Virgo Cluster

ဝီကီပီးဒီးယား မှ

ကိုဩဒိနိတ်: Sky map 12h 27m 00s, 12° 43′ 00″

ဗာဂိုး ဂယ်လက်ဆီအုပ်စု
M87
Virgo Cluster သည် အဖွဲ့ဝင်ဂယ်လက်ဆီများကြားတွင် ပြန့်ကျဲသောအလင်းကို ပြနေသည်။ Messier 87 သည် အကြီးမားဆုံး ဂယ်လက်ဆီဖြစ်သည် (ဘယ်ဘက်အောက်)။
လေ့လာရေးဒေတာ (Epoch J2000)
ကြယ်စုတန်းဗာဂိုး ကြယ်စုတန်း၊ ကိုမာ ဘီရင်နီဆပ်စ်
ညာဘက်တိမ်းစောင်းမှု12° 27′[၁]
နိမ့်ဆင်းမှု+12° 43′[၁]
အတောက်ပဆုံး အဖွဲ့ဝင်Messier 49
ဂလက်ဆီအရေအတွက်~၁၅၀၀[၁]
Bautz–Morgan classificationIII [၁]
အခြားကြည့်ရန်: ဂလက်ဆီ အုပ်စုဂလက်ဆီ အစုအပြုံဂလက်ဆီ အစုအပြုံ စာရင်း

ဗာဂိုး ဂယ်လက်ဆီအုပ်စု (အင်္ဂလိပ်: Virgo Cluster) သည် ဂယ်လက်ဆီအုပ်စုတစ်ခုဖြစ်ပြီး ယင်း၏ဗဟိုသည် ဗာဂိုး ကြယ်စုတန်းနှင့်ဝေးရာမှ 53.8 ± 0.3 Mly (16.5 ± 0.1 Mpc) တွင်ရှိသည်။[၂] အဖွဲ့ဝင်ဂယ်လက်ဆီ ၁၃၀၀ နီးပါးခန့် (၂၀၀၀ အထက်ဖြစ်နိုင်သည်) ပါဝင်သည်။[၃] အဖွဲ့ကိုယ်တိုင်သည်လည်း ပိုကြီးမားသော ဗာဂိုး မဟာဂယ်လက်ဆီအုပ်စု (Virgo Supercluster)၏ အလယ်ဗဟိုတွင်တည်ရှိကာ Local Group သည် အပြင်ဘက်ကျသော အဖွဲ့ဝင်တစ်ခုဖြစ်သည်။ Virgo Cluster ၏ ထုထည်သည် နေစကြဝဠာထုထည်ပေါင်း ၁.၂×၁ဝ၁၅ ရှိသည်ဟု ခန့်မှန်းထားသည်။ ဘဲဥပုံစံ Messier 87 ဂယ်လက်ဆီကဲ့သို့သော တောက်ပသည့် ဂယ်လက်ဆီပေါင်းများစွာအား ၁၇၇၀ ခုနှစ်နောက်ပိုင်းနှင့် ၁၇၈၀ အစောပိုင်းကာလများတွင် ရှာဖွေ့တွေ့ရှိခဲ့သည်။ ချားလ် မက်ဆီယာ သည် ကြယ်များမပါသော နက်ဗျူလာများအဖြစ် သတ်မှတ်ပေးခဲ့သော်လည်း ယင်းတို့၏ ပင်ကိုသဘာဝအမှန်ကိုမူ ၁၉၂၀ ခုနှစ်ထိ မသိခဲ့ပေ။[၄] cluster ၏အဖွဲ့ဝင် ဂယ်လက်ဆီများစွာအား တယ်လီစကုပ်အသေးစားဖြင့် မြင်နိုင်သည်။ အတောက်ပဆုံး အဖွဲ့ဝင်မှာ ဘဲဥပုံစံ Messier 49 ဖြစ်သည်။ သို့စေကာမူ အထင်ရှားဆုံးအဖွဲ့ဝင်မှာ ဘဲဥပုံစံ Messier 87 ဂယ်လက်ဆီဖြစ်သည်။ မတူညီသည်မှာ ယခင်တစ်ခုသည် အလယ်ဗဟိုတွင် တည်ရှိနေသည်။

ဝိသေသ လက္ခဏာများ[ပြင်ဆင်ရန်]

Cluster သည် M87 တွင် အလယ်ဗဟိုကျသော အခွဲတစ်ခုရှိသည်။ ယင်းအား Virgo A ဟုခေါ်ကာ ဒုတိယတစ်ခုမှာ M86 တွင် ဗဟိုပြုသည်။ ယင်းအား Virgo B ဟုခေါ်သည်။[၅] Virgo cluster သည် Virgo Supercluster အတွင်းတည်ရှိပြီး ယင်း၏ ဒြပ်ဆွဲငင်အားသက်ရောက်မှုသည် အနီးအနားမှ ဂယ်လက်ဆီများကို နှေးကွေးစေသည်။ ယင်းတွင် ကြယ်တာရာကြားခံ ကြယ်များစွာကို တွေ့နိုင်သည်။[၆] [၇][၈][၉](cluster ၏ ၁၀ ရာခိုင်နှုန်းဖြစ်သည်)[၁၀]

Virgo Cluster မှ သိသာထင်ရှားသော ဂယ်လက်ဆီများ[ပြင်ဆင်ရန်]

Virgo Cluster ၏ ဂယ်လက်ဆီများ

အောက်ပါတို့သည် Virgo Cluster မှ သိသာထင်ရှားသော ဂယ်လက်ဆီများဖြစ်ကြသည်။ ဤဖြစ်ရပ်တွင် ဂယ်လက်ဆီတစ်ခုအား ယူနစ်အခွဲတစ်ခု သို့မဟုတ် အခြားမူရင်းတစ်ခုဟု မှတ်ယူနိုင်သည်။[၁၁][၁၂])

ကော်လံ ၁: ဂယ်လက်ဆီနာမည်
ကော်လံ ၂: ညာဘက်တိမ်းစောင်းမှု epoch 2000
ကော်လံ ၃: ကျဆင်းမှု epoch 2000
Cကော်လံ ၄: ဂယ်လက်ဆီ၏ အပြာရောင် ပကတိအရွယ်အစား
ကော်လံ ၅: ဂယ်လက်ဆီအမျိုးအစား: E=ဘဲဥပုံစံ၊ S0=Lenticular, Sa,Sb,Sc,Sd=ခရုပတ်ပုံစံ၊ SBa,SBb,SBc,SBd=ခရုတ်ပတ်ပိတ်ပုံစံ၊ Sm,SBm,Irr=ပုံစံအတည်တကျမရှိ၊
ကော်လံ ၆: ဂယ်လက်ဆီ၏ ထောင့်ပြောင်းအချင်း
ကော်လံ ၇: ဂယ်လက်ဆီ၏ အချင်း (အလင်းနှစ်ထောင်ပေါင်း)
ကော်လံ ၈: ကော့စမစ် မိုက်ခရိုလှိုင်းနောက်ခံသို့နှိုင်းယှဉ်သော ဂယ်လက်ဆီ၏ အလျင် (km/s)
ကော်လံ ၉: ကယ်လက်ဆီတည်ရှိရာ cluster အခွဲ
Cluster အဖွဲ့ဝင်များ
ဦးတည်ရာ ကိုဩဒိနိတ် (Epoch 2000) ပကတိအရွယ်အစား (အပြာ) ဂယ်လက်ဆီ အမျိုးအစား ထောင့်ဖြတ်အရွယ်အစား အချင်း
(kly)
အလျင်
(km/s)
cluster အခွဲ
ညာဘက်တိမ်းစောင်းမှု ကျဆင်းမှု
Messier 98 12 13.8 14 54 10.9 SBb 9.8′ 150 184 Virgo A or N Cloud
NGC 4216 12 15.9 13 09 10.9 SBb 7.9′ 120 459 Virgo A, N Cloud, or LVC.
Messier 99 12 18.8 14 25 10.4 Sc 5.4′ 80 2735 Virgo A or N Cloud
NGC 4262 12 19.5 14 53 12.4 S0 1.9′ 30 1683 Virgo A
Messier 61 12 21.9 04 28 10.2 SBbc 6.2′ 100 1911 S Cloud
Messier 100 12 22.9 15 49 10.1 SBbc 7.6′ 115 1899 Virgo A
Messier 84 12 25.1 12 53 10.1 E1 6.0′ 90 1239 Virgo A
Messier 85 12 25.4 18 11 10.0 S0 7.1′ 105 1056 Virgo A
Messier 86 12 26.2 12 57 9.9 E3 10.2′ 155 37 Virgo A or own subgroup.
NGC 4435 12 27.7 13 05 11.7 S0 3.0′ 45 1111 Virgo A
NGC 4438 12 27.8 13 01 11.0 Sa 8.7′ 130 404 Virgo A
NGC 4450 12 28.5 17 05 10.9 Sab 5.1′ 80 2273 Virgo A
Messier 49 12 29.8 08 00 9.3 E2 9.8′ 150 1204 Virgo B
Messier 87 12 30.8 12 23 9.6 E0-1 9.8′ 150 1204 Virgo A
Messier 88 12 32.0 14 25 10.3 Sb 6.8′ 100 2599 Virgo A
NGC 4526 12 32.0 07 42 10.6 S0 7.1′ 105 931 Virgo B
NGC 4527 12 34.1 02 39 12.4 Sb 4.6′ 69 1730 S Cloud
NGC 4536 12 34.4 02 11 11.1 SBbc 7.2′ 115 2140 S Cloud
Messier 91 12 35.4 14 30 11.0 SBb 5.2′ 80 803 Virgo A
NGC 4550 12 35.5 12 13 12.5 S0 3.2′ 50 704 Virgo A
Messier 89 12 35.7 12 33 10.7 E0 5.0′ 75 628 Virgo A
NGC 4567 12 36.5 11 15 12.1 Sbc 2.8′ 40 2588 Virgo A
NGC 4568 12 36.6 11 14 11.7 Sbc 4.4′ 65 2578 Virgo A
NGC 4571 12 36.9 14 13 11.9 Sc 3.7′ 55 659 Virgo A
Messier 58 12 37.7 11 49 10.6 SBb 5.6′ 85 1839 Virgo A
Messier 59 12 42.9 11 39 10.8 E5 5.0′ 75 751 Virgo A or Virgo E
Messier 60 12 43.7 11 33 9.8 E2 7.2′ 110 1452 Virgo A, Virgo E, or Virgo C
NGC 4651 12 43.7 16 24 11.4 Sc 4.0′ 60 1113
NGC 4654 12 43.9 13 08 11.1 SBc 5.0′ 75 1349 Virgo A

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ NASA/IPAC Extragalactic DatabaseResults for Virgo Cluster။ 2006-10-19 တွင် ပြန်စစ်ပြီး။
  2. Mei, Simona (2007). "The ACS Virgo Cluster Survey. XIII. SBF Distance Catalog and the Three-dimensional Structure of the Virgo Cluster". The Astrophysical Journal 655 (1): 144–162. doi:10.1086/509598. Bibcode2007ApJ...655..144M. 
  3. See Virgo Cluster.
  4. Following the entry for M91 in the Connoissance des Temps for 1784, Messier added the following note:
    The constellation of Virgo, & especially the northern Wing is one of the constellations which encloses the most Nebulae: this Catalog contains thirteen which have been determined: viz. Nos. 49, 58, 59, 60, 61, 84, 85, 86, 87, 88, 89, 90, & 91. All these nebulae appear to be without stars: one can see them only in a very good sky, & near their meridian passage. Most of these nebulae have been pointed to me by Mr. Méchain. (see M91.)
  5. 1 Boselli (2014). "The GALEX Ultraviolet Virgo Cluster Survey (GUViCS). IV. The role of the cluster environment on galaxy evolution". Astronomy & Astrophysics 570. doi:10.1051/0004-6361/201424419. Bibcode2014A&A...570A..69B. A69. 
  6. Ferguson, Henry C. (1998). "Detection of intergalactic red-giant-branch stars in the Virgo cluster". Nature 391 (6666): 461. doi:10.1038/35087. Bibcode1998Natur.391..461F. 
  7. Takamiya, Marianne (2009). "IGCs in the Virgo Cluster". Globular Clusters - Guides to Galaxies, Eso Astrophysics Symposia, Volume: 361. doi:10.1007/978-3-540-76961-3_83. Bibcode2009gcgg.book..361T. 
  8. Durrell, Patrick R. (2010). "Searching for Intracluster Globular Clusters in the Virgo Cluster". Bibcode2010AAS...21547814.  မော်ကွန်းတင်ပြီးမိတ္တူ။ 30 April 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 November 2015 တွင် ပြန်စစ်ပြီး။
  9. Lee, Myung Gyoon (2010). "Detection of a Large-Scale Structure of Intracluster Globular Clusters in the Virgo Cluster". Science 328 (5976): 334–. doi:10.1126/science.1186496. PMID 20223950. Bibcode2010Sci...328..334L. 
  10. Ferguson, Henry C.; Tanvir, Nial R.; von Hippel, Ted (1998). "Detection of intergalactic red-giant-branch stars in the Virgo cluster". Nature 391 (6666): 461. arXiv:astro-ph/9801228
  11. Galaxy On Line Database Milano Network (GOLDMine)။ 3 June 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-08-06 တွင် ပြန်စစ်ပြီး။
  12. The Virgo Cluster။ 2013-04-06 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်[ပြင်ဆင်ရန်]