မြန်မာ့ရုပ်ရှင်ထူးချွန်ဆု


| မြန်မာ့ရုပ်ရှင်ထူးချွန်ဆု | |
|---|---|
အကယ်ဒမီရွှေစင်ရုပ်တု နမူနာပုံ | |
| ဖော်ပြချက်အကျဉ်း | မြန်မာ့ရုပ်ရှင်လုပ်ငန်းဆိုင်ရာ ထူးချွန်ဆု |
| နိုင်ငံ | |
| ဆုတံဆိပ်ပေးအပ်သူ | မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး |
| လက်ခံကျင်းပသူ | မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး |
| လက်ရှိချီးမြှင့်ခံထားရသူ | ဇယားတွင် ရှု့ |
| ဆုအများဆုံးချီးမြှင့်ခံထားရသူ | ညွန့်ဝင်း |
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေးအတွက်နှစ်စဉ်ချီးမြှင့်သော ရုပ်ရှင်ထူးချွန်ဆုဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]မြန်မာနိုင်ငံတွင် ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းသည် ၁၉၂၀ ပြည့်နှစ်တွင် ပေါ်ထွန်းလာခဲ့ပြီး ပထမဆုံး အကယ်ဒမီ ထူးချွန်ဆုပေးအပ်သည့် ခုနှစ်မှာ ၁၉၅၂-ခုနှစ် ဖြစ်သည်။
ပထမဆုံးအကြိမ်ဖြစ်သည့် ၁၉၅၂ အတွက် အကယ်ဒမီဆုပေးပွဲကို ရန်ကုန်မြို့၊ မြို့တော်ခန်းမတွင် ၁၉၅၃ မတ်လ ၇ ရက်နေ့ နေ့လယ်ပိုင်းတွင် ကျင်းပခဲ့သည်။ [၁]
၁၉၅၂-ခုနှစ်နှင့် ၁၉၅၃-ခုနှစ်တို့တွင် ဇာတ်ကားဆု (၃)ဆု၊ ပညာသည်ဆု (၂)ဆုဖြင့် စုစုပေါင်း ထူးချွန်ဆု(၅)ဆု ချီးမြှင့်ခဲ့သည်။
- ပထမအကောင်းဆုံးဇာတ်ကားဆု - (ရွှေကိန္နရီရုပ်)
- ဒုတိယအကောင်းဆုံးဇာတ်ကားဆု - (ငွေဒေါင်းရုပ်)
- တတိယအကောင်းဆုံးဇာတ်ကားဆု - (ကြေးခြင်္သေ့ရုပ်)
- အကောင်းဆုံးအမျိုးသားပညာသည်ဆု - (ရွှေရင်ထိုး)
- အကောင်းဆုံးအမျိုးသမီးပညာသည်ဆု - (ရွှေရင်ထိုး)
၁၉၅၂-ခုနှစ်တွင် ပထမဆုံးအကြိမ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ဗြိတိသျှဘားမားရုပ်ရှင် ဒါရိုက်တာရွှေဒုံးဘီအောင်၏ ‘မာလာရီ’ ဇာတ်ကား၌ အကောင်ဆုံးသရုပ်ဆောင်ထားသော ကျော်ဝင်း မှာ ပထမဆုံးအမျိုးသား ဇာတ်ဆောင်ဆု ကိုရရှိခဲ့သည်။
မြန်မာနိုင်ငံတွင် ပထမဆုံး ဆုချီးမြှင့်ခြင်း ခံရသည့် ဇာတ်ကားမှာ အေဝမ်းဖလင်မှ ဒါရိုက်တာမောင်တင်မောင် ရိုက်ကူးသော ‘ချစ်သက်ဝေ’ ဇာတ်ကားဖြစ်သည်။ အဆိုပါဇာတ်ကားတွင် သရုပ်ဆောင်ကြည်ကြည်ဌေးမှာ မြန်မာ့ပထမဆုံး အမျိုးသမီးထူးချွန်ဆုကို ရရှိခဲ့သည်။
၁၉၅၄-ခုနှစ်တွင် ပထမဆုံးချီးမြှင့်သော ဒါရိုက်တာထူးချွန်ဆုကို ‘ဩော်မိန်းမ’ ဇာတ်ကားရိုက်ကူးသူ ဦးသုခမှ ရရှိခဲ့သည်။ အဆိုပါဇာတ်ကားဖြင့်ပင် ဦးသုခသည် အကောင်းဆုံးဇာတ်ကားဆု (ဒုတိယ) ကိုရရှိခဲ့သည်။
၁၉၅၅-ခုနှစ်တွင် ဇာတ်ကားထူးချွန်ဆုကို ပထမ၊ ဒုတိယ၊ တတိယ မခွဲတော့ဘဲ အကောင်းဆုံး ဇာတ်ကားဆု တစ်ဆုတည်းကိုသာ ချီးမြှင့်ခဲ့သည်။ အမျိုးသားပညာသည်ဆု၊ အမျိုးသမီးပညာသည်ဆု၊ ဒါရိုက်တာဆုများကို ပေးအပ်နေခြင်းဖြစ်ရာ အထူးဆုအနေဖြင့် ဝင်းမာမှ ‘ဖိုးပြုံးချို’ ဇာတ်ကားဖြင့် ၁၉၅၅-ခုနှစ်တွင် ပထမဆုံးချီးမြှင့်ခြင်း ခံရပြန်သည်။
၁၉၅၆-ခုနှစ်တွင် အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုအဖြစ် ထပ်တိုးချီးမြှင့်ခဲ့ပြီး ဦးချစ်ဖွယ်မှ ‘လွမ်းငွေ့တဝေဝေ’ ဇာတ်ကားဖြင့် ရရှိခဲ့သည်။
၁၉၆၂-ခုနှစ်တွင် ထူးထူးခြားခြားစတင်ပေးအပ်ခဲ့သည့် ဆုမှာ ဇာတ်ပို့ဆုဖြစ်သည်။ ဇာတ်တစ်ခုလုံးကို အထမြောက်အောင် ပို့ပေးရသော သရုပ်ဆောင်များအဖြစ် ဦးကျောက်လုံး နှင့် ဒေါ်မေနွဲ့ တို့မှ ‘အတွေ့’ ဇာတ်ကားကြီးဖြင့် အကောင်းဆုံး ဇာတ်ပို့ဆုများ အဦးဆုံး ရရှိခဲ့ကြသည်။
မှတ်မှတ်ရရ ရုပ်ရှင်သမိုင်းတွင် ချန်လှပ်ထားမရသော သရုပ်ဆောင်မှာ ဝင်းမာ ဖြစ်သည်။ ဝင်းမာသည် ၁၉၅၅-ခုနှစ်တွင် ‘ဖိုးပြုံးချို’ ဇာတ်ကားဖြင့် ပထမဆုံး အထူးဆု (ကလေးသရုပ်ဆောင်ဆု) ကိုရရှိခဲ့သည်။
၁၉၉၁-ခုနှစ်တွင် ရွှေကိန္နရီရွှေစင်ရုပ်ဆု အပြင် ငွေသားနှစ်သောင်းကို ချီးမြှင့်ခဲ့သည်။ ဇာတ်ကားတစ်ကားတွင် အများဆုံး အထောက်အပံ့ ပေးနိုင်သော ဆုတစ်ဆုရှိသည်။ ထိုဆုမှာ ပရိသတ် ကို ငိုအောင် ရီအောင်၊ ရင်ခုန်လှုပ်ရှားမှုကို သရုပ်ဖော်သည့် တေးဂီတဆုဖြစ်သည်။ အဆိုပါဆုကို မြန်မာ့နိုင်ငံ၏ ဂီတဖခင်ကြီး တစ်ဦးဖြစ်သည့် ဂီတလုလင်မောင်ကိုကို မှ ၁၉၉၁-ခုနှစ်တွင် ‘ မယ်သီတာလို မိန်းကလေး’ ဇာတ်ကားဖြင့် ပထမဆုံး ရရှိခဲ့သည်။

၁၉၉၃-ခုနှစ်တွင် ငွေသားနှစ်သောင်းကို ချီးမြှင့်ခြင်း မပြုတော့ဘဲ ရွှေကိန္နရီရုပ်တွင် တပ်ဆင်သော ငွေကြယ်အစား ရွှေသားအစစ်ဖြင့် ပြုလုပ်ထားသော ရွှေကြယ်ကို တပ်ဆင်ချီးမြှင့်ခဲ့သည်။
ရှားရှားပါးပါး ပရိသတ်သတိမထားနိုင်သည့် ပညာသည်ဆုတစ်ဆုကို ၁၉၉၄-ခုနှစ်တွင် ရုပ်ရှင်သမိုင်း၌ ထပ်တိုးချီးမြှင့် ခဲ့သေးသည်။ ထိုဆုမှာ ရုပ်ရှင်အသံဆုဖြစ်သည်။ ပထမဆုံးရုပ်ရှင် အသံဆုကို ဦးခင်ဦးမှ ‘သရဖူ’ဇာတ်ကားဖြင့် ရရှိခဲ့သည်။
ဇာတ်ကားတစ်ကားလုံး အကောင်းဆုံးကြည့်ရှုနိုင်အောင် အပြတ်အတောက်မရှိအောင် စွမ်းဆောင်ပေးနေသော သူများမှာ ရုပ်ရှင်ဇာတ်ကားတည်းဖြတ်သူများဖြစ်သည်။ ရုပ်ရှင်ဇာတ်ကားတစ်ကား၏ အဆင့်အတန်းကို ဖော်ပြနေသော တည်းဖြတ် ဆုကို ၁၉၉၇-ခုနှစ်တွင် ချီးမြှင့်ခဲ့ပြီး ဦးမြင့်ခိုင်(မော်ကွန်းရုပ်ရှင်)မှ ‘သူ့ကျွန်မခံပြီ’ ဇာတ်ကားဖြင့် ပထမဆုံးရရှိခဲ့သည်။
ရုပ်ရှင်ထူးချွန်ဆုကျင်းပခဲ့သည့်နေရာများ
[ပြင်ဆင်ရန်]၁၉၅၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားများကို မြို့တော်ခန်းမ၊ ရန်ကုန်မြို့ ဝိဇယရုပ်ရှင်ရုံ၊ ရုပ်ရှင်မြှင့်တင်ရေး၊ နတ်မောက်လမ်း၊ စက်မှု လက်မှု အထက်တန်းကျောင်း၊ ဝင်္ကဘာလမ်း ရုပ်ရှင်ပြဇာတ်အစည်းအရုံး၊ ရွှေတိဂုံဘုရားလမ်း ဂျူးဗလီဟောဝင်း၊ မြန်မာ့အသံမြက်ခင်းပြင်နှင့် ယဉ်ကျေးမှုလဟာပြင်ကဇာတ်ရုံတို့တွင် လည်းကောင်း၊ ၁၉၈၉ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ''နဝဒေး" ရုပ်ရှင်ရုံ၊ အမျိုးသားကဇာတ်ရုံ၊ သုဝဏ္ဏအားကစားပြိုင်ပွဲရုံတို့တွင်လည်းကောင်းကျင်းပခဲ့ပြီး ၂၀၀၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားမှစတင်၍ နေပြည်တော်မြို့တော်ခန်းမလဟာပြင်ကဇာတ်ရုံ၌ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားများကို ကျင်းပခဲ့ပြီး ၂၀၁၁ ခုနှစ်အတွက် ချီးမြှင့် သည့် ထူးချွန်ဆုရွေးချယ်ပွဲကို ရန်ကုန်မြို့၊ သု၀ဏ္ဏအားကစားရုံတွင် ပြန်လည်ကျင်းပခဲ့သည်။ ၂၀၁၆ခုနှစ်အတွက်ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ရန်ကုန်မြို့၊ပြည်သူ့ရင်ပြင်၌ကျင်းပခဲ့သည်။
ဆုအမျိုးအစားများ
[ပြင်ဆင်ရန်]မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ပေးအပ်ချီးမြှင့်သည့် ဆုအမျိုးအစားစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။
| စဉ် | ဆုအမည် | စတင်ချီးမြှင့်သည့် ခုနှစ် | ပထမဆုံးရရှိသူ | ဇာတ်ကား |
|---|---|---|---|---|
| ၁။ | ရုပ်ရှင်ဇာတ်ကားဆု | ၁၉၅၂ | - အေဝမ်း ရုပ်ရှင်ထုတ်လုပ်ရေး (ပထမဆု)
- အောင်ဇေယျရုပ်ရှင်ထုတ်လုပ်ရေး (ဒုတိယဆု) - ဗြိတိသျှဘားမားရုပ်ရှင်ထုတ်လုပ်ရေး (တတိယဆု) |
- ချစ်သက်ဝေ (ပထမဆု)
- မယားနဲ့ လူပျို (ဒုတိယဆု) - ချစ်၍ ခေါ်ရာ (တတိယဆု) |
| ၂။ | ရုပ်ရှင်ဒါရိုက်တာဆု | ၁၉၅၄ | သုခ | ဩော် မိန်းမ |
| ၃။ | အမျိုးသားဇာတ်ဆောင်ဆု | ၁၉၅၂ | ကျော်ဝင်း | မာလာရီ |
| ၄။ | အမျိုးသမီးဇာတ်ဆောင်ဆု | ၁၉၅၂ | ကြည်ကြည်ဌေး | ချစ်သက်ဝေ |
| ၅။ | အမျိုးသားဇာတ်ပို့ဆု | ၁၉၆၂ | ဦးကျောက်လုံး | အတွေ့ |
| ၆။ | အမျိုးသမီးဇာတ်ပို့ဆု | ၁၉၆၂ | မေနွဲ့ | ရွှေရင်သိမ်းသစ် |
| ၇။ | ရုပ်ရှင်ဓာတ်ပုံဆု | ၁၉၅၆ | ချစ်ဖွယ် | လွမ်းငွေ့တဝေဝေ |
| ၈။ | ရုပ်ရှင်တေးဂီတဆု | ၁၉၉၁ | ဂီတလုလင်မောင်ကိုကို | မယ်သီတာလို မိန်းကလေး |
| ၉။ | ရုပ်ရှင်အသံဆု | ၁၉၉၄ | ဦးခင်ဦး | သရဖူ |
| ၁၀။ | ရုပ်ရှင်ဇာတ်ညွှန်းဆု | ၁၉၉၅ | အောင်ကျည်ထွဏ်း | တိုက်ပွဲခေါ်သံ |
| ၁၁။ | ရုပ်ရှင်တည်းဖြတ်ဆု | ၁၉၉၇ | ဦးမြင့်ခိုင် | သူ့ကျွန်မခံပြီ |
| ၁၂။ | အထူးဆု | ၁၉၅၅ | ဝင်းမာ | ဖိုးပြုံးချို |
အထူးဆု ရရှိခဲ့သူများ
[ပြင်ဆင်ရန်]| ခုနှစ် | ဆုရရှိသူ | ဇာတ်ကား | မှတ်ချက် |
|---|---|---|---|
| ၁၉၅၅ | ဝင်းမာ | ဖိုးပြုံးချို | ကလေးသရုပ်ဆောင်ဆု |
| ၁၉၇၈ | အင်္ဂလန်စိန် (ငြိမ်းငြိမ်းအိ) | မေတ္တာရှင်မလေး ငြိမ်းငြိမ်းအိ | ကလေးသရုပ်ဆောင်ဆု |
| ၁၉၇၇ | အောင်ထွန်းလေး | အဖေတစ်ခု သားတစ်ခု | ကလေးသရုပ်ဆောင်ဆု |
| ၁၉၉၉ | အိဖြူစိုး | ရင်ထဲက ဆောင်းရာသီ | ကလေးသရုပ်ဆောင်ဆု |
| ၂၀၁၂ | ယွန်းယွန်း | တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ | ကလေးသရုပ်ဆောင်ဆု |
| ၂၀၁၆ | မွန်းမြန်မာ မီဒီယာ | မနောမြေမှ ကျောက်စိမ်းကမ္ဘာ | ဇာတ်ကားဆု |
| ၂၀၂၅ | လုံလုံ(လင်္ကာဒီပ) | နှောင် | မိတ်ကပ်ဖန်တီးမှုဆု |
ဆု အများဆုံး ရရှိသူများ
[ပြင်ဆင်ရန်]ထူးချွန်ဆု (၄) ဆုနှင့် အထက် ရရှိခဲ့သော ရုပ်ရှင်ဇာတ်ကားများ
[ပြင်ဆင်ရန်]| ဇာတ်ကားအမည် | ရုံတင်ပြသခဲ့သည့် ခုနှစ် | ရရှိခဲ့သည့် ဆုအရေအတွက် | မှတ်ချက် |
|---|---|---|---|
| ထာဝရအလင်းတန်းများ | ၂၀၁၁ | ၈ | |
| ငါ သူတစ်ပါး ယောက်ျား မိန်းမ | ၂၀၀၂ | ၇ | |
| အမေ့နို့ဖိုး | ၂၀၀၃ | ၇ | |
| လျှို့ဝှက်သောနှင်း | ၂၀၀၄ | ၇ | |
| ဆန်ရေ | ၂၀၀၂ | ၅ | |
| တိုက်ပွဲခေါ်သံ | ၁၉၉၅ | ၅ | |
| မြင့်မြတ်နှလုံးသား | ၁၉၉၇ | ၅ | ရုပ်ရှင်ဇာတ်ကားဆု ရရှိခဲ့ခြင်း မရှိပါ။ |
| နှလုံးလှလူမိုက် | ၂၀၀၁ | ၅ | |
| ပင်လယ်ထက်က နေဝန်းနီ | ၂၀၁၀ | ၅ | ရုပ်ရှင်ဇာတ်ကားဆု ရရှိခဲ့ခြင်း မရှိပါ။ |
| ကိုးဆယ်ဆသာလိမ့်မယ် | ၂၀၀၇ | ၅ | |
| ကောင်းကျိုးကိုယ်၌ တည်စေမင်း | ၂၀၁၄ | ၅ | |
| ရွှေချည် ငွေချည် တန်းပါလို့ | ၁၉၇၅ | ၄ | |
| တစ်ခါက တစ်ဘဝ | ၁၉၇၈ | ၄ | |
| သီတာခုနစ်တန် | ၁၉၉၃ | ၄ | |
| တစ်ပြည်သူ မရွှေထား | ၁၉၉၄ | ၄ | |
| ပန်းသခင် | ၁၉၉၆ | ၄ | |
| သူ့ကျွန်မခံပြီ | ၁၉၉၇ | ၄ | |
| ငရဲသား | ၂၀၀၀ | ၄ | |
| ကျန်စစ်မင်း | ၂၀၀၅ | ၄ | |
| ဆဋ္ဌဂံ | ၂၀၀၅ | ၄ | ရုပ်ရှင်ဇာတ်ကားဆု ရရှိခဲ့ခြင်း မရှိပါ။ |
| မျှော်လင့်ခြင်းများစွာ | ၂၀၀၆ | ၄ | |
| အများနှင့် မသက်ဆိုင်သောသူ | ၂၀၀၈ | ၄ | |
| ရွှေကြာ | ၂၀၁၈ | ၄ | |
| မုန်းစွဲ | ၂၀၁၈ | ၄ | ရုပ်ရှင်ဇာတ်ကားဆု ရရှိခဲ့ခြင်း မရှိပါ။ |
| ပိတောက်ကတဲ့ဂီတ | ၂၀၂၀ | ၄ |
ထူးချွန်ဆု (၅) ဆုနှင့် အထက် ရရှိခဲ့သည့် အနုပညာရှင်၊ အတတ်ပညာရှင်များ
[ပြင်ဆင်ရန်]| အမည် | ကျွမ်းကျင်မှုနယ်ပယ် | ဆုအရေအတွက် | ဆုအမျိုးအစား | ဆုများ |
|---|---|---|---|---|
| ညွန့်ဝင်း | သရုပ်ဆောင် | ၈ | အမျိုးသားဇာတ်ဆောင်ဆု၊
အမျိုးသားဇာတ်ပို့ဆု၊ တစ်သက်တာဆု |
ဇာတ်ဆောင်ဆု (၃) ဆု
- ဗန်တိုလူလေးနှင့် သူဇာ (၁၉၆၈) - ချစ်သူဝိုင်းဝိုင်းလည် (၁၉၇၁) - တတိယအရွယ်၏ ဒုတိယဝေဒနာ (၁၉၈၃) ဇာတ်ပို့ဆု (၄) ဆု - သီတာခုနစ်တန် (၁၉၉၃) - သူ့ကျွန်မခံပြီ (၁၉၉၇) - ဆန်ရေ (၂၀၀၂) - လျှို့ဝှက်သော နှင်း (၂၀၀၇) |
| ဦးသုခ | ဒါရိုက်တာ | ၆ | ရုပ်ရှင်ဒါရိုက်တာဆု | - ဩော် မိန်းမ (၁၉၅၄)
- ဘဝသံသရာ (၁၉၅၆) - စကားပြောသော အသည်းနှလုံး (၁၉၆၈) - ကျွန်မမှာ မိန်းမသား (၁၉၇၀) - ဘယ်သူပြိုင်လို့ လှပါတော့နိုင် (၁၉၇၃) - ရွှေခြည် ငွေခြည် တန်းပါလို့ (၁၉၇၅) |
| ရန်အောင် | သရုပ်ဆောင် | ၇ | အမျိုးသားဇာတ်ဆောင်ဆု | - မယ်သီတာလို မိန်းကလေး (၁၉၉၁)
- ပုဂံမှာ သာတဲ့လ (၁၉၉၅) - အလင်းဖျော့ ကောင်းကင် (၁၉၉၆) - ညမင်းသား (၁၉၉၈) - မောဟမျဉ်းပြိုင်များ (၂၀၀၀) - ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်း သိက္ခာ (၂၀၀၆) -စောင်နီလေးတစ်ထည် (၂၀၂၄) |
| သန်းညွန့် (ပန်းသာ) | ဓာတ်ပုံပညာရှင် | ၆ | ရုပ်ရှင်ဓာတ်ပုံဆု | - မြစ်တို့၏ မာယာ (၁၉၉၃)
- ပုဂံမှာ သာတဲ့လ (၁၉၉၅) - ညမင်းသား (၁၉၉၈) - မောင့်မူပိုင်ရှင် (၂၀၀၀) - ပန်းပျိုးသူတို့ အလင်္ကာ (၂၀၀၆) - ကြိုးတန်း (၂၀၀၈) |
| ဇော်မင်း (ဟံသာမြေ) | တည်းဖြတ်ပညာရှင် | ၆ | ရုပ်ရှင်တည်းဖြတ်ဆု | - ငါ သူတစ်ပါး ယောက်ျား မိန်းမ (၂၀၀၂)
- လျှို့ဝှက်သောနှင်း (၂၀၀၄) - မျှော်လင့်ခြင်းများစွာ (၂၀၀၆) - ကျောက်စက်ရေ (၂၀၀၉) - ဉ (၂၀၁၂) - ချစ်စံအိမ် ၂၀၂၈ (၂၀၁၅) |
| မြင့်မြင့်ခင် | သရုပ်ဆောင် | ၆ | အမျိုးသမီးဇာတ်ဆောင်ဆု၊
အမျိုးသမီးဇာတ်ပို့ဆု၊ ရုပ်ရှင်တစ်သက်တာဆု |
ဇာတ်ဆောင်ဆု (၃) ဆု
- ချစ်ညီမ (၁၉၅၇) - ဖြေလျှော့ခွေ (၁၉၅၈) - မုန်းပါတယ်မောင့်ကို (၁၉၇၃) ဇာတ်ပို့ဆု (၂) ဆု - မှတစ်ပါး အခြားမရှိပြီ (၁၉၈၀) - မြင်းမိုရ်တောင်ဦး မကကျူးသား (၁၉၉၆) ရုပ်ရှင်တစ်သက်တာဆု (၂၀၁၈) |
| ကျော်ဟိန်း | သရုပ်ဆောင်၊ ဒါရိုက်တာ | ၅ | အမျိုးသားဇာတ်ဆောင်ဆု၊ အမျိုးသားဇာတ်ပို့ဆု | ဇာတ်ဆောင်ဆု (၄) ဆု
- အကာက အချစ်၊ အနှစ်က မေတ္တာ (၁၉၇၉) - မွန်းတည့်ချိန်တွင် နေဝင်သည် (၁၉၈၂) - ပန်းမြိုင်လယ်က ဉယျာဉ်မှူး (၁၉၈၉) - နေက မွေးတဲ့ လ (၂၀၀၃) ဇာတ်ပို့ဆု (၁) ဆု - ဝေလည်းမွှေး ကြွေလည်းမွှေး (၁၉၉၄) |
| မောင်တင်ဦး | ဒါရိုက်တာ | ၅ | ရုပ်ရှင်ဒါရိုက်တာဆု | - နေထွက်သော ည (၁၉၇၂)
- တစ်ခါက တစ်ဘဝ (၁၉၇၈) - သင်္ကြန်မိုး (၁၉၈၅) - တိုက်ပွဲခေါ်သံ (၁၉၉၅) - နှလုံးလှ လူမိုက် (၂၀၀၁) |
| မို့မို့မြင့်အောင် | သရုပ်ဆောင် | ၅ | အမျိုးသမီးဇာတ်ဆောင်ဆု၊
အမျိုးသမီးဇာတ်ပို့ဆု |
ဇာတ်ပို့ဆု (၁) ဆု
- နှလုံးသားမြို့တော် (၁၉၈၄) ဇာတ်ဆောင်ဆု (၄) ဆု - ခပ်စိမ်းစိမ်းပဲ နေပါ့မယ် (၁၉၈၉) - သမီးနှင့် အမေများ (၁၉၉၁) - မသုဓမ္မစာရီ (၁၉၉၄) - မြင်းမိုရ်ထက်က သရဖူ (၂၀၀၈) |
| မေသန်းနု | သရုပ်ဆောင် | ၅ | အမျိုးသမီးဇာတ်ဆောင်ဆု၊ အမျိုးသမီးဇာတ်ပို့ဆု | ဇာတ်ဆောင်ဆု (၄) ဆု
- မူပိုင်ချစ်သူ (၁၉၉၂) - ပုဂံမှာ သာတဲ့လ (၁၉၉၅) - အလင်းဖျော့ ကောင်းကင် (၁၉၉၆) - ချစ်ခြင်း၏ အခြားမဲ့၌ (၂၀၀၁) ဇာတ်ပို့ဆု (၁)ဆု - ငါသူတစ်ပါး ယောက်ျား မိန်းမ (၂၀၀၂) |
| ကိုကိုဌေး (ထိပ်တန်း) | ဓာတ်ပုံပညာရှင် | ၅ | ရုပ်ရှင်ဓာတ်ပုံဆု | - မသုဓမ္မစာရီ (၁၉၉၄)
- မြင့်မြတ် နှလုံးသား (၁၉၉၇) - ကောင်းကင်ထက်က ပန်းတစ်ပွင့် (၂၀၀၁) - လျှို့ဝှက်သော နှင်း (၂၀၀၄) - အတိတ်ရဲ့ အရိပ် (၂၀၀၉) |
အမျိုးသားဇာတ်ဆောင်ဆု အများဆုံးရရှိခဲ့သူများ
[ပြင်ဆင်ရန်]| အမည် | ဆုအရေအတွက် |
|---|---|
| ရန်အောင် | ၇ |
| ကျော်ဟိန်း | ၄ |
| ပြေတီဦး | ၅ |
| နေတိုး | ၄ |
| ညွန့်ဝင်း | ၃ |
| လွင်မိုး | ၃ |
အမျိုးသမီးဇာတ်ဆောင်ဆု အများဆုံး ရရှိခဲ့သူများ
[ပြင်ဆင်ရန်]| အမည် | ဆုအရေအတွက် |
|---|---|
| မေသန်းနု | ၄ |
| မို့မို့မြင့်အောင် | ၄ |
| မြင့်မြင့်ခင် | ၃ |
| ဝါဝါဝင်းရွှေ | ၃ |
| ခင်သီတာထွန်း | ၃ |
| ထွန်းအိန္ဒြာဗို | ၃ |
| ဖွေးဖွေး | ၃ |
| အိန္ဒြာကျော်ဇင် | ၃ |
အမျိုးသားဇာတ်ပို့ဆု အများဆုံးရရှိခဲ့သူများ
[ပြင်ဆင်ရန်]| အမည် | ဆုအရေအတွက် |
|---|---|
| ညွန့်ဝင်း | ၄ |
| ကျောက်လုံး | ၃ |
| ဗိုလ်ဗကို | ၂ |
| ဇော်လင်း | ၂ |
| နေအောင် | ၂ |
| ဇင်ဝိုင်း | ၂ |
အမျိုးသမီးဇာတ်ပို့ဆု အများဆုံး ရရှိခဲ့သူများ
[ပြင်ဆင်ရန်]| အမည် | ဆုအရေအတွက် |
|---|---|
| မေသစ် | ၂ |
| ကြည်ကြည်ဌေး | ၂ |
| မေနွဲ့ | ၂ |
| မြင့်မြင့်ခင် | ၂ |
| အေးအေးသင်း | ၂ |
| မြင့်မြင့်ခိုင် | ၂ |
| ချိုပြုံး | ၂ |
| မြတ်ကေသီအောင် | ၂ |
| စိုးမြတ်နန္ဒာ | ၂ |
| မေသဉ္ဇာဦး | ၃ |
ရုပ်ရှင်ဓာတ်ပုံဆု အများဆုံး ရရှိခဲ့သူများ
[ပြင်ဆင်ရန်]| အမည် | ဆုအရေအတွက် |
|---|---|
| သန်းညွန့် (ပန်းသာ) | ၆ |
| ကိုကိုဌေး (ထိပ်တန်း) | ၅ |
| ချစ်မင်းလူ | ၄ |
| ကျောက်ဖြူ (ပဒေသာ) | ၄ |
| ဦးစန်းမောင် | ၃ |
ရုပ်ရှင်တည်းဖြတ်ဆု အများဆုံး ရရှိခဲ့သူများ
[ပြင်ဆင်ရန်]| အမည် | ဆုအရေအတွက် |
|---|---|
| ဇော်မင်း (ဟံသာမြေ) | ၆ |
| ဦးမြင့်ခိုင် | ၃ |
ရုပ်ရှင်ဇာတ်ညွှန်းဆု အများဆုံး ရရှိခဲ့သူများ
[ပြင်ဆင်ရန်]| အမည် | ဆုအရေအတွက် |
|---|---|
| ငြိမ်းမင်း | ၃ |
| ဇော်မြင့်ဦး | ၂ |
| ဝိုင်း | ၂ |
ရုပ်ရှင်တေးဂီတဆု အများဆုံး ရရှိခဲ့သူများ
[ပြင်ဆင်ရန်]| အမည် | ဆုအရေအတွက် |
|---|---|
| ဂီတလုလင် ဦးကိုကို | ၃ |
| ဇော်မျိုးထွဋ် | ၃ |
| ခင်မောင်ကြီး | ၃ |
ရုပ်ရှင်အသံဆု အများဆုံး ရရှိခဲ့သူများ
[ပြင်ဆင်ရန်]| အမည် | ဆုအရေအတွက် |
|---|---|
| ဆန်းဦး | ၂ |
| ကြည်မင်းသိန်း | ၃ |
ဆက်စပ်ဖတ်ရှုရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့ရုပ်ရှင်အဘိဓာန်၊ နေခြည်ဇေယျ။ ပကြိမ်၊ ၂၀၁၅။ စကားပြောသူများစာပေ၊ ရန်ကုန်။