လွင်မိုး
| လွင်မိုး | |
|---|---|
| မွေးဖွား | မောင်မိုးလွင် စက်တင်ဘာ ၁၇၊ ၁၉၇၁ မြိတ်မြို့၊ တနင်္သာရီတိုင်း |
| နိုင်ငံလူမျိုး | |
| ကျော်ကြားမှုအရင်းခံ | နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်၊ ဓာတ်ပုံပညာရှင် |
| မိဘ(များ) | ဦးမြင့်လွင်+ ဒေါ်လေးရှင် |
| ရရှိသည့်ဆုများ | မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု (၁၉၉၉၊ ၂၀၀၁၊ ၂၀၀၇) |
လွင်မိုး သည် မြန်မာနိုင်ငံမှထင်ရှားသော ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ဖြစ်သည်။ ၁၉၇၁ ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက်နေ့၌ တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် အဖ ဦးမြင့်လွင်နှင့် အမိ ဒေါ်လေးရှင်တို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ မောင်မိုးလွင် ဖြစ်သည်။ အနုပညာလောကထဲ စတင်ဝင်ရောက်ချိန်တွင် နာမည် မောင်မိုးလွင်ကို ရှေ့နောက်ပြောင်းပြီး လွင်မိုးဟု မှည့်ခေါ်ခဲ့သည်။ ဒါရိုက်တာ မောင်သီ၏ညီတော်စပ်သည်..
၁၉၈၉-၁၉၉၀ ခုနှစ်တွင် ဒါရိုက်တာ မောင်နီလွင်(သပြု)၏ ကြွေနေပြီ ဗီဒီယို ဇာတ်ကားဖြင့် အနုပညာလောကထဲသို့ စတင် ဝင်ရောက် လာခဲ့သူဖြစ်ပြီး ရုပ်ရှင် ဇာတ်ကားကြီးကို ၁၉၉၀-၉၁- ခုနှစ်တွင် ခိုင်မာလာနှင်းဆီ ဇာတ်ကားနှင့် စတင်ခဲ့သည်။ ရင်ထဲက ဆောင်းရာသီ (၁၉၉၉)၊ ပန်းတပွင့် ဖန်ဆင်းခြင်း (၂၀၀၁) နှင့် တခါကဧရာဝတီညများ (၂၀၀၅) တို့ဖြင့် အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုများ ရရှိခဲ့သည်။
မြန်မာပြည်အနှံ့ သွားရောက်ကာ ဝါသနာအလျောက် ဓာတ်ပုံများ ရိုက်ယူခဲ့ပြီး တခြားသော ဓာတ်ပုံပညာရှင်များနှင့် ပူးပေါင်း၍ ဓာတ်ပုံပြပွဲများလည်း ပြုလုပ်ခဲ့သည်။ ချင်းပြည်နယ်၊ နတ်မတောင် နှင့် ပတ်သက်သည့် မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးကာ "လွင်မိုးခရီးသွားနေသည်" ခေါင်းစဉ်ဖြင့် MRTV4 တွင် ထုတ်လွှင့်ပြသခဲ့သည်။ ထို့နောက် မြိတ်ကျွန်းစုဒေသနှင့် ဧရာဝတီ လင်းပိုင်များ အကြောင်းကိုလည်း မှတ်တမ်း ရုပ်ရှင် များ ရိုက်ကူးခဲ့ပြီး မြိတ်ကျွန်းစုများအကြောင်းကိုလည်း ထုတ်လွှင့် ပြသခဲ့သည်။
မိသားစု ဘဝ
[ပြင်ဆင်ရန်]သတင်းကြေညာသူ မေသူ နှင့်လက်ထပ်ကာ ယွန်းဝတီလွင်မိုး နှင့် ယွန်းနဒီလွင်မိုး အမည်ရှိ သမီးနှစ်ဦး ရရှိထားသည်။ ယွန်းဝတီလွင်မိုးသည် ဖခင်နည်းတူ ရုပ်ရှင်နယ်မြေသို့ ခြေချနေပြီဖြစ်သည်။
ဝါသနာ
[ပြင်ဆင်ရန်]သရုပ်ဆောင်အပြင် ဓာတ်ပုံရိုက်ခြင်း၊ ကဗျာရေးခြင်း။ ဘိလိယက်ထိုးခြင်း၊ သီချင်းဆိုခြင်းနှင့် ဂေါက်သီးကစားခြင်းကို ဝါသနာပါပြီး အသက် (၁၀)အရွယ်မှ စတင် ဂေါက်ရိုက်ခဲ့သည်။
ပါဝင်ခဲ့သော ရုံတင်ဇာတ်ကားကြီးများ
[ပြင်ဆင်ရန်]| ခုနှစ် | ဇာတ်ကားအမည် | ဇာတ်ဆောင်အမည် | မှတ်ချက် |
|---|---|---|---|
| ၁၉၉၂ | ခိုင်မာလာနှင်းဆီ | ||
| ၁၉၉၅ | ကမ္ဘာ ကမ္ဘာ အဝေး | ||
| ၁၉၉၅ | သူတို့ခေတ်နဲ့သူတို့အရွယ် | ||
| ၁၉၉၆ | မာနသစ္စာ | ||
| ၁၉၉၆ | ပန်းသခင် | ||
| ၁၉၉၇ | ချစ်ချစ် ချစ်တဲ့ ကိုကို | ||
| ၁၉၉၇ | သူ့ကျွန်မခံပြီ | ||
| ၁၉၉၉ | ရင်ထဲက ဆောင်းရာသီ | အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု | |
| ၂၀၀၀ | ကြည်ပြာရောင်နဂ္ဂတစ်များ | ||
| ၂၀၀၀ | မောင့်မူပိုင်ရှင် | ||
| ၂၀၀၁ | ပန်းတစ်ပွင့် ဖန်ဆင်းခြင်း | အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု | |
| ၂၀၀၁ | သမီးမိုက် | ||
| ၂၀၀၂ | ယောက္ခမဆိုတာ တစ်ခါတုန်းက သမက်ပါပဲ | ||
| ၂၀၀၂ | ဆန်ရေ | ||
| ၂၀၀၄ | ကိုယ်တိုင်ရေးရာဇဝင် | ||
| ၂၀၀၄ | စတိုင် | ||
| ၂၀၀၅ | တစ်ခါက ဧရာဝတီညများ | အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု | |
| ၂၀၀၅ | လျှိူ့ဝှက်သောနှင်း | ||
| ၂၀၀၅ | ပျော်လိုက်ရအောင် | ||
| ၂၀၀၉ | သူငယ်ချင်းယောက္ခမ | ||
| ၂၀၁၁ | ချောကလက်ဘေဘီ | ||
| ၂၀၁၈ | သူငယ်ချင်းယောက္ခမ ၂ | ||
| ၂၀၁၉ | ဒယ်ဒီဖားကင် | ||
| ၂၀၁၉ | သူစိမ်းအိမ် | ||
| ၂၀၂၆ | သိုးမည်း |
ကိုးကား
[ပြင်ဆင်ရန်]- မောင်ယဉ်ကျော်၊ ထင်ပေါ်ကျော်ကြား အနုပညာရှင်များ၏ ရုပ်ရှင်ဒိုင်ယာရီ