ကြယ်အုပ်စု

ဝီကီပီးဒီးယား မှ
(ကြယ်စုတန်း မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search
တရုတ်တို့၏ ကြယ်မြေပုံ

ရှေးအခါက တောက်ပသော ကြယ်များကို နတ်ဘုရားအမည်များ၊ တိရစ္ဆာန်အမည်များ ပေးခဲ့သည်။ တိုလေမီလက်ထက်တွင် အလ်မာကက်စ် ဆိုသူသည် ကြယ်အုပ်စု (၄၈)စုဖွဲ့၍ အမည်သတ်မှတ် ပေးခဲ့လေသည်။ သို့ရာတွင် နောင်အခါ အမည် အချို့ပယ်၍ အချို့ထပ်ဖြည့်ကြပြန်သည်။ ၁၉၃၀-ခုနှစ်တွင် ကမ္ဘာ့နက္ခပညာရှင်များ အဖွဲ့ချုပ်က ကြယ်စုများကို စက်ဝိုင်း၊ စက်ဝန်း စသည်ဖြင့် ကောင်းကင် အရှေ့အနောက်ဖြစ်စေ၊ တောင်မြောက်ဖြစ်စေ ပိုင်းခြားကာ စုစုပေါင်းကြယ်စု ၈၈ စုခွဲဝေခဲ့လေသည်။ အမည်များကို ဂရိတ်အက္ခရာနှင့် တောက်ခြင်း၊ မှိန်ခြင်းအတိုင်း အမည်ပေး၍ အက္ခရာကုန်သောအခါ ဂဏန်းတိုး၍ အမည်ပေးလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. လှသမိန် ၏ ဗဟုသုတစွယ်စုံ