Virgo Supercluster

ဝီကီပီးဒီးယား မှ
ဗာဂိုး မဟာဂယ်လက်ဆီအစုအဝေး
Local Supercluster အတွင်း cluster အဖွဲ့ဝင်များနှင့် Local Group ဆီမှအကွာအဝေး
လေ့လာရေး ဒေတာ (Epoch J2000)
အနီရောင်အရွေ့Doppler shift
ဒြပ်ဆွဲအား ပေါင်းစပ်စွမ်းအင်၁၀၁၅ M
တောက်ပမှု၃×၁၀၁၂ L
အခြား ဂုဏ်သတ္တိများ
Local Supercluster, LSC, LS
အခြားကြည့်ရန်: ဂယ်လက်ဆီ အဖွဲ့ဂယ်လက်ဆီ clusterSupercluster စာရင်း

ဗာဂိုး မဟာဂယ်လက်ဆီအစုအဝေး (Virgo Supercluster သို့မဟုတ် Local Supercluster) သည် ဂယ်လက်ဆီအပြွတ်အအုံဖြစ်ပြီး Local Group ပါဝင်သော Virgo Cluster ပါဝင်ထားသည်။ Local Group တွင် ကျွန်ုပ်တို့၏ နဂါးငွေ့တန်း ဂယ်လက်ဆီနှင့် အင်ဒရိုမီဒါ ဂယ်လက်ဆီတို့ ပါဝင်သည်။ အနည်းဆုံး ဂယ်လက်ဆီအုပ်စုနှင့် ဂယ်လက်ဆီအပြွတ်အအုံများ (၁၀ဝ) ခန့်ပါဝင်ထားပြီး အချင်းအားဖြင့် ၃၃ megaparsecs (အလင်းနှစ် ၁၁၀) အကွာအဝေးရှိသည်။ ယင်းသည် လေ့လာနိုင်သော စကြဝဠာအတွင်း သိန်းချီသော Supercluster တို့ထဲကမှ တစ်ခုအပါဝင်ဖြစ်သည်။ ၂ဝ၁၄ ခုနှစ်တွင် လေ့လာသောအချက်အလက်အရ Virgo Supercluster သည် ပိုကြီးသော supercluster ဖြစ်သည့် Laniakea Supercluster ၏ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်ပြီး ယင်းသည် Great Attractor ထဲက အလယ်ဗဟိုတွင် တည်ရှိပေသည်။[၁]

နောက်ခံသမိုင်း[ပြင်ဆင်ရန်]

ဝီလီယံနှင့် ဂျွန်ဟာရှယ်တို့ ၁၈၆၃ ခုနှစ်တွင် ပထမဆုံးနှင့်အကြီးမားဆုံး နက်ဗျူလာများ နမူနာအား ပုံနှိပ်ထုတ်ဝေပြီးနောက် ဗာဂိုး ကြယ်စုတန်းတွင် နက်ဗျူလာအစုအဝေးတန်းကြီးရှိသည်ကို သိရှိခဲ့သည်။ ၁၉၅ဝ ခုနှစ်တွင် ပြင်သစ်-အာမေရိကန် နက္ခတ္တပညာရှင် Gérard Henri de Vaucouleurs ဆိုသူက စကေးကြီးမားသော ဂယ်လက်ဆီပုံစံအား ဖော်ပြခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ယင်းအား Local Supergalaxy ဟုသတ်မှတ်ပြီး ၁၉၅၈ ခုနှစ်တွင် Local Supercluster ဟု ပြန်လည်သတ်မှတ်ခဲ့သည်။[၂] (၁၉၅၉ ခုနှစ်တွင် Harlow Shapley ဆိုသူက Of Stars and Men ဟူသောစာအုပ်တွင် Metagalaxy ဟုခေါ်ရန် အဆိုပြုခဲ့သည်။[၃]) ၁၉၆၀ နှင့် ၁၉၇၀ ခုနှစ်များတွင် Local Supercluster ၏အမှန်တကယ်တည်ဆောက်ပုံလော သို့တည်းမဟုတ် ဂလက်ဆီများ၏ ချိန်ညှိမှုလောဟု အငြင်းအခုန် ဖြစ်ပွားခဲ့သည်။[၄]

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

အခြေခံ Local Supercluster တည်ဆောက်ပုံအား ၁၉၈၂ ခုနှစ်တွင် R. Brent Tully ဆိုသူမှ တင်ပြခဲ့သည်။ Local Group သည် Local Supercluster ၏ အပြင်ဘက်နားလေးတွင် တည်ရှိသည်။ Virgo Supercluster ၏ ထုထည်သည် Local Group ထက်အဆပေါင်း ၇ဝဝဝ ပိုကြီးမားကာ နဂါးငွေ့တန်း ဂယ်လက်ဆီထက် အဆပေါင်း ၁၀ဝ ဘီလီယံ ပိုကြီးမားလှသည်။

ဂယ်လက်ဆီ ပျံ့နှံ့မှု[ပြင်ဆင်ရန်]

မြေပုံ[ပြင်ဆင်ရန်]

Virgo ClusterCentaurus A/M83 GroupM81 groupMaffei GroupNGC 1023 GroupM101 groupNGC 2997 GroupCanes Venatici I GroupNGC 5033 groupUrsa Major ClusterLeo I GroupNGC 6744 GroupDorado GroupVirgo III GroupsNGC 4697Leo II GroupsNGC 7582Fornax ClusterEridanus ClusterLocal GroupSculptor Group
ဆူပါ ဂယ်လက်တိုက် ကိုအော်ဒနိတ်ထဲမှ ဗာဂိုး မဟာဂယ်လက်ဆီအုပ်စု (အသေးစိတ်သိရန် နာမည်များအား ကလစ်ပါ)
NGC 55Milky WayLarge Magellanic CloudNGC 3109Messier 31Messier 33NGC 247Circinus GalaxyNGC 5128NGC 5253NGC 5102NGC 5128 GroupIC 4662Messier 83Virgo ClusterESO 274-01NGC 1313NGC 625NGC 7793NGC 4945NGC 45NGC 253Sculptor GroupLocal GroupNGC 1569NGC 300IC 342Maffei GroupNGC 404NGC 784Maffei IMaffei IIDwingeloo 1NGC 1560Messier 81IC 2574Messier 82NGC 3077NGC 2976NGC 4605NGC 6503NGC 5204NGC 3738NGC 4236NGC 2366NGC 2403NGC 4305NGC 5023Messier 94NGC 4244NGC 4214NGC 4449NGC 4395Canes I GroupM81 Group
Supergalactic plane မှ အနီးဆုံးဂယ်လက်ဆီများ (အသေးစိတ်သိရန် နာမည်များအား ကလစ်ပါ)

ရုပ်ပုံ[ပြင်ဆင်ရန်]

အခြားကြည့်ရန်[ပြင်ဆင်ရန်]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. R. Brent Tully (2 September 2014). "The Laniakea supercluster of galaxies". Nature 513. doi:10.1038/nature13674. Bibcode2014Natur.513...71T. 
  2. cfa.harvard.edu, The Geometry of the Local Supercluster, John P. Huchra, 2007 (accessed 12-12-2008)
  3. Harlow Shapley Of Stars and Men (1959)
  4. de Vaucouleurs, G. (March 1981). "The Local Supercluster of Galaxies". Bulletin of the Astronomical Society of India 9. Bibcode1981BASI....9....1D.