ဝီကီပီးဒီးယား:ဆွေးနွေးချက်စာမျက်နှာ လမ်းညွှန်ချက်များ
![]() | ဤ ဆောင်းပါး သို့မဟုတ် အပိုင်းသည် ချဲ့ကားရေးသားနေဆဲ သို့မဟုတ် အကြီးစား ပြန်လည်တည်းဖြတ်နေဆဲဖြစ်ပြီး သင်လည်း ပါဝင်ကူညီ ရေးသားနိုင်သည်။ အကယ်၍ ဤဆောင်းပါး သို့မဟုတ် အပိုင်းသည် ရက်အနည်းငယ်ကြာသည်အထိ ပြင်ဆင်ခြင်းမရှိပါက ဤတမ်းပလိတ်ကို ကျေးဇူးပြု၍ ဖယ်ရှားလိုက်ပါ။ အကယ်၍ သင်သည် ဤတမ်းပလိတ်ကို ထည့်သွင်းသူ ဖြစ်ပြီး တည်းဖြတ်နေဆဲဖြစ်ပါက တည်းဖြတ်မှု တစ်ခုနှင့် တစ်ခုအကြားတွင် ကျေးဇူးပြု၍ ဤတမ်းပလိတ်အား {{in use}} ဖြင့် အစားထိုးပါ။
ဤ စာမျက်နှာ အား WOSlinker (ဆွေးနွေး | ပံ့ပိုး) မှ ၅ နှစ် အကြာက နောက်ဆုံးပြင်ဆင်ခဲ့သည်။ (ရှင်းသန့်ရန်) |
![]() | ဤ စာမျက်နှာ သည် မြန်မာဝီကီပီးဒီးယား အပြုအမူဆိုင်ရာ လမ်းညွှန်ချက် စာတမ်းဖြစ်သည်။ ဤအရာကို ယေဘုယျအားဖြင့် တည်းဖြတ်သူများမှ လိုက်နာရန် ဖြစ်ပြီး ဆင်ခြင်တုံတရားရှိရှိ ပြုမူကာ၊ ရံဖန်ရံခါ ခြွင်းချက်များ ရှိမည်ဖြစ်သည်။ စာမျက်နှာရှိ မည်သည့် ထိရောက်သော တည်းဖြတ်ပြင်ဆင်မှုမဆို အများဆန္ဒဖြင့် ပြင်ဆင်သင့်သည်။ သံသယရှိပါက ဆွေးနွေးချက် စာမျက်နှာတွင် ဦးစွာ ဆွေးနွေးပါ။ |
![]() | ဤစာမျက်နှာကို တိုတိုပြောရလျှင်: ဆွေးနွေးချက် စာမျက်နှာများသည် ဝီကီပီးဒီးယားကို ပိုမိုတိုးတက် ကောင်းမွန်လာစေရန်အတွက် ဖြစ်ပြီး အကြောင်းအရာတစ်ခုအပေါ် သို့မဟုတ် တည်းဖြတ်သူတစ်ဦးအပေါ် ပုဂ္ဂိုလ်ရေးရာ သဘောထားအမြင်များ ဖော်ပြရန် နေရာ မဟုတ်ပါ။ |
ဆောင်းပါးတစ်ပုဒ်မှ ဆွေးနွေးချက်စာမျက်နှာ၏ ရည်ရွယ်ချက်မှာ သက်ဆိုင်ရာ ဆောင်းပါး သို့မဟုတ် ပရောဂျက်စာမျက်နှာနှင့် ပတ်သက်၍ တည်းဖြတ်သူများအတွက် ဆွေးနွေးပြောဆိုရန် နေရာတစ်ခုအဖြစ် ထောက်ပံ့ပေးရန် ဖြစ်သည်။ တည်းဖြတ်သူများအနေဖြင့် အကြောင်းအရာအပေါ် ကိုယ်ပိုင်ရေးရာအမြင်များ ရေးသားရန်အတွက် ဆောင်းပါးဆွေးနွေးချက် စာမျက်နှာများကို အသုံးမပြုသင့်ပေ။
ဆွေးနွေးချက်စာမျက်နှာတွင် ရေးသားရာ၌ ကောင်းမွန်စွာ တည်းဖြတ်ရေးသားကာ အပြန်အလှန် အကျိုးရှိစွာ လုပ်ကိုင်ဆောင်ရွက်ရကြမည် ဖြစ်သည်။ ဆွေးနွေးချက်စာမျက်နှာများ၏ အဓိကတန်ဖိုးမှာ ဆက်ဆံပြောဆိုခြင်း၊ ယဉ်ကျေးမှုရှိခြင်းနှင့် စဉ်းစားတွေးခေါ်ခြင်းတို့ ဖြစ်သည်။ အောက်ပါတို့သည် ဝီကီပီးဒီးယန်းများအား ဆွေးနွေးချက်စာမျက်နှာများကို အကျိုးရှိစွာ အသုံးပြုနိုင်ရန်အတွက် လမ်းညွှန်ပေးရန် ရည်ရွယ်သည်။
လမ်းညွှန်ချက်များ အားလုံးသည် Wikipedia:လက်ဖက်ရည်ဆိုင် ကဲ့သို့သော ဝီကီပီးဒီးယား၏ ဆွေးနွေးချက်စာမျက်နှာများတွင်လည်း အကျုံးဝင်သည်။
အဓိကကျသော အချက်များ
ဝီကီပီးဒီးယားမူဝါဒများကို ထိန်းသိမ်းပါ
နောက်ထပ် စုံစမ်းလေ့လာမှုများအတွက် အထောက်အကူဖြစ်စေသော သုံးသပ်ချက်များ၊ အကြံပြုချက်များ၊ ပုဂ္ဂိုလ်ရေးရာ ဗဟုသုတများကို ဆွေးနွေးချက် စာမျက်နှာများပေါ်တွင် ခွင့်ပြုထားသည်။ သို့သော် ဆွေးနွေးချက်စာမျက်နှာများကို လွဲမှားစွာ အသုံးပြုမိခြင်သည် ငြင်းခုံခြင်းသို့ ဦးတည်စေကာ မူဝါဒ သတ်မှတ်ချက်များနှင့် မကိုက်ညီတော့ပေ။ သက်ရှိ ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများအတွက် အထူးဂရုပြုရမည်မှာ "တည်းဖြတ်သူများသည် သက်ရှိ ပုဂ္ဂိုလ်များအကြောင်း အချက်အလက်များ ကို မည်သည့် ဝီကီပီးဒီးယား စာမျက်နှာများကိုမဆို ထည့်သွင်းရေးသားရာတွင် အထူးဂရုပြုရမည်" ဟူသော အချက်သည် ဆောင်းပါးစာမျက်နှာများသာမက ဆွေးနွေးချက် စာမျက်နှာများတွင်ပါ အကျုံးဝင်သည်။
ဆွေးနွေးချက် စာမျက်နှာများ ဖန်တီးခြင်း
ဆွေးနွေးချက် စာမျက်နှာများကို အခြားစာမျက်နှာများကဲ့သို့ပင် အနီရောင် "ဆွေးနွေးချက်များ" tab ကိုနှိပ်ကာ ဖန်တီးနိုင်သည်။
ဗလာ ဆွေးနွေးချက် စာမျက်နှာများကို ဖန်တီးခြင်း မပြုပါနှင့်။ အလားတူ {{Talk header}}
တမ်းပလိတ်ကို ထားရှိရန်အတွက်သာ ရည်ရွယ်၍လည်း စာမျက်နှာကို မဖန်တီးပါနှင့်။ Template:Talk header နှင့် အလားတူ ဆွေးနွေးချက်ဆိုင်ရာ သတိပေးတမ်းပလိတ်များကို ဆွေးနွေးထားမှု မရှိသည့် စာမျက်နှာများတွင် မထည့်သွင်းသင့်ပေ။ ထို့အပြင် ဆွေးနွေးချက်ဆိုင်ရာ သတိပေးတမ်းပလိတ်များကို ဆွေးနွေးချက် စာမျက်နှာတိုင်း၊ ဆွေးနွေးထားမှုရှိနေသော ဆွေးနွေးချက်စာမျက်နှာတိုင်းတွင် လိုက်လံထည့်သွင်းရန်လည်း မလိုအပ်ပေ။
ဆောင်းပါးဆွေးနွေးချက် စာမျက်နှာများကို မည်သို့ အသုံးပြုမည်နည်း
- ပြေပြစ်စွာ ဆက်ဆံပါ: သံသယဖြစ်နေချိန်တွင်တောင်မှ အခြားသူများ သင့်ကို နားလည်နိုင်စေရန် ပိုမိုကြိုးစားအားထုတ်ပါ။ ဖော်ရွေရင်းနှီးစွာ ပြုမူခြင်းသည် အကူအညီကောင်း ဖြစ်ပါသည်။ အထင်အမြင်တစ်ခုကို သင်ဘာကြောင့် ဆုပ်ကိုင်ထားရသနည်းဆိုတာကို ရှင်းမပြပဲနေသည်ထက် သင့်အမြင်များကို ရှင်းလင်းပြသခြင်းသည်လည်း အကြံကောင်းတစ်ခု ဖြစ်ပါသည်။ သင့်မှာရှိသော သေချာသည့် ခံယူချက်ကို အခြားသူများအား ပြောပြခြင်းဖြင့် ထိုခံယူချက်၏ ကျိုးကြောင်းညီညွတ်မှုကို ရှင်းလင်းပြသပါ။
- အကြောင်းအရာအပေါ် အာရုံစူးစိုက်ပါ: ဆွေးနွေးချက် စာမျက်နှာများသည် ဆောင်းပါး ဆွေးနွေးချက်အတွက်ဖြစ်ပြီး ဆောင်းပါးအကြောင်းအရာကို အာလာပသလ္လာပ ပြောဆိုရန် မဟုတ်ပေ။ ဆောင်းပါးကို တိုးတက်ကောင်းမွန်စေရန် မည်သို့ ပြုလုပ်မည်နည်းဟူသော အချက်ကို စူးစိုက်ဆောင်ရွက်ပါ။ ဆောင်းပါးအကြောင်းအရာအပေါ် ဆွေးနွေးလိုပါက Wikipedia:Reference desk တွင်သာ ဆွေးနွေးပါ။
- အကောင်းမြင်ပါ: ဆောင်းပါး ဆွေးနွေးချက် စာမျက်နှာများကို ဆောင်းပါးတစ်ပုဒ်အား တိုးတက်ကောင်းမွန်စေရန်အတွက် ဆွေးနွေးရာတွင် အသုံးပြုသင့်သည်။ အပြစ်ရှာရန်၊ ရမယ်ရှာရန် သို့မဟုတ် ဆောင်းပါး၏ လက်ရှိ အခြေအနေအပေါ် မကျေနပ်ဖွယ်ရာများ ရင်ဖွင့်ရန်နေရာ မဟုတ်ပေ။ ဤအချက်ကို သက်ရှိပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိဆောင်းပါး ဆွေးနွေးချက်စာမျက်နှာများတွင် တွေ့ရတတ်သည်။ သို့သော် တစ်ခုခုမှားယွင်းနေကြောင်း သင့်အနေဖြင့် ခံစားရပြီး မည်သို့ပြုလုပ်ရမည်ကို မသိပါက အခြားသူများထံမှ အကြံဉာဏ်ရယူနိုင်ပါသည်။
- မျှတစွာ ပြုမူပါ: ဆွေးနွေးချက် စာမျက်နှာများသည် အငြင်းပွားဖွယ်ရာ အခြေအနေတစ်ရပ်အပေါ် တည်းဖြတ်သူများအတွက် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးရာ အမြင်ကို ဖော်ထုတ်ရန် နေရာမဟုတ်ပေ။ ဆောင်းပါးအတွင်းတွင် ခိုင်မာသည့်ရင်းမြစ်များ၏ အမြင်များကို ထည့်သွင်းသင့်ကြောင်း ဆွေးနွေးရန် နေရာရှိသည်ဖြစ်၍ အဆုံးသတ်ရလဒ်သည် ဘက်မလိုက်ခြင်းသာ ဖြစ်သည်။ ကိစ္စတစ်ခုကို အကောင်းဆုံးတင်ပြရန်မှာ အကိုးအကားများကို မှန်ကန်စွာ ရှာဖွေခြင်း ဖြစ်သည်။
- အချက်အလက်များဖြင့် ဖြေရှင်းပါ: ဆွေးနွေးချက် စာမျက်နှာသည် အတည်ပြုခြင်းနှင့် ပတ်သက်သော ကိစ္စရပ်များအတွက် သင့်တော်သည့် နေရာတစ်ခု ဖြစ်သည်။ ရင်းမြစ်များ ရှာဖွေရာတွင် အကူအညီ ရယူခြင်း၊ ရင်းမြစ်များအပေါ် သဘောထားကွဲလွဲမှုများ သို့မဟုတ် ရှေ့နောက်ကွဲလွဲမှုများကို ဆွေးနွေးခြင်း၊ အကိုးအကားများ၏ ခိုင်မာမှုအပေါ် ဆန်းစစ်ခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။ ဖော်ပြချက်တစ်ခုကို အထောက်အကူပေးသော အတည်ပြုနိုင်သည့် အကိုးအကားကို မေးမြန်းခြင်းသည် ထိုဖော်ပြချက်ကို ကန့်ကွက်ခြင်းထက် တစ်ခါတစ်ရံ ပိုကောင်းတတ်ပါသည်။
- မျှဝေပါ: အတည်ပြုနိုင်ခြင်း သို့မဟုတ် အခြား အကြောင်းကိစ္စကြောင့် အကိုးအကားများ ရှာဖွေနေချိန် သို့မဟုတ် ဆွေးနွေးနေချိန်တွင် ဆောင်းပါးတွင်းမှ အကြောင်းအရာများအား ဖယ်ရှားပြီး "ခေတ္တထားရှိရာနေရာ" အဖြစ် ဆွေးနွေးချက်စာမျက်နှာကို အသုံးပြုနိုင်ပါသည်။ အကယ်၍ အကြောင်းအရာသစ်များသည် အငြင်းပွားဖွယ်ရာ ဖြစ်နေပါက ဆောင်းပါးတွင်း ထည့်သွင်းရန် အဆင်သင့် မဖြစ်မီ ဆွေးနွေးချက် စာမျက်နှာပေါ်တွင် ပြင်ဆင်နိုင်ပါသည်။
- တည်းဖြတ်မှုများကို ဆွေးနွေးပါ: ဆွေးနွေးချက် စာမျက်နှာများသည် တည်းဖြတ်မှုများအား ဆွေးနွေးရာတွင် အထူးအသုံးတည့်သည်။ အကယ်၍ သင့်တည်းဖြတ်မှုကို တစ်စုံတစ်ဦးက နောက်ပြန်ပြင်သွားပြီး သင်က ပြန်လည်ပြင်ဆင်သည်ဆိုပါက ပြန်လည်ပြင်ဆင်ရခြင်း အကြောင်းကို ဆွေးနွေးချက်စာမျက်နှာတွင် ရှင်းလင်းပြခြင်းနှင့် တည်းဖြတ်ခြင်း အတိုချုပ်တွင် မှတ်ချက်ရေးသားခြင်းသည် ကောင်းမွန်သော အပြုအမူတစ်ရပ် ဖြစ်သည်။ ဆွေးနွေးချက် စာမျက်နှာသည် အခြားတည်းဖြတ်သူ၏ ပြင်ဆင်မှုကို မေးမြန်းရန် နေရာလည်း ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် သင့်တည်းဖြတ်မှုကို မေးမြန်းပါက ပြည့်စုံပြီး အကူအညီဖြစ်စေမည့် အကြောင်းပြချက်ဖြင့် ပြန်လည်ရေးသားပါ။
- အဆိုပြုချက်များ ပြုလုပ်ပါ: ဆောင်းပါးအတွက် အဆိုပြုချက်အသစ်များသည် အခြားတည်းဖြတ်သူများအတွက် ဝင်ရောက်ဆွေးနွေးနိုင်ရန် လမ်းဖွင့်ပေးထားခြင်း ဖြစ်သည်။ အဆိုပြုချက်များတွင် ပြင်ဆင်ခြင်းအတွက် အသေးစိတ် အချက်အလက်များ၊ စာမျက်နှာ ရွေ့ပြောင်းခြင်းများ၊ ပေါင်းစပ်ခြင်းများ သို့မဟုတ် ရှည်လျားသော ဆောင်းပါးအပိုင်းကို သီးခြားဆောင်းပါးအဖြစ် ခွဲထုတ်ခြင်းများ စသည်တို့ ပါဝင်နိုင်သည်။
ပူးပေါင်းဆောင်ရွက်ကြသော ဆွေးနွေးချက်စာမျက်နှာ အားလုံးအတွက် အပြုအမူကောင်းများ
- ဆွေးနွေးချက် အသစ် မစတင်မီ ခေါင်းစဉ်တူအကြောင်းအရာတူ ရှိမရှိ စစ်ဆေးပါ။ ဆွေးနွေးချက် စာမျက်နှာ၏ အပိုင်းများရှိ တူညီသော ဆွေးနွေးချက်များသည် ရှုပ်ထွေးစေနိုင်ပြီး အကြောင်းအရာအပေါ် ပြောဆိုထားမှုများကို အနှောက်အယှက်ဖြစ်စေနိုင်သည်။
- တည်းဖြတ်သူအပေါ်မဟုတ်ပဲ အကြောင်းအရာအပေါ်သာ သုံးသပ်ပါ: ဆွေးနွေးချက် စာမျက်နှာတွင် ဝင်ရောက်ပြောဆိုထားသည့် တည်းဖြတ်သူတို့၏ ပုဂ္ဂိုလ်စရိုက်များထက် ဆွေးနွေးချက်စာမျက်နှာရှိ အကြောင်းအရာ ခေါင်းစဉ်ကိုသာ အာရုံစိုက်ဆွေးနွေးပါ။
- သင့်စာစုများကို လက်မှတ်ထိုးပါ: စာစုတွင် လက်မှတ်ထိုးရန်အတွက် tilde လေးခု (~~~~) ကို ရိုက်ထည့်ပါက သင့်အသုံးပြုသူအမည်နှင့် အချိန်ရက်စွဲကို အလိုအလျောက် ထည့်သွင်းပေးသွားပါလိမ့်မည်။ သင်၏ အသုံးပြုသူအမည်နှင့် အိုင်ပီလိပ်စာများကို စာမျက်နှာ ရာဇဝင်တွင် မှတ်သားထားသဖြင့် အမည်မသိအသုံးပြုသူအနေဖြင့် သုံးသပ်ချက်ပေးရန် မဖြစ်နိုင်ကြောင်း မှတ်သားထားပါ။
- လိုတိုရှင်း ပြောပါ: ရှည်လျားပြီး တောင်စဉ်ရေမရ ရေးသားထားသော စာများသည် နားလည်ရန် ခက်ခဲသဖြင့် မကြာခဏ ဥပက္ခာပြုခံရသလို နားလည်မှုလွဲမှားနိုင်ခြင်းလည်း ဖြစ်ပေါ်နိုင်သည်။ အသေးစိတ်ပြောပြရန် လိုအပ်ပါက အချက်တစ်ချက်ခြင်း ဆွေးနွေးပါ။
- အသွင်အပြင် ရှင်းလင်းနေပါစေ: ဆွေးနွေးချက် စာမျက်နှာအား ဆွဲဆောင်မှုရှိရှိနှင့် ရှင်းလင်းစွာ ရေးသားပါ။ ထပ်ခါတလဲလဲရေးသားခြင်း၊ ကမောက်ကမရေးသားခြင်းနှင့် မလိုအပ်သော ဘေးချော်ရေးသားခြင်းများကို ရှောင်ကြဉ်ပါ။
- ဆွေးနွေးချက်ကို အာရုံစိုက်ပါ: ဆွေးနွေးချက်များကို အလျင်စလိုမဟုတ်ပဲ သဘောတူညီမှုဖြင့်သဘာဝကျကျ အဆုံးသတ်ပါ။
- မော်ကွန်းများကို ဖတ်ရှုပါ: အကယ်၍ သင်သည် ဆောင်းပါးတစ်ခုတွင် တည်းဖြတ်သူအသစ် ဖြစ်ပါက ဆွေးနွေးချက်မော်ကွန်းများကို ရှာဖွေဖတ်ရှုပါ။ သင့်အနေဖြင့် သင်သိလိုသော မေးခွန်း သို့မဟုတ် ကန့်ကွက်ချက်များသည် ဖြေဆိုပြီး ဖြစ်ကောင်း ဖြစ်နေနိုင်ပါသည်။
- လူသစ်များကို ကြိုဆိုပါ: ဝီကီပီးဒီးယားသို့ ရောက်လာသူအသစ်များသည် မူဝါဒများနှင့် အစဉ်အလာများကို ရင်းနှင်းမှု ရှိဦးမည် မဟုတ်ပေ။ လူသစ်များကို မခြောက်လှန့်ပါနှင့်။ အကယ်၍ တစ်စုံတစ်ဦးသည် ထုံးတမ်းအစဉ်အလာကို ချိုးဖောက်ပြီး ပြုမူနေပါက အမှတ်တမဲ့ လုပ်ဆောင်ခြင်းအဖြစ် မှတ်ယူပါ။ အမှားများကို ညင်သာစွာ ထောက်ပြပြီး သက်ဆိုင်ရာ မူဝါဒ/လမ်းညွှန်ချက်/အကူအညီ စာမျက်နှာများကို ညွှန်းပြခြင်းသည် ကောင်းမွန်သော ချဉ်းကပ်မှုပင် ဖြစ်သည်။
- အရေးမကြီးသော ပြောင်းလဲမှုကိုသာလျှင် အရေးမကြီးသော ပြင်ဆင်မှုအမှတ်အသားပြပါ: စာလုံးပေါင်း ပြင်ဆင်ခြင်း၊ ပုံစံပြင်ခြင်း၊ စာသားများ ပြန်လည်စီစဉ်ခြင်း စသော အကြောင်းအရာကို ပြောင်းလဲမှု မရှိစေသော တည်းဖြတ်မှုများကို အရေးမကြီးသည့် ပြင်ဆင်မှုအဖြစ် အမှတ်အသားပြနိုင်ပါသည်။ ဆွေးနွေးချက်စာမျက်နှာများကို စာသားများ ပေါင်းထည့်ခြင်းအား အရေးမကြီးသည့် ပြင်ဆင်မှုအဖြစ် အမှတ်အသားမပြုသင့်ပါ။
- ဆွေးနွေးချက် စာမျက်နှာများတွင် အကြောင်းအရာတူများကို လိုက်လံရေးသားခြင်း ရှောင်ကြဉ်ပါ: ဆွေးနွေးချက်ကို နေရာတစ်နေရာတွင်သာ စတင်ပါ။ လိုအပ်လျှင် အခြားနေရာတွင် ဆွေးနွေးချက်၏ လင့်ခ်ကိုသာ ရေးသားရန် အကြံပြုပါသည်။ ကွဲပြားလျက်ရှိသော ဆွေးနွေးချက်များကို တွေ့ရှိပါက တစ်နေရာတည်းသို့ စုစည်းပေးနိုင်ပြီး လင့်ခ်ညွှန်နိုင်ပါသည်။ တည်းဖြတ်ခြင်း အကျဉ်းချုပ်နှင့် ဆွေးနွေးချက်စာမျက်နှာများတွင် သင့်တည်းဖြတ်မှုကို ရှင်းလင်းစွာ ဖော်ပြပေးပါ။
လက်သင့်မခံသော အပြုအမူများ
အောက်ပါတို့မှ အချို့သည် ဝီကီပီးဒီးယားမူဝါဒ အတွက် အရေးပါသော အစိတ်အပိုင်းများ ဖြစ်သည်။ ချိုးဖောက်ခြင်း (အထူးသဖြင့် ထပ်တလဲလဲ ချိုးဖောက်ခြင်း)သည် ဝီကီပီးဒီးယားကို တည်းဖြတ်ခြင်းမှ ပိတ်ပင်ခြင်း ခံရနိုင်သည်။
- ပုဂ္ဂိုလ်ရေးတိုက်ခိုက်အပုပ်ချခြင်း မပြုရ: ပုဂ္ဂိုလ်ရေးရာ တိုက်ခိုက်မှုဆိုသည်မှာ အခြားပုဂ္ဂိုလ်တစ်ဦးအကြောင်း အနှုတ်သဘောဆောင်ကာ ပြောဆိုရေးသားခြင်း ဖြစ်သည်။ ထိုထဲတွင် အောက်ပါတို့ ပါဝင်သည်။
- မစော်ကားရ: တစ်စုံတစ်ဦးအား idiot (လူအ၊ လူန)၊ သို့မဟုတ် ဖက်ဆစ် ဟု ခေါ်ဝေါ်ခြင်းကဲ့သို့သော စော်ကားမော်ကား ပြောဆိုခြင်း မလုပ်ရ။ ယင်းအစား တည်းဖြတ်ခြင်းတွင် မှားယွင်းနေမှုကို ပြောပြကာ မည်သို့ ပြင်ဆင်ရမည်ကို ရှင်းလင်းပြသပါ။
- မခြိမ်းခြောက်ပါနှင့်: နမူနာအားဖြင့် အခြားသူများအား "သင်သိသော အက်ဒမင်များ"ဖြင့် ခြိမ်းခြောက်ခြင်း သို့မဟုတ် သင့်နှင့် သဘောထားကွဲလွဲခြင်းကြောင့် သူတို့အား ပိတ်ပင်ခြင်းတို့ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ လက်သရမ်းစွာ တည်းဖြတ်ခြင်းသည် ပိတ်ပင်ခြင်းခံရနိုင်ကြောင်း စသဖြင့် ဝီကီပီးဒီးယား မူဝါဒများကို ချိုးဖောက်ခြင်း၏ အကျိုးဆက်များကို ရှင်းလင်းပြောဆိုပါ။
- ဥပဒေကြောင်းအရ ခြိမ်းခြောက်ခြင်း မပြုလုပ်ရ: အမှုအခင်းဖြင့် ခြိမ်းခြောက်ခြင်းသည် ဝီကီပီးဒီးယားကို ပြင်းပြင်းထန်ထန် အနှောက်အယှက် ဖြစ်စေပါသည်။
- ပုဂ္ဂိုလ်ရေးအချက်အလက် အသေးစိတ်ကို လုံးဝမတင်ရ: အခြားအသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက် အသေးစိတ်များကို ခွင့်ပြုချက်မရှိပဲ ရေးသားတင်သည့် အသုံးပြုသူများသည် အချိန်အကန့်အသတ်မရှိ ပိတ်ပင်ခြင်း ခံရနိုင်သည်။
- Do not misrepresent other people: The record should accurately show significant exchanges that took place, and in the right context. This usually means:
- အခြားသူများကို အတိအကျ ကိုးကားခြင်း။
- အခြားသူများ၏ ဆောင်ရွက်ချက်များ သို့မဟုတ် တည်းဖြတ်မှုများကို ဖော်ပြရာတွင် ကွဲပြားမှုများကို အသုံးပြုပါ။ သုံးသပ်ချက်တစ်ခုတွင် ကွဲပြားမှုများကို ဖော်ပြခြင်း၏ အကျိုးကျေးဇူးမှာ ဆွေးနွေးချက်စာမျက်နှာများကို မော်ကွန်းတင်ခြင်း သို့မဟုတ် သုံးသပ်ချက်ကို ပြောင်းလဲခြင်း ပြုလုပ်ခဲ့လျင်တောင်မှ နဂိုအတိုင်း ကျန်ရှိနေခြင်း ဖြစ်သည်။
- ယေဘုယျအားဖြင့် အခြားသူများ၏ လက်မှတ်များ အပါအဝင် သုံးသပ်ချက်များကို မပြင်ပါနှင့်။ ခြွင်းချက်များကို နောက် အပိုင်းတွင် ဖော်ပြထားပါသည်။
- အခြားတစ်ယောက်၏ ကိုယ်ရေးအချက်အလက်များကို မမေးပါနှင့်
- အခြား တည်းဖြတ်သူများကို အယောင်ဆောင်ခြင်း မပြုလုပ်ပါနှင့်
- အက်ဒမင်ဖြစ်ကြောင်း အခိုင်အလုံပြောဆိုခြင်း သို့မဟုတ် သင့်တွင် မရှိသော အသုံးပြုသူ အခွင့်အရေး ရှိကြောင်း အခိုင်အမာပြောဆိုခြင်း မလုပ်ပါနှင့်။ အသုံးပြုသူ အခွင့်အရေးများကို မည်သူမဆို Special:ListUsers တွင် စစ်ဆေးနိုင်ပါသည်။
- ဆွေးနွေးချက်စာမျက်နှာအား forum အဖြစ် အသုံးပြုခြင်း သို့မဟုတ် ကြုံရာကျပန်း ဆွေးနွေးခြင်းများ မပြုလုပ်ပါနှင့်။ ဆွေးနွေးချက် စာမျက်နှာသည် ဆောင်းပါးအား မည်သို့တိုးတက်ကောင်းမွန်လာစေရန် ဆွေးနွေးသည့် နေရာဖြစ်သည်။
သုံးသပ်ချက်များကို တည်းဖြတ်ခြင်း
အခြားသူများ၏ သုံးသပ်ချက်များ
ဆွေးနွေးချက်စာမျက်နှာများကို ထုတ်ဝေခြင်းပြုရန် မလိုအပ်သည့်အတွက် စာလုံးပေါင်း ပြင်ဆင်ခြင်း၊ သဒ္ဒါပြင်ဆင်ခြင်းများ စသည်တို့ကို ပြုလုပ်ရန် မလိုအပ်ပေ။ ထိုသို့ပြုလုပ်ခြင်းသည် သင်ပြင်ဆင်လိုက်သည့် သုံးသပ်ချက်ပိုင်ရှင်အား သည်းမခံနိုင်ခြင်း ဖြစ်စေနိုင်ပါသည်။ အခြေခံဥပဒေသမှာ—အောက်တွင် ပြထားသည့် ခြွင်းချက်များ အချို့မှ လွဲ၍—သင်သည် အခြားတည်းဖြတ်သူများ၏ သုံးသပ်ချက်များအား သူတို့၏ ခွင့်ပြုချက်မရပဲနှင့် တည်းဖြတ်ခြင်း သို့မဟုတ် ဖျက်ပစ်ခြင်း မပြုလုပ်သင့်ပါ။
သင့်ကိုယ်ပိုင် ဆွေးနွေးချက် စာမျက်နှာပေါ်တွင် ဖြစ်နေလျှင်တောင်မှ တစ်စုံတစ်ယောက်၏ သုံးသပ်ချက်ကို အဓိပ္ပာယ်လွဲမှားစေရန် ပြင်ဆင်ခြင်း ရွေ့ပြောင်းခြင်းအား မည်သည့်အခါတွင်မျှ မပြုလုပ်ရ။
စာသားကို မျဉ်းဖြတ်ဆွဲခြင်းသည် အဓိပ္ပာယ်တစ်မျိုး ဖြစ်စေသည့်အတွက် စာသားကို ရေးသားသူသာလျှင် သို့မဟုတ် ရှင်းလင်းစွာ တောင်းဆိုထားခြင်းအတွက် တာဝန်ရှိသူသည်သာ ဆောင်ရွက်သင့်သည်။
အခြားတည်းဖြတ်သူများ၏ သုံးသပ်ချက်များကို သတိထား၍ ပြင်ဆင်ခြင်း၊ ဖယ်ရှားခြင်းကို တစ်ခါတစ်ရံတွင် ခွင့်ပြုထားသော်လည်း ယေဘုယျအားဖြင့် ကန့်ကွက်ချက်များ ရှိလာပါက ရပ်ဆိုင်းရမည် ဖြစ်သည်။ အကယ်၍ အသေးစား ပြင်ဆင်မှုမကသော ပြင်ဆင်ခြင်းကို သင့်အနေဖြင့် ဆောင်ရွက်ခဲ့ပါက "[possible libel removed by ~~~~]" ကဲ့သို့သော ရှင်းလင်းချက် အတိုချန်ထားခြင်းသည် ကောင်းမွန်သော အပြုအမူဖြစ်သည်။ အခြားသူများ၏ သုံးသပ်ချက်များအား သင့်လျော်စွာ ပြင်ဆင်သည့် ဥပမာ အချို့မှာ -
- ကိုယ်ပိုင် ဆွေးနွေးချက်စာမျက်နှာ ရှင်းလင်းခြင်း: အသေးစိတ်အတွက် အောက်တွင်ရှိသော § အသုံးပြုသူ ဆွေးနွေးချက် စာမျက်နှာများ အပိုင်းတွင် ကြည့်ပါ။
- တားမြစ်ထားသော အကြောင်းအရာများ ဖယ်ရှားခြင်း : အသရေဖျက်ခြင်း၊ ပုဂ္ဂိုလ်ရေး အချက်အလက်များ၊ သို့မဟုတ် မူပိုင်ခွင့်၊ သက်ရှိပုဂ္ဂိုလ်များ၊ ပိတ်ပင်ခြင်း မူဝါဒများကို ချိုးဖောက်ခြင်း ကဲ့သို့သော အကြောင်းအရာများ ဖြစ်သည်။
- နစ်နာစေသော စာစုများ ဖယ်ရှားခြင်း : ပုဂ္ဂိုလ်ရေးရာ တိုက်ခိုက်ခြင်း၊ trolling နှင့် လက်သရမ်းခြင်း တို့ပါဝင်သည်။