ဝီကီပီးဒီးယား:အသုံးပြုသူ စာမျက်နှာများ
ဤ ဆောင်းပါး သို့မဟုတ် အပိုင်းသည် ချဲ့ကားရေးသားနေဆဲ သို့မဟုတ် အကြီးစား ပြန်လည်တည်းဖြတ်နေဆဲဖြစ်ပြီး သင်လည်း ပါဝင်ကူညီ ရေးသားနိုင်သည်။ အကယ်၍ ဤဆောင်းပါး သို့မဟုတ် အပိုင်းသည် ရက်အနည်းငယ်ကြာသည်အထိ ပြင်ဆင်ခြင်းမရှိပါက ဤတမ်းပလိတ်ကို ကျေးဇူးပြု၍ ဖယ်ရှားလိုက်ပါ။ အကယ်၍ သင်သည် ဤတမ်းပလိတ်ကို ထည့်သွင်းသူ ဖြစ်ပြီး တည်းဖြတ်နေဆဲဖြစ်ပါက တည်းဖြတ်မှု တစ်ခုနှင့် တစ်ခုအကြားတွင် ကျေးဇူးပြု၍ ဤတမ်းပလိတ်အား {{in use}} ဖြင့် အစားထိုးပါ။
ဤ စာမျက်နှာ အား Ninjastrikers (ဆွေးနွေး | ပံ့ပိုး) မှ ၂ နှစ် အကြာက နောက်ဆုံးပြင်ဆင်ခဲ့သည်။ (ရှင်းသန့်ရန်) |
အသုံးပြုသူ စာမျက်နှာ ဒီဇိုင်းလမ်းညွှန်၊ ကျွန်ုပ်တို့၏ အသုံးပြုသူ အမည် မူဝါဒ၊ နှင့် ဝီကီပီးဒီးယား သုံးစွဲသူများတို့ကိုလည်း ကြည့်ပါ။
ဤ စာမျက်နှာ သည် မြန်မာဝီကီပီးဒီးယား ပရောဂျက် အကြောင်းအရာ လမ်းညွှန်ချက် စာတမ်းဖြစ်သည်။ ဤအရာကို ယေဘုယျအားဖြင့် တည်းဖြတ်သူများမှ လိုက်နာရန် ဖြစ်ပြီး ဆင်ခြင်တုံတရားရှိရှိ ပြုမူကာ၊ ရံဖန်ရံခါ ခြွင်းချက်များ ရှိမည်ဖြစ်သည်။ စာမျက်နှာရှိ မည်သည့် ထိရောက်သော တည်းဖြတ်ပြင်ဆင်မှုမဆို အများဆန္ဒဖြင့် ပြင်ဆင်သင့်သည်။ သံသယရှိပါက ဆွေးနွေးချက် စာမျက်နှာတွင် ဦးစွာ ဆွေးနွေးပါ။ |
ဤလမ်းညွှန်ချက်ကို တိုတိုပြောရလျှင်: အသုံးပြုသူ စာမျက်နှာများသည် ဆက်သွယ်ရန်နှင့် ပူးပေါင်းလုပ်ဆောင်ရန်အတွက် ဖြစ်သည်။ ပုဂ္ဂိုလ်ရေးရာ ပြင်ဆင်ခြင်းနှင့် သင့်အသုံးပြုသူ စာမျက်နှာများကို စီမံခန့်ခွဲခြင်းတို့တွင် အတော်အတန် ပြောင်းသာပြင်သာ ခွင့်ပြုထားသော်လည်း ယင်းတို့သည် လူထုပရောဂျက် စာမျက်နှာများ ဖြစ်ကြပြီး ကိုယ်ပိုင် ဝက်ဘ်ဆိုဒ်၊ ဘလော့ဂ်၊ သို့မဟုတ် လူမှုကွန်ယက် ကြားခံနယ်များ မဟုတ်ပါ။ ယင်းတို့ကို လူထုအစုအဝေးအတွင်း ပူးပေါင်းလုပ်ဆောင်ရာတွင် ပိုမိုကောင်းမွန်အောင် အသုံးပြုသင့်ပြီး မသက်ဆိုင်သော ရည်ရွယ်ချက်များစွာအတွက် သို့မဟုတ် ပရောဂျက်ကို အငြင်းပွားဖွယ်ရာ ဖြစ်ပေါ်စေရန်အတွက် မဟုတ်ပါ။ |
အကြောင်းအရာ အမည်ညွှန်းစာလုံးများ | ဆွေးနွေးချက်စာမျက်နှာ အမည်ညွှန်းများ | ||
---|---|---|---|
၀ | (ပင်မ/ဆောင်းပါး) | ဆွေးနွေးချက် | ၁ |
၂ | အသုံးပြုသူ | အသုံးပြုသူ ဆွေးနွေးချက် | ၃ |
၄ | ဝီကီပီးဒီးယား | ဝီကီပီးဒီးယား ဆွေးနွေးချက် | ၅ |
၆ | ဖိုင် | ဖိုင် ဆွေးနွေးချက် | ၇ |
၈ | မီဒီယာဝီကီ | မီဒီယာဝီကီ ဆွေးနွေးချက် | ၉ |
၁၀ | တမ်းပလိတ် | တမ်းပလိတ် ဆွေးနွေးချက် | ၁၁ |
၁၂ | အကူအညီ | အကူအညီ ဆွေးနွေးချက် | ၁၃ |
၁၄ | ကဏ္ဍ | ကဏ္ဍ ဆွေးနွေးချက် | ၁၅ |
၁၀၀ | မုခ်ဝ | မုခ်ဝ ဆွေးနွေးချက် | ၁၀၁ |
၁၁၈ | စာမူကြမ်း | စာမူကြမ်း ဆွေးနွေးချက် | ၁၁၉ |
၇၁၀ | TimedText | TimedText ဆွေးနွေးချက် | ၇၁၁ |
၈၂၈ | မော်ဂျူး | မော်ဂျူး ဆွေးနွေးချက် | ၈၂၉ |
ကန့်ကွက်ထားသည်များ | |||
၂၃၀၀ | ကိရိယာငယ် | ကိရိယာငယ် ဆွေးနွေးချက် | ၂၃၀၁ |
၂၃၀၂ | ကိရိယာငယ် အဓိပ္ပာယ် | ကိရိယာငယ် အဓိပ္ပာယ် ဆွေးနွေးချက် | ၂၃၀၃ |
-၁ | အထူး | ||
-၂ | မီဒီယာ |
အသုံးပြုသူ စာမျက်နှာများသည် အသုံးပြုသူနှင့် အသုံးပြုသူ ဆွေးနွေးချက် အမည်ညွှန်းများတွင် စီမံခန့်ခွဲမှု စာမျက်နှာများ ဖြစ်ကြပြီး ဝီကီပီးဒီးယားပေါ်ရှိ အသုံးပြုသူများ စုစည်းမှုနှင့် အကူအညီလုပ်ဆောင်မှုများ၊ အသုံးပြုသူများအကြား ဆက်ဆံရေးနှင့် မျှဝေရာတွင် အသုံးတည့်စေသည်။ အသုံးပြုသူ စာမျက်နှာများသည် အဓိကအားဖြင့် လူလူချင်း ဆက်ဆံဆွေးနွေးခြင်း၊ သတိပေးခြင်း၊ စမ်းသပ်ခြင့်းနှင့် မူကြမ်းများ (Sandboxes)အတွက် ဖြစ်ပြီး လိုအပ်ပါက ကန့်သတ်ထားသော ကိုယ်ရေးအတ္ထုပ္ပတ္တိနှင့် ပုဂ္ဂိုလ်ရေးရာ အကြောင်းအရာများ အတွက် ဖြစ်သည်။
ဝီကီပီးဒီးယား ပရောဂျက်များနှင့် ဆီလျော်ပြီး လူထုအဖွဲ့အစည်းမှ လက်ခံနိုင်ရန် ရည်ရွယ်ပြီး အသုံးပြုသူ စာမျက်နှာများကို ဝီကီးပီးဒီးယား သုံးစွဲသူများအတွက် ရရှိနိုင်သည်။ ဝီကီပီးဒီးယားသည် ဘလော့ဂ်တစ်ခု၊ ဝက်ဘ်လွှင့်တင်ပေးသူ၊ သို့မဟုတ် လူမှုကွန်ယက်ဆိုဒ်တစ်ခု မဟုတ်ပါ။ ဝီကီပီးဒီးယား စာမျက်နှာများ၏ အကြောင်းအရာနှင့် သက်ဆိုင်သော မူဝါဒများသည် အသုံးပြုသူ စာမျက်နှာများတွင် အကျိုးသက်ရောက်မှုရှိပြီး အသုံးပြုသူများအနေဖြင့် ယင်းမူဝါဒများကို လက်ခံလိုက်နာရမည် ဖြစ်သည်။ ယင်းမူဝါဒများကို ချိုးဖောက်သည်ဟု ယုံကြည်ခံရသော အသုံးပြုသူများကို ချက်ခြင်းအရေးယူဆောင်ရွက်ရန် မလိုအပ်ပါက သူတို့၏ ဆွေးနွေးချက် စာမျက်နှာတွင် {{subst:uw-userpage}}
ကို အသုံးပြု၍ ဦးစွာ အကြံပြုရမည် ဖြစ်သည်။
မှတ်စုများ
တမ်းပလိတ်များ
- အသုံးပြုသူ စာမျက်နှာများအတွက်
- {{User info}}
- {{User page}}
- {{Userpage blue border}}
- {{Userpage Blue}}
- {{User page rounded}}
- {{Userpageblue%26round}}, i.e., Userpageblue&round
- {{User page mini}}
- {{Userpage (no table)}}
- {{Userpage otheruse}} for a cross-reference to an article
- {{Userpage bar}} for not mentioning a mirror
- အသုံးပြုသူ ဆွေးနွေးချက် စာမျက်နှာများအတွက်
- {{User info talk}}
- {{Usertalkpage}}
- {{Usertalkpage blue border}}
- {{Usertalkpage2}}
- {{Usertalk bar}} for not mentioning a mirror
- အသုံးပြုသူ အမည်ညွှန်းရှိ မူကြမ်းများအတွက်
- {{Userspace draft}}