သစ်လင်းအုန်း
ဝဏ္ဏကျော်ထင် ဦး သစ်လင်းအုန်း | |
|---|---|
| ကာဇက်စတန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၂၂ ဖေဖော်ဝါရီ ၂၀၂၅ | |
| ခန့်အပ်သူ | မင်းအောင်လှိုင် |
| ဘီလာရုဇ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၁၄ စက်တင်ဘာ ၂၀၂၄ | |
| ခန့်အပ်သူ | မင်းအောင်လှိုင် |
| ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၁၇ ဒီဇင်ဘာ ၂၀၂၃ | |
| ခန့်အပ်သူ | မင်းအောင်လှိုင် |
| ယခင်လူ | ဦးလွင်ဦး |
| ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၂၁ ဩဂုတ် ၂၀၁၉ | |
| ခန့်အပ်သူ | နိုင်ငံတော်သမ္မတဦးဝင်းမြင့် |
| ဆက်ခံသူ | ဦးကျော်စိုးမင်း[၁] |
| တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး | |
| တာဝန်သက်တမ်း ၂၄ မေ ၂၀၁၄ – ၁၀ ဩဂုတ် ၂၀၁၉ | |
| ခန့်အပ်သူ | နိုင်ငံတော်သမ္မတဦးသိန်းစိန် |
| ယခင်လူ | ဦးတင်ဦး |
| ဆက်ခံသူ | ဦးမျိုးသန့်ဖေ |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၁၇ မေ၊ ၁၉၆၂[၂] |
| လူမျိုး | မြန်မာ |
| မိခင်ကျောင်း | စစ်တက္ကသိုလ် အမှတ်စဉ်(၂၅) |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | |
| အမှုထမ်းကာလ | ၁၉၈၂-၂၀၁၄ |
| ရာထူး | ဗိုလ်မှူးချုပ် |
ဦးသစ်လင်းအုန်း(၁၉၆၂ ဖွား) သည် မြန်မာသံအမတ်ကြီးတစ်ဦး ဖြစ်သည်။[၃] [၄] သူသည် စစ်မှုထမ်းအဖြစ်မှ သံအမတ်ကြီး အဖြစ်သို့ ကူးပြောင်းလာသူ ဖြစ်သည်။ ယင်းမတိုင်မီက သူသည် တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် နောက်ဆုံး တာဝန်ထမ်းသည်။
တပ်မတော်သားဘဝ
[ပြင်ဆင်ရန်]သူသည် စစ်တက္ကသိုလ် အပါတ်စဉ်(၂၅) ဆင်း ဖြစ်သည်။တပ်မတော် တွင် နှစ် ၃၀ နီးပါး စစ်မှုထမ်းသည်။ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး အဖြစ် မှ အငြိမ်းယူပြီး နိုင်ငံခြားရေးဝန်ကြီးဌာန သို့ ကူးပြောင်းလာသည်။
သံအမတ်ကြီးဘဝ
[ပြင်ဆင်ရန်]သူ့ကို သမ္မတဦးသိန်းစိန် က ၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံဆိုင်ရာအထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော မြန်မာသံအမတ်ကြီး အဖြစ် ခန့်အပ်သည်။ ၂၀၁၄ခုနှစ် မေလ ၂၄ ရက်နေ့ မှ ၂၀၁၉ ခုနှစ် ဩဂုတ် ၁၀ ရက်နေ့ အထိ တရုတ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းသည်။[၅] [၆]
ယင်းနောက် သူသည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပြောင်းရွှေ့သည်။သမ္မတဦးဝင်းမြင့်က ထိုတာဝန်ကို အပ်နှင်းသည်။ ၂၀၁၉ ခုနှစ် ဩဂုတ် ၂၁ ရက်နေ့တွင် ဖနောင်ပင်မြို့ရှိ ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီထံ သံအမတ်ခန့်အပ်လွှာ ပေးအပ်ခဲ့ပြီး သံအမတ်ကြီးအဖြစ် တာဝန်ထမ်းသည်။[၇]
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ကမ္ဘာဒီးယားနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးသစ်လင်းအုန်း အား ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်သည်။[၈][၉]
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမင်းအောင်လှိုင်သည် ဦးသစ်လင်းအုန်းအား ၎င်း၏ လက်ရှိတာဝန်ဝတ္တရားများအပြင် ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်လိုက်သည်။[၁၀]
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်း ခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးသစ်လင်းအုန်းအား ၎င်း၏ လက်ရှိတာဝန်ဝတ္တရားများအပြင် ကာဇက်စတန်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်လိုက်သည်။ [၁၁]
ထင်ရှားဖြစ်ရပ်
[ပြင်ဆင်ရန်]၂၀၁၅ကိုးကန့်တိုက်ပွဲ အတွင်း တပ်မတော်ဘက်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် တရုတ်နိုင်ငံဘက်သို့ ကျရောက်ပေါက်ကွဲကာ ၄ဦးသေ၊၉ ဦးဒဏ်ရာရခဲ့သည့် ဖြစ်ရပ်အား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် သံတမန်အရ ဖြေရှင်းပေးခဲ့ရသည်။ [၁၂] [၁၃]
ရရှိခဲ့သော ဘွဲ့ထူး
[ပြင်ဆင်ရန်]၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၎င်းအား ဝဏ္ဏကျော်ထင်ဘွဲ့ အပ်နှင်းသည်။[၁၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဦးကျော်စိုးမင်းအား ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်။ MOI Myanmar (၁၃ ဇန်နဝါရီ ၂၀၂၄)။ ၅ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံခြားရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ (၃၁၂/၂၀၂၄) လက်ရှိရာထူးနေရာတွင် တစ်နှစ်ဆက်လက်ခန့်ထားခြင်း။ ၂၀၂၄ ခုနှစ်၊ မေလ ၂၄ ရက်ထုတ် အတွဲ (၇၇)၊ အမှတ် (၂၁) ပြန်တမ်းစာစောင် (၁၂ ဧပြီ ၂၀၂၄)။ ၂၈ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ Myanmar ambassador: Youth exchange carries on Myanmar-China friendship။ China.org.cn (31 May 2017)။ 18 December 2023 တွင် ပြန်စစ်ပြီး။
- ↑ H.E. Deputy Prime Minister Prak Sokhonn received a courtesy call from H.E. U Thit Linn Ohn, newly-appointed Ambassador of Myanmar to Cambodia။ Kingdom of Cambodia Ministry of Foreign Affairs& International Cooperation (3 Octomber 2019)။ 18 December 2023 တွင် ပြန်စစ်ပြီး။
- ↑ [http://www.china.org.cn/china/2017-05/31/content_40931339.htm Myanmar Ambassador Thit Linn Ohn]။ China.org.cn (31 May 2017)။ 18 December 2023 တွင် ပြန်စစ်ပြီး။
- ↑ The Myanmar Ambassador in Beijing။ Embassy of the Repulic of the Union of Myanmar Beijing,China။ 18 December 2023 တွင် ပြန်စစ်ပြီး။
- ↑ သံအမတ်ကြီး ဦးသစ်လင်းအုန်း ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ်ထံ ခန့်အပ်လွှာပေးအပ်။ MYANMAR NATIONAL PORTAL (၂၆ ဩဂုတ် ၂၀၁၉)။ ၁၈ ဒီဇင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဦးသစ်လင်းအုန်းအား ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ ခန့်အပ်။ MOI Myanmar (၁၇ ဒီဇင်ဘာ ၂၀၂၃)။ ၁၈ ဒီဇင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဦးသစ်လင်းအုန်း အား ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်။ MOFA။ 2025-7-4 တွင် ပြန်စစ်ပြီး။
- ↑ သံအမတ်ကြီး ဦးသစ်လင်းအုန်းအား ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ် (၁၄-၉-၂၀၂၄ ရက်)။ နိုင်ငံခြားရေးဝန်ကြီးဌာန။ ၂၀၂၅-၇-၄ တွင် ပြန်စစ်ပြီး။
- ↑ သံအမတ်ကြီး ဦးသစ်လင်းအုန်းအား ကာဇက်စတန်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ် (၂၂-၂-၂၀၂၅ရက်)။ နိုင်ငံခြားရေးဝန်ကြီးဌာန။ ၂၀၂၅-၇-၃ တွင် ပြန်စစ်ပြီး။
- ↑ တရုတ်ဘက် ကျတဲ့ ဗုံးကိစ္စ မြန်မာသံအမတ်ကို ဆင့်ခေါ်ပြောကြား။ VOA Burmese (၁၄ မတ် ၂၀၁၅)။ ၁၈ ဒီဇင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ China protests over 'deadly Myanmar border raid'။ BBC News (12 March 2015)။ 18 December 2023 တွင် ပြန်စစ်ပြီး။
- ↑ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း၊အမိန့်ကြော်ငြာစာအမှတ် ၂၁၁ / ၂၀၂၂၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ဝဏ္ဏကျော်ထင်ဘွဲ့။ MWD Webportal (၁၇ နိုဝင်ဘာ ၂၀၂၂)။ ၁၈ ဒီဇင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။