Local Group

ဝီကီပီးဒီးယား မှ
Local Group ၏ ဂယ်လက်ဆီများ၊ နဂါးငွေ့တန်း ဂယ်လက်ဆီနှင့် အင်ဒရိုမီဒါ ဂလက်ဆီတို့သည် အကြီးမားဆုံး ဂယ်လက်ဆီများဖြစ်ကြသည် (ပုံကြီးချဲရန်နှိပ်ပါ)

Local Group ဆိုသည်မှာ နဂါးငွေ့တန်း ဂယ်လက်ဆီပါဝင်သော ဂယ်လက်ဆီအဖွဲ့တစ်ခုဖြစ်သည်။ Local Group တွင် ဂယ်လက်ဆီပေါင်း ၅၄ ခုပါဝင်ကာ ယင်းတို့ထဲမှအများစုမှာ ဂယ်လက်ဆီပု (dwarf galaxies) များဖြစ်ကြသည်။ ယင်း၏ ဒြပ်ဆွဲငင်ရာ ဗဟိုအချက်အချာသည် နဂါးငွေ့တန်း ဂယ်လက်ဆီနှင့် အင်ဒရိုမီဒါ ဂယ်လက်ဆီတို့၏ကြား တစ်နေရာရာတွင် တည်ရှိသည်။ Local Group သည် အချင်းအားဖြင့် အလင်းနှစ်သိန်းပေါင်း ၁၀ ခန့်လွှမ်းခြုံထားသည်။[၁] အဖွဲ့ကိုယ်တိုင်သည်လည်း Laniakea Supercluster ၏ အစိတ်အပိုင်းဖြစ်သည်။[၂] Local Supercluster အား မူလက Virgo Supercluster ဟုထင်မှတ်ခဲ့သော်လည်း ယခုအခါ Local Supercluster ဟုပြန်လည်သတ်မှတ်လိုက်သည်။[၃] အဖွဲ့၏ အင်အားကြီးအဖွဲ့ဝင်များမှာ နဂါးငွေ့တန်း ဂယ်လက်ဆီနှင့် အင်ဒရိုမီဒါ ဂယ်လက်ဆီများဖြစ်ကြသည်။[၄] ယင်းတို့သည် ခရုပတ်ပုံစံ ဂယ်လက်ဆီများဖြစ်ကြပြီး တစ်ခုချင်းစီတွင် အရန်ဂယ်လက်ဆီများ ရှိကြသည်။

  • ထရိုင်ဂူလယ် ဂယ်လက်ဆီသည် Local Group ထဲမှ ခရုပတ်ပုံစံဂယ်လက်ဆီထဲတွင် တတိယအကြီးဆုံး ဂယ်လက်ဆီဖြစ်ပြီး အန်ဒရိုမီဒါ ဂယ်လက်ဆီနှင့် အဖော်မဟုတ်တန်ရာ။

သမိုင်း[ပြင်ဆင်ရန်]

Local Group ဆိုသောအခေါ်ဝေါ်သည် အဒ်ဝင် ဟာဘဲလ်မှ သူ၏ The Realm of the Nebulae ဆိုသော စာအုပ်မှ အပိုင်း (၆) တွင် စတင်မိတ်ဆက်ခဲ့သည်။[၅] သူ ဖော်ပြထားသည်မှာ "နက်ဗျူလာများ၏ သေးငယ်သောအဖွဲ့များ" ဟုဖြစ်သည်။ အလင်းတောက်ပမှုအား လျော့နည်းစေကာ M31, Milky Way, M33, ကြီးမားသော မစ်ဂျစ်လန်နစ် တိမ်တိုက်သေးငယ်သော မစ်ဂျစ်လန်နစ် တိမ်တိုက်M32, NGC 205, NGC 6822, NGC 185, IC 1613 နှင့် NGC 147 ဟူ၍ အသီးသီး သတ်မှတ်ခဲ့သည်။ သူသည် IC 10 အားလည်း ဖြစ်နိုင်ခြေရှိသော Local Group အဖွဲ့ဝင်အဖြစ် သတ်မှတ်ခဲ့သည်။ ၂ဝဝ၃ ခုနှစ်တွင် Local Group အဖွဲ့ဝင်များသည် ၁၂ မှ ၃၆ အထိ တိုးလာခဲ့သည်။[၆]

ဂယ်လက်ဆီများ ပါဝင်မှု[ပြင်ဆင်ရန်]

မြေပုံ[ပြင်ဆင်ရန်]

Sextans BSextans Aနဂါးငွေ့တန်း ဂယ်လက်ဆီLeo I (dwarf galaxy)Canes DwarfLeo II (dwarf galaxy)NGC 6822Phoenix DwarfTucana DwarfWolf-Lundmark-MelotteCetus DwarfIC 1613SagDIGAquarius Dwarfထရိုင်ဂူလယ် ဂယ်လက်ဆီNGC 185NGC 147IC 10အင်ဒရိုမီဒါ ဂလက်ဆီM110Leo ANGC 3109Antlia DwarfLGS 3Pegasus Dwarfအင်ဒရိုမီဒါ ၂အင်ဒရိုမီဒါ ၃အင်ဒရိုမီဒါ ၁
Local Group (မြေပုံအား ထောက်ပါ)

ဂယ်လက်တစ် စာရင်းအင်း[ပြင်ဆင်ရန်]

ခရုပတ်ပုံစံ ဂယ်လက်ဆီများ
အမည် အမျိုးအစား ကြယ်စုတန်း မှတ်စု
နဂါးငွေ့တန်း ဂယ်လက်ဆီ SBbc ဓနု နက္ခတ်တာရာ (centre) အဖွဲ့ထဲတွင် ဒုတိယအကြီးဆုံး ဂယ်လက်ဆီအဖြစ် ပြန်လည်သတ်မှတ်လိုက်သည်။[၇]
အင်ဒရိုမီဒါ ဂယ်လက်ဆီ (M31, NGC 224) SA(s)b အင်ဒရိုမီဒါ အချင်း အလင်းနှစ်သိန်းပေါင်း ၂၂ဝ ခန့်ဖြင့် အဖွဲ့တွင် အကြီးမားဆုံး ဂယ်လက်ဆီဖြစ်သည်။
ထရိုင်ဂူလယ် ဂယ်လက်ဆီ (M33, NGC 598) SA(s)cd ထရိုင်ဂူလယ် တတိယအကြီးဆုံး ဂယ်လက်ဆီ၊ အင်ဒရိုမီဒါ ဂယ်လက်ဆီ၏ အရန်ဂယ်လက်ဆီဖြစ်နိုင်။
ဘဲဥပုံစံ ဂယ်လက်ဆီများ
အမည် အမျိုးအစား ကြယ်စုတန်း မှတ်စု
M32 (NGC 221) E2 အင်ဒရိုမီဒါ အင်ဒရိုမီဒါ ဂယ်လက်ဆီ၏ အရန်။
ပုံစံအတည်တကျမရှိသော ဂယ်လက်ဆီများ
အမည် အမျိုးအစား ကြယ်စုတန်း မှတ်စု
Wolf–Lundmark–Melotte (WLM, DDO 221) Ir+ စီတပ်
IC 10 KBm or Ir+ ကပ်ဆီယိုပီးယား
သေးငယ်သော မစ်ဂျစ်လန်နစ် တိမ်တိုက် (SMC, NGC 292) SB(s)m pec တူကင်နာ နဂါးငွေ့တန်း ဂယ်လက်ဆီ၏ အရန်ဂယ်လက်ဆီ
Canis Major Dwarf Irr ဖုသျှ နက္ခတ်တာရာ နဂါးငွေ့တန်း ဂယ်လက်ဆီ၏ အရန်ဂယ်လက်ဆီ
Pisces Dwarf (LGS3) Irr မိန် နက္ခတ်တာရာ ထရိုင်ဂူလယ် ဂယ်လက်ဆီ၏ အရန်ဂယ်လက်ဆီ?
IC 1613 (UGC 668) IAB(s)m V စီတပ်
Phoenix Dwarf Irr ဖီးနစ်
ကြီးမားသော မစ်ဂျစ်လန်နစ် တိမ်တိုက် (LMC) Irr/SB(s)m ဒရကို နဂါးငွေ့တန်း ဂယ်လက်ဆီ၏ လေးခုမြောက်အကြီးဆုံး အရန်ဂယ်လက်ဆီ။
Leo A (Leo III) IBm V လီယို
Sextans B (UGC 5373) Ir+IV-V ဆဇ်တန်
NGC 3109 Ir+IV-V ဟိုက်ဒရာ
Sextans A (UGCA 205) Ir+V ဆဇ်တန်
ဂယ်လက်ဆီပုများ
အမည် အမျိုးအစား ကြယ်စုတန်း မှတ်စု
M110 (NGC 205) dE6p အင်ဒရိုမီဒါ အင်ဒရိုမီဒါ ဂယ်လက်ဆီ၏ အရန်ဂယ်လက်ဆီ
NGC 147 (DDO 3) dE5 pec ကပ်ဆီယိုပီးယား အင်ဒရိုမီဒါ ဂယ်လက်ဆီ၏ အရန်ဂယ်လက်ဆီ
ပုံစံအတည်တကျမရှိသော Sagittarius ဂယ်လက်ဆီပုများ IB(s)m V ဓနု နက္ခတ်တာရာ Local Group အဖွဲ့ဝင်များထဲတွင် အလယ်အကျဆုံး။[၈]
NGC 6822 (ဘားနတ် ဂယ်လက်ဆီ) IB(s)m IV-V ဓနု နက္ခတ်တာရာ
ပုံစံအတည်တကျမရှိသော Pegasus ဂယ်လက်ဆီပု DDO 216 Irr ပီဂါဆု
လုံးဝန်း ဂယ်လက်ဆီပုများ
အမည် အမျိုးအစား ကြယ်စုတန်း မှတ်စု
Boötes I dSph ဘိုးတီ
စီတပ် ဂယ်လက်ဆီပု dSph/E4 စီတပ်
Canes Venatici I နှင့် Canes Venatici II dSph ကိန်း ဗီနိုက်တီစိုင်
KKs 3 dSph
အင်ဒရိုမီဒါ ၃ dE2 အင်ဒရိုမီဒါ အင်ဒရိုမီဒါ ဂယ်လက်ဆီ၏ အရန်ဂယ်လက်ဆီ
NGC 185 dE3 pec ကပ်ဆီယိုပီးယား အင်ဒရိုမီဒါ ဂယ်လက်ဆီ၏ အရန်ဂယ်လက်ဆီ
အင်ဒရိုမီဒါ ၁ dE3 pec အင်ဒရိုမီဒါ အင်ဒရိုမီဒါ ဂယ်လက်ဆီ၏ အရန်ဂယ်လက်ဆီ
ပန်းပုဆရာ ဂယ်လက်ဆီပု (E351-G30) dE3 ပန်းပုဆရာ နဂါးငွေ့တန်း၏ အရန်ဂယ်လက်ဆီ
အင်ဒရိုမီဒါ ၅ dSph အင်ဒရိုမီဒါ အင်ဒရိုမီဒါ ဂယ်လက်ဆီ၏ အရန်ဂယ်လက်ဆီ
အင်ဒရိုမီဒါ ၂ dE0 အင်ဒရိုမီဒါ အင်ဒရိုမီဒါ ဂယ်လက်ဆီ၏ အရန်ဂယ်လက်ဆီ
Fornax ဂယ်လက်ဆီပု (E356-G04) dSph/E2 ဖော်နပ်စ် နဂါးငွေ့တန်း၏ အရန်ဂယ်လက်ဆီ
ကရိနာ ဂယ်လက်ဆီပု (E206-G220) dE3 ကရိနာ နဂါးငွေ့တန်း၏ အရန်ဂယ်လက်ဆီ
Antlia ဂယ်လက်ဆီပု dE3/dSph/Irr? အန်သလီယာ
Leo I ဂယ်လက်ဆီပု (DDO 74) dE3 လီယို နဂါးငွေ့တန်း၏ အရန်ဂယ်လက်ဆီ
Sextans ဂယ်လက်ဆီပု dE3 ဆဇ်တန် နဂါးငွေ့တန်း၏ အရန်ဂယ်လက်ဆီ
Leo II ဂယ်လက်ဆီပု (Leo B) dE0 pec လီယို နဂါးငွေ့တန်း၏ အရန်ဂယ်လက်ဆီ
အာရှာမိုင်နာ ဂယ်လက်ဆီပု dE4 အာရှာ မိုင်နာ နဂါးငွေ့တန်း၏ အရန်ဂယ်လက်ဆီ
Draco ဂယ်လက်ဆီပု (DDO 208) dE0 pec ဒရကို နဂါးငွေ့တန်း၏ အရန်ဂယ်လက်ဆီ
Sagittarius ဘဲဥပုံ ဂယ်လက်ဆီပု dSph/E7 ဓနု နက္ခတ်တာရာ နဂါးငွေ့တန်း၏ အရန်ဂယ်လက်ဆီ
Tucana ဂယ်လက်ဆီပု dE5 တူကင်နာ
ကယ်ဆီယိုပီးယား ဂယ်လက်ဆီပု (အင်ဒရိုမီဒါ ၇) dSph ကပ်ဆီယိုပီးယား အင်ဒရိုမီဒါ ဂယ်လက်ဆီ၏ အရန်ဂယ်လက်ဆီ
အင်ဒရိုမီဒါ ၆ dSph ပီဂါဆု အင်ဒရိုမီဒါ ဂယ်လက်ဆီ၏ အရန်ဂယ်လက်ဆီ
အာရှာ မေဂျာ ၁၊ အာရှာ မေဂျာ ၂။ dSph အာရှာ မေဂျာ နဂါးငွေ့တန်း၏ အရန်ဂယ်လက်ဆီ
Leo IV dSph လီယို နဂါးငွေ့တန်း၏ အရန်ဂယ်လက်ဆီ
Leo V dSph လီယို နဂါးငွေ့တန်း၏ အရန်ဂယ်လက်ဆီ
Leo T dSph/Irr လီယို နဂါးငွေ့တန်း၏ အရန်ဂယ်လက်ဆီ
Boötes II dSph ဘိုးတီ နဂါးငွေ့တန်း၏ အရန်ဂယ်လက်ဆီ
Boötes III dSph ဘိုးတီ နဂါးငွေ့တန်း၏ အရန်ဂယ်လက်ဆီ
ကိုမာ ဘီရင်နီဆပ်စ် dSph ကိုမာ ဘီရင်နီဆပ်စ် နဂါးငွေ့တန်း၏ အရန်ဂယ်လက်ဆီ
Segue 2 dSph မိဿ နက္ခတ်တာရာ နဂါးငွေ့တန်း၏ အရန်ဂယ်လက်ဆီ
ဟာကျူးလီ ဂယ်လက်ဆီပု dSph ဟာကျူးလီ နဂါးငွေ့တန်း၏ အရန်ဂယ်လက်ဆီ
Pisces II dSph မိန် နက္ခတ်တာရာ နဂါးငွေ့တန်း၏ အရန်ဂယ်လက်ဆီ
Reticulum II dSph ရတီကျူလန် နဂါးငွေ့တန်း၏ အရန်ဂယ်လက်ဆီ
Eridanus II dSph အဲရိဒနပ်စ် နဂါးငွေ့တန်း၏ အရန်ဂယ်လက်ဆီ
Grus I dSph ဂရပ်စ် နဂါးငွေ့တန်း၏ အရန်ဂယ်လက်ဆီ
Tucana II dSph တူကင်နာ နဂါးငွေ့တန်း၏ အရန်ဂယ်လက်ဆီ
သတ်မှတ်ချက် မသဲကွဲပေ
အမည် အမျိုးအစား ကြယ်စုတန်း မှတ်စု
Virgo Stellar Stream dSph (remnant)? ဗာဂိုး နဂါးငွေ့တန်းနှင့်ပေါင်းစပ်နေတုန်း
Willman 1 လုံးဝန်းသော ဂယ်လက်ဆီပု
သို့မဟုတ် Globular cluster?
အာရှာ မေဂျာ အလင်းနှစ် ၁၄၇၀၀၀ အကွာ၊
အင်ဒရိုမီဒါ ၄ Irr? အင်ဒရိုမီဒါ ဂယ်လက်ဆီတစ်ခု မဟုတ်တန်ရာ
UGCA 86 (0355+66) Irr, dE or S0 ကျားသစ်ကုလားအုတ်
UGCA 92 (EGB0427+63) Irr or S0 ကျားသစ်ကုလားအုတ်
Horologium I dSph or Globular Cluster ဟိုရိုလိုဂျီယံ နဂါးငွေ့တန်း၏ အရန်ဂယ်လက်ဆီ
Pictoris I dSph or Globular Cluster ပစ်တာ နဂါးငွေ့တန်း၏ အရန်ဂယ်လက်ဆီ
Phoenix II dSph or Globular Cluster ဖီးနစ် နဂါးငွေ့တန်း၏ အရန်ဂယ်လက်ဆီ
Indus I dSph or Globular Cluster အင်းဒတ် နဂါးငွေ့တန်း၏ အရန်ဂယ်လက်ဆီ
Eridanus III dSph or Globular Cluster အဲရိဒနပ်စ် နဂါးငွေ့တန်း၏ အရန်ဂယ်လက်ဆီ
အဖွဲ့ဝင်များ မဟုတ်ဖွယ်ရာသော
အမည် အမျိုးအစား ကြယ်စုတန်း မှတ်စု
UGC 8091 (DDO 155) Im V ဗာဂိုး
IC 5152 IAB(s)m IV အင်းဒတ်
NGC 55 SB(s)m ပန်းပုဆရာ
Aquarius ဂယ်လက်ဆီပု (DDO 210) Im V ကုံ နက္ခတ်တာရာ
NGC 404 E0 or SA(s)0 အင်ဒရိုမီဒါ
NGC 1569 Irp+ III-IV ကျားသစ်ကုလားအုတ်
NGC 1560 (IC 2062) Sd ကျားသစ်ကုလားအုတ်
Camelopardalis A Irr ကျားသစ်ကုလားအုတ်
အာဂို ဂယ်လက်ဆီပု Irr ကရိနာ
ESO 347-8 (2318–42) Irr ဂရပ်စ်
UKS 2323-326 Irr ပန်းပုဆရာ
UGC 9128 (DDO 187) Irp+ ဘိုးတီ
Sextans C
Local Group ထဲတွင် ဂယ်လက်ဆီများဟု သတိမထားမိတော့သည့် အရာဝတ္ထုများ
အမည် အမျိုးအစား ကြယ်စုတန်း မှတ်စု
Palomar 12 ကာပရီကော်နပ် a globular cluster formerly classified as a dwarf spheroidal galaxy
Palomar 4 (မူလက အာရှာ မေဂျာ ဂယ်လက်ဆီပုဟု သတ်မှတ်ခဲ့သည်) အာရှာ မေဂျာ a globular cluster formerly classified as a dwarf spheroidal galaxy

အခြား သတိပြုမိဖွယ် အရာဝတ္ထုများ[ပြင်ဆင်ရန်]

  • အရှိန်ပြင်း ကြယ်တာရာ ဆမိတ်တိမ်တိုက်သည် ကမ္ဘာမြေမှ အလင်းနှစ် ၃၂၀၀၀ နှင့် ၄၉၀၀၀ အကွာတွင်တည်ရှိသည်။[၉] နဂါးငွေ့တန်း အချပ်ပြားမှဆိုပါက အလင်းနှစ် ၈၀၀၀ ကွာဝေးသည်။[၁၀]
  • အရှိန်ပြင်းတိမ်တိုက် HVC 127-41-330 သည် ကမ္ဘာမှ အလင်းနှစ် ၂.၃ မီလီယံအကွာတွင် တည်ရှိသည်။
  • နဂါးငွေ့တန်း ဂယ်လက်ဆီ ပတ်ဝန်းဂျင်နားတွင် ဝိုင်းရံထားသော ကြယ်အစုအကွင်း Monoceros Ring ဖြစ်သည်။

မြေပုံကြမ်း[ပြင်ဆင်ရန်]

အခြားကြည့်ရန်[ပြင်ဆင်ရန်]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. Karachentsev, I. D.; Kashibadze, O. G. (2006). "Masses of the local group and of the M81 group estimated from distortions in the local velocity field". Astrophysics 49 (1): 3–18. doi:10.1007/s10511-006-0002-6. Bibcode2006Ap.....49....3K. 
  2. The road map to the Universe။ Daily Mail။ 24 April 2015 တွင် ပြန်စစ်ပြီး။
  3. Earth's new address: 'Solar System, Milky Way, Laniakea'။ Nature။ 24 April 2015 တွင် ပြန်စစ်ပြီး။
  4. The Local Group။ 2015-05-05 တွင် ပြန်စစ်ပြီး။
  5. Hubble၊ E.P. (1936)။ The realm of the nebulae။ Mrs. Hepsa Ely Silliman memorial lectures, 25။ New Haven: Yale University Press။ ISBN 9780300025002OCLC 611263346။ archived from the original on 2 June 20193 November 2015 တွင် ပြန်စစ်ပြီးCS1 maint: BOT: original-url status unknown (link)(pp. 124–151)
  6. "History of the Local Group" (May 2003). To be published in: "The Local Group as an Astrophysical Laboratory". Cambridge University Press. Bibcode2003astro.ph..5042V. 
  7. The Galaxies of the Local Group
  8. "Updated Information on the Local Group" (April 2000). The Publications of the Astronomical Society of the Pacific 112 (770): 529–536. doi:10.1086/316548. Bibcode2000PASP..112..529V. 
  9. Wakker, B. P. (2008). "Distances to Galactic High‐Velocity Clouds. I. Cohen Stream, Complex GCP, Cloud g1". The Astrophysical Journal 672 (1): 298–319. doi:10.1086/523845. Bibcode2008ApJ...672..298W. 
  10. Massive Gas Cloud Speeding Toward Collision With Milky Way။ 2008-06-06 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်များ[ပြင်ဆင်ရန်]