အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့

ဝီကီပီးဒီးယား မှ

၂၀ဝ၉ခုနှစ် နိုဝင်ဘာလ (၂) ရက်တွင် ကိုးကန့်တပ်ဖွဲ့မှ အရာရှိ (၁၅) ဦး၊ အရာခံဗိုလ်၊ ဒု-အရာခံဗိုလ်၊ တပ်ကြပ်ကြီး၊ တပ်ကြပ်၊ ဒုတပ်ကြပ် (၈ဝ) ခန့်နှင့် တပ်သား (၂ဝဝ) ခန့်ပါဝင်ပြီး နအဖတပ်ဘက်မှ အင်အား (၃ဝ) ခန့်ပါဝင်ကာ အမှတ် (၁ဝဝ၆) နယ်ခြားစောင့်တပ်ရင်းကို ဖွဲ့စည်းခဲ့သည်။

ကိုးကန့်ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် အင်အား ၃၀ဝ ကျော် ပါဝင်သော နယ်ခြားစောင့်တပ် အမှတ် ၁၀ဝ၆ တပ်ရင်းကို ၎င်းအဖွဲ့ အခြေပြုရာ တရုတ်နယ်စပ်ရှိ ကိုးကန့်အထူးဒေသ ၁ လောက်ကိုင်မြို့၌ နိုဝင်ဘာလဆန်းပိုင်းက ဖွဲ့စည်း လိုက်ခြင်းဖြစ်သည်။

နယ်ခြားစောင့်တပ်တပ်ရင်းတစ်ရင်းလျှင် နအဖစစ်တပ်မှ အုပ်ချုပ်ရေးအရာရှိ ၃ဝ ယောက် အပါအဝင် အင်အား ၃၂၆ ယောက်ဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း စောစောပိုင်းထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ယခုဖွဲ့စည်းလိုက်သည့် နယ်ခြားစောင့်တပ်ရင်းတွင် တပ်ရင်းမှူးမှာ ကိုးကန့်ဗိုလ်မှူးရန်ရှောက်ချင် ဖြစ်ပြီး စစ်သည် ၂၀ဝ ဦးခန့် အခြားအဆင့် ၈၀ ဦးခန့်နှင့် အရာရှိ ၁၅ ဦးခန့်ဖြင့် ပါဝင်ဖွဲ့စည်းထားသည်။