သုံးဆယ်ဈေးကုန်းရွာ၊ နောင်ချိုမြို့နယ်

ဝီကီပီးဒီးယား မှ
သုံးဆယ်ဈေးကုန်း
ရွာ
သုံးဆယ်ဈေးကုန်းရွာ
သုံးဆယ်ဈေးကုန်း သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
သုံးဆယ်ဈေးကုန်း
သုံးဆယ်ဈေးကုန်း
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 22°17′23″N 96°37′44″E / 22.2896709442139°N 96.6289596557617°E / 22.2896709442139; 96.6289596557617ကိုဩဒိနိတ်: 22°17′23″N 96°37′44″E / 22.2896709442139°N 96.6289596557617°E / 22.2896709442139; 96.6289596557617
နိုင်ငံ မြန်မာ
ပြည်နယ် ရှမ်း
ခရိုင်ကျောက်မဲခရိုင်
မြို့နယ်နောင်ချိုမြို့နယ်
ကျေးရွာအုပ်စုသုံးဆယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

သုံးဆယ်ဈေးကုန်းရွာ (အင်္ဂလိပ်: Thonesezaykone)သည် ရှမ်းပြည်နယ် (မြောက်)ကျောက်မဲခရိုင်နောင်ချိုမြို့နယ်သုံးဆယ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၉၆၆၂ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ သုံးဆယ်ကျေးရွာအုပ်စုတွင် ကျား ၃၅၃၃ ဦး၊ မ ၃၄၄၆ ဦး၊ လူဦးရေ စုစုပေါင်း ၆၉၇၉ ဦးနေထိုင်သည်။ [၁]

ထူးခြားထင်ရှား[ပြင်ဆင်ရန်]

ရွှေဆံဦးဘုရား နှင့် သုံးဆယ် တပေါင်းပွဲ[ပြင်ဆင်ရန်]

သီရိဓမ္မာသောက တည်သော စေတီကို မွမ်းမံပြုပြင်ခဲ့သည်ဟု ဆိုသော သုံးဆယ် ရွှေဆံဦးဘုရား သည် နောင်ချိုတွင်သာမက ရှမ်းပြည်နယ်တွင်ပါ ထင်ရှားပါသည်။ ဘုရားသာသနိက မြေမှာ များစွာ ကျယ်ဝန်းပြီး ညောင်ပင်ကြီးများ ပေါက်ရောက်လျက်ရှိပါသည်။ ယခုအခါ ဘုရားမြေကို ကျူးကျော်မှုများ ရှိပြီး ထိန်းသိမ်းရန် လိုပါသည်။ ဘုရားမြေ တချို့မှာ သုံးဆယ်တိုက်နယ်ဆေးရုံအတွင်းသို့ပါဝင်သွား၍ ၎င်း၊ မြေအချို့မှာ သုံးဆယ် ဈေးဆိုင်ခန်းများ တည်ဆောက်ကြ၍၎င်း မြေမှာ ရှေးက လောက် ကျယ်ဝန်းတော့ခြင်း မရှိပေ။ ဘုရား ကို တောင်ကုန်းငယ်တခုတွင် တည်ထားပါသည်။ ဘုရားရင်ပြင်ကို ရှေးဟောင်း လေးထောင့်အုတ်တံတိုင်းကြီးဖြင့် ကာရံထားပါသည်။ ဘုရားရင်ပြင် တွင် အလောင်းတော်ကဿပကျောင်းဆောင် ဟု အမည်ရှိသော ပါဠိကျောက်စာတိုက် နှင့် ဇရပ် ရှိပါသည်။ သုံးဆယ်ရွှေဆံဦးစေတီ ရှိ သီပေါစော်ဘွားများ ကိုးကွယ်သော ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်မှာ အင်္ဂလိပ်အစိုးရ လက်ထက်က ခိုးယူခြင်းခံခဲ့ရပြီး မိုးကုတ်မြို့ ဖောင်တော်ဦးဘုရားတွင် ပြန်လည် တွေ့ရှိကြရပါသည်။ ထိုခေတ်က သုံးဆယ် မြို့သားများ နှင့် မိုးကုတ်မြို့သားများ တရားတပေါင် ဖြစ်ကြရာ ဥပဒေရေးရာ မကျွမ်းကျင်သော သုံးဆယ်သားတို့ကို ဥပဒေပညာရှင် ငှားရမ်း ထုချေနိုင်သော မိုးကုတ်သားတို့က အနိုင်ယူပြီး ဆင်းတုတော်ကို အရယူခဲ့ကြသည်။

သုံးဆယ် တပေါင်းပွဲမှာ ရှမ်းပြည်နယ် အထင်ကရ တပေါင်းပွဲ ကိုးပွဲတွင် တစ်ပွဲအပါအဝင်ဖြစ်ခဲ့သည်။ ပွဲတော်ကို တစ်လကြာ ကျင်းပသည်။ ဇာတ်ပွဲ၊ အငြိမ့်ပွဲ၊ ကြည့်ချင်ပွဲ၊ မျက်လှည့်၊ ဆပ်ကပ်၊ ခြင်းပွဲ၊ ချား၊ ရဟတ်၊ ဈေးဆိုင်ခန်း၊ စားသောက်ဆိုင်ခန်း များဖြင့် အထူးစည်ကားသည်။ ရှေးအခါက လောင်းကစားဝိုင်းများ ထည့်သွင်းသော်လည်း ယခုအခါ ပိတ်ပင်ထားသည်။ နောင်ချို မြို့နယ်တွင် အစည်ကားဆုံး ပွဲတော် ဖြစ်သည်။

စစ်ကဲကုန်းကျောင်းတိုက်[ပြင်ဆင်ရန်]

သုံးဆယ်ဈေးကုန်းရှိ ရှေးဟောင်းကျောင်းတိုက်တစ်ခုဖြစ်သည်။ ကျောင်းတိုက်ဝန်းအတွင်း ရှေးဟောင်း သက်တမ်းရင့် ကံ့ကော်ပင်ကြီးများရှိသည်။

သုံးဆယ်စာပြန်ပွဲ[ပြင်ဆင်ရန်]

နောင်ချို လေးတိုက်နယ် အလှည့်ကျ ကျင်းပသော စာပြန်ပွဲတစ်ခုဖြစ်သည်။ နောင်ချို မြို့နယ် ဗုဒ္ဓဘာသာစာသင်တိုက်များမှ သံဃာ၊ သာမဏေ၊ သီလရှင် များ ဝင်ရောက် ဖြေဆိုသည့် ပွဲဖြစ်သည်။

သုံးဆယ်မြို့ရိုး[ပြင်ဆင်ရန်]

ရှေးမြို့ဟောင်းဖြစ်ခဲ့သော သုံးဆယ်တွင် ရှေးဟောင်း မြို့ရိုး ရှိခဲ့သည်။ မြေသား မြို့ရိုး အမျိုးအစားဖြစ်သည်။ ယခုအခါ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးယိုယွင်း ရုံသာမက မြို့ရိုးနေရာကိုပါ ကျူးကျော်၍ နေအိမ် ဆောက်လုပ် နေထိုင်မှုများ ရှိလာသည်။

သုံးဆယ်ဈေး[ပြင်ဆင်ရန်]

ငါးရက်တဈေး ဖြစ်သည်။ ဈေးနေ့များတွင် အထူးစည်ကားသည်။

ကိုလိုနီခေတ်အိမ်[ပြင်ဆင်ရန်]

အင်္ဂလိပ်ခေတ်က တိုက်နယ်သူကြီး အုပ်ချုပ် ရုံးစိုက်ခဲ့သဖြင့် ကိုလိုနီခေတ် အိမ်အချို့ ကျန်ရှိ နေသည်။

အစားအသောက်[ပြင်ဆင်ရန်]

ရှမ်းခေါက်ဆွဲ[ပြင်ဆင်ရန်]

ရွာလည်၊ ဈေး၊ လမ်းမ များရှိ ဆိုင်များတွင် ရောင်းချပါသည်။ အရသာရှိပါသည်။

အသုပ်စုံ[ပြင်ဆင်ရန်]

လမ်းမ ဆေးရုံဆိုင်ခန်းတွင် ရောင်းချပါသည်။ အရသာရှိပါသည်။

ဆန်ချို[ပြင်ဆင်ရန်]

ဆိုင်အချို့တွင် ရောင်းချပါသည်။ အရသာရှိပါသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Place codes (Pcodes)Myanmar Information Management Unit (June 2020)။