မာတိကာသို့ ခုန်သွားရန်

ဖွေးဖွေး

ဝီကီပီးဒီးယား မှ
အလင်္ကာကျော်စွာ ဖွေးဖွေး
မွေးဖွားရွှေရည်ကိုဦး
(1988-08-09) ၉ ဩဂုတ်၊ ၁၉၈၈ (အသက် ၃၇)
မိုးကုတ်မြန်မာနိုင်ငံ
နိုင်ငံလူမျိုးမြန်မာ-ရှမ်း
မိခင်ကျောင်းအ.ထ.က(၂)ကမာရွတ်
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်
အလုပ်အကိုင်သရုပ်ဆောင်၊ မော်ဒယ်
တက်ကြွလှုပ်ရှားနှစ်များ၂၀၀၇–လက်ရှိ
မိဘ(များ)ဦးမောင်ဦး
ဒေါ်သိင်္ဂီ
ရရှိသည့်ဆုများ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု (၂၀၁၂၊ ၂၀၁၃၊ ၂၀၁၈)

အလင်္ကာကျော်စွာ ဖွေးဖွေး သည် မြန်မာနိုင်ငံမှ ကြော်ငြာနှင့် ရုပ်ရှင်မင်းသမီးတလက်ဖြစ်သည်။ [] သူသည် မြန်မာ့ရုပ်ရှင်လောက၌ လူသိများသော မင်းသမီးဖြစ်သည်။ ဝတ်မှုန်ရွှေရည် နှင့် အစ်မဝမ်းကွဲတော်စပ်သည်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အမျိုးသမီးဇာတ်ဆောင်ဆု) ကို လက်ပံ ၊ ကျွန်မကနှင်းဆီပါမောင်၊ ရွှေကြာ ဇာတ်ကားတို့ဖြင့် သုံးကြိမ်တိုင်တိုင်ဆွတ်ခူးခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အလင်္ကာကျော်စွာဘွဲ့ အပ်နှင်းခံရသည်။

၁၉၈၈-ခုနှစ်၊ ဩဂုတ်လ ၉ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ရွှေရည်ကိုဦး ဖြစ်သည်။ သူ၏အသားအရည်ကြောင့် မိဘများက သူ့အား ဖွေးဖွေး(အသားဖြူဖွေးခြင်း)ဟု အမည်ပြောင်မှည့်ခေါ်ခဲ့သည်။ သူ၏မိဘများမှာ မိုးကုတ်ကဖြစ်သောကြောင့် သူ့တွင် ရှမ်းသွေးအနည်းငယ်ပါဝင်နေသည်။ ၂၀၀၄-ခုနှစ်တွင် စိန်ဩဂတ်စတင်း အထက်တန်းကျောင်း အထက ၂ ကမာရွတ် မှ အခြေခံပညာအထက်တန်း အောင်မြင်ခဲ့သည်။ ၂၀၀၈ခုနှစ်တွင် ကိုရီးယားမေဂျာဖြင့် တက္ကသိုလ်ဘွဲ့ ရခဲ့သည်။

အနုပညာလမ်းကြောင်း

[ရင်းမြစ်ကို တည်းဖြတ်ရန်]

ဖွေးဖွေးသည် ငယ်စဉ်ကပင် အဆိုတော်ဖြစ်ရန် ရည်ရွယ်ချက်ရှိခဲ့သည်။ သူ၏ စိတ်ဝင်စားမှုကြောင့် သူသည် သူငယ်ချင်းများနှင့် စုပေါင်း၍ "Art of Depression" တီးဝိုင်းတည်ထောင်ကာ အဆိုတော်အဖြစ်ပါဝင်ခဲ့သည်။ ကြီးပြင်းလာသည်နှင့်အမျှ စိတ်ဝင်စားမှုသည်လည်း မော်ဒယ်နှင့် သရုပ်ဆောင်ဘက်သို့ ရောက်ရှိလာခဲ့သည်။ သူသည် အနုပညာ သရုပ်ဆောင်လောကသို့ မက်စ်ပြက္ခဒိန်တွင် မော်ဒယ်အဖြစ် ဓာတ်ပုံရိုက်ကူးခြင်းဖြင့် ဝင်ရောက်ခဲ့သည်။ [] နောက်ပိုင်းတွင် သူ့အား တီဗီကြော်ငြာနှင့် ဗီဒီယိုများတွင် သရုပ်ဆောင်ရန် ကမ်းလှမ်းမှုများ ရှိလာခဲ့သည်။ ၂၀၀၇-ခုနှစ်မှ လက်ရှိအချိန်ထိ သူမသည် ဗီဒီယို ၃၀ကျော်နှင့် မဂ္ဂဇင်းအဖုံးကာဗာများစွာတွင် ပါဝင်ခဲ့ပြီးဖြစ်သည်။ ဗီဒီယိုနှင့် အတူ သူ၏ပထမဆုံး တကိုယ်တော် အယ်လ်ဘမ်ကို အနာဂတ်တွင် ဖြန့်ချိနိုင်ရန် ကြိုးစားနေသည်။

သရုပ်ဆောင်ခြင်း၊ သီချင်းဆိုခြင်း၊ မော်ဒယ်လုပ်ခြင်းတို့ အပြင် ဖွေးဖွေးသည် ဖက်ရှင်ဒီဇိုင်းပြုလုပ်ရာတွင်လည်း ဝါသနာပါသည်။[] သူသည် မြန်မာရုပ်ရှင်မင်းသမီးနှင့် မော်ဒယ်ဖြစ်သူ ဝတ်မှုန်ရွှေရည်၏ ညီအစ်မတစ်ဝမ်းကွဲ တော်စပ်သည်။သူသည် ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခြင်းအပေါ် လက်မခံသည့် အနုပညာရှင်တစ်ဦးဖြစ်သည်။[] အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင် ကန့်ကွက်မှုများကြောင့် ၂၀၂၁ ခုနှစ် ဧပြီ ၃ရက် နေ့တွင် ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံရပြီး တစ်မိသားစုလုံးထွက်ပြေးခဲ့ရကာ အနုပညာလောက မှ ခဏပျောက်ကွယ်သွားသည်။[] ၂၀၂၃ ခုနှစ် ဩဂုတ်လပိုင်းမှ လူမြင်ကွင်းရှေ့ ပြန်လည် ထွက်ပေါ်လာပြီး အနုပညာအလုပ်များ ပုံမှန် ဆက်လက် လုပ်ကိုင်လျှက်ရှိသည်။

ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခံရခြင်း

[ရင်းမြစ်ကို တည်းဖြတ်ရန်]

သရုပ်ဆောင် ဖွေးဖွေး ကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဇန်နဝါရီလ ၄ ရက်၊ ၂၀၂၆ ခုနှစ်တွင် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့် အလင်္ကာကျော်စွာဘွဲ့ အပ်နှင်းခံရသည်။

ရုပ်ရှင်ထူးချွန်ဆု ဆန်ကာတင်နှင့် ဆွတ်ခူးရရှိမှု

[ရင်းမြစ်ကို တည်းဖြတ်ရန်]
ရရှိသောနှစ် ဆု အမျိုးအစား ပါဝင်သောဇာတ်ကား ဆုရရှိမှု
၂၀၁၂ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု [] လက်ပံ ဆုရရှိ
၂၀၁၅ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု [] ကျွန်မက နှင်းဆီပါမောင် ဆုရရှိ
၂၀၁၈ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ရွှေကြာ [] ဆုရရှိ
၂၀၂၅ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု ကံ့ကော်နီ ဆန်ခါတင်
ခုနှစ်အမည်ဒါရိုက်တာတွဲဖက်သရုပ်ဆောင်
၂၀၀၉နတ်သမီးလေးများရဲ့ကိုယ်ရံတော်သိန်းဟန်ကျော်ရဲအောင်မေကဗျာပုလဲဝင်းသဇင်
၂၀၀၉အပြာရောင်မုသားမျိုးမင်းကျော်ကျော်ဗို နေဆန်းမို့မို့မြင့်အောင်
၂၀၁၀အလင်းပျို့ချိန်မျိုးမင်းရဲတိုက်မို့မို့မြင့်အောင်
၂၀၁၀မြတ်သောကျေးဇူးကြည်ဖြူသျှင်ရဲအောင်အောင်ရဲလင်းမျိုးစန္ဒီထွန်းလှအဉ္ဇလီတင့်
၂၀၁၀၂၄နာရီ တစ်ရက်နေမိုင်အောင်ရဲလင်း၊ မေကဗျာ
၂၀၁၀ကော်ဖီချစ်သူဇော်ကိုကိုနေတိုး၊ ရဲအောင်
၂၀၁၀တစ်ခါကမီးပွားမြင့်မြတ်၊ အေသင်ချိုဆွေ
၂၀၁၀ရင်ခုန်သံဝိုင်းပြေတီဦး
၂၀၁၀မောင်ရှေ့ကိုတည့်တည့်လျှောက်မယ်လေဥက္ကာဘိုမင်းမော်ကွန်း၊ ရဲအောင်၊ ဖိုးကျော်
၂၀၁၀ကန့်ကော်တစ်ပွင့်ကောက်ရထားသည်။မျိုးမင်းမင်းခန့်
၂၀၁၀အဖြူရောင်မာယာထူးသာနေတိုး (ရုပ်ရှင်သရုပ်ဆောင်)၊ ရဲအောင်၊ ဆုပန်ထွာ
၂၀၁၁သုံးရဲဇော်ရဲတိုက်၊ မိုးမိုး
၂၀၁၁ဟန်ဆောင်ကာမူပိုကျော်ဇောလင်းအောင်ရဲလင်း
၂၀၁၁အငြိတစ်ချက်မှာအသက်ပါသွားတယ်မျိုးမင်းခန့်စည်သူ၊ ခိုင်သင်းကြည်
၂၀၁၁ရင်တွင်းအရှုပ်တော်ပုံကျော်ဇောလင်းပြေတီဦး၊ မိုးယုစံ
၂၀၁၁ပင်လယ်မင်းသားကြည်ဖြူသျှင်အောင်ရဲလင်း
၂၀၁၁ချစ်သူအောင်ဘပါဝါရဲတိုက်
၂၀၁၁ကျွန်တော်၏ ဓာတ်တိုင်သားကြီးမင်းမော်ကွန်း၊ ပန်းဖြူ
၂၀၁၁ချွေတာရကောင်းမှန်းမသိအောင်ချစ်တဲ့ကောင်မလေးမျိုးမင်းကောင်းခန့်၊ မင်းထိန်၊ ဝါဆိုမိုးဦး၊ ဆုပြည့်
၂၀၁၁လူညိုချောရဲ့ အတ္ထုပတ္တိဝိုင်းနေမင်း၊ နေဆန်း၊ သူရလင်း၊ လင်းဇာနည်ဇော်၊ ဖူးဖူး၊ ဝါဆိုမိုးဦး၊ အင်ဂျင်း
၂၀၁၁မျက်ရည်အဘိဓာန်ဝိုင်းအောင်ရဲလင်း၊မေကဗျာ
၂၀၁၁ကံကြမ္မာကိုရောင်းစားကြသူများကိုပေါက်မြင့်မြတ်
၂၀၁၁ဆိုက်ကိုဆော့ဖ်ဝဲလ်ဝိုင်းအောင်ရဲလင်း
၂၀၁၂လက်ပံဝိုင်းပြေတီဦး
၂၀၁၄ကျွန်မကနှင်းဆီပါမောင်ဝိုင်းနေတိုး


ရုပ်ရှင်ဇာတ်ကားများ

[ရင်းမြစ်ကို တည်းဖြတ်ရန်]
ခုနှစ် ဇာတ်ကားအမည် ဒါရိုက်တာ တွဲဖက်သရုပ်ဆောင်
၂၀၁၈ မုန်းစွဲ ဩရသ နေတိုးမင်းသွေး
၂၀၁၈ သတို့သမီး ဝိုင်း အလင်းရောင်၊ မေ
၂၀၁၉ ကြာတော့သည်လည်း မောင့်စကား မီးပွား စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း
၂၀၁၉ သူစိမ်းအိမ် ထူးပိုင်ဇော်ဦး လွင်မိုးထွန်းအိန္ဒြာဗိုလ်
၂၀၁၉ ပပဝတီစီရင်ခန်း ဝိုင်း မိုးဟေကို
၂၀၁၉ လှပ်၍လွင့်သော ဝိုင်း မို့မို့မြင့်အောင်၊ ခင်ဝင့်ဝါ
  1. ,
  2. mymclub.net 8 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 March 2012 တွင် ပြန်စစ်ပြီး။
  3. Yangoods နဲ့ ဖွေးဖွေး ပူးပေါင်းပြီး ထုတ်လုပ်မယ့် “ဖွေး Collection” The Irrawaddy (၁၄ ဇွန် ၂၀၁၈)။ ၉ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. “ကိုဗစ်နဲ့ အာဏာသိမ်းမှုကို ကြံ့ကြံ့ခံနိုင်သူ အားလုံးက အာဇာနည်တွေပါပဲ The Irrawaddy (၂၀ ဇူလိုင် ၂၀၂၁)။ ၉ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. စစ်ကောင်စီမှ ဖမ်းဝရမ်း ထုတ်ထားတဲ့ အနုပညာရှင် ၆၀ ခန့် ရှိလာ The Irrawaddy (၅ ဧပြီ ၂၀၂၁)။ ၉ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. မြန်မာ့ရုပ်ရှင် ထူးချွန်ဆု စာရင်း
  7. မြန်မာ့ရုပ်ရှင် ထူးချွန်ဆု စာရင်း
  8. တတိယမြောက် အကယ်ဒမီဆု ရရှိသွားတဲ့ ဖွေးဖွေး Duwn (၂၀၁၉)။ ၉ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

[ရင်းမြစ်ကို တည်းဖြတ်ရန်]