ဝီကီပီးဒီးယား:မူဝါဒများ စာရင်း
အညွှန်းသို့ ခုန်ကူးရန်
ရှာဖွေရန် ခုန်ကူးမည်
![]() | ဤ ဆောင်းပါး သို့မဟုတ် အပိုင်းသည် ချဲ့ကားရေးသားနေဆဲ သို့မဟုတ် အကြီးစား ပြန်လည်တည်းဖြတ်နေဆဲဖြစ်ပြီး သင်လည်း ပါဝင်ကူညီ ရေးသားနိုင်သည်။ အကယ်၍ ဤဆောင်းပါး သို့မဟုတ် အပိုင်းသည် ရက်အနည်းငယ်ကြာသည်အထိ ပြင်ဆင်ခြင်းမရှိပါက ဤတမ်းပလိတ်ကို ကျေးဇူးပြု၍ ဖယ်ရှားလိုက်ပါ။ အကယ်၍ သင်သည် ဤတမ်းပလိတ်ကို ထည့်သွင်းသူ ဖြစ်ပြီး တည်းဖြတ်နေဆဲဖြစ်ပါက တည်းဖြတ်မှု တစ်ခုနှင့် တစ်ခုအကြားတွင် ကျေးဇူးပြု၍ ဤတမ်းပလိတ်အား {{in use}} ဖြင့် အစားထိုးပါ။
ဤ စာမျက်နှာ အား Ninjastrikers (ဆွေးနွေး | ပံ့ပိုး) မှ ၁၁ လ အကြာက နောက်ဆုံးပြင်ဆင်ခဲ့သည်။ (ရှင်းသန့်ရန်) |
ဤစီမံကိန်း စာမျက်နှာကို မြန်မာဘာသာသို့ ပြန်ဆိုရန် လိုအပ်နေသေးသည်။
|
"WP:NUTSHELL" ကို ဤနေရာသို့ ညွှန်းသည်။ Wikipedia nutshell အကြောင်း အချက်အလက်များ အတွက် Template:Nutshell တွင်ရှုပါ။
![]() | ဤစာမျက်နှာအား အသုံးပြုသူ အသစ် သို့မဟုတ် မှတ်ပုံမတင်ထားသော အသုံးပြုသူများ တည်းဖြတ်ခွင့်ကို လတ်တလောတွင် ခွင့်မပြုထားပါ။. အသေးစိတ်အတွက် ကာကွယ်ခြင်း မူဝါဒနှင့် ကာကွယ်မှု မှတ်တမ်း ကို ကြည့်ပါ။ အကယ်၍ သင်သည် ဤ စာမျက်နှာ အား မပြင်ဆင်နိုင်သော်လည်း ပြောင်းလဲမှု ပြုလုပ်လိုပါက သင့်အနေဖြင့် ပြင်ဆင်မှု တောင်းဆိုခြင်း၊ ဆွေးနွေးချက် စာမျက်နှာ တွင် ဆွေးနွေးခြင်း၊ ကာကွယ်မှု ဖယ်ရှားရန် တောင်းဆိုခြင်း၊ အကောင့်ဝင်ရောက်ခြင်း၊ သို့မဟုတ် အကောင့်ဖန်တီးခြင်းများ ပြုလုပ်နိုင်သည်။ |
![]() | ဤစာမျက်နှာတွင် မြန်မာဝီကီပီးဒီးယားပေါ်ရှိ တရားဝင် မူဝါဒများ အကျဉ်းချုပ် ပါဝင်သည်။ မူဝါဒများသည် တည်းဖြတ်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြပြီး တည်းဖြတ်သူများ အားလုံး လိုက်နာသင့်သော စံနှုန်းများအဖြစ် ယူဆသည်။ ဤစာမျက်နှာအား တည်းဖြတ်ပြင်ဆင်ပါက ကျေးဇူးပြု၍ သင့်တည်းဖြတ်မှုသည် ရှိနှင့်ပြီး မူဝါဒများနှင့် လိုက်ဖက်ညီစေရန် သတိပြုပါ။ သံသယရှိလာပါက ဆွေးနွေးချက် စာမျက်နှာတွင် ဆွေးနွေးပါ။
ဤစာမျက်နှာအား ပြောင်းလဲခြင်းသည် မူဝါဒအား ပြောင်းလဲခြင်း မဟုတ်ပါ။ ဤအကျဉ်းချုပ်တွင် စာမျက်နှာတစ်ခုအား ထည့်သွင်းခြင်းသည် ယင်းမူဝါဒအခြေအနေနှင့် မသက်ဆိုင်ပါ။ မူဝါဒများအား အများသဘောဆန္ဒဖြင့် ဆုံးဖြတ်ပါသည်။ နောက်ထပ် အချက်အလက်များအတွက် Wikipedia:မူဝါဒများနှင့် လမ်းညွှန်ချက်များကို ကြည့်ပါ။ |
မူဝါဒများ အားလုံးကို Category:ဝီကီပီးဒီးယား မူဝါဒများ တွင် ထည့်သွင်းထားပါသည်။ မူဝါဒများနှင့် လမ်းညွှန်ချက်များတွင် လမ်းညွှန်ချက်များကို ဖတ်ရှုနိုင်ပါသည်။ ဤစာမျက်နှာအား အောက်ပါကဏ္ဍများအဖြစ် ခွဲခြားထားသည်။
- အကြောင်းအရာ၊ စွယ်စုံကျမ်းနယ်ပယ်အား သတ်မှတ်ခြင်းနှင့် ယင်းအတွက် သင့်လျော်သော အကြောင်းအရာများ
- အပြုအမူ၊ တည်းဖြတ်သူများ အောင်မြင်စွာ ပူးပေါင်းလုပ်ဆောင်နိုင်ရန်နှင့် လက်ခံနိုင်သော အပြုအမူများ ဖော်ပြချက်
- ဖျက်ပစ်ခြင်း၊ စာမျက်နှာများ၊ မူများနှင့် မှတ်တမ်းများ ဖျက်ပစ်ခံရခြင်း လုပ်ငန်းစဉ် ရှင်းလင်းချက်
- Enforcement, which accounts for various means by which standards may be enforced
- ဥပဒေရေးရာ၊ ဥပဒေရေးရာအချက်အလက်များအရ သက်ရောက်မှုရှိသော ဥပဒေများနှင့် ယင်းတို့အား အလွဲသုံးစားမှုအတွက် ကုစားခြင်းများ
- လုပ်ထုံးလုပ်နည်း၊ မြန်မာဝီကီပီးဒီးယား လည်ပတ်သော လုပ်ငန်းစဉ်အမျိုးမျိုး၏ စာတမ်းများ
အကြောင်းအရာ
- ဆောင်းပါးခေါင်းစဉ်
- ဝီကီပီးဒီးယား ဆောင်းပါးများ၏ စံပြုခေါင်းစဉ်သည် မြန်မာဘာသာစကား ပြောဆိုသူများအတွက် မှတ်မိလွယ်စေခြင်း၊ ရှာဖွေရလွယ်ကူခြင်း၊ လိုတိုရှင်းဖြစ်ခြင်း၊ တိကျရှင်းလင်းခြင်းနှင့် အခြားခေါင်းစဉ်များနှင့် လိုက်ဖက်စွာ တသတ်မတ်တည်း ရှိရမည် ဖြစ်သည်။
- သက်ရှိပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိ
- သက်ရှိပုဂ္ဂိုလ်များအကြောင်း ဆောင်းပါးများသည် ဝီကီပီးဒီးယား၏ အကြောင်းအရာ မူဝါဒများနှင့် တသွေမတိမ်း လိုက်နာရမည် ဖြစ်သည်။ အထူးသဖြင့် ပုဂ္ဂိုလ်ရေးဘဝအကြောင်း အသေးစိတ်များအတွက် တိကျခိုင်မာသော စိတ်ချရသည့် အကိုးအကားများ ပါဝင်ရမည် ဖြစ်သည်။ "သက်ရှိပုဂ္ဂိုလ် (သို့မဟုတ် မကြာမီက ကွယ်လွန်သူ)၏ အကြောင်းအရာများသည် အပြုသဘောဆောင်သည်ဖြစ်စေ၊ အနှုတ်သဘောဆောင်သည်ဖြစ်စေ၊ မရေရာသည့် စဉ်းစားဖွယ်ရာဖြစ်ပြီး အကိုးအကား မပါသော သို့မဟုတ် အကိုးအကားနည်းပါး မကောင်းမွန်သော အကြောင်းအရာများသည် ဆွေးနွေးခြင်းမရှိဘဲ ဝီကီပီးဒီးယား ဆောင်းပါးများ၊ ဆွေးနွေးချက် စာမျက်နှာများ၊ အသုံးပြုသူစာမျက်နှာများနှင့် ပရောဂျက်အမည်ညွှန်းများမှ ချက်ခြင်း ဖယ်ရှားခံရမည်ဖြစ်သည်။"
- ပုံအသုံးပြုခြင်း မူဝါဒ
- ယေဘုယျအားဖြင့် အခမဲ့မဟုတ်သော ပုံများတင်ခြင်းအား ရှောင်ကြဉ်ပါ။ ပုံများ၏ ရင်းမြစ်နှင့် မူပိုင်ခွင့် အခြေအနေ အသေးစိတ်အား ပုံအကြောင်း ဖော်ပြချက် စာမျက်နှာများတွင် အပြည့်အစုံ ထည့်သွင်းဖော်ပြပါ။ အသုံးဝင်သည့် ပုံများဖြစ်စေရန်နှင့် ဖြစ်နိုင်ပါက ပြန်လည်အသုံးပြုနိုင်စေရန် ကြိုးစားပါ။
- ဘက်မလိုက်သော အမြင်
- စာဖတ်သူများ မြင်တွေ့နိုင်သော ဆောင်းပါးများ၊ တမ်းပလိတ်များ၊ ကဏ္ဍများနှင့် ပေါ်တယ်များတွင် ရေးသားသမျှသည် ဘက်မလိုက်ဘဲ ရေးသားရမည်ဖြစ်သည်။
- ကိုယ်တိုင် သုတေသနပြုမှု မဟုတ်
- ဖော်ပြခံရခြင်း မရှိသေးသော သီအိုရီများ၊ အချက်အလက်များ၊ ထုတ်ပြန်ချက်များ၊ အယူအဆများ၊ အာဘော်များ၊ စိတ်ကူးအတွေးအခေါ်များ၊ ရှင်းလင်းချက် အသစ်များ၊ စိစစ်တွေ့ရှိချက်များအား ဆောင်းပါးများထဲတွင် မထည့်သွင်းရပါ။
- စိစစ်အတည်ပြုခံနိုင်မှု
- ဆောင်းပါးများသည် တတ်နိုင်သမျှ ရင်းမြစ်များအား အကိုးအကားပြုရမည် ဖြစ်သည်။ ကိုးကားထားသော ရင်းမြစ်များ၏ တိကျမှုများ ကျွန်ုပ်တို့ မစစ်ဆေးနိုင်သည့်အခါ နာမည်ရ စာနယ်ဇင်းမှ ထုတ်ပြန်မှု ဟုတ်မဟုတ်နှင့် အခြား လွတ်လပ်သော ရင်းမြစ်များမှ ပြန်လည်သုံးသပ်ထားခြင်း ရှိမရှိတို့အား စစ်ဆေးပါသည်။ အကိုးအကားမပြုထားသော အကြောင်းအရာများသည် စိန်ခေါ်ခြင်း ခံရမည် ဖြစ်ပြီး ဖယ်ရှားခံရမည်။
- ဝီကီပီးဒီးယားက ဘာမဟုတ်ဘူးလဲ
- ဝီကီပီးဒီးယားသည် အွန်လိုင်း စွယ်စုံကျမ်းတစ်ခု ဖြစ်ပါသည်။ ဝီကီပီးဒီးယားကို အခြားသောရည်ရွယ်ချက်များအတွက် အသုံးပြုရန် ဆွဲဆောင်ခြင်းအား ကျေးဇူးပြု၍ ရှောင်ကြဉ်ပါ။
- ဝီကီပီးဒီးယားက အဘိဓာန်တစ်ခု မဟုတ်ပါ
- ဝီကီပီးဒီးယားသည် အဘိဓာန်တစ်ခု မဟုတ်သလို ဗန်းစကား သို့ဟုတ် အသုံးပြုလမ်းညွှန်လည်း မဟုတ်ပါ။