ကန်ကြီးရွာ၊ နောင်ချိုမြို့နယ်

ဝီကီပီးဒီးယား မှ
ကန်ကြီး
ရွာ
ကန်ကြီးရွာ
ကန်ကြီး သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကန်ကြီး
ကန်ကြီး
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 22°13′12″N 96°50′38″E / 22.2200298309326°N 96.8438034057617°E / 22.2200298309326; 96.8438034057617ကိုဩဒိနိတ်: 22°13′12″N 96°50′38″E / 22.2200298309326°N 96.8438034057617°E / 22.2200298309326; 96.8438034057617
နိုင်ငံ မြန်မာ
ပြည်နယ် ရှမ်း
ခရိုင်ကျောက်မဲခရိုင်
မြို့နယ်နောင်ချိုမြို့နယ်
ကျေးရွာအုပ်စုကံကြီး
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ကန်ကြီးရွာ (အင်္ဂလိပ်: Kangyi; ကံကြီး ဟုလည်း စာလုံးပေါင်း)သည် ရှမ်းပြည်နယ် (မြောက်)ကျောက်မဲခရိုင်နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၉၆၁၇ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကန်ကြီးကျေးရွာအုပ်စုတွင် ကျား ၂၂၂၄ ဦး၊ မ ၂၄၅၀ ဦး၊ လူဦးရေ စုစုပေါင်း ၄၆၇၄ ဦးနေထိုင်သည်။ မူလက ဓနုလူမျိုးများ နေထိုင်သည့်ရွာ ဖြစ်သည်။ ယခုအခါ အခြားလူမျိုးများလည်း နေထိုင်ကြသည်။ [၁]

ထင်ရှားသည့်နေရာ[ပြင်ဆင်ရန်]

ကံကြီးဈေး[ပြင်ဆင်ရန်]

ကံကြီးဈေးမှာ ရှေးဟောင်းဈေးတဈေး ဖြစ်သည်။ ငါးရက် တဈေးဖြစ် ပြီး ဈေးနေ့များတွင် အခြားရွာများမှ ဈေးသည် ဈေးဝယ် များဖြင့် အလွန်စည်ကားသည်။

ပန်းစိုက်ခင်းများ[ပြင်ဆင်ရန်]

ကံကြီးရွာသည် ပန်း မျိုးစုံ စိုက်ပျိုး တင်ပို့ ရောင်းချသည့် ရွာဖြစ်သည်။ ကံကြီး ထွက် ပန်းများကို နောင်ချို၊ ပြင်ဦးလွင်၊ မန္တလေး မြို့များသို့ တင်ပို့ ရောင်းချသည်။


ကိုးကား[ပြင်ဆင်ရန်]

  1. Place codes (Pcodes)Myanmar Information Management Unit (June 2020)။