အလင်းနှစ်

ဝီကီပီးဒီးယား မှ
အလင်းနှစ်
နေမှ အလင်းနှစ် ၁၂ အကွာအဝေးအတွင်းရှိ
ကြယ်တို့၏ မြေပုံ]][၁]
ယူနစ်အချက်အလက်
အတိုင်းအတာစနစ်astronomy units
ယူနစ်၏အလျား
သင်္ကေတly[၂]
ယူနစ် ဖလှယ်မှုများ
1 ly[၂] in ...... ညီမျှသည်မှာ ...
   metric (SI) units   9.4607×1015 m
   9.46075 Pm
   imperial & US units   5.8786×1012 mi
   astronomical units   63241 au
   0.3066 pc

အလင်းနှစ် (အင်္ဂလိပ်: Light-year) ဆိုသည်မှာ စကြဝဠာအားတိုင်းတာရာတွင် အသုံးပြုသော အတိုင်းအတာ ယူနစ်တစ်ခု ဖြစ်သည်။ အလင်းသည် တစ်စက္ကန့်လျင် ကီလိုမီတာ ၃ သိန်း (မိုင်ပေါင်း ၁၈၆,၀၀၀) ခရီးသွားသည်။ ထိုကဲ့သို့ အမြန်နှုန်းဖြင့် တစ်နှစ်လုံး အလင်းဖြတ်သန်းသွားသော အကွာအဝေးသည် အလင်းနှစ် ၁ နှစ် ဖြစ်သည်။[၂] ဥပမာ လကမ္ဘာသည် ကမ္ဘာမှ မိုင်ပေါင်း ၂၄၀,၀၀၀ သာဝေးသည်။ ထို့ကြောင့် လကမ္ဘာသည် ကမ္ဘာမြေသို့ အလင်းနှစ် ၁ စက္ကန့်ကျော်ခန့်သာ ဝေးကွာသည်။ နေစကြဝဠာပြင်ပမှ အရာများအားတိုင်းတာရာတွင် အလင်းနှစ်ကို စံနမူနာထားကာ အသုံးပြုသည်။ အလင်းနှစ်တွင် ခုနှစ် ပါဝင်သောကြောင့် တခါတရံ အချိန်၏ ယူနစ်နှင့် ရောထွေးတတ်သည်။

အလင်းနှစ် (၁) နှစ် = ၉၄၆ဝ၇၃ဝ၄၇၂၅၈ဝ၈ဝဝ မီတာ (အတိအကျ)
≈ ၉.၄၆၁ ပီတာမီတာ
≈ ၅.၈၇၈၆၂၅ ထရီလီယံ မိုင်
≈ ၆၃၂၄၁.ဝဝ၇ AU
≈ ဝ.၃ဝ၆၆ဝ၁ parsecs

ကိုးကား[ပြင်ဆင်ရန်]

  1. The Universe within 12.5 Light Years: The Nearest Stars
  2. ၂.၀ ၂.၁ International Astronomical Union၊ Measuring the Universe: The IAU and Astronomical Units10 November 2013 တွင် ပြန်စစ်ပြီး