မြင့်မြင့်ခိုင် (ရုပ်ရှင်သရုပ်ဆောင်)
ပုံပန်းသွင်ပြင်
ရုပ်ရှင်သရုပ်ဆောင် မြင့်မြင့်ခိုင်သည် (စုံထောက်) စခန်းမှူး ဦးလှဖေနှင့် ဒေါ်မြသန်းတို့၏ ရင်သွေး ရှစ်ဦးအနက် သမီးဦးဖြစ်သည်။ အရပ်အမောင်းမှာ ၅-ပေ ၂-လက်မကျော် မြင့်သည်။ ငယ်မည်မှာ မြင့်မြင့်ကြူ ဖြစ်ပြီး ချစ်သူခင်သူများက ကြူကြူဟု ချစ်စနိုး ခေါ်ကြသည်။ စတင်သရုပ်ဆောင်သော ဇာတ်ကားမှာ ပွင့်ချိန်တန်လျှင် ဇာတ်ကားဖြစ်သည်။
သရုပ်ဆောင်ခဲ့သော ရုပ်ရှင်များမှာ -
- သုဓမ္မစာရီရုပ်ရှင်မှ မိုးမြေမက မေတ္တာများရယ်
- မဉ္ဇူရုပ်ရှင်မှ မေတ္တာကိုယ်စား နှင်းပါ့မယ်
- ပြည်သူ့မေတ္တာရုပ်ရှင်မှ ခရီးကြမ်းနှင့် ပန်းသဇင်
- မြနန္ဒာရုပ်ရှင်မှ တူတူညီညီ ရီရီပြုံးပြုံး
- ဇေယျာရွှေပြည်ရုပ်ရှင်မှ ထိုက်ထိုက်တန်တန်
- ဘုန်းဝင်းရုပ်ရှင်မှ နွေဦးကာလ မြူထသောအခါ
- မဉ္ဇူရုပ်ရှင်မှ မုန်းပါဘူးဗျို့
- ရွှေညာမောင်ရုပ်ရှင်မှ မောင်ခေါ်ရာ လိုက်ခဲ့တော့မယ်
- တင်ညွန့်ရုပ်ရှင်မှ တယူသန်
- စံပြရုပ်ရှင်မှ တကွေ့တကမ္ဘာ
- အောင်ရုပ်ရှင်မှ မနေ့ကတော့ ကိုယ့်ချစ်သူ
- နယူးဘားမားရုပ်ရှင်မှ နွေဦးအောင်ပွဲ
- ပန်းသာဖလင်မှ ဇာတ်ခုံပေါ် ကကြတဲ့အခါ
- သုဓမ္မစာရီရုပ်ရှင်မှ ချစ်လွယ်-မုန်းလွယ် ဒီအရွယ်
ကိုးကား
[ပြင်ဆင်ရန်]- ↑ ထင်ပေါ်စာပေ၏ ယနေ့တောက်ပနေသော ရုပ်ရှင်မင်းသားမင်းသမီးများ ကိုယ်တိုင်ဖွင့်ဟချက်များ၊ ၁၉၆၉၊ မတ်လ
ဤ မြန်မာလူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |