ချားလ် မက်ဆီယာ
Charles Messier | |
---|---|
Charles | |
မွေးဖွား | Badonviller, France | ၂၆ ဇွန်၊ ၁၇၃၀
ဆုံးပါး | ၁၂ ဧပြီ၊ ၁၈၁၇ ပဲရစ်မြို့၊ ပြင်သစ်နိုင်ငံ | (အသက် ၈၆)
နယ်ပယ် | နက္ခတ္တဗေဒ |
ကျော်ကြားမှုအရင်းခံ | en:Messier catalog |
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များ | Cross of the Legion of Honor |
ချားလ် မက်ဆီယာ (ပြင်သစ်: [ʃaʁl me.sje]; 26 June 1730 – 12 April 1817) သည် ပြင်သစ်လူမျိုး နက္ခတ္တဗေဒပညာရှင်ဖြစ်သည်။ သူသည် မက်ဆီယာ အရာဝတ္တုများ ဟု သိကြသည့် နက်ဗျူလာ ၁၁၀ ခု၊ ကြယ်အစုအဖွဲ့များပါဝင်သော နက္ခတ္တဗေဒဆိုင်ရာ စာရင်းတခုကို ထုတ်ဝေခဲ့သည်။ မက်ဆီယာသည် ကောင်းကင်ယံ၌ အမြဲတမ်းတည်ရှိသော အရာဝတ္ထုများနှင့် တခါတရံပေါ်လာတတ်သည့် အရာဝတ္ထုများကို နက္ခတ္တဗေဒ စောင့်ကြည့်လေ့လာသူများအား ကွဲပြားသိရှိစေရန် ရည်ရွယ်၍ ယင်းအရာဝတ္ထုများကို မှတ်တမ်းတင်ပြုစုခဲ့သည်။
မွေးချင်း ၁၂ ယောက်တွင် မက်ဆီယာသည် ၁၀ ယောက်မြောက်သားဖြစ်ပြီး ပြင်သစ်နိုင်ငံ၊ လော်ရိန်းဒေသတွင် မွေးဖွားခဲ့သည်။ သူ၏ အကိုနှင့် အစ်မများ ၆ ယောက်သည် ငယ်ငယ်က ဆုံးပါးသွားခဲ့ပြီး သူ့ဖခင်မှာ ၁၇၄၁ ခုနှစ်တွင် ဆုံးပါးခဲ့သည်။ ချားလ် မက်ဆီယာ၏ နက္ခတ္တဗေဒအပေါ် စိတ်ဝင်စားမှုမှာ ၁၇၄၄ ခုနှစ်တွင် ပေါ်လာခဲ့သော ကြယ်တံခွန်ကြောင့် ဖြစ်သည်။ မက်ဆီယာသည် ကြယ်တံခွန်ပေါင်း ၁၃ ခုကို ရှာဖွေတွေ့ရှိခဲ့သည်။[၁] သူ၏ ရှာဖွေတွေ့ရှိမှုကို ယင်းအချိန်အခါက ပြင်သစ်ဘုရင် ၁၅ယောက်မြောက် လူးဝစ်က ဂုဏ်ပြုသောအားဖြင့် Ferret of Comets ဟူသော နာမည်ပြောင် သတ်မှတ်ပေးခဲ့သည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Meyer၊ Maik။ Catalog of comet discoveries။ 16 July 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 May 2008 တွင် ပြန်စစ်ပြီး။
- ↑ Jakiel၊ Richard (February 2017)။ "The Obsessive Comet Hunter"။ Astronomy။