ဘန့်ဘွေးကျင်းရွာ၊ နောင်ချိုမြို့နယ်

ဝီကီပီးဒီးယား မှ
ဘန့်ဘွေးကျင်း
ရွာ
ဘန့်ဘွေးကျင်းရွာ
ဘန့်ဘွေးကျင်း ရေတံခွန်
ဘန့်ဘွေးကျင်း ရေတံခွန်
ဘန့်ဘွေးကျင်း သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဘန့်ဘွေးကျင်း
ဘန့်ဘွေးကျင်း
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 22°24′21″N 96°24′49″E / 22.4057102203369°N 96.4136428833008°E / 22.4057102203369; 96.4136428833008ကိုဩဒိနိတ်: 22°24′21″N 96°24′49″E / 22.4057102203369°N 96.4136428833008°E / 22.4057102203369; 96.4136428833008
နိုင်ငံ မြန်မာ
ပြည်နယ် ရှမ်း
ခရိုင်ကျောက်မဲခရိုင်
မြို့နယ်နောင်ချိုမြို့နယ်
ကျေးရွာအုပ်စုဘန့်ဘွေးကျင်း
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ဘန့်ဘွေးကျင်းရွာ (အင်္ဂလိပ်: Bantbwaykyin)သည် ရှမ်းပြည်နယ် (မြောက်)ကျောက်မဲခရိုင်နောင်ချိုမြို့နယ်ဘန့်ဘွေးကျင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၉၇၇၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဘန့်ဘွေးကျင်းကျေးရွာအုပ်စုတွင် ကျား ၉၈၆ ဦး၊ မ ၉၀၈ ဦး၊ လူဦးရေ စုစုပေါင်း ၁၈၉၄ ဦးနေထိုင်သည်။ [၁]

ဘန့်ဘွေးကျင်းရွာတွင် ဗမာ လူမျိုးများ နေထိုင်သည်။ ဆည်တော်ကြီးဆည် တည်ဆောက် ခဲ့စဉ်က ရေမြုပ် သွားသော ကျေးရွာများမှ နေစရာ အဆင်မပြေသူ နှင့် လုပ်ကိုင်စားသောက်ရန် မြေနေရာ အဆင်မပြေသူများ လာရောက် အခြေချ နေထိုင်ရာမှ တရားဝင် ရွာဖြစ်လာခြင်း ဖြစ်သည်ဟု ရွာ သက်ကြီးရွယ်အိုများ ပြောပြချက်အရ သိရသည်။

ထင်ရှားသည့်နေရာ[ပြင်ဆင်ရန်]

ဘန့်ဘွေးကျင်းရွာ အနီး သစ်တောဦးစီးဌာန ကိုင်းကြီးကြိုးဝိုင်း အတွင်းရှိ ဘန့်ဘွေးကျင်းရေတံခွန်မှာ မြန်မာနိုင်ငံတဝန်း လူသိများ ထင်ရှားပြီး ခရီးသွား နေရာတခုဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Place codes (Pcodes)Myanmar Information Management Unit (June 2020)။