မောင်မြင့်
ဦးမောင်မြင့် | |
---|---|
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | |
တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၁၆ – ၃၁ မတ် ၂၀၂၁ | |
မဲဆန္ဒနယ် | မင်းကင်းမြို့နယ် |
စက်မှု ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်သက်တမ်း ဇူလိုင် ၂၀၁၃ – ၃၀ မတ် ၂၀၁၆ | |
ဆက်ခံသူ | ခင်မောင်ချို |
အလုပ်သမား ဝန်ကြီး | |
တာဝန်သက်တမ်း စက်တင်ဘာ ၂၀၁၂ – ဇူလိုင် ၂၀၁၃ | |
ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၁ – စက်တင်ဘာ ၂၀၁၂ | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | မင်းကင်းမြို့၊ စစ်ကိုင်းတိုင်း | ၂၁ မေ၊ ၁၉၅၈
လူမျိုး | မြန်မာ |
နိုင်ငံရေးပါတီ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
ကြင်ဖော်(များ) | ဒေါက်တာ ခင်မြဝင်း |
ဦးမောင်မြင့် (၂၁ မေ ၁၉၅၈ မွေးဖွား)သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ငယ်ဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]ဦးမောင်မြင့်အား ၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့တွင် အဖ ဦးဘကြည်၊ အမိ ဒေါ်သန်းမြတို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် မင်းကင်းမြို့တွင် မွေးဖွားခဲ့သည်။ အခြေခံပညာကို အ-ထ-က(မင်းကင်း)တွင် သင်ကြား ခဲ့သည်။ ထို့နောက်တွင် မန္တလေး ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်၊ စစ်တက္ကသိုလ်၊ စစ်ဦးစီးတက္ကသိုလ်၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တို့တွင် တက်ရောက် ပညာသင်ယူခဲ့သည်။ ဦးမောင်မြင့်၏ ဇနီးမှာ ဒေါက်တာ ဒေါ်ခင်မြဝင်းဖြစ်သည်။
ထမ်းဆောင်ခဲ့သောတာဝန်များ
[ပြင်ဆင်ရန်]ဦးမောင်မြင့်ထမ်းဆောင်ခဲ့သော တာဝန်များမှာ ပဲခူးတိုင်းဒေသကြီးအခြေစိုက် အမှတ်(၇၇)ခြေမြန်တပ်မ ဌာနချုပ်တွင် တပ်မမှူးအဖြစ် လုပ်ကိုင်ခဲ့သည်။၂၀၁၀အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု၍ မင်းကင်းမြို့နယ်တွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရခဲ့သည်။ ဦးသိန်းစိန် အစိုးရလက်ထက် မတိုင်မီ၂၀၀၄ မှ ၂၀၁၁ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့ကာ ဦးသိန်းစိန်အစိုးရ တက်လာချိန်တွင်လည်း ၂၀၁၁ခုနှစ်မှ ၂၀၁၂ခုနှစ်အထိ နိုင်ငံခြားရေး ဒုဝန်ကြီးအဖြစ် ဆက်လက်လုပ်ကိုင်ခဲ့သည်။[၁] ၂၀၁၁ မှ ၂၀၁၂ အထိ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ ၂၀၁၂ မှ ၂၀၁၆ အထိ စက်မှု ဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၅အထွေထွေရွေးကောက်ပွဲ တွင်လည်း မင်းကင်းမဲဆန္ဒနယ်တွင် ၅၁.၈၃ ရာခိုင်နှုန်း ထောက်ခံမဲဖြင့် ဆက်လက်အနိုင်ရခဲ့သည်။
ရရှိခဲ့သော ဆုတံဆိပ်နှင့်ဘွဲ့များ
[ပြင်ဆင်ရန်]- ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်
- နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်
- မိုင်းရမ်း-မဲသဝေါ တိုက်ပွဲတံဆိပ်
- ရန်ငြိမ်းအေးတံဆိပ်
- စစ်မှုထမ်းကောင်းတံဆိပ်
- တပ်မတော်ဂုဏ်ဆောင်အမှုထမ်းတံဆိပ်(ဒုတိယအဆင့်)
- စစ်ပွဲတံဆိပ်(၈၈/၉၀)
- နိုင်ငံအကျိုးဆောင်တံဆိပ်
- ဝဏ္ဏကျော်ထင်ဘွဲ့
- နိုင်ငံရေးသိပ္ပံ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့
ကိုးကား
[ပြင်ဆင်ရန်]- ↑ ရွေးကောက်ပွဲကွင်းဆီ တစ်ကျော့ပြန်။ 18 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 September 2021 တွင် ပြန်စစ်ပြီး။
- ↑ ဦးမောင်မြင့်(မင်းကင်း မဲဆန္ဒနယ်)။ 22 February 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၂ ဖေဖော်ဝါရီ ၂၀၂၀ တွင် ပြန်စစ်ပြီး။