ကျော်ဟိန်း

ဝီကီပီးဒီးယား မှ
ကျော်ဟိန်း
မွေးဖွားကျော်ဌေး (ခ)မောင်မောင်ကျော်
(1947-07-14)၁၄ ဇူလိုင်၊ ၁၉၄၇
ရန်ကုန်မြို့
ကွယ်လွန်၁၁ ဇူလိုင်၊ ၂၀၂၀(2020-07-11) (အသက် ၇၂)
ဩစတြေးလျနိုင်ငံကင်ဘာရာမြို့
အလုပ်အကိုင်သရုပ်ဆောင်၊ အဆိုတော်၊ ဒါရိုက်တာ၊ စာရေးဆရာ
တက်ကြွလှုပ်ရှားနှစ်များ၁၉၆၈–၂၀၀၈
ရရှိသည့်ဆုများမြန်မာ့ရုပ်ရှင် ထူးချွန်ဆု (၁၉၇၉၊ ၁၉၈၂၊ ၁၉၈၉၊ ၂၀၀၃၊ ၁၉၉၄)
ဝက်ဘ်ဆိုဒ်https://www.athithedi.com/

ကျော်ဟိန်း (၁၄ ဇူလိုင် ၁၉၄၇–၁၁ ဇူလိုင် ၂၀၂၀) သည် မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ ချစ်ခင်လေးစားခြင်းခံရသော မင်းသားကြီးဖြစ်သည်။

ကျော်ဟိန်းသည် ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်၊ တနင်္လာနေ့တွင် ရန်ကုန်မြို့စမ်းချောင်းမြို့နယ်၊ ကျောင်းကုန်းလမ်း၌ အငြိမ်းစား ခရိုင်ရဲဝန် အဖ ဦးဂျွန်မောင်စိန်(D.Y.S.P) နှင့် အမိ ဒေါ်ချိုချိုတို့မှ မွေးဖွားခဲ့သည်။ ငယ်နာမည် ကျော်ကြီး၊ အမည်ရင်းမှာ ကျော်ဌေး ဖြစ်သည်။ သားသမီး ခြောက်ယောက်တွင် စတုတ္ထမြောက်ဖြစ်သည်။

ပညာရေး နှင့် ငယ်စဉ်ဘဝ[ပြင်ဆင်ရန်]

၁၉၅၂ ခုနှစ် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်၊ ABM ကျောင်းတွင် ပထမတန်းမှ စတုတ္ထတန်းအထိ ကျောင်းစာသင်ကြားခဲ့သည်။ စတုတ္ထတန်း စာမေးပွဲတွင် အောင်မှတ် မပြည့်၍ နွေရာသီကျောင်းပိတ်ရက် နှစ်လတွင် စာကျက်ပြီး စာမေးပွဲ ပြန်ဖြေခဲ့ရသည်။ ၁၉၅၆ ခုနှစ်တွင် အလုံမြို့နယ်၊ ဟုမ်းလမ်း ဘူတာရုံအနားရှိ ယူနစ်ကရင်ကျောင်းတွင် ပဉ္စမတန်း တက်ရောက်သင်ကြားခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် အလုံမြို့နယ်၊ ကူရှင်ကျောင်းတွင် ဆဋ္ဌမတန်း၊ သတ္တမတန်း (နှစ်ကြိမ်)၊ အဋ္ဌမတန်း တက်ရောက်ခဲ့ပြီး နဝမတန်းတွင် နှစ်ကြိမ် ကျရှုံးပြီး ကျောင်းထွက်ခဲ့ရသည်။ ၁၉၆၄ ခုနှစ် ရန်ကုန်မြို့၊ မြို့နယ်အသီးသီးရှိ အလွတ်ပညာသင်ကျောင်း (ညကျောင်းအပါအဝင်)၊ (၂၃) ကျောင်း ပြောင်းရွှေ့သင်ကြားခဲ့သည်။ နောက်ပိုင်းတွင် ကျောင်းမနေဖြစ်တော့ဘဲ အိမ်မှ ၁၆ ကြိမ်ဆင်းခဲ့ပြီး အိမ်ပြေးဘဝဖြင့် လမ်းပေါ်တွင် လေလွင့်ခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် ကမာရွတ်မြို့နယ်၊ ဒေါ်သာထက်ကျောင်းမှ နဝမတန်း (သုံးကြိမ်မြောက်) သင်ကြားအောင်မြင်ခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် ဒဂုံမြို့နယ်၊ ဒေါ်နုနုခင် အလွတ်ပညာသင်ကျောင်းတွင် ဒသမတန်းသင်ကြားခဲ့သော်လည်း သုံးလမျှတက်ပြီး ရေတပ်သို့ဝင်ရောက်ခဲ့သည်။ ကိုယ်ပိုင်နံပါတ်မှာ ၁၂၂၀၅ ဖြစ်ပြီး ၁၉၆၇ ခုနှစ်တွင် ရေတပ်မှ ထွက်ခဲ့သည်။ ထို့နောက် ဒသမတန်း ပြန်ဖြေ၍ (ခ) စာရင်းဖြင့် အောင်မြင်ခဲ့သည်။ ငယ်စဉ်က စိန်ဂေါ်လီ ဂိုဏ်းဝင်တစ်ဦးဖြစ်သည်။ ထို့နောက် ရုပ်ရှင်လောကအတွင်း ဝင်ရောက်ခဲ့သည်။

ကျော်ဟိန်း သည် ငယ်ငယ်က အလွန်ဆိုးသည့် ခလေးဖြစ်ပေမဲ့ စာပေါ်တွင်လည်း အလွန်တော်သည်

ရုပ်ရှင်သရုပ်ဆောင်ဘဝ[ပြင်ဆင်ရန်]

၁၉၇၀-ပြည့်နှစ်မှစ၍ ရုပ်ရှင်မင်းသမီး စန္ဒာနှင့်အတူ ဖူးစာလမ်းစုံ ဇာတ်ကားဖြင့် ရုပ်ရှင်လောကထဲသို့ ဝင်ရောက်ခဲ့သည်။ ရုပ်ရှင်သရုပ်ဆောင်အဖြစ် အကာကအချစ်အနှစ်ကမေတ္တာ (၁၉၇၉)၊ မွန်းတည့်ချိန်တွင် နေဝင်သည် (၁၉၈၂)၊ ပန်းမြိုင်လယ်က ဥယျာဉ်မှူး(၁၉၈၉)၊ နေကမွေးတဲ့လ (၂၀၀၃)တို့ဖြင့် အမျိုးသားဇာတ်ဆောင်ဆု (၄)ဆုရရှိခဲ့ပြီး ဝေလည်းမွှေး ကြွေလည်းမွှေး (၁၉၉၄)ဇာတ်ကားဖြင့် ဇာတ်ပို့ဆု(၁)ဆုရရှိခဲ့ရာ စုစုပေါင်းအကယ်ဒမီဆု (၅)ဆုရရှိခဲ့သည်။ မွန်းတည့်ချိန်တွင် နေဝင်သည်ဇာတ်ကားကို ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည်။

ရုပ်ရှင်လောကထဲဝင်ပြီး (၄)နှစ်ပြည့်သည့်နှစ် ၁၉၇၀-ခုနှစ်တွင် ပထမဆုံး ဒါရိုက်တာလုပ်၍ သရုပ်ဆောင် ရိုက်ကူးခဲ့သော ဇာတ်ကားမှာ စိန်သို့မဟုတ်စိမ် ဖြစ်သည်။ ထိုဇာတ်ကား၏ ကြော်ငြာဒီဇိုင်း၊ ပိုစတာများအားလုံးကို သူကိုယ်တိုင် နေမင်းထိပ်ခေါင် အမည်ဖြင့် ရေးဆွဲခဲ့သည်။

၁၉၈၅ခုနှစ်တွင်ရုံတင်သည့် ကျီးယောင်ဆောင်သောဒေါင်း မှာ လူကြိုက်အများဆုံး၊ ပရိသတ်တခဲနက်အားပေးသည့် ရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့သည်။

ဝတ္ထုတို၊ ဝတ္ထုရှည်အချို့ ရေးသားခဲ့ပြီး တေးစီးရီးအချို့ကိုလည်း သီဆိုထုတ်လုပ်ခဲ့သည်။ ရုပ်သံကြော်ငြာများတွင်လည်း သရုပ်ဆောင်ကြေး အများဆုံးရရှိခဲ့သူဖြစ်သည်။[၁]

၁၉၆၇ ခုနှစ်မှ ၂၀၀၈ ခုနှစ်ထိ (နှစ်ပေါင်း ၄၁ နှစ်အတွင်း) ရိုက်ကူးခဲ့သော ရုပ်ရှင် ကားပေါင်း ၂၂၂ကား၊ ဗီဒီယို ကားပေါင်း ၃၆၂ကား၊ ဆိုခဲ့သော သီချင်းခွေပေါင်း ၁၄ခွေ နှင့် ရေးသားထုတ်ဝေခဲ့သောစာအုပ်ပေါင်း (၆)အုပ် ဖြစ်သည်။

ရဟန်းဘဝ[ပြင်ဆင်ရန်]

၂၀၀၈-ခုနှစ်၊ နိုဝင်ဘာ (၄)ရက်နေ့မှစ၍ ဦးကျော်ဟိန်းသည် ရုပ်ရှင်လောကက အနားယူကာ ရဟန်းဝတ်ခဲ့လေသည်။ ဘွဲ့တော်မှာ ဦးကိတ္တိသာရ ဖြစ်သည်။ ဦးကျော်ဟိန်း ရဟန်းမဝတ်ခင်ကလည်း ကျော်ဟိန်း၏ နောက်ဆုံးနှုတ်ဆက်ခရီးစဉ်ဟု အမည်ပေးကာ မြန်မာနိုင်ငံ အနှံ့သို့ သွားရောက်ခဲ့သေးသည်။ ရဟန်းဘောင်ဝင်၍ တရားပွဲများ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။ ဘုန်းကြီးဝတ်အနေဖြင့် စာပေများရေးသောအခါ ကလောင်နာမည်မှာ ဦးကိတ္တိသာရ(ခေတ္တ ၃၁ ဘုံ) ဖြစ်သည်။ နောက်ဆုံး ရိုက်ကူးခဲ့သော ရုပ်ရှင်ကားမှာ ကြိုးတန်း ဖြစ်သည်။

ဓာတ်ပုံများ[ပြင်ဆင်ရန်]

၂၀၁၃ ခုနှစ်တွင် အသိသတိ ဝက်ဘ်စာမျက်နှာကို လွှင့်တင်သည်။

ပါဝင်ခဲ့သော ဇာတ်ကားများ[ပြင်ဆင်ရန်]

ရုပ်ရှင်[ပြင်ဆင်ရန်]

  1. ဖူးစာလမ်းဆုံ
  2. တစ်ချက်ခုတ်နှစ်ချက်ပြတ်
  3. ကိုကြေးမုံ
  4. နုနုငယ်ငယ်
  5. မိုးဆမ်းပန်း
  6. ချစ်ရတဲ့သူရယ်
  7. ပဝါဖြူ
  8. ဟိုကောင်မလေးညိုတိုတို
  9. ဒီလူနဲ့မိန်းကလေး
  10. ကျွန်တော့်နာမည်ကျော်ကျော်
  11. ပြင်ဦးလွင်မှစိန်တစ်ပွင့်
  12. ဖူးစာတစ်ရေးနိုး
  13. ကျွန်တော့်ရွှေမင်းသမီး
  14. ချစ်ဖူးသူတိုင်းရူးကြသည်
  15. ကျွန်တော်စုံထောက်ကြီး
  16. အလှတွင်အယဉ်ဆင့်
  17. မိုးပုလဲနဲ့တိမ်မည်းညို
  18. ဝါသနာကိုမတားပါနဲ့ရှင်
  19. အသည်းဒေါင့်မှာတစ်နေရာ
  20. ကညာပျိုနဲ့ဇရာအို
  21. မိစမ်း
  22. သံလက်သီးနဲ့ကရာတေး
  23. အချစ်တစ်ပွဲစစ်ပွဲတစ်ရာ
  24. စိန်သို့မဟုတ်စိမ်
  25. ဆောင်းကလျာ
  26. အပြောချိုတဲ့အပျိုချော
  27. မာန်လျှော့လေဦးစောခက်ငယ်
  28. ရာသက်ပန်မေတ္တာ
  29. လှချင်ရက်စက်စက်ယို
  30. သူ့အကြောင်းနဲ့သူ
  31. ခိုင်စပယ်ဖူး
  32. ညောင်ညိုရိပ်ဝယ်
  33. ကုဋေရှစ်ဆယ်သူဌေးသား
  34. ချစ်အားငယ်ရသူမယ်
  35. မလှချင်
  36. သူ့လက်ထဲမှာဓား
  37. မျက်လုံးချင်းဆုံတော့ရင်ခုန်တယ်
  38. တိမ်လှိုင်းပမာ
  39. မေတ္တာလက်တစ်လှမ်း
  40. မတ်တပ်ရပ်လို့လမ်းမှာငို
  41. အရှေ့နဲ့အနောက်
  42. ပန်းနုရောင်မရင့်တရင့်
  43. နေမဝင်အချစ်
  44. ပတ်ဝန်းကျင်ကိုစိန်ခေါ်ချင်တယ်
  45. ကမ္ဘာဆယ်သိန်းချစ်ပါ့မယ်
  46. နှလုံးသားနဲ့စစ်တာဝန်
  47. ဒို့နှစ်ယောက်နဲ့မိငြိမ်းချမ်း
  48. တစ်ဦးကစေတနာ တစ်ဦးကမေတ္တာ
  49. သားနဲ့ပါဆို ကိုလူပျို
  50. မဟူရာ
  51. ရှာမှာရှား တကယ့်ယောက်ျား
  52. လမင်းတစ်ရာ
  53. မချစ်ရင်လည်း ရပါတယ်
  54. လမ်းပေါ်မှာ လမ်းပျောက်သူ
  55. နှစ်ဆယ်ရာစု လက်ဝှေ့ကျော်
  56. ကိုကိုမောင် တော်တော်ဆိုး
  57. ခရမ်းရောင် လွင်ပြင်
  58. တစ်ယောက်နှစ်မျက်နှာ
  59. နွေဦးပေါက်ရင်
  60. လောကကြီးမှာ တစ်ယောက်တည်း
  61. စနေမ
  62. လိမ္မာပါကွယ်မောင်လေးရယ်
  63. မနော်ဟရီအလှ
  64. မုန်းစကားဆိုနဲ့ ချစ်သည်း
  65. တောပြောင်းသောကျား
  66. ဒီကမ္ဘာမှာကျွန်တော်အပျော်ဆုံး
  67. ချစ်သောဖေဖေ
  68. အနန္တချစ်သူ
  69. ရွှေလဝင်းကို ခွင်းမည့်သူ
  70. ဘတစ်ပြန်ကျားတစ်ပြန်
  71. ကျားသိုင်း နဲ့ ဓားရိုင်း
  72. လူဇော်
  73. တစ်ခါကတစ်ဘဝ
  74. စက္ကူလှေကလေးများ
  75. ဇဝေဇဝါ
  76. မချစ်ဝံ့ဝံ့ချစ်ဝံ့ဝံ့
  77. နှလုံးသားတိုက်ပွဲ
  78. လွတ်လပ်မှအမျှဝေပါ
  79. ပန်းစကား
  80. ကျွန်တော့်ကိုယ်စားပြောပေးပါ
  81. ရဲစိတ်ရဲမာန်သူ့ကျွန်မခံ
  82. သူ့ဘဝလှစေချင်
  83. ကျေးဇူးတင်ပါတယ်ရှင်
  84. ချစ်ချစ်ချော
  85. မငိုတတ်သောမိန်းကလေး
  86. ငယ်သူတို့ဇာတ်ကြောင်း
  87. ထိပ်ဆုံးကကျွန်တော်
  88. ဒို့လူလေးများဆိုသလေ
  89. မျှော်လေတိုင်းမှိုင်းရီ
  90. ခုနစ်လွှာမျက်နှာ
  91. အကာကအချစ် အနှစ်ကမေတ္တာ
  92. ကွက်လပ်ကလေးဖြည့်ပေးပါ
  93. စံအိမ်ကိုစိန်နဲ့မွှန်းပါ့မယ်
  94. စိန်စီသောမေတ္တာ
  95. သွားတော့လေနေပါဦး
  96. စကားပြောသောသွေး
  97. တိုက်စစ်မှူးဇော်ဇော်
  98. ချစ်ကြိုးတွေသွယ်ကာရစ်ကာ
  99. ကိုယ့်သွေးသူ့သား
  100. မွန်းတည့်ချိန်တွင်နေဝင်သည်
  101. သာလောင်ပြာလောင်
  102. လွမ်းငွေ့ဝေဝေ
  103. ပန်းကမ္ဘာလေးထဲမှာစောင့်နေမယ်
  104. အချစ်မရှိတဲ့အသည်း
  105. ပဝါနီနီ
  106. တကယ်ချစ်တာကျွန်တော်ပါ
  107. မောင့်လပြည့်ဝန်း
  108. နေကျောက်ခဲ
  109. ဒို့ရဲ့သံလွင်
  110. မိုးကြိုသည့်ပန်း
  111. ချစ်ပန်းနေကြာ
  112. လူစိမ်းတစ်ယောက်
  113. နှုတ်မဆက်နဲ့အချစ်ရယ်
  114. စိန်သွားအလားနှလုံးသား
  115. အချစ်သူဌေးလေးဖြစ်ချင်တယ်
  116. သေနတ်တစ်ကမ်းလက်တစ်လှမ်း
  117. ချစ်ခွင့်ပေးပါချစ်သူရယ်
  118. အပြစ်ရှိရင်ခွင့်လွှတ်ပါ
  119. အတက်ကားကိုဦးစားပေးပါ
  120. တေဇာ
  121. ပျဉ်းမငုတ်တို
  122. အပြန်လမ်း
  123. နှစ်ဆယ်ရာစုသုဘဒ္ဒါ
  124. ငယ်ပေါင်း
  125. ခွင့်လွှတ်လိုက်ပြီကေသီခိုင်
  126. မုဆိုးလည်းကျွန်တော် သားကောင်လည်းကျွန်တော်
  127. ဆန္ဒရဲ့မျှော်လင့်ချက်
  128. အချစ်သစ်ပင်
  129. စေ့စပ်လက်ထပ်ကွာရှင်းပြီးစီးခြင်း
  130. ချစ်သူချင်းပျော်ကြပါစေ
  131. မောင့်ချစ်သူနွယ်နွယ်ထွန်း
  132. အချစ်ကိုယ်ရံတော်
  133. မျက်နှာမများတတ်သူပါ
  134. ချစ်တဲ့ရက်ကိုကြိုနေမယ်
  135. ချစ်သူငယ်ချင်း
  136. ချစ်ပါရဲ့လားမေးစမ်းချင်
  137. ချစ်တာအပြစ်လား
  138. ပြန်လည်ဆုံဆည်းကြမယ်အချစ်ရယ်
  139. ချစ်တဲ့အကြောင်းပြောပေးပါ
  140. ချစ်ရတစ်ရက်လွမ်းရက်တစ်ရာ
  141. လူသွားလမ်းကလေး
  142. မောင့်အချစ်သီရိ
  143. ရာဇာ
  144. ဂျက်မ
  145. ရင်ထဲမှာရွာသောမိုး
  146. စိန်ခေါ်ရင်တိမ်ပေါ်ထိလိုက်မယ်
  147. ကျွန်တော်ကခန့်ချော
  148. စိမ်းလို့သာခေါ်လိုက်ပါ
  149. မေမြတ်နွယ်
  150. လူထဲကလူ
  151. ထို့ကြောင့်ဤအရာကိုအချစ်ဟုခေါ်သည်
  152. အရှိုက်
  153. အချစ်လူဆိုးလေး
  154. တို့ရဲ့ကမ္ဘာလေးတည်ဆောက်မယ်
  155. ခိုင်တို့ညီအစ်မ
  156. ပန်းမမလှဧကရီ
  157. အတာ
  158. ချစ်လွန်းတင်
  159. ပဲခူးဆား
  160. နံ့သာလူးချိန်ပန်းခူးချိန်
  161. တစ်မိပေါက်တစ်ယောက်ထွန်း
  162. ကျွန်တော်မောင်လူထူး
  163. မီလာရှီကာစိုင်းဗေဒါ
  164. ဘုံပြတ်ဘမောင်
  165. စိမ်းနဲ့တေဇာ
  166. မောင့်မမမြကေသီ
  167. မိမော်မေမ
  168. ဧမိစံကဒုတိယ ကျွန်တော်ကပထမ
  169. ချစ်ရဆဲပါစုလှိုင်
  170. မေတ္တာအသင်္ချေ
  171. ရှိန်း
  172. ရင်ကိုအေးမြရစေသား
  173. သည်လင်သည်မယား
  174. လင်နဲ့မယားလျှာနဲ့သွား
  175. ကိုကိုလူညာကြီး
  176. မမေ့ဆယ်ကမ္ဘာ
  177. ချစ်ရမှာကြောက်တယ်
  178. ကိုယ်ချစ်တာတစ်ယောက်တည်း
  179. ပိတောက်တွေရွှေရည်လူးခဲ့ပေါ့လေ
  180. စိန်ဆိုရင်ဘွာမခတ်ကြေး
  181. ကိုကို့ညီမ
  182. တွယ်ရာမဲ့ပန်း
  183. ကျီးယောင်ဆောင်သောဒေါင်း
  184. နွဲ့ဆိုး
  185. အချစ်ကိုဘယ်လိုပြောရမယ်
  186. အချစ်သူရဲကောင်း
  187. သည်တစ်နွေပြန်ပါလေဦး
  188. ညိုမကိုပြောလိုက်ပါ
  189. သီတင်းကျွတ်ရင်လက်ထပ်မယ်
  190. လူသားအသည်းနှလုံးနှင့် ကျွန်တော်
  191. ရမ္မက်ဇော
  192. ကျွန်မသိပါတယ်
  193. လွမ်းနေမယ်မမ
  194. မျက်ရည်စိမ်း
  195. ဒုစရိုက်သားကောင်
  196. အဖေ့ဓား
  197. ဝင်္ကပါထဲကတို့နှစ်ယောက်
  198. သမီးချွေးမသားသမက်
  199. နှင်းဆီနေ့ နှင်းဆီည
  200. ချစ်လွန်းကေသီ
  201. ချစ်လွန်းလို့ ညာမိပါတယ်
  202. ချစ်သဲဖြူ
  203. စင်ပေါ်ကလူ
  204. ပျားရည်ဆမ်းသောပန်းဓား
  205. စုန်ရေ
  206. ပန်းမြိုင်လယ်ကဥယျာဉ်မှူး
  207. မောင်ရင်ငတေမိုက်ကန်းသည်
  208. ဓားတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည်
  209. ဝေလည်းမွှေး ကြွေလည်းမွှေး
  210. ငြိုးမာန်ဖွဲ့စိမ်းရက်လေသလား
  211. မာနသစ္စာ
  212. အတွေ့လေးရယ်တဲ့အိုအကြုံ
  213. အိုအေစစ်လိုအချစ်အကြောင်း
  214. သံယောဇဉ်ယာဉ်စွန်းတန်း
  215. နှလုံးသားလျှို့ဝှက်ခန်း
  216. နှုတ်ခမ်းထက်ကဓားသွား
  217. မောဟမျဉ်းပြိုင်များ
  218. ဆွေမျိုးတော်ရင်ဘယ်လိုခေါ်မလဲ
  219. အဖေ
  220. နေကမွေးတဲ့လ
  221. မော်ကင်းဥဒါန်း
  222. ကြိုးတန်း

ဗီဒီယိုဇာတ်ကားများ[ပြင်ဆင်ရန်]

  1. ခွင့်ပြုရင်တစ်ကပြန်စမယ်
  2. ဘဂျမ်းမှာဇာတ်လမ်းမရှိ
  3. မျက်စိမှိတ်၍လမ်းလျှောက်ကြည့်ပါ
  4. ဆင်ကန်းတောတိုး
  5. အနာဂတ်ဟင်းလင်းပြင်
  6. သူစိမ်း
  7. ရမ္မက်၏နိဂုံး
  8. သစ္စာရေအိုင်
  9. သမုဒယသမုဒ္ဒရာ
  10. ဒုက္ခကိုအရောင်ဆိုးထားတယ်
  11. လူတစ်ယောက်အကြောင်း ( သူခိုး )
  12. မုန်တိုင်းထဲက ကျွန်တော်
  13. ကိုကျော်လေ ကိုကျော်
  14. မင်းတို့အကြိုက်ရိုက်ပြမယ်
  15. ပရိုဂျူဆာနီတိုး
  16. အချစ်ဖူးသစ်
  17. အချစ်ဝေဒနာ
  18. နေကမ္ဘာကလာတဲ့သူ
  19. အချစ်တွင်မျက်စိရှိသည်
  20. သက်မဲ့ချစ်သက်သေ
  21. သံယောဇဉ်ဦး
  22. ဝိညာဉ်လေးအဆစ်ပါသွားပြီ
  23. ရိုက်စား
  24. သည်တစ်သက်လွမ်းစေ
  25. ရဲအုပ်ဘသာ နှင့် မင်းသားစိုးသူ
  26. စိုးသူမှ ဘသာသို့
  27. ဘသာနောက်ကြောင်းပြန်
  28. အကြွေး
  29. ချာလီ
  30. လိုနေတယ်အချစ်
  31. မိုးပေါ်ရောက်မယ့် လူနှစ်ယောက်
  32. နောက်မဆုတ်နဲ့ ကိုကံချွန်
  33. ဦးကိုကိုကြီး၏ အတ္ထုပ္ပတ္တိ
  34. ဘတစ်ပြန် ကျားတစ်ပြန်
  35. စာမျက်နှာ ၁၆
  36. မိုက်ချက်ကတော့ ကမ်းကုန်ပဲ ( ရှုမဝ )
  37. မင်းလုပ်သမျှကျေနပ်တယ်
  38. အဆိပ်ပြင်းသည်
  39. သံယောဇဉ်မျက်ဝန်း
  40. ခွေးမြီးကောက်ဘအေး
  41. ထောင်ချောက်
  42. အချစ်ဟာမီးလား
  43. နီတိုးခြေလှမ်း
  44. ကျော်ဟိန်းလိုဖြစ်ချင်တယ်
  45. အာဠဝီမောင်ရွှီး
  46. အလိုရှိသည် ဆုငွေ ၅၀၀
  47. ငါတရားခံလား
  48. ၅၂၈
  49. တစ်ပုဒ် ၅ိ/- သုံးပုဒ် ၁ဝိ/-
  50. မဟူရာ
  51. ရှက်
  52. ဒီတစ်ခါ ငါ့အလှည့်
  53. ဘသာ အသည်းအမည်း
  54. မခံစားနိုင်ဘူး
  55. လူလိမ်
  56. ဘယ်ပန်းချီရေးလို့မှမမီ
  57. ကမ္ဘာကြီးတောင် တုန်သွားမယ်
  58. ဟာ!
  59. အဝေးဆုံးလမ်း အနီးဆုံးကြယ်
  60. ဦးရဲ့ဆူး
  61. တဏှာ
  62. ပန်းများကိုပွင့်စေသူ
  63. အလှည့်ရောက်ရင် ခေါ်လိုက်ပါ
  64. သူမို့ခွဲသွားရက်တယ်
  65. ဘဝအိပ်မက် ပန်းအိပ်မက်
  66. ငအ
  67. ဂုဏ်သိက္ခာ
  68. လက်ကောက်ဘတိုး
  69. မြညိုချစ်သော ကိုရင်အော
  70. စိန်ခေါ်နေတဲ့လောဘ
  71. အဆုံးတွင် . . .
  72. သွေးစကား
  73. သံမဏိရဲနောင်
  74. လူလည်ကြီး
  75. ပစ္စည်းမဲ့မောင်ရှိ
  76. ကြိုးဆွဲငမုန်း
  77. အထွဋ်အထိပ်
  78. ဆိုးကြီးအဖေ ကိုဗိုရဲ
  79. နာမည်တစ်လုံးနဲ့လူ
  80. ကိုယ့်သမိုင်းကိုယ်ရေးကြသည်
  81. သွေးရင့်ရင့်အမုန်း
  82. ကြားသောနား ကြားသောမျက်စိ
  83. ဟဲ့ ပလုပ်တုတ်
  84. မိုးကောင်းကင်မှ စီးဆင်းသော
  85. လိပ်ပြာမျက်ရည်
  86. ကံကောင်းလို့
  87. ကိုကြီး ကိုကြီး
  88. ဆားပုလင်းနှင်းမောင် နှင့် မြိုင်ရာဇာတာတေ
  89. ကျောက်ခဲရဲ့ ပင်လယ်မုန်တိုင်း
  90. သူဌေးမင်း
  91. ရိုက်စား ၂
  92. ကိုယ်မွှေးတဲ့မီး
  93. ချိုမြိန်သောအဆိပ်
  94. ယပင့် နဲ့ ရရစ်
  95. ဦးလေးကြီး
  96. ကာရံမဲ့ကဗျာ
  97. ရေစိုနေသော မီးခြစ်ဆံခေါင်းများ
  98. ဗို့ ၁၅၀၀! သတိထား ရူးတတ်သည်
  99. မဏိစည်သူရဲ့ရတနာ
  100. မြစ်တစ်စင်းရဲ့ဂီတ
  101. အလျော်အစား
  102. မိုးတစ္ဆေ
  103. ပထွေး
  104. ဆွဲအား
  105. မာနဝတ်စုံနဲ့လူ
  106. အချစ်ချိုပြင်း
  107. ကြီးဂေါ်
  108. ငဆိုက်
  109. အာခြူး
  110. ကျွန်တော်နှင့်ထိုသုံးယောက်
  111. သစ္စာမရှိသော သစ္စာ
  112. ဧည့်လာဂမုန်း
  113. ဖက်ဖူးရောင်လွင်ပြင်
  114. ကမ္ဗည်းတင်မယ့်နှလုံးသား
  115. ရှယ်ယောက္ခမ
  116. လူမိုက်ဘတုတ်
  117. မိသားစု
  118. သံမဏိပိုးကြိုးမျှင်
  119. ချောကလက်ဖီလင်
  120. ရင်ဘတ်နဲ့ကြည့်ပါ
  121. ပဲ့ကိုင်
  122. ပေးဆပ်ပြီး
  123. ဣတ္ထိယခေါ် မိန်းမတို့သည်
  124. သရေ
  125. လူမှန်
  126. ဒေါင်းဒေါင်း နှင့် ကောင်းကောင်း
  127. မနက်ဖြန်ရောက်ချင်တယ်
  128. အကြွင်းမဲ့
  129. ရေခဲမြစ်ထဲက သစ်ရွက်များ
  130. အဖေနဲ့သမီး
  131. တစ်ပွဲစား
  132. သံယောဇဉ်
  133. မီးရောင်အောက်ကိုဝင်ရင်
  134. အစစ်အမှန်
  135. ဆူးနဲ့နှင်းဆီတိုက်ပွဲ
  136. ဒီကောင်လေးယောက်မြောက်
  137. ဒဏ်ရာမပါတဲ့အသည်း ရောင်းရန်ရှိသည်
  138. အခြေအနေ
  139. ကြားခွင့်ပေးပါ
  140. မျက်ရည်တစ်စက်
  141. လတ်ဆတ်သောရင်ခုန်သံများ
  142. အချစ်ဆုံးလူ
  143. မျက်လုံးစိမ်းနဲ့ကြည့်သူများ
  144. ဒိုင်ယာရီထဲက မင်နီများ
  145. ကမ္ဘာကြီးသည် ၂၃၁/၂ ဒီဂရီစောင်း၍လည်ပတ်နေဆဲ
  146. မလည်ရှုပ်
  147. ပုလင်းတူဘူးဆို့
  148. အဆုံးအဖြတ်
  149. အနက်ရှိုင်းဆုံးအချစ်
  150. လမင်းရဲ့ဥယျာဉ်မှူး
  151. မယုံရင်ချစ်ကြည့်
  152. အဓိကငါပဲ
  153. အချစ်၏သီအိုရီများ
  154. အငြှိုးမဲ့ ( လက်ငင်းဝဋ် )
  155. ပထမနိမိတ်
  156. ဘသစ်ရဲ့အမှန်တရား
  157. မှန်တစ်ချပ်
  158. အောင်လားဟင်
  159. ရင်ခုန်သံတွေမှားနေတယ်
  160. ပြိုင်ဦးမှာ
  161. တစ်ရက်မှာတစ်နာရီတိုးပေးပါ
  162. အားနာလိုက်တာ
  163. အနက်ရှိုင်းဆုံးပင်လယ်
  164. ရေသောက်မြစ်
  165. မျက်ဝန်း၏မျက်ရည်
  166. အတ္တဆူး
  167. ဖခင်အမည်မှန်
  168. ကြိုက်တာရွေး
  169. ရှင်နော်
  170. လက်ကိုင်ပဝါလေးကောက်ပေးပါ
  171. အချစ်၏ဖမ်းစားခြင်းခံရသူများ
  172. ခွင့်ပြုတော်မူပါဘုရား
  173. အာရုံမှားသူတစ်ယောက်
  174. အေးရာအေးကြောင်း
  175. ကျားကစားခြင်း
  176. ချစ်ခြင်းဖွဲ့သံစဉ်
  177. ဤတွင်
  178. ဝါသနာပါလား
  179. သန္ဓေ
  180. သတိတစ်ချက်
  181. မမေ့နဲ့နော်
  182. အနှစ်
  183. ကံကိုမပိုင်တဲ့ကိုကံပိုင်
  184. ကိုယ်တွေ့မှတ်တမ်း
  185. ခင်ပွန်း
  186. ဖြစ်ပုံက
  187. မြေနိမ့်သော်လည်း လှံစိုက်မခံ
  188. ခံစားကြည့်လိုက်ပါ
  189. ကွန်
  190. ဒီလိုနဲ့ပဲ​ပြီးသွားပြီလား
  191. ဤလောက၌
  192. ဝတ်ကြောင်ကို လွတ်အောင်ပြုနိုင်မှ
  193. ဝတ္တရား
  194. ရာဇဝင်အသစ်
  195. မေနိုင်း
  196. ဒုတိယအဖေ
  197. မီးဝါပြရင်သတိထားပါ
  198. မငိုတတ်အောင်သင်ပေးမယ်
  199. သုညကိုနောက်မှာထားကြည့်
  200. တံခါးမှူး
  201. မိတ္တူ
  202. သင်ခန်းစာ
  203. ဇာတ်သိမ်းကောင်းဖို့လိုတယ်
  204. အချိန်မီ
  205. နမူနာ
  206. ဣတ္ထိယအာရုံ
  207. လွန်ဆွဲခြင်း
  208. ဒုတိယအသက်
  209. သမီးဆိုတဲ့မီး
  210. ထူးခြားလာပြီ
  211. နောက်တစ်ပုဒ်
  212. ဆေးပေးမီးယူ
  213. နားထောင်ပေးပါ
  214. သို့သော်
  215. ၅၂၈ ကို စိန်ခေါ် ခြင်း
  216. အဖေ့လက်ဖွဲ့
  217. ၁ နာရီ ၄၅ မိနစ်ကြောင့်
  218. အဖေနဲ့တူအောင်
  219. ကမ္ဘာပျောက်သူများ
  220. ယူတတ်ရင်ရတယ်
  221. ဘာပဲလုပ်လုပ်သိ
  222. လျှပ်စီးလက်သလိုအချစ်
  223. သူဌေးယောက္ခမ ငါ့ညီ
  224. အမွေသစ်
  225. ဝမ်းတစ်ထွာ
  226. မစားကောင်းတဲ့အသီး
  227. ထီး
  228. ကောင်းကင်သစ်
  229. ဖေကျော့် သူငယ်ချင်း ဦးကျော်
  230. အချစ်ကိုတွေ့ရှိခြင်း
  231. ရှင်ညိုမကောင်းဘူး
  232. ဝတ်မှုန်ကူးတဲ့လက်
  233. အကြွေးပြန်ဆပ်မယ်
  234. လက်ထဲကတူ
  235. အပယ်ခံနေရောင်
  236. မော်ဒန်အင်းတစ်ခ်
  237. ပန်းဖြစ်ပေမယ့်
  238. အမျှဝေလိုက်သည်
  239. နေတစ်မင်း လတစ်စင်း
  240. ငါးသုံးလီ
  241. ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား
  242. အိမ်နီးချင်း
  243. အရှုပ်တွေရှင်းပေးမယ်
  244. သူ့နေရာနှင့်သူ
  245. ငါ့သားရှင်းရင်ပြီးတာပဲ
  246. သို့ သားထွေး
  247. ကျားဆိုရင်ကြောက်တယ်
  248. ရူးပြီ
  249. အားလုံးရှေ့မှာ ငါရှိတယ်
  250. ထိုက်သူရစေ
  251. ငါ့ကြောင့်
  252. ဒဏ်ရာဒဏ်ချက်
  253. လုလူလူး
  254. ရင်ကိုတည့်တည့်ထိမှန်သည်
  255. ဆူး
  256. သေသောသူသည် သုဿန်သို့သွားသည်
  257. အစောင့်
  258. လိုအပ်နေတာဒါပဲ
  259. မာန်ရဲ့ဒဏ်
  260. ရှင်မရှိလို့မဖြစ်ဘူး
  261. အချစ်တဲ့လား
  262. ဗိုက်ပူမ
  263. ရည်ရွယ်မီး
  264. မြွေဟောက်မျက်လုံးနဲ့ပြုံးနေသူ
  265. နွားတစ်ထောင်
  266. မီးပွင့်သွားမယ်
  267. ဖြတ်!
  268. လက်လှုပ်ဝမ်းစာ
  269. ရှုပ်နေတာပဲ
  270. ဂွင်
  271. ကျွန်တော့်နာမည်အောင်ဒင်
  272. တကယ်နားလည်ပြီလား
  273. လူကြမ်း
  274. တစ်လစွန်း
  275. အမေ့သက်တော်စောင့်
  276. အချစ်ကျမ်း
  277. တစ်ယောက်မကျန်
  278. မုဆိုးမငါးယောက်
  279. ငါတို့အားလုံးရဲ့မိဘ
  280. ချစ်သည် မုန်းသည် ရက်စက်သည်
  281. ဇာတ်သိမ်းခန်းမှာလွမ်း
  282. ဆန့်ကျင်ဘက်
  283. အချစ်ရိုင်း
  284. လက်ပြန်ဘထူး
  285. ယောက္ခမ
  286. ဘယ်သူပြောလဲတစ်တောလုံးကြွေ
  287. အိပ်မက်ကိုရောင်းစားသူ
  288. မှိုင်းမိနီထွေး
  289. တာဝန်ကျေချင်တယ်
  290. မာယာလောက
  291. နှလုံးသား၏အမိန့်တော်အတိုင်း
  292. သူကြီး
  293. အစိမ်းလိုက်ခွဲသွားတယ်
  294. မနက်ဖြန်ကျရင်ပြန်လာမယ်
  295. တစ်နပ်စားဘထွား
  296. ရမ္မက်
  297. ပစ်စလက်ခတ်မုန်တိုင်း
  298. ကပ္ပိယကြီး
  299. အသံတွေကြားနေရတယ်
  300. အဖြူရောင်ဘဝများ
  301. အရိုးခံ ( ကျောက်ဖြုန်းကျော်ကြီး )
  302. ကြမ္မာကြွေးကျေပါစေ
  303. ဘနှစ်ကိုယ်ခွဲ
  304. ခယ်မ ချွေးမ သမီး နှင့် ဇနီးလောင်း
  305. ပန်းစားစုန်း
  306. ပဉ္စာနန္တရိယကံ
  307. မီးထဲကသား
  308. ကက/အဖေ
  309. သွေးတစ္ဆေ
  310. အစောင့်အရှောက်
  311. ရိုက်ပြီ
  312. ကပ်မလိုက်နဲ့
  313. ရင်ထဲမှာအတွင်းကြေ
  314. မျက်ကန်းတစ္ဆေမကြောက်
  315. ကိုးနာရီ
  316. တံခါး
  317. ကမ်းကုန်အောင်မိုက်တဲ့သစ်ပင်
  318. ဗျာ! ဆောရီး
  319. ဇရပ်
  320. နွယ်မြတ်သစ်ပင်
  321. သေဖို့သာပြင်
  322. အမြဲငါကြည့်နေတယ်
  323. အစွဲ
  324. လူပျိုကြီး
  325. ပြိတ္တာ
  326. ဖအေတူမအေကွဲ
  327. ရင်ခွင်တံတိုင်း
  328. မည်းညို့နေသော တိမ်တိုက်များ
  329. လွင့်ပြယ်သွားသော တိမ်တိုက်များ
  330. လူမိုက်တစ်ရာ
  331. တစ်ပတ်ပြည့်သွားတဲ့ဘီး
  332. ကျွန်တော်တို့အဖေ အမေ့ချစ်လင်
  333. မြေကြီးကိုအားနာတယ်
  334. ဝိညာဉ်လေးအဆစ်ပါသွားပြီ
  335. သမီးကိုမေ့နေလား
  336. ကြွေးဟောင်း
  337. တုတ်ဓားကြားခင်ထား
  338. အပေးအယူကြမ်းတယ်
  339. ဘာ!
  340. လောဘ ဒေါသ မောဟ
  341. အမဲလိုက်အက
  342. အနတ္တ
  343. တစ်ခုလပ်
  344. ပြဿနာ ပြဿဒါး
  345. ၅၂၈ ကင်ဆာ
  346. ကျွန်တော် နှင့် တတိယကောင်
  347. ကိုယ်စီဗြောက်သောက်
  348. ပြောင်းပြန်
  349. ကရကဋ်ရာသီဖွား
  350. နောက်ဆုံးကျော်ဟိန်း

ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သော ရုပ်ရှင်ကားများ[ပြင်ဆင်ရန်]

  1. စိန်သို့မဟုတ်စိမ် ( ကျော်ဟိန်း၊မေဝင်းမောင်၊ဇော်ဇော်၊ဇော်မင်းယု၊မမိုးဝါ )
  2. လိမ္မာပါကွယ်မောင်လေးရယ် ( ကျော်ဟိန်း၊ချိုပြုံး၊ဗိုလ်ဗကို )
  3. ကျွန်တော့်ကိုယ်စားပြောပေးပါ ( ကျော်ဟိန်း၊မင်းမင်းစိုး၊မြတ်မြတ်မော်၊ဥမ္မာသော်က )
  4. မွန်းတည့်ချိန်တွင်နေဝင်သည် ( ကျော်ဟိန်း၊ချိုပြုံး၊ခင်ခင်သိုက်၊မို့မို့မြင့်အောင် )
  5. ဒုစရိုက်သားကောင် ( လွှမ်းမိုး၊စမ်းပပအောင်၊ငြိမ်းဟန်၊မင်းကျော်၊ဆက်ထွန်း၊ဖိုးသာထူး၊ဟေမာညိမ်း )
  6. ဓားတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည် ( ကျော်ဟိန်း၊ကျော်သူ၊နေအောင်၊မင်းဦး၊ဘီအီးဒီအောင်သိုက် )
  7. ဆွေမျိုးတော်ရင်ဘယ်လိုခေါ်မလဲ ( ကျော်ဟိန်း၊ပိုင်ဇေရဲထွန်း၊ခိုင်သင်းကြည် )

ဒုစရိုက်သားကောင် တစ်ကားမှလွဲ၍ ကျန်သည့်(၆)ကားတွင် ကျော်ဟိန်းကိုယ်တိုင် သရုပ်ဆောင်အဖြစ်ပါဝင်ခဲ့သည်။

သီဆို၍ ထုတ်ခဲ့သော စီးရီးများ[ပြင်ဆင်ရန်]

  1. မျက်ရည်ငှက်များ နားစေသတည်း
  2. လူကြီးမင်းများ လက်ခုပ်တီးပါ
  3. ယင်းမာတင်ဆက်မှု (၂)
  4. တစ်ကိုယ်တော်လေလွင့်ခြင်း
  5. စင်ပေါ်က သီချင်းများ
  6. အဓိပ္ပာယ်ရှိသောလူ
  7. ထာဝရရှင်သန်နေမယ်
  8. ဝီရရသ
  9. အသစ်
  10. ဒုတ် ဒုတ် ဒုတ် ဒုတ်
  11. မော်ဒန်အင်းတစ်ခ်
  12. အဓိပ္ပာယ်ရှိသော စင်ပေါ်ကသီချင်းများ
  13. နိုဝင်ဘာ - ၁၁
  14. The Next (နောက်ဆုံးကျော်ဟိန်း ဗီဒီယို ဇာတ်ကားထဲမှာ ဇာတ်ဝင်သီချင်းအဖြစ် ထည့်သုံးလိုက်သည်။) [၂]

ရေးသားခဲ့သော စာပေများ[ပြင်ဆင်ရန်]

  1. ကျွန်တော့်ကိုယ်စားပြောပေးပါ။ (လုံးချင်းဝတ္ထု) ၁၉၇၅၊(ဒု)၁၉၈၄
  2. ရောင်စုံအပိုင်းအစများ (ဝတ္ထုတိုပေါင်းချုပ်)၂၀၀၂၊ (ဒု)၂၀၀၈
  3. စိတ်ဓားပြ - ကွယ်လွန်သူ ဒွေးအတွက် အမှတ်တရစာ [၃]
  4. ကျော်ဟိန်းများ (ကျော်ဟိန်း၏ နှစ်ပေါင်း ၄၀ သမိုင်း) စာအုပ်ကို Faces မီဒီယာမှ ၂၀၀၉-ခု၊ နိုဝင်ဘာ ၁၆ ရက်နေ့တွင် ဖြန့်ချိပြီး တစ်အုပ်လျှင် ကျပ် ၁၁၅၀၀ ဖြင့် ရောင်းချခဲ့သည်။
  5. သရုပ်ဆောင်ကျမ်း (ရေးသားသူ-ကျော်ဟိန်း)
  6. လုံးဝအဖြူ ရုပ်ပြဇာတ်လမ်းစာအုပ်(ပ+ဒု) ကျော်ဟိန်းအကြောင်း

ရဟန်းဘဝဖြင့် ရေးသားခဲ့သောစာများ[ပြင်ဆင်ရန်]

  1. စိတ်ဓားပြ သေချာလား . . . တဲ့
  2. သင်ခန်းစာ
  3. မေးခွန်းဖြစ်လာရတဲ့ ဖြစ်ကြောင်းကြောင့် (၂၀၀၉၊ အောက်တိုဘာလ)
  4. ခံစားနေတဲ့စိတ်ကို စွန့်လွှတ်လိုက်ပါ (၂၀၀၉၊ ဒီဇင်ဘာလ)

ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

၂၀၂၀ ခုနှစ် ဇူလိုင်လ ၁၁ ရက် မြန်မာစံတော်ချိန် မနက် ၉ နာရီ ၂၇မိနစ်တွင် ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့၌ ဦးကိတ္တိသာရ အဖြစ် ရဟန်းဘဝဖြင့် ခန္ဓာဝန်ချခဲ့သည်။ တူဖြစ်သူ မင်းသား ဒွေး မှာလည်း ဇူလိုင်လ ၁၁ ရက်နေ့ ၂၀၀၇ခုနှစ် တွင် ကွယ်လွန်ခဲ့သည်ဖြစ်၍ သူတို့နှစ်ဦးကွယ်လွန်သည့် နေ့ရက်နှင့်လမှာ တိုက်တိုက်ဆိုင်ဆိုင် အတူတူပင်ဖြစ်နေသည်။[၄] သက်တော် ၇၃ နှစ်၊ ဝါတော် ၁၃ နှစ် ဖြစ်သည်။ လွန်ခဲ့သော သုံးနှစ်က စတင်ခံစားခဲ့ရသည့် နှလုံးရောဂါနှင့် လေဖြတ်ဝေဒနာက တဖြည်းဖြည်း ဆိုးလာပြီး ပျံလွန်တော်မူခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ကြော်ငြာနှင့် ဈေးဝယ်လမ်းညွှန် မဂ္ဂဇင်း အမှတ်(၆၂)၂၀၀၀-ပြည့်နှစ်၊ ဇူလိုင်လ
  2. ဆိုခဲ့သော သီချင်းခွေပေါင်း ၁၄ ခွေ။ ၁၆ ၊ ၂၀၁၃ တွင် ပြန်စစ်ပြီး။ဖေ ၂၀၁၃ တွင် ပြန်စစ်ပြီး။
  3. ပေဖူးလွှာ ရသစုံမဂ္ဂဇင်း အတွဲ(၁)၊ အမှတ်(၁)၂၀၀၉၊ စက်တင်ဘာလ
  4. "ဒွေးကွယ်လွန်ခြင်း ၁၃ နှစ်ပြည့်နေ့တွင် မင်းသားကြီး ကျော်ဟိန်း (ဦးကိတ္တိသာရ) ဩစတြေးလျနိုင်ငံ၌ ကွယ်လွန်"၊ 11 July 2020။ 

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]