ဝီကီပီးဒီးယား:အဓိက အကြောင်းအရာ မူဝါဒများ

ဝီကီပီးဒီးယား မှ

ဝီကီပီးဒီးယား၏ အကြောင်းအရာများကို အဓိက နိယာမ အကြောင်းအရာ မူဝါဒများ သုံးခုဖြစ်သော ဘက်မလိုက်သော အမြင်စိစစ်အတည်ပြုခံနိုင်မှုနှင့် ကိုယ်တိုင် ထုတ်ဖော်ထားသော အချက်အလက်များ ကင်းရှင်းမှုတို့ဖြင့် ထိန်းကြောင်းထားသည်။ အပြန်အလှန်ချိတ်ဆက်မှုရှိနေသော ဤမူဝါဒသုံးခုအား တည်းဖြတ်သူများအနေဖြင့် ရင်းနှီးကျွမ်းဝင်ထားသင့်သည်။

  1. ဘက်မလိုက်သော အမြင် (WP:NPOV) – ဝီကီပီးဒီးယား ဆောင်းပါးများအားလုံးနှင့် အခြားသော စွယ်စုံကျမ်းဆိုင်ရာ အကြောင်းအရာများ အားလုံးကို ဘက်မလိုက်သော အမြင်ရှုထောင့်မှ ရေးသားရမည်ဖြစ်ပြီး သင့်တင့်မျှတသော အမြင်ကို ဘက်လိုက်မှုကင်းရှင်းစွာဖြင့် တင်ပြရမည်။
  2. စိစစ်အတည်ပြုခံနိုင်မှု (WP:V) – စောဒကတက်ခြင်းခံရသော သို့မဟုတ် စောဒကတက်ခြင်း ခံရနိုင်သော အကြောင်းအရာများနှင့် ကိုးကားအဆိုများ အားလုံးသည် ယုံကြည်စိတ်ချရသော၊ ထုတ်ဝေဖြန့်ချိပြီးဖြစ်သည့် ရင်းမြစ်များအား ကိုးကားပြုရမည်။ ဝီကီပီးဒီးယားတွင် စိစစ်အတည်ပြုခံနိုင်မှု ဆိုသည်မှာ စွယ်စုံကျမ်းအား ဖတ်ရှုသူများနှင့် တည်းဖြတ်သူများအနေဖြင့် အဆိုပါ အချက်အလက်များသည် ယုံကြည်စိတ်ချရသော ရင်းမြစ်များမှ လာကြောင်း စစ်ဆေးနိုင်ခြင်း ဖြစ်သည်။
  3. ကိုယ်တိုင် ထုတ်ဖော်ထားသော အချက်အလက်များ ကင်းရှင်းမှု (WP:NOR) – ဝီကီပီးဒီးယားသည် ပင်ကိုယ်ရေး အတွေးအမြင်များကို လွှင့်တင်ခြင်း မပြုပါ။ ဝီကီပီးဒီးယားရှိ အကြောင်းအရာများ အားလုံးသည် ယုံကြည်စိတ်ချရသော၊ ထုတ်ဝေဖြန့်ချိပြီးဖြစ်သည့် ရင်းမြစ်များအား ကိုးကားပြုရမည် ဖြစ်သည်။ ဆောင်းပါးများတွင် ခွဲခြမ်းစိတ်ဖြာလေ့လာချက်အသစ်များ သို့မဟုတ် သတင်းရင်းမြစ်များကိုယ်တိုင်က ရှင်းရှင်းလင်းလင်း မဖော်ပြထားသော ကောက်ချက်တစ်ခုသို့ ရောက်ရှိရန် သို့မဟုတ် အဓိပ္ပာယ်သက်ရောက်စေရန် ထုတ်ဝေဖြန့်ချိပြီးဖြစ်သည့် အကြောင်းအရာများအား ပေါင်းစပ်ခြင်းတို့ မပါဝင်ပါ။

ဤမူဝါဒများသည် ဝီကီပီးဒီးယား ဆောင်းပါးများတွင် လက်ခံမည့် အကြောင်းအရာများ၏ အမျိုးအစားနှင့် အရည်အသွေးကို ဆုံးဖြတ်သည်။ ယင်းမူဝါဒသုံးခုသည် အချင်းချင်း ချိတ်ဆက်ပြည့်စုံစေခြင်းကြောင့် ယင်းတို့အား တစ်ခုခြင်းစီ ခွဲခြားဖော်ပြခြင်း မပြုလုပ်သင့်ပေ။ ဤမူဝါဒဖော်ပြချက်များကို အခြေခံသည့် အခြေခံမူများကို အခြားသော မူဝါဒများနှင့် လမ်းညွှန်ချက်များ၊ သို့မဟုတ် တည်းဖြတ်သူများ၏ သဘောထားဆန္ဒများဖြင့် အစားထိုးမည် မဟုတ်ပါ။ ဤမူဝါဒ စာမျက်နှာသုံးခုအား အခြေခံမူများအား ရှင်းလင်းဖော်ပြရာတွင် ပိုမိုကောင်းမွန်စေရန် ပြင်ဆင်မှုမျိုးသာ ပြုလုပ်သင့်သည်။