မေတ္တေယျဘုရား
အရိမေတ္တေယျဘုရားဗုဒ္ဓမြတ်စွာဘုရားသည် ဗုဒ္ဓဘာသာ၌ နောင်ပွင့်လတ္တံ့သော ဗုဒ္ဓဘုရားတစ်ဆူဖြစ်လေသည်။ ဤဘဒ္ဒကမ္ဘာတွင် ကကုသန် ဗုဒ္ဓမြတ်စွာဘုရား၊ ကောဏဂုံ ဗုဒ္ဓမြတ်စွာဘုရား၊ ကဿပ ဗုဒ္ဓမြတ်စွာဘုရား၊ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရား ဟူ၍ ဗုဒ္ဓမြတ်စွာဘုရား(၄) ဆူ ပွင့်တော်မူခဲ့ပြီး ဖြစ်သည်။ ဤဘဒ္ဒကမ္ဘာတွင် ပဉ္စမမြောက် ဗုဒ္ဓမြတ်စွာဘုရားအဖြစ် အရိမေတ္တေယျဗုဒ္ဓမြတ်စွာဘုရားသည် ပွင့်တော်မူလတ္တံ့ဖြစ်သည်။ အရိမေတ္တယျမြတ်စွာဘုရားသည် ဤဘဒ္ဒကမ္ဘာအတွင်း ငါးကြိမ်မြောက် ပွင့်တော်မူလတ္တံ့သော ဘုရားရှင်ဖြစ်သည်။
အရိမေတ္တေယျမြတ်စွာဘုရားကို အရိမေတ္တေယျ (အရိယ မေတ္တယျ) ဟု ခေါ်ကြသည်။
ဘုရားဆုကိုတောင်းခြင်း
[ပြင်ဆင်ရန်]လွန်လေပြီးသောအတိတ်က ကပ်ကမ္ဘာတစ်ခုတွင် သိရိမနတ ဘုရား ပွင့်တော်မူခဲ့သည်။ ထိုမြတ်စွာဘုရားလက်ထက်တော်တွင် မေတ္တေယျဘုရားသည် သင်္ခ မည်သော စကြဝတေးမင်း ဖြစ်ခဲ့သည်။ တစ်နေ့သောအခါ ထိုစကြဝတေးမင်းသည် သာမဏေတစ်ပါးနှင့် တွေဆုံခဲ့သည်။ ထိုသာမဏေသည် မြတ်စွာဘုရားရှင် ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံးနေတော်မူသည်ကိုလျှောက်သောအခါ သင်္ခသည် သာမဏေအား မင်းအရာကိုအပ်ပြီး ဘုရားရှိရာအရပ်သို့ သွားလေသည်။
ထိုသို့သွားသောအခါ ပင်ပန်းကြီးစွာဖြစ်၍ ထိုမြတ်စွာဘုရားထံသို့ မရောက်မည်ကို စိုးရိမ်လေ၏။ ထိုစဉ် သိရိမနတ ဘုရားသည် ဒိဗ္ဗစက္ခုဉာဏ်တော်ဖြင့် ဆင်ခြင်တော်မူသောအခါ ထိုစကြဝတေးမင်း၏အဖြစ်ကိုမြင်၍ မြတ်စွာဘုရားသည် လှည်းသမားလူအိုအသွင် ဖန်ဆင်း၍ခေါ်ဝောာ်မူခဲ့လေသည်။
ကျောင်းသို့ရောက်သော် မြတ်စွာဘုရားသည် တရားကို ဟောတော်မူလေ၏။ ထိုအခါ သင်္ခစကြဝတေးမင်းသည် မိမိ၏ဦးခေါင်းကို လက်သည်းဖြင့်ဖြတ်၍ ဘုရားဆုကို တောင်း၍ အလှူပြုပြီးနတ်ရွာစံသွားခဲ့သည်။[၁]
ဗုဒ္ဓဝင်
[ပြင်ဆင်ရန်]ကေတုမတီပြည်မှ သင်္ခစကြာမင်း၏ ပုရောဟိတ် သုဗြဟ္မာပုဏ္ဏားနှင့် ဗြဟ္မဝတီပုဏ္ဏေးမတို့၏ သားတော်ဖြစ်လတ္တံ့။
အရွယ်ရောက်သော် စန္ဒမုခီ အမည်ရှိသော မင်းသမီးနှင့် လက်ထက်ထိမ်းမြားလတ္တံ့။ သားတော်ဗြဟ္မဝဒ္ဓနတစ်ပါး ဖွားမြင်ပြီးနောက် လောကီစည်းစိမ်ကို ပယ်စွန့်ကာ ပြာသာဒ်ယာဉ်ဖြင့်တောထွက်တော်မူလတ္တံ့။
၇ ရက်ကြာမျှ ဒုက္ကရစရိယာ ကျင့်တော်မူပြီးနောက် ကံ့ကော်ဗောဓိပင်ရင်းဝယ် သဗ္ဗညုတဉာဏ်ကိုရ၍ ဘုရားဖြစ်တော်မူလတ္တံ့။ ထိုမြတ်စွာဘုရား၏ အဂ္ဂသာဝက ၂ ပါးကား အသောကမထေရ်နှင့် ဗြဟ္မဒေဝမထေရ်ဖြစ်လတ္တံ့။ အဂ္ဂသာဝိကာ ၂ ပါးကားပဒုမာထေရီနှင့် သုမနထေရီဖြစ်လတ္တံ့။ အလုပ်အကျွေးကား သီဟမထေရ် ဖြစ်လတ္တံ့။
ထိုမြတ်စွာဘုရား၏ ဉာဏ်တော် အမြင့်ကား 100 တောင် မြင့်လတ္တံ့။ သက်တော် တစ်သိန်း နေရလတ္တံ့။ ထိုမြတ်စွာဘုရား၏ သာသနာသည် အနှစ်ကိုးသိန်း တိုင်တိုင် တည်လတ္တံ့။[မှတ်စု ၁][၂]
ကိုးကား
[ပြင်ဆင်ရန်]
မှတ်စု
[ပြင်ဆင်ရန်]- ↑ အနာဂတ်တဝံသကျမ်းတွင်မူ သုံးသိန်းခြောက်သောင်းဟုဆိုထားသည်။