ဝီကီပီးဒီးယား:Medical disclaimer

ဝီကီပီးဒီးယား မှ
ဝီကီပီးဒီးယားသည် ဆေးပညာဆိုင်ရာ အကြံဉာဏ်များ မပေးပါ

ဝီကီပီးဒီးယားတွင် ဆေးပညာဆိုင်ရာ ဆောင်းပါးများစွာ ရှိပါသည်။ သို့သော်လည်း အဆိုပါ ဆောင်းပါးများသည် တိကျခိုင်မာသည်ဟု အာမခံခြင်း မရှိပါ။ ဆောင်းပါးတစ်ခုထဲတွင် ပါဝင်သော သို့မဟုတ် ကိုးကားထားသော ဆေးပညာနှင့် ပတ်သက်သည့် မည်သည့်ဖော်ပြချက်မဆို မှန်ကန်သည်၊ တိကျသည်၊ ခေတ်နှင့်အညီဖြစ်သည်ဟူ၍ အာမခံထားခြင်း လုံးဝမရှိပါ။ အဆိုပါ ဆောင်းပါးများ၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် အားလုံးကို ပညာရှင်မဟုတ်သူများက အများဆုံး ရေးသားထားခြင်း ဖြစ်သည်။ ဆေးပညာနှင့် ပတ်သက်သော အချက်အလက်တစ်ခုသည် တိကျမှန်ကန်နေသော်လည်း ယင်းကို သင့်ကိုယ်သင် သို့မဟုတ် သင်၏ ရောဂါလက္ခဏာများအတွက် လိုက်နာကျင့်သုံးခြင်း မလုပ်သင့်ပါ။

ဝီကီပီးဒီးယားတွင် ဖော်ပြထားသော ဆေးပညာဆိုင်ရာ အချက်အလက်များကို ယေဘုယျ ကောင်းမွန်မှန်ကန်အောင် ဖော်ပြထားသော်လည်း ဆေးဘက်ဆိုင်ရာ တတ်ကျွမ်းနားလည်သူ၏ အကြံဉာဏ်အစား အသုံးမပြုသင့်ပါဝီကီပီးဒီးယားက ဆရာဝန်တစ်ဦး မဟုတ်ပါ။

ဤဝဘ်ဆိုဒ်တွင် ဖော်ပြထားသော မည်သည့် အချက်အလက်ကိုမဆို တိုက်ရိုက် သို့မဟုတ် ဆင့်ပွား အသုံးပြုခြင်းများကြောင့် ဖြစ်ပေါ်လာသည့် အကျိုးရလဒ်များအတွက် ဝီကီပီးဒီးယားတွင် ပါဝင်ပံ့ပိုးသူများ၊ စနစ်မောင်းနှင်သူများ၊ ဆော့ဖ်ဝဲဖန်တီးသူများ၊ ဝီကီပီးဒီးယားအား ထောက်ပံ့ပေးသူများ၊ သို့မဟုတ် ဝီကီပီးဒီးယားနှင့် တစ်နည်းနည်း ဆက်နွယ်နေသူများနှင့် သက်ဆိုင်ခြင်း အလျဉ်းမရှိပါ။

Nothing on Wikipedia.org or included as part of any project of Wikimedia Foundation, Inc., should be construed as an attempt to offer or render a medical opinion or otherwise engage in the practice of medicine.