မာတိကာသို့ ခုန်သွားရန်

ရန်အောင် (ရုပ်ရှင်သရုပ်ဆောင်)

ဝီကီပီးဒီးယား မှ
ရန်အောင်
မွေးဖွားလှထွန်း
(1966-12-14) ဒီဇင်ဘာ ၁၄၊ ၁၉၆၆ (အသက် ၅၉)
ရန်ကုန်မြို့
အလုပ်အကိုင်သရုပ်ဆောင်
ရရှိသည့်ဆုများ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု (၁၉၉၁၊ ၁၉၉၅၊ ၁၉၉၆၊ ၁၉၉၈၊ ၂၀၀၀၊ ၂၀၀၆၊၂၀၂၃)

ရန်အောင်သည် အကယ်ဒမီဆုရ ရုပ်ရှင်သရုပ်ဆောင် နှင့် အဆိုတော် တစ်ဦး ဖြစ်သည်။ ရန်အောင်ကို ၁၉၆၆ ခု၊ ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် အဖဦးတင်မောင်နှင့် အမိ ဒေါ်သိန်းသိန်းတို့မှ ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ မောင်လှထွန်း ဖြစ်သည်။

ရုပ်ရှင်လောကသို့ ရောက်လာပုံမှာ ဒါရိုက်တာ မျိုးမြင့်အောင်၏ချစ်ကြိုးလေးနှစ်မျှင် ရိုက်ကွင်းကို သွားကြည့်ရင်း ကင်မရာမင်းက ရုပ်ရှင်ရိုက်မလားဆိုပြီး လာမေး လိပ်စာယူသွားရာက စတင်ခဲ့သည်။ တစ်ချိန်က ရုပ်ရှင်သင်တန်းတက်ရန် စီစဉ်ပြီးမှ မိတ္ထီလာဘက်သို့ ခရီးလွန်နေသဖြင့် မတက်ဖြစ်ခဲ့ပေ။ ရုပ်ရှင်မရိုက်ခင် ချစ်နှင်းဆီလှလှလေး ဇာတ်ကားမှာ ကျော်သူ့ကိုယ်စား နောက်ခံသီချင်းဆိုပေးခဲ့ဖူးသည်။ အနုပညာလောကထဲသို့ ၁၉၈၅−ခုနှစ်၊ ဒါရိုက်တာ မျိုးမြင့်အောင်၏ အချစ်ခြင်းတူရင် မောင်မောင်တို့က အရှုံးပေးလိုက်မယ် ရုပ်ရှင်ကားဖြင့် စတင်ခဲ့သည်။ ခိုင်ခင်ဦးတင်နီလာဝင်းတို့နှင့် တွဲခဲ့သည်။

၁၉၈၈ ခုနှစ် ဒီဇင်ဘာလလ ၁၄ ရက်နေ့တွင် ရုပ်ရှင်မင်းသား ဝင်းဦးကွယ်လွန်ခဲ့သဖြင့် ရိုက်ကူးဆဲဖြစ်သော ခိုင်မာလာနှင်းဆီ ဇာတ်ကားကို ဝင်းဦးကိုယ်စား အစားထိုးသရုပ်ဆောင်ပေးရသည်။ သူသည် မြန်မာရုပ်ရှင်လောကတွင် ဦးညွန့်ဝင်းပြီးလျှင် ဒုတိယမြောက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အများဆုံးရရှိထားသူ ဖြစ်သည်။ ညွန့်ဝင်းသည် ရုပ်ရှင်တစ်သက်တာထူးချွန်ဆု အပါအဝင် (၈)ဆုရပြီးဖြစ်သည်။

ဆုမျာနှင့်ဆန်ကာတင်စာရင်းများ

[ရင်းမြစ်ကို တည်းဖြတ်ရန်]
စဉ် ခုနှစ် ဆု အမျိုးအစား ပါဝင်သောဇာတ်ကား ဆုရရှိမှု
၁။ ၁၉၉၁ ခုနှစ် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု မယ်သီတာလို မိန်းကလေး ဆုရရှိ
၂။ ၁၉၉၅ ခုနှစ် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ပုဂံမှာ သာတဲ့လ ဆုရရှိ
၃။ ၁၉၉၆ ခုနှစ် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု အလင်းဖျော့ကောင်းကင် ဆုရရှိ
၄။ ၁၉၉၈ ခုနှစ် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ညမင်းသား ဆုရရှိ
၅။ ၂၀၀၀ ခုနှစ် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု မောဟမျဉ်းပြိုင်များ ဆုရရှိ
၆။ ၂၀၀၆ ခုနှစ် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ ဆုရရှိ
၇။ ၂၀၂၃ ခုနှစ် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု စောင်နီလေးတစ်ထည် ဆုရရှိ