နက်ဗျူလာ

ဝီကီပီးဒီးယား မှ
ထရိုင်ရမ်ဂူလမ် နက်ဗျူလာသည် နက်ဗျူလာ အတွက် ဥပမာ တစ်ခုဖြစ်သည်။

နက်ဗျူလာ (အင်္ဂလိပ်: Nebula) ဆိုသည်မှာ ကြယ်တို့၏ ကြားတွင် ရှိနေသော တိမ်တိုက်သဏ္ဌန် ရှိနေသည့် အမှုန်အမွှားများ၊ ဟိုက်ဒရိုဂျင်ဟီလီယမ်နှင့် အခြား ဓာတ်ငွေ့တို့၏ အစု အဝေးကြီး ဖြစ်သည်။ နက်ဗျူလာ ဟူသော အသုံးအနှုန်းမှာ လက်တင်ဘာသာစကားမှ ဆင်းသက်လာပြီး တိမ်တိုက်ဟု အဓိပ္ပာယ်ရသည်။[၁] ကြယ်တို့၏ ကြားရှိ တိမ်တိုက်ဆိုသည်မှာ ဂယ်လက်ဆီ အတွင်းရှိ အမှုန်အမွှားများ၊ ပလာစမာများနှင့် ဓာတ်ငွေ့တို့ အစုအဝေးပင် ဖြစ်သည်။ နဂါးငွေ့တန်း ဂယ်လက်ဆီထက်ဝေးကွာသော မည်သည့် ကြယ်တာရာပစ္စည်းကိုမဆို နက်ဗျူလာဟု သတ်မှတ်သည်။ ဥပမာ အင်ဒရိုမီဒါ နက်ဗျူလာဖြစ်သည်။ ပါရှန်းလူမျိုး နက္ခတ္တ ပညာရှင် အဘ် အယ်လ် ရာမန် အယ်လ် စူဖီ (Abd al-Rahman al-Sufi) က သူ၏ စာအုပ် "မရွေ့မပြောင်းသော ကြယ်များ စာအုပ်" တွင် နက်ဗျူလာများ အကြောင်း ပထမဆုံး အကြိမ်အဖြစ် ဖော်ပြခဲ့သည်။[၂] သူက အင်ဒရိုမီဒါ ဂလက်ဆီအနီးတွင် တိမ်တိုက် တစ်ခု ရှိနေသည်ဟု ဖော်ပြခဲ့သည်။[၃] နက်ဗျူလာ အများစုသည် ကျယ်ပြောလှပြီး အချင်းအားဖြင့် အလင်းနှစ် ရာချီကာ ကြီးမားလှသည်။ နက်ဗျူလာများသည် ကြီးမားကျယ်ပြောလှသော်လည်း ယင်းတို့၏သိပ်သည်းမှုသည် များစွာပါးလွှာသည်။ ကမ္ဘာမြေအရွယ်အစားရှိသော နက်ဗျူလာတစ်ခုသည် ကီလိုဂရမ်အချို့သာ သိပ်သည်းပါလိမ့်မည်။

လေ့လာမှု သမိုင်း[ပြင်ဆင်ရန်]

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

နက်ဗျူလာ အမျိုးအစား[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Online Etymology Dictionaryetymonline.com။ 24 September 2010 တွင် ပြန်စစ်ပြီး။
  2. Kenneth Glyn Jones (1991). Messier's nebulae and star clusters. Cambridge University Press. p. 1. ISBN 0-521-37079-5
  3. Harrison, T. G. (March 1984). "The Orion Nebula — where in History is it". Royal Astronomical Society Quarterly Journal 25 (1): 70–73. Bibcode1984QJRAS..25...65H. 
  4. "A stellar sneezing fit"။ 16 December 2013 တွင် ပြန်စစ်ပြီး