မြင့်အောင်၊ ဗိုလ် (ရဲဘော်သုံးကျိပ်)
ပုံပန်းသွင်ပြင်
(ဗိုလ်မြင့်အောင် မှ ပြန်ညွှန်းထားသည်)
ဗိုလ်မြင့်အောင် | |
---|---|
မွေးဖွားရာဒေသ | သူရဲတန်းရွာ၊ ပန်းတောင်းမြို့နယ် |
သခင်အမည် | သခင်စိုး |
ဗိုလ်ဘွဲ့အမည် | ဗိုလ်မြင့်အောင် |
ဂျပန်အမည် | ကိုနို (Kono) |
နိုင်ငံသား | ![]() |
လူမျိုး | ဗမာ |
ကိုးကွယ်သည့်ဘာသာ | ဗုဒ္ဓဘာသာ |
ဆုတံဆိပ် | လွတ်လပ်ရေး မော်ကွန်းဝင်(ပထမဆင့်) |
ကွယ်လွန်ရက် | ၁၉၄၅-ခုနှစ်၊ ဇွန်လ(၂၄)ရက် |
သခင်စိုး (ခေါ်) ဗိုလ်မြင့်အောင်သည် ရဲဘော်သုံးကျိပ်ဝင် တစ်ယောက် ဖြစ်သည်။ တို့ဗမာအစည်းအရုံး အဖွဲ့ဝင်ဖြစ်ပြီး ဂျပန်သို့သွားသော ဒုတိယ အသုတ်တွင် ပါဝင်ခဲ့သည်။ ဂျပန်ခေတ်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် ကို ပြင်ဆင်ဖွဲ့စည်းသောအခါ ဗိုလ်မြင့်အောင် သည် စက်အမြောက်တပ်ရင်း ကို ခေါင်းဆောင်ပြီး စနစ်တကျ ဖွဲ့စည်းတည်ဆောက်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေး ဆင်နွဲသောအခါ စက်အမြောက်တပ်ရင်းကို ဦးဆောင်၍ တော်လှန်ရေး တိုင်းအမှတ် (၇) မှ ပါဝင် တိုက်ခိုက်ခဲ့သည်။ ဖက်စစ်ဂျပန်များကို သုတ်သင်ရာတွင် များစွာ အောင်မြင်ခဲ့လေသည်။ [၁]
လွတ်လပ်ရေး မော်ကွန်းဝင်(ပထမဆင့်) ချီးမြှင့်ခံရသည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]၁၉၄၅-ခုနှစ်၊ ဇွန်လ(၂၄)ရက်တွင် နတ်တလင်မြို့၌ ကိုယ်ကိုယ်ကိုယ် သတ်သေသည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]စိန်တင်၊ တက္ကသိုလ် (၁၉၆၈)။ ရဲဘော်သုံးကျိပ်မော်ကွန်း။