ဇော်မျိုးထွဋ် (မဇ္ဈိမလှိုင်း)

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံ တေးဂီတလောကတွင် ထင်ရှားသည့် မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့၏ ဂီတမှူးအကယ်ဒမီ ဇော်မျိုးထွဋ် ၏ မိဘများမှာ အဖ စန္ဒရားလှထွဋ် အမိ တေးသံရှင် သောင်းသောင်းနု တို့ဖြစ်ကြသည်။

ဂီတမှူး ဦးဇော်မျိုးထွဋ်သည် “မြင့်မြတ်နှလုံးသား”၊ “နေကမွေးတဲ့လ”၊ “ထာဝရအလင်းတန်းများ” စသည့် ရုပ်ရှင်ဇာတ်ကား များဖြင့် တေးဂီတဖန်တီးမှုဆိုင်ရာ အကယ်ဒမီထူးချွန်ဆု ၃ ဆုရထားပြီး ဖခင်အကယ်ဒမီ စန္ဒရားလှထွတ်ထံမှ စန္ဒရား အတီးပညာကို အမွေရထားသူတစ်ဦး ဖြစ်သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

သူ၏ဖခင် ဆုံးပါးသွားသောနေ့ ၁၄ နှစ် တင်းတင်း ပြည့်သည့်နေ့တွင်ပင် တိုက်ဆိုက်စွာ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။ ထပ်ဆင့် အကယ်ဒမီ ဂီတမှူး ဇော်မျိုးထွဋ် (မဇ္ဈိမလှိုင်း)သည် ၂၀၁၄-ခု၊ ဇန်နဝါရီလ ၅ ရက် ၈နာရီ ၅၀ မိနစ်ခန့် က ရန်ကုန်မြို့တွင် ကားမောင်းရင်း ရုတ်တရက် နှလုံးသွေးကြောပိတ်ပြီး ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၅၄) နှစ် ရှိပြီဖြစ်သည်။ ၎င်းကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်ခင်မာထွေး၊ သားအကြီး ကိုနေလင်းထွဋ် (ခ) ရွှေထွဋ်နှင့် သားအငယ် ကိုလမင်းထွဋ်တို့ ကျန်ရစ်ခဲ့သည်။


ကိုးကား[ပြင်ဆင်ရန်]