရန်

မြန်မာဝီကီပီးဒီးယား

ဝီကီပီးဒီးယား မှ
Favicon of Wikipedia မြန်မာဝီကီပီးဒီးယား
ဝဘ်ဆိုဒ် အမျိုးအစား
အင်တာနက် စွယ်စုံကျမ်း
ဖတ်ရှုရရှိနိုင်မှုမြန်မာဘာသာစကား
တည်ထောင်၃၀ ဇူလိုင် ၂၀၀၄
ပိုင်ဆိုင်သူဝီကီမီဒီယာ ဖောင်ဒေးရှင်း
ဖန်တီးသူမြန်မာဝီကီပီးဒီးယားအဖွဲ့အစည်း
ဝဘ်ဆိုဒ်my.wikipedia.org
စီးပွားရေးမရှိ
မှတ်ပုံတင်ခြင်းOptional

မြန်မာဝီကီပီးဒီးယား သည် ဝီကီပီးဒီးယား၏ မြန်မာဘာသာ အင်တာနက် စွယ်စုံကျမ်းတစ်ခု ဖြစ်သည်။ မြန်မာ့စွယ်စုံကျမ်း အသစ် တည်းဖြတ်ပုံနှိပ်မှုမလုပ်နိုင်မီ ဝါသနာရှင်များက မြန်မာဝီကီပီးဒီးယား ကို ဝီကီပီးဒီးယားတွင် စတင်ခဲ့သည်။ မူလက ယူနီကုဒ် (၄.၀) ဖြင့် စတင်သော်လည်း နောက်ပိုင်းတွင် ယူနီကုတ်ဖောင့် ၅.၂ ဖြင့် ဆောင်းပါးပေါင်း ၁၁၀၉၁၇ စောင်ကို (ဇွန် ၂၀၂၆ အထိ) ထည့်သွင်းထားပြီးဖြစ်သည်။

သမိုင်းကြောင်း

အချိန်မှတ်တမ်း

  • ၃၀ ဇူလိုင် ၂၀၀၄ - မြန်မာဝီကီပီးဒီးယား စတင်လွှင့်တင်။
  • ၂၀၀၅ - မြန်မာဝီကီပီးဒီးယန်းအချို့ စတင်ဝင်ရောက်ကာ ရေးသားတည်းဖြတ်မှုများ စတင်။
  • ၂၀၀၈ - အကြောင်းအရာများ သိသိသာသာ တိုးတက်လာ။
  • ၂၀၁၀ - ပထမအကြိမ် မြန်မာဝီကီပီးဒီးယား အလုပ်ရုံ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့ပြီး၊ ဝီကီမီဒီယာ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ ပြည်တွင်းနှင့် နိုင်ငံတကာမှာ ယူနီကုဒ်ကျွမ်းကျင်ပညာရှင်များနှင့် မြန်မာဝီကီပီးဒီးယန်းများ တက်ရောက်ခဲ့သည်။
  • ၂၀၁၂ - ဘားကမ့်ရန်ကုန်တွင် မြန်မာဝီကီပီးဒီးယားကို မိတ်ဆက်ခဲ့သည်။
  • ၁၁ ဧပြီ ၂၀၁၆ – မြန်မာဝီကီပီးဒီးယားတွင် စာမျက်နှာ တည်းဖြတ်မှုပေါင်း ၃၀၀,၀၀၀ ပြည့်ခဲ့သည်။
  • ၂၇ အောက်တိုဘာ ၂၀၂၀ – မြန်မာဝီကီပီးဒီးယားတွင် ဆောင်းပါးပေါင်း ၅၀,၀၀၀ ပြည့်ခဲ့သည်။
  • ဇန်နဝါရီ ၂၀၂၁ – မြန်မာဝီကီပီးဒီးယားတွင် ဆောင်းပါးပေါင်း ၁၀၀,၀၀၀ ပြည့်ခဲ့သည်။

အချက်အလက်များ

မြန်မာဝီကီပီးဒီးယား (update)
ဆောင်းပါးများ၁၁၀၉၁၇
စာမျက်နှာများ၂၇၀၁၇၃
ဖိုင်များ၂၉၃၆
တည်းဖြတ်မှုများ၁၀၃၇၄၂၄
အသုံးပြုသူများ၁၄၁၁၁၇
တက်ကြွသည့် အသုံးပြုသူများ၃၃၃
အက်ဒမင်များ

ကိုးကား

    ပြင်ပလင့်ခ်များ