အလင်းနှစ်
ပုံပန်းသွင်ပြင်
| အလင်းနှစ် | |
|---|---|
| ယူနစ်အချက်အလက် | |
| အတိုင်းအတာစနစ် | astronomy units |
| ယူနစ်၏ | အလျား |
| သင်္ကေတ | ly[၂] |
| ယူနစ် ဖလှယ်မှုများ | |
| 1 ly[၂] in ... | ... ညီမျှသည်မှာ ... |
| metric (SI) units | 9.4607×1015 m 9.46075 Pm |
| imperial & US units | 5.8786×1012 mi |
| astronomical units | 63241 au 0.3066 pc |
အလင်းနှစ် (အင်္ဂလိပ်: Light-year) ဆိုသည်မှာ စကြဝဠာအားတိုင်းတာရာတွင် အသုံးပြုသော အတိုင်းအတာ ယူနစ်တစ်ခု ဖြစ်သည်။ အလင်းသည် တစ်စက္ကန့်လျင် ကီလိုမီတာ ၃ သိန်း (မိုင်ပေါင်း ၁၈၆,၀၀၀) ခရီးသွားသည်။ ထိုကဲ့သို့ အမြန်နှုန်းဖြင့် တစ်နှစ်လုံး အလင်းဖြတ်သန်းသွားသော အကွာအဝေးသည် အလင်းနှစ် ၁ နှစ် ဖြစ်သည်။[၂] ဥပမာ လကမ္ဘာသည် ကမ္ဘာမှ မိုင်ပေါင်း ၂၄၀,၀၀၀ သာဝေးသည်။ ထို့ကြောင့် လကမ္ဘာသည် ကမ္ဘာမြေသို့ အလင်းနှစ် ၁ စက္ကန့်ကျော်ခန့်သာ ဝေးကွာသည်။ နေစကြဝဠာပြင်ပမှ အရာများအားတိုင်းတာရာတွင် အလင်းနှစ်ကို စံနမူနာထားကာ အသုံးပြုသည်။ အလင်းနှစ်တွင် ခုနှစ် ပါဝင်သောကြောင့် တခါတရံ အချိန်၏ ယူနစ်နှင့် ရောထွေးတတ်သည်။
အလင်းနှစ် (၁) နှစ် = ၉၄၆ဝ၇၃ဝ၄၇၂၅၈ဝ၈ဝဝ မီတာ (အတိအကျ)
≈ ၉.၄၆၁ ပီတာမီတာ
≈ ၅.၈၇၈၆၂၅ ထရီလီယံ မိုင်
≈ ၆၃၂၄၁.ဝဝ၇ AU
≈ ဝ.၃ဝ၆၆ဝ၁ parsecs
ကိုးကား
[ပြင်ဆင်ရန်]- ↑ The Universe within 12.5 Light Years: The Nearest Stars
- 1 2 3 International Astronomical Union၊ Measuring the Universe: The IAU and Astronomical Units၊ 19 December 2016 တွင် မူရင်း အား မော်ကွန်းတင်ပြီး၊ 10 November 2013 တွင် ပြန်စစ်ပြီး