ဆိပ်ဖူးရွာ၊ နောင်ချိုမြို့နယ်
ဆိပ်ဖူး | |
---|---|
ရွာ | |
ဆိပ်ဖူးရွာ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 22°28′28″N 96°41′37″E / 22.4745101928711°N 96.6936569213867°Eကိုဩဒိနိတ်: 22°28′28″N 96°41′37″E / 22.4745101928711°N 96.6936569213867°E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ရှမ်း |
ခရိုင် | ကျောက်မဲခရိုင် |
မြို့နယ် | နောင်ချိုမြို့နယ် |
ကျေးရွာအုပ်စု | ဆိပ်ဖူး |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ဆိပ်ဖူးရွာ (အင်္ဂလိပ်: Seikhpu)သည် ရှမ်းပြည်နယ် (မြောက်)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ဆိပ်ဖူးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၉၇၄၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဆိပ်ဖူးကျေးရွာအုပ်စုတွင် ကျား ၅၈၅ ဦး၊ မ ၅၈၀ ဦး၊ လူဦးရေ စုစုပေါင်း ၁၁၆၅ ဦးနေထိုင်သည်။ ရှမ်းလူမျိုးများ နေထိုင်သောရွာ ဖြစ်သည်။ [၁]
သမိုင်း
[ပြင်ဆင်ရန်]နယ်မြေမငြိမ်းချမ်းစဉ်က ဆိပ်ဖူးရွာကို ရွာလုံးကျွတ် ဓားပြတိုက်သည့်ရွာဟု စွတ်စွဲခံရသည်များ ရှိခဲ့ဖူးပါသည်။ အဆိုပါအချိန်များက ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်း အုမ္မခါးသစ်တော အတွင်း လမ်းဖြတ်သန်းသည့် နေရာများတွင် ဖြစ်ပွားခဲ့သော လက်သည် မပေါ်သည့် ဓားပြမှု များအတွက် အစွတ်စွဲခံခဲ့ရခြင်းဖြစ်ပါသည်။ ယခုအခါတွင် ထိုဖြစ်ရပ်များ မကြားရတော့ပါ။
ထင်ရှားသောနေရာ
[ပြင်ဆင်ရန်]ဆိပ်ဖူးရေပူစမ်း
[ပြင်ဆင်ရန်]ဆိပ်ဖူးရွာအနီးရှိ ဆိပ်ဖူးရေပူစမ်း သည် နောင်ချိုမြို့နယ်တွင် လူသိများ ထင်ရှားသည့် အပန်းဖြေနေရာ တခုဖြစ်သည်။ အထူးသဖြင့် ဆောင်းရာသီတွင် လာရောက် ရေပူစိမ် အပန်းဖြေကြသည်။ လာရောက်သူများတွင် နောင်ချိုမြို့နယ်အတွင်းမှသာ မက ရှမ်းပြည်နယ် အခြားနေရာများကိုလည်း တွေ့ရသည်။ နယ်မြေ အေးချမ်းလာပါက ခရီးသွားလုပ်ငန်း အတွက် အလွန် အလားအလာကောင်းသော ရွာဖြစ်ပါသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
ဤ ရှမ်းပြည်နယ် ပထဝီဝင်တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |