မောင်တင်ဦး (ဒါရိုက်တာ)

ဝီကီပီးဒီးယား မှ

မောင်တင်ဦး (၁၉၄၂ - ၂၀၁၅) သည် မြန်မာ ဒါရိုက်တာ တစ်ဦး ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

မန္တလေးမြို့နေ သခင်သိန်းဖေနှင့် ဒေါ်မြမြတို့မှ ၁၉၄၂ ခု၊ မတ်လ ၂၁ ရက်တွင် မွေးသည်။ မွေးချင်း ၃ ယောက်အနက် အကြီးဆုံး ဖြစ်သည်။ ငယ်မည်မှာ အပါ ဖြစ်သည်။ အငယ်များမှာ သောင်းဒန်နှင့် ဆွေဆွေ တို့ ဖြစ်သည်။

မိခင်၏ တိုင်းချစ် အထက်တန်းကျောင်းတွင် အခြေခံပညာ သင်သည်။ ၁၀ တန်းအထိ သင်ယူခဲ့သည်။

အနုပညာ လှုပ်ရှားမှု[ပြင်ဆင်ရန်]

၁၉၆၄-၆၅ တွင် ရုပ်ရှင်နယ်သို့ ဝင်သည်။ ၁၉၆၈ ခုတွင် ဦးကျော်ထံ၌ ပညာသင်သည်။ စေလိုရာ စေ ဇာတ်ကားကို ဦးကျော်နှင့် တွဲရိုက်ခဲ့သည်။ ပထမဆုံး ကိုယ်တိုက်ရိုက်သည့် ကားမှာ နေထွက်သော ည ဖြစ်သည်။

ရိုက်ကူးသော ဇာတ်ကားများ[ပြင်ဆင်ရန်]

ခေါင်းစဉ် ရုံတင်နှစ် ထုတ်ဝေသူ မှတ်ချက်
စေလိုရာ စေ ဦးကျော်နှင့် တွဲ၍
နွေရူပ
မမုန်းလေနဲ့ ငပလီ
ဒဏ္ဍာရီ
မမစိမ်း
မင်းသားတော့ မင်းသား
နေကမွေးတဲ့ လ
အချစ်ကို မွေးဖွားခြင်း
တဦးတည်းသော သား
ပိတောက်ပင်လယ်
ပန်းမြိုင်လယ်က ဥယျာဉ်မှူး
တခါက တစ်ဘဝ ၁၉၇၈ ဒါရိုက်တာဆု
သင်္ကြန်မိုး ၁၉၈၅ ဒါရိုက်တာဆု
မချစ်သာ မုန်းပါလေဦး
နေထွက်သော ည ၁၉၇၂ ဒါရိုက်တာဆု
တိုက်ပွဲခေါ်သံ ၁၉၉၅ ဒါရိုက်တာဆု
နှလုံးလှ လူမိုက် ၂၀၀၁ ဒါရိုက်တာဆု

အနုပညာနှလုံးအိမ် ရုပ်ရှင်သင်တန်း ဖွင့်ကာ သရုပ်ဆောင်နှင့် ဒါရိုက်တာများ မွေးထုတ်ခဲ့သေးသည်။ [၁]

မိသားစုဘဝ[ပြင်ဆင်ရန်]

ဒေါ်တင်တင်အေးနှင့် လက်ထပ်ရာ မီးမီးတင်ဦး အပါအဝင် သမီး ၃ ယောက် ရှိသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

အသက် ၇၄ နှစ်အရွယ် ၂၀၁၅ ခု၊ ဩဂုတ်လ ၂၄ ရက်၌ မန္တလေးရှိ နေအိမ်၌ အသည်းခြောက်ရောဂါနှင့် ကွယ်လွန်သည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အနှစ်ချုပ် (၂၀၁၆)
  2. "ဒါရိုက်တာ မောင်တင်ဦး ကွယ်လွန်"၊ ဘီဘီစီ။ ၂၀၁၅၊ ဩဂုတ် ၂၄။