မာတိကာသို့ ခုန်သွားရန်

မြန်မာနိုင်ငံ၏ ပထမလေဒီ

ဝီကီပီးဒီးယား မှ
(မြန်မာနိုင်ငံ၏ First Lady မှ ပြန်ညွှန်းထားသည်)
မြန်မာနိုင်ငံ ၏ သမ္မတကတော် (မဟာဒေဝီ)
တာဝန်ထမ်းဆောင်ဆဲပုဂ္ဂိုလ်
ဒေါ်ကြူကြူလှ
(ယာယီ)

၂၂ ဇူလိုင် ၂၀၂၄ မှစ၍
ပုံစံကောင်းသောကျက်သရေ‌ရှိ‌သော ဒေါ် Her Excellency Daw
စံအိမ်နိုင်ငံတော်သမ္မတ အိမ်တော်
စတင်ထမ်းဆောင်သူစောဝ်နန်းဟိန်ခမ်
ဖွဲ့စည်းခြင်း၄ ဇန်နဝါရီ ၁၉၄၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မဟာဒေဝီ အရာသည် နိုင်ငံတော် သမ္မတ သို့မဟုတ် နိုင်ငံတော် အကြီးအကဲ၏ ဇနီး ဖြစ်သည်။ တစ်နည်းအားဖြင့် နိုင်ငံ့ဦးသျှောင်၏ ကြင်ယာတော်ကို ဆိုလိုသည်။ ၎င်းတို့နှင့်ပက်သက်၍ တိကျသော တာဝန်နှင့် ဝတ္တရားများကို သတ်မှတ်ထားခြင်းမရှိပေ။ လက်ရှိမှာ ဒေါ်ကြူကြူလှ ဖြစ်ကာ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဇနီးဖြစ်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံရှိ အမျိုးသမီးများတွင် သက်ဦးဆံပိုင်ဘုရင်စနစ်က မိဖုရားခေါင်ကြီးများသည် အာဏာအရှိဆုံးပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သက်ဦးဆံပိုင်ဘုရင်စနစ်ပျက်သုဉ်းပြီး အင်္ဂလိပ်တို့လက်ထက်တွင် အနောက်တိုင်းသား အရာရှိကတော်များက အာဏာရှိ အမျိုးသမီးများဖြစ်လာကြသည်။ ၁၉၂၀ပြည့်နှစ်အလွန် ဒိုင်အာခီအုပ်ချုပ်ရေး စတင်ချိန်တွင် မြန်မာများမှ အမှုဆောင်ကောင်စီဝင် လူကြီးများဖြစ်လာပြီး ၎င်းတို့၏ ဇနီးများသည် အနောက်တိုင်းသားကတော်များနည်းတူ နေရာရခဲ့သည်။ ၎င်းတို့၏ ခင်ပွန်းများကို ဆာဘွဲ့ ပေးအပ်သောအခါ ၎င်းတို့သည် လေဒီဘွဲ့ခံများ ဖြစ်လာခဲ့သည်။

မြန်မာပြည်အား အိန္ဒိယမှ ခွဲထုတ်ပြီးနောက် နန်းရင်းဝန်များ ခန့်အပ်ခဲ့ပြီး နန်းရင်းဝန်ကတော်များ ပေါ်ထွက်လာခဲ့သည်။ လွတ်လပ်ရေး ရပြီးချိန်တွင် အခြေခံဥပဒေအရ အဆောင်အယောင်သမ္မတစနစ်ပေါ်ထွန်းလာပြီး သမ္မတကတော်များကို ပထမလေဒီ (First Lady)အဖြစ် သတ်မှတ်နိုင်သည်။ အစိုးရအဖွဲ့၏ခေါင်းဆောင် ဝန်ကြီးချုပ်များ၏ ဇနီးများလည်း ရှိသည်။ ၁၉၆၂ အာဏာသိမ်းပြီးချိန်တွင် သမ္မတဦးနေဝင်း၏ ဇနီးများသည် ပထမလေဒီ (First Lady) ဖြစ်လာသည်။ ၁၉၈၈ အာဏာသိမ်းပြီးချိန်တွင် နိုင်ငံတော်အကြီးအကဲများ၏ ဇနီးများသည် ပထမလေဒီ (First Lady)များ ဖြစ်လာခဲ့သည်။ ၎င်းတို့အနက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်မှာ ထင်ရှားသည်။ ခင်ပွန်းဖြစ်သူ၏ နိုင်ငံခြားခရီးစဉ်များတွင် သူနှင့်အတူ မိသားစုလိုက် ခေါ်သွားလေ့ရှိသည်။ ဒေါ်ကြိုင်ကြိုင်နှင့်အတူ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်၏ဇနီး ဒေါ်ခင်ဝင်းရွှေမှာလည်း ထင်ရှားခဲ့သည်။ ထိုခေတ်က အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများတွင် အကြီးအကဲကတော်များကို တွေ့ရလေ့ရှိသည်။

ရန်ကုန်မြို့တွင်ကျင်းပသော အခမ်းအနားတွင်တွေ့ရသော ဒေါ်ကြိုင်ကြိုင်

၂၀၁၁ ခုနှစ်နောက်ပိုင်း သမ္မတစနစ် ပြန်လည်ပေါ်ထွက်လာချိန်တွင် သမ္မတဦးသိန်းစိန်၏ဇနီး ဒေါ်ခင်ခင်ဝင်းမှာ ပထမလေဒီ (First Lady) ဖြစ်လာခဲ့သည်။

ဒေါ်ခင်ခင်ဝင်းနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်

နိုင်ငံတော်အဆင့် အခမ်းအနားများ၊ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသော နိုင်ငံတကာ အခမ်းအနားများတွင် ခင်ပွန်းဖြစ်သူနှင့်အတူ တွေ့ရလေ့ရှိသည်။နိုင်ငံတကာမှ ချစ်ကြည်ရေးခရီးရောက်ရှိလာသော အကြီးအကဲများ၏ ဇနီးများကိုလည်း သီးခြားလက်ခံတွေ့ဆုံမှုများလည်းရှိခဲ့သည်။[] ခင်ပွန်းဖြစ်သူ၏ နိုင်ငံခြားခရီးစဉ်များတွင် အများအားဖြင့် လိုက်ပါလေ့မရှိပေ။ ၎င်း၏နောက် သမ္မတဦးထင်ကျော်၏ဇနီး ဒေါ်စုစုလွင်မှာ သမ္မတကတော် ဖြစ်လာခဲ့သည်။ ဒေါ်စုစုလွင်သည် ပထမလေဒီ(First Lady)တာဝန်သာမက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တာဝန်ကိုပါ တစ်ပြိုင်နက် ထမ်းဆောင်ခဲ့သူဖြစ်သည်။ ယခင် သမ္မတကတော်နည်းတူ နိုင်ငံတော်အဆင့် အခမ်းအနားများတွင် ၎င်းကို တွေ့ရလေ့ရှိသည်။ နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်သော မှတ်တမ်းဓာတ်ပုံများအရ စင်ကာပူဝန်ကြီးချုပ် လီရှန်လုံး၏ ဇနီးဖြစ်သူကို သမ္မတအိမ်တော်၌ ဧည့်ခံနေသည်ကို တွေ့ရှိရသည်။[] ဦးထင်ကျော်အနားယူပြီး ဦးဝင်းမြင့် သမ္မတဖြစ်လာချိန်တွင် ဒေါ်ချိုချိုမှာ ပထမလေဒီ (First Lady) ဖြစ်လာခဲ့သည်။ ဦးထင်ကျော်နှင့် ဦးဝင်းမြင့်တို့အကြား လစ်လပ်နေသော ၇ရက်ခန့်တွင် ဦးမြင့်ဆွေမှာ ယာယီသမ္မတဖြစ်လာခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်ခင်သက်ဌေးမှာလည်း ယာယီဖြစ်ခဲ့ဖူးသည်။ ၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် သမ္မတအသစ် ဦးဝင်းမြင့်နှင့် ပထမလေဒီအသစ် ဒေါ်ချိုချိုတို့ကို ဦးမြင့်ဆွေနှင့် ဒေါ်ခင်သက်ဌေးတို့မှ သမ္မတအိမ်တော်အရှေ့တွင် ကြိုဆိုခဲ့ကြသည်။[]ဒေါ်စုစုလွင်၊ ဒေါ်ချိုချို တို့နှင့်အတူ နိုင်ငံတော်အဆင့် အခမ်းအနားများတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုပါ ပူးတွဲတွေ့မြင်ခဲ့ကြရသည်။

ဦးထင်​ကျော်နှင့် ​​ဒေါ်စုစုလွင်

၂၀၂၁ အာဏာသိမ်းပြီးနောက် ယာယီသမ္မတ ဦးမြင့်ဆွေ၏ဇနီး ဒေါ်ခင်သက်ဌေးမှာ ယာယီပထမလေဒီ ဖြစ်လာသည်။ သို့သော် ဦးမြင့်ဆွေနှင့်ပက်သက်သော အခန်းကဏ္ဍကို တိကျစွာဖော်ပြခြင်းမရှိသဖြင့် အာဏာသိမ်းအစိုးရအဖွဲ့၏ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှနှင့် ဒေါ်ခင်သက်ဌေးတို့၏ အခန်းကဏ္ဍများမှာလည်း တိကျစွာသိရှိရခြင်းမရှိပေ။[]

စာရင်း

[ပြင်ဆင်ရန်]
# အမည် ပုံ သမ္မတ/အကြီးအကဲ စတင်ရက် ပြီးဆုံးရက် ရက်ပေါင်း
စောဝ်နန်းဟိန်ခမ် စဝ်ရွှေသိုက်  ဇန်နဝါရီ ၁၉၄၈ ၁၂ မတ် ၁၉၅၂ ၁၅၂၉
ဒေါ်ခင်​စောဦး (သမီး)[] ဦးဘဦး - - -
ဒေါ်မြမေ မန်းဝင်းမောင် ၁၃ မတ် ၁၉၅၇  မတ် ၁၉၆၂ ၁၈၁၅
ဒေါ်ခင်မေသန်း ဦးနေဝင်း  မတ် ၁၉၆၂ ၃၀ စက်တင်ဘာ ၁၉၇၂
ဒေါ်နီနီမြင့်  ဧပြီ ၁၉၇၃
ရတနာနတ်မယ် ၂၄ ဒီဇင်ဘာ ၁၉၇၆  မေ ၁၉၇၇
ဒေါ်နီနီမြင့်
ဒေါ်သန်းရှိန် ဦးစန်းယု
ဒေါ်ရွှေတင် ဦးစိန်လွင်
ဒေါ်ခင်မေနှင်း ဒေါက်တာ မောင်မောင်
၁၀ ဒေါ်အေးရီ ဗိုလ်ချုပ်မှူးကြီး စောမောင်
၁၁ ဒေါ်ကြိုင်ကြိုင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၂၃ ဧပြီ ၁၉၉၂ ၃၀ မတ် ၂၀၁၁ ၆၉၁၅
၁၂ ဒေါ်ခင်ခင်ဝင်း ဦးသိန်းစိန် ၃၀ မတ် ၂၀၁၁ ၃၀ မတ် ၂၀၁၆ ၁၈၂၇
၁၃ ဒေါ်စုစုလွင် ဦးထင်ကျော် ၃၀ မတ် ၂၀၁၆ ၂၁ မတ် ၂၀၁၈ ၇၂၁
- ဒေါ်ခင်သက်ဌေး
ယာယီ
ဦးမြင့်ဆွေ ၂၁ မတ် ၂၀၁၈ ၃၀ မတ် ၂၀၁၈
၁၄ ဒေါ်ချိုချို ဦးဝင်းမြင့် ၃၀ မတ် ၂၀၁၈  ဖေဖော်ဝါရီ ၂၀၂၁ ၁၀၃၉
- ဒေါ်ခင်သက်ဌေး
ယာယီ
ဦးမြင့်ဆွေ  ဖေဖော်ဝါရီ ၂၀၂၁ ၂၂ ဇူလိုင် ၂၀၂၄ ၁၈၃၆
ဒေါ်ကြူကြူလှ
(ယာယီ)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၂ ဇူလိုင် ၂၀၂၄ လက်ရှိ ၅၆၉

ကိုးကား

[ပြင်ဆင်ရန်]