မာတိကာသို့ ခုန်သွားရန်

တွစ်တာ

ဝီကီပီးဒီးယား မှ
(Twitter မှ ပြန်ညွှန်းထားသည်)
တွစ်တာ
အမျိုးအစားအများပိုင် (အများနှင့် သက်ဆိုင်သော)
တည်ထောင်ခြင်းမတ် ၂၁၊ ၂၀၀၆; ၁၈ နှစ် အကြာက (၂၀၀၆-၀၃-21)
ဌာနချုပ်ဆန်ဖရန်စစ္စကို၊ ကယ်လီဖိုးနီးယားအမေရိကန်ပြည်ထောင်စု[]
ကိုဩဒိနိတ်37°46′36″N 122°25′00″W / 37.7768°N 122.4166°W / 37.7768; -122.4166ကိုဩဒိနိတ်: 37°46′36″N 122°25′00″W / 37.7768°N 122.4166°W / 37.7768; -122.4166
ဝန်ဆောင်မှု ဧရိယာကမ္ဘာတစ်လွှား
တည်ထောင်သူ(များ)ဂျက် ဒေါ့ဆေး
နော့ရှ် ဂလက်စ်
ဘဇ် စတုန်း
အီဗင် ဝီလျံ
သဘာပတိအီလွန် မက်စ်
အမှုဆောင်အရာရှိချုပ်လင်ဒါ ယက္ကာရီနို
လုပ်ငန်းအင်တာနက်
ဝင်ငွေIncrease အမေရိကန်ဒေါ်လာ ၂.၅၂ ဘီလီယံ (၂၀၁၆)[]
ပိုင်ဆိုင်သူ
ဝန်ထမ်းများ၃၈၆၀ (ဇွန်လ၊ ၂၀၁၆)[]
လက်အောက်ခံ ကုမ္ပဏီဗိုင်းန် (Vine)
ပယ်ရီစကုပ် (Periscope)
Alexa အဆင့်Decrease ၁၆ [၁] (ကမ္ဘာလုံးဆိုင်ရာ၊ ဖေဖော်ဝါရီလ ၂၀၁၇)[]
ဆိုဒ်အမျိုးအစားသတင်းနှင့် လူမှုကွန်ယက် ဝန်ဆောင်မှု
မှတ်ပုံတင်ခြင်းလိုအပ်
အသုံးပြုသူများIncrease ၅၃၅ သန်း (ဇွန် ၂၀၂၃)[]
ရရှိနိုင်သည့် ဘာသာစကားမျိုးစုံ (အများအပြား)
လွှင့်တင်သည့်နှစ်ဇူလိုင် ၁၅၊ ၂၀၀၆; ၁၈ နှစ် အကြာက (၂၀၀၆-၀၇-15)
လက်ရှိ အခြေအနေသက်ဝင်နေဆဲ

တွစ်တာ (အင်္ဂလိပ်: Twitterတွတ်တာ ဟုလည်း စာလုံးပေါင်း) သည် အွန်လိုင်း သတင်းနှင့် လူမှုဆက်သွယ်ရေး ကွန်ရက်တစ်ခု ဖြစ်သည်။ မှတ်ပုံတင်ထားသော အသုံးပြုသူများသည် ယခင်က တွိစ် ဟုခေါ်သည့် စာလုံးရေ ၁၄၀ ထိသာ ရိုက်ထည့်နိုင်အောင် ကန့်သတ်ထားသော်လည်း ၂၀၁၇ နိုဝင်ဘာလ ၇ ရက်နေ့တွင် ဂျပန်ဘာသာတရုတ်ဘာသာကိုရီးယားဘာသာမှလွဲ၍ ကျန်ဘာသာစကားများကို စာလုံးရေ ၂၈၀ အထိ နှစ်ဆ တိုးမြှင့်ပေးခဲ့ပြီး ထိုစာတိုများကို ရေးတင်ခြင်း ပြုလုပ်နိုင်သည်။ မှတ်ပုံတင်မထားသော အသုံးပြုသူများကမူ ၎င်းတို့ကို ဖတ်ခြင်းသာ ပြုလုပ်နိုင်မည်။ အသုံးပြုသူများသည် တွစ်တာကို ဝက်ဘ်ဆိုဒ်၊ မိုဘိုင်းလ် အက်ပ် သို့မဟုတ် ဖုန်းစာတိုပို့စနစ် (SMS) စသည့် နည်းလမ်းများဖြင့် သုံးနိုင်သည်။[] တွစ်တာကုမ္ပဏီ၏ ရုံးချုပ်သည် အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်ဆန်ဖရန်စစ္စကိုတွင် တည်ရှိ၍၊ ကမ္ဘာတစ်ဝန်း ရုံးခွဲ ၂၅ ခုအထက် ရှိသည်။[]

တွစ်တာကို ဂျက် ‌ဒေါ့ဆေး၊ နော့ရှ် ဂလက်စ်၊ ဘဇ် စတုန်းနှင့် အီဗင် ဝီလျံတို့က ၂၀၀၆ ခုနှစ်၊ မတ်လတွင် ဖန်တီးခဲ့ပြီး၊ ဇူလိုင်လတွင် စတင်လွှင့်တင်ခဲ့ရာ ကမ္ဘာအနှံ့ လူပေါင်းများစွာ တွင်ကျယ်စွာ အသုံးပြုလာခဲ့ကြသည်။ ၂၀၁၂ ခုနှစ်တွင် သန်း ၁၀၀ မကသော တွစ်တာ အသုံးပြုသူများသည် တစ်နေ့လျှင် တွိစ်ပေါင်း သန်း ၃၄၀ ကို တင်ခဲ့ကြပြီး၊[] "တွစ်တာရှာဖွေရေးစနစ်" တွင် တစ်နေ့လျှင် ရှာဖွေမှု အကြိမ်ရေပေါင်း ၁.၆ သန်းခန့် ဝန်ဆောင်မှုပေးခဲ့ရသည်။[][၁၀][၁၁] ၂၀၁၃ ခုနှစ်တွင် တွစ်တာသည် လည်ပတ်မှုအများဆုံး ဝက်ဘ်ဆိုဒ် ၁၀ ခုထဲတွင် ပါဝင်ခဲ့ပြီး၊ "အင်တာနက်၏ ဖုန်းစာတိုပို့စနစ်" ဟု တင်စားခြင်းခံရသည်။[၁၂][၁၃] ၂၀၁၆ ခုနှစ်၊ မတ်လတွင် တွစ်တာသုံးသူဦးရေ သန်း ၃၁၀ အထိ ရှိလာသည်။[၁၄] ၂၀၁၆ ခုနှစ်၊ အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲနေ့တွင် (အသုံးပြုသူများက ကမ္ဘာ့အရှေ့ပိုင်းစံတော်ချိန် ည ၁၀ နာရီတွင် တွိစ်ပေါင်း သန်း ၄၀ တင်ခဲ့ခြင်းဖြင့်) တွစ်တာသည် အရေးကြီးသတင်းအချက်အလက်များ၏ ရင်းမြစ်တစ်ခုဖြစ်ကြောင်း သက်သေပြခဲ့ပေသည်။[၁၅] ယခုအခါ တွစ်တာကို မြန်မာနိုင်ငံမှ စိုင်းစိုင်းခမ်းလှိုင် အပါအဝင် ထင်ရှားသော နိုင်ငံတကာ အနုပညာရှင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ လုပ်ငန်းရှင်များ၊ သတင်းဌာနများက ကျယ်ပြန့်စွာ အသုံးပြုနေကြသော်လည်း၊ မြန်မာနိုင်ငံတွင်မူ အသုံးနည်းနေသည်ဟု ဆိုရပေမည်။October 27, 2022 တွင် Elon Musk မှTwitter ကိုဝယ်ယူခဲ့သည်။

အခြားကြည့်ရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. About Twitter, Inc.။ 28 October 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 February 2017 တွင် ပြန်စစ်ပြီး။
  2. Jeremy Quittner။ "Twitter Balance Sheet"၊ Google၊ October 3, 2013။ November 14, 2013 တွင် ပြန်စစ်ပြီး 
  3. Twitter Company Info။ Twitter (February 6, 2015)။ 28 October 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ May 2, 2014 တွင် ပြန်စစ်ပြီး။
  4. Twitter.com Site InfoAlexa Internet။ 22 April 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ February 1, 2017 တွင် ပြန်စစ်ပြီး။
  5. Corse၊ Alexa။ "In Remaking Twitter, Elon Musk Created an Opening for Rivals" (in en-US)၊ Wall Street Journal၊ 2023-07-07။ 
  6. "Twitter via SMS FAQ" Archived 6 April 2012 at the Wayback Machine. Retrieved April 13, 2012.
  7. "About Twitter" Archived 28 October 2015 at the Wayback Machine. Retrieved April 24, 2014.
  8. Twitter (March 21, 2012)။ Twitter turns six။ Twitter။
  9. Twitter Passed 500M Users In June 2012, 140M Of Them In US; Jakarta 'Biggest Tweeting' CityTechCrunch (July 30, 2012)။
  10. Twitter Search Team (May 31, 2011)။ The Engineering Behind Twitter's New Search ExperienceTwitter Engineering Blog။ Twitter။ 25 March 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 7, 2014 တွင် ပြန်စစ်ပြီး။
  11. "Twitter turns six" Twitter.com, March 21, 2012. Retrieved December 18, 2012.
  12. Top SitesAlexa Internet။ 26 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ May 13, 2013 တွင် ပြန်စစ်ပြီး။
  13. D'Monte၊ Leslie (April 29, 2009)။ Swine Flu's Tweet Tweet Causes Online FlutterBusiness Standard။ February 4, 2011 တွင် ပြန်စစ်ပြီး။ “Also known as the 'SMS of the internet', Twitter is a free social networking service”
  14. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named Twitter
  15. For Election Day Influence, Twitter Ruled Social MediaThe New York Times (November 8, 2016)။ November 20, 2016 တွင် ပြန်စစ်ပြီး။