ဝီကီပီးဒီးယား:ပုံအသုံးပြုခြင်း မူဝါဒ

ဝီကီပီးဒီးယား မှ

ဤစာမျက်နှာသည် ပုံများ နှင့် ပတ်သက်ပြီး မြန်မာဘာသာ ဝီကီပီးဒီးယားတွင် အသုံးချနိုင်ရန် ရည်ရွယ်သည့် မူဝါဒများ ဖြစ်သည်။

အထွေထွေ မီဒီယာဆိုင်ရာ (ပုံ၊ အသံဖိုင်များ စသည်) အချက်အလက်များအတွက် Wikipedia:Creation and usage of media files ကို ကြည့်ရှုပါ။ ဖိုင်တင်ခြင်းနှင့် ပတ်သက်သော အထွေထွေ အချက်အလက်များအတွက် Wikipedia:Uploading images ကို ကြည့်ရှုပါ သို့မဟုတ် Special:Upload သို့ သွားပါ။

upload ပြုလုပ်ရန် ပုံရွေးချယ်ခြင်း[ပြင်ဆင်ရန်]

မူပိုင်ခွင့်နှင့် လိုင်စင်[ပြင်ဆင်ရန်]

ပုံတစ်ပုံကို မတင်မီ ယင်းပုံသည် အောက်ပါအချက်လေးချက်အနက် တစ်ခုတွင် ပါဝင်နေစေရန် သတိပြုပါ။

  • ကိုယ်ပိုင်ဖန်တီးမှု: သင်သည် ပုံ၏ မူပိုင်ခွင့်အားလုံးကို ပိုင်ဆိုင်သည်။ ဆိုလိုသည်မှာ ပုံတစ်ခုလုံးကို သင်ကိုယ်တိုင် ဖန်တီးထားခြင်း ဖြစ်သည်။ (နမူနာအသေးစိတ်ကို အောက်တွင် ကြည့်ပါ)
  • မူ​ပိုင်​ခွင့်လွတ်လပ်ခြင်း: ပုံ၏ မူပိုင်ခွင့်ထိန်းသိမ်းသူသည် ပုံအား လက်ခံနိုင်သော အခမဲ့လွတ်လပ်လိုင်စင် တစ်ခုဖြင့် ထုတ်ပြန်ထားကြောင်း သင်သည် သက်သေပြနိုင်ရမည်။ မှတ်သားရန်မှာ ပုံကို ဝီကီပီးဒီးယားပေါ်တွင်သာ အသုံးပြုရန်၊ သို့မဟုတ် စီးပွားရေးအတွက် မဟုတ်သော (သို့) ပညာရေးဆိုင်ရာတွင်သာ အသုံးပြုရန်၊ သို့မဟုတ် ပြင်ဆင်ဖန်တီးရန်/ဆင့်ပွားဖန်တီးရန် ခွင့်မပြုသော လိုင်စင်မျိုးဖြင့် ထုတ်ပြန်ပါက အသုံးမပြုနိုင်ပေ။ (နမူနာအသေးစိတ်ကို အောက်တွင် ကြည့်ပါ) မသေချာပါက မူပိုင်ခွင့်ရှိ ပုံများကို လုံးဝ မတင်ပါနှင့်။
  • အများပြည်သူပိုင် (Public domain): ပုံသည် အများပြည်သူပိုင် (public domain) ဖြစ်ကြောင်း သင်သက်သေပြနိုင်ပါက၊ ဆိုလိုသည်မှာ မူပိုင်ခွင့်များအားလုံးမှ လွတ်လပ်ခြင်း ဖြစ်သည်။ (နမူနာအသေးစိတ်ကို အောက်တွင် ကြည့်ပါ)
  • တရားမျှတစွာ အသုံးပြုခြင်း: ပုံသည် အခမဲ့မဟုတ်သော အကြောင်းအရာအတွက် အထူးအခြေအနေများနှင့် ကိုက်ညီသည်ဟု သင်ယုံကြည်ပါက အဘယ့်ကြောင့် အသုံးပြုရသည်ဆိုသည်အား အခမဲ့မဟုတ်သော အသုံးပြုရသည့် အကြောင်းရင်း အဖြစ် ရှင်းလင်းတင်ပြနိုင်သည်။(အသေးစိတ်ကို အောက်တွင် ကြည့်ပါ)
  • ရေစာ၊ ညွှန်းစာ (credit)၊ ခေါင်းစီးနှင့် ပုံဖျက်ခြင်း: အလွတ်သုံးနိုင်သော ပုံများတွင် ရေစာ၊ ညွှန်းစာ၊ ပုံဖျက်ခြင်း စသည့်အကြောင်းရာများအတွက် ဖော်ပြသည့် ပုံများမှလွဲ၍ အခြားပုံများတွင် ရေစာပါခြင်း၊ ပုံဖျက်ခြင်း၊ ညွှန်းစာတပ်ခြင်း၊ ခေါင်းစီးတပ်ခြင်းများ မရှိသင့်ပါ။ အချို့ သမိုင်းဝင်ပုံများတွင် ညွှန်းစာနှင့် ခေါင်းစီးတို့သည် ပုံအသက် ဖြစ်နေနိုင်သကဲ့သို့ ဆေးစစ်ကျခြင်း၊ ဖုန်ကပ်ခြင်း၊ ခြစ်ရာပါခြင်းများ ဖြစ်နိုင်သည်။ ၎င်းတို့ကိုမူ ပုံဖျက်ခြင်းအဖြစ် ယူဆရန် မလိုပေ။ ပုံညွှန်းစာများကို ပုံနှင့်ဆိုင်သောဖော်ပြစာမျက်နှာတွင် ရေးသားလိုက်ပါက တမ်းပလိတ်:Watermark တပ်ကာ ရေစာအဖြစ် သတ်မှတ်သွားမည် ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]