ဗဟိုဥရောပဒေသ နွေရာသီစံတော်ချိန်
ခရမ်းရောင်ဖျော့ဖျေ | အနောက်ဥရောပ စံတော်ချိန် / ဂရင်းနစ်စံတော်ချိန် (UTC) |
ခရမ်းရောင် | အနောက်ဥရောပဒေသ စံတော်ချိန် / ဂရင်းနစ်စံတော်ချိန် (UTC) |
အနောက်ဥရောပဒေသ နွေရာသီစံတော်ချိန် / ဗြိတိသျှ နွေရာသီစံတော်ချိန် / အိုင်းရစ် စံတော်ချိန် (UTC+1) | |
အနီရောင် | ဗဟိုဥရောပဒေသ စံတော်ချိန် (UTC+1) |
ဗဟိုဥရောပဒေသ နွေရာသီစံတော်ချိန် (UTC+2) | |
အဝါရောင် | အရှေ့ဥရောပဒေသ စံတော်ချိန် / ကာလင်နင်ဂရတ်ဒေသ စံတော်ချိန် (UTC+2) |
ရွှေ | အရှေ့ဥရောပဒေသ စံတော်ချိန် (UTC+2) |
အရှေ့ဥရောပဒေသ နွေရာသီစံတော်ချိန် (UTC+3) | |
အစိမ်းရောင်ဖျော့ဖျော့ | မော်စကို စံတော်ချိန် / တူရကီ စံတော်ချိန် (UTC+3) |
ဗဟိုဥရောပ နွေရာသီစံတော်ချိန်(အင်္ဂလိပ်: Central European Summer Time)(CEST)၊ အချို့အခြေအနေများ၌ ဗဟိုဥရောပ နေ့အလင်းရောင်ထိန်းသိမ်းသော စံတော်ချိန်(Central European Daylight Time၊ CEDT))ဟု ညွှန်းဆို၊ ကို ဗဟိုဥရောပ စံတော်ချိန်(CET; UTC+01:00)အား အသုံးပြုသော အချို့သော ဥရောပနိုင်ငံများတွင် နွေရာသီ နေ့အလင်းရောင်ထိန်းသိမ်းသောအချိန်အဖြစ် အသုံးပြုကြသည်။ ၎င်းသည် UTC+02:00နှင့် ကိုက်ညီမှရှိပြီး အရှေ့ဥရောပ စံတော်ချိန်၊ ဗဟိုအာဖရိက စံတော်ချိန်၊ တောင်အာဖရိက စံတော်ချိန်၊ အီဂျစ် စံတော်ချိန်နှင့် ရုရှားနိုင်ငံတွင် အသုံးပြုသော ကာလင်နင်ဂရတ်ဒေသစံတော်ချိန်တို့နှင့်လည်း တူညီသည်။[၁]
အမည်များ
[ပြင်ဆင်ရန်]ဗဟိုဥရောပ နွေရာသီစံတော်ချိန်အား အခြားသောအမည်များအဖြစ် အလယ်ဥရောပ နွေရာသီစံတော်ချိန်(Middle European Summer Time၊ MEST)[၂]၊ ဗဟိုဥရောပ နေ့အလင်းရောင်ထိန်းသိမ်းသော စံတော်ချိန်(Central European Daylight Saving Time၊ CEDT)[၃] နှင့် ဘရာဗိုချိန် (နေတိုး သဒ္ဒဗေဒအက္ခရာ၏ ဒုတိယမြောက်အက္ခရာ) အစရှိသဖြင့် အသုံးပြုကြသည်။[၄]
အသုံးပြုသည့်ကာလ
[ပြင်ဆင်ရန်]၁၉၉၆ ခုနှစ်မှစ၍ ဥရောနွေရာသီစံတော်ချိန်အား 01:00 UTC (02:00 CET နှင့် 03:00 CEST) တွင် မတ်လ နောက်ဆုံးတနင်္ဂနွေနေ့နှင့် 01:00 UTC တွင် အောက်တိုဘာလ နောက်ဆုံးတနင်္ဂနွေနေ့အတွင်း ဥရောပသမဂ္ဂအတွင်းရှိ နိုင်ငံများတွင် တသမတ်တည်းမဟုတ်ပဲ သတ်မှတ်ခဲ့သည်။[၅]
၂၀၂၁ မှစ၍ ဥရောပတွင် နွေရာသီစံတော်ချိန်အား ပယ်ဖျက်ပြီး ဆောင်းရာသီစံတော်ချိန်အား တနာရီရှေ့တိုး၍ တနှစ်ပတ်လုံး အချိန်အား ထိန်းသိမ်းရန် အဆိုပြုချက်များ ရှိခဲ့သည်။[၆]
အသုံးပြုမှုများ
[ပြင်ဆင်ရန်]ဖော်ပြပါနိုင်ငံများနှင့် ဒေသများအတွင် ပုံမှန်အားဖြင့် ဗဟိုဥရောပ နွေရာသီစံတော်ချိန်အား အသုံးပြုကြသည်။[၇]
- အယ်လ်ဘေးနီးယားနိုင်ငံ၊ ၁၉၇၄ ခုနှစ်မှစ၍
- အင်ဒိုရာနိုင်ငံ၊ ၁၉၈၅ ခုနှစ်မှစ၍
- ဩစတြီးယားနိုင်ငံ၊၁၉၈၀ ခုနှစ်မှစ၍
- ဘယ်လ်ဂျီယမ်နိုင်ငံ၊၁၉၈၀ ခုနှစ်မှစ၍
- ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံ၊၁၉၈၃ ခုနှစ်မှစ၍
- ခရိုအေးရှားနိုင်ငံ၊၁၉၈၃ ခုနှစ်မှစ၍
- ချက်သမ္မတနိုင်ငံ၊၁၉၇၉ ခုနှစ်မှစ၍
- ဒိန်းမတ်နိုင်ငံ (metropolitan)၊၁၉၈၀ ခုနှစ်မှစ၍
- ပြင်သစ်နိုင်ငံ (metropolitan)၊၁၉၇၆ ခုနှစ်မှစ၍
- ဂျာမနီနိုင်ငံ၊၁၉၈၀ ခုနှစ်မှစ၍
- ဂျီဘရော်လ်တာ၊၁၉၈၂ ခုနှစ်မှစ၍
- ဟန်ဂေရီနိုင်ငံ၊၁၉၈၀ ခုနှစ်မှစ၍
- အီတလီနိုင်ငံ၊၁၉၆၈ ခုနှစ်မှစ၍
- ကိုဆိုဗို၊၁၉၈၃ ခုနှစ်မှစ၍
- လစ်တန်စတိန်းနိုင်ငံ၊၁၉၈၁ ခုနှစ်မှစ၍
- လူဇင်ဘတ်နိုင်ငံ၊၁၉၈၁ ခုနှစ်မှစ၍
- မော်လတာနိုင်ငံ၊၁၉၇၄ ခုနှစ်မှစ၍
- မိုနာကိုနိုင်ငံ၊၁၉၇၆ ခုနှစ်မှစ၍
- မွန်တီနီဂရိုးနိုင်ငံ၊၁၉၈၃ ခုနှစ်မှစ၍
- နယ်သာလန်နိုင်ငံ၊၁၉၇၇ ခုနှစ်မှစ၍
- မြောက်မက်စီဒိုးနီးယားနိုင်ငံ၊၁၉၈၃ ခုနှစ်မှစ၍
- နော်ဝေးနိုင်ငံ၊၁၉၈၀ ခုနှစ်မှစ၍
- ပိုလန်နိုင်ငံ၊၁၉၇၇ ခုနှစ်မှစ၍
- ဆန်မာရီနိုနိုင်ငံ၊၁၉၆၆ ခုနှစ်မှစ၍
- ဆားဘီးယားနိုင်ငံ၊၁၉၈၃ ခုနှစ်မှစ၍
- ဆလိုဗားကီးယားနိုင်ငံ၊၁၉၇၉ ခုနှစ်မှစ၍
- ဆလိုဗေးနီးယားနိုင်ငံ၊၁၉၈၃ ခုနှစ်မှစ၍
- စပိန်နိုင်ငံ၊၁၉၇၄ ခုနှစ်မှစ၍ (အနောက်ဥရောပ နွေရာသီစံတော်ချိန်အသုံးပြုသော ကနေရီကျွန်းစုမှလွဲ၍)
- ဆွီဒင်နိုင်ငံ၊၁၉၈၀ ခုနှစ်မှစ၍
- ဆွစ်ဇာလန်နိုင်ငံ၊၁၉၈၁ ခုနှစ်မှစ၍
- ဗာတီကန်စီးတီး၊၁၉၆၆ ခုနှစ်မှစ၍
ဖော်ပြပါနိုင်ငံများတွင် ယခင်က ဗဟိုဥရောပ နွေရာသီစံတော်ချိန်အား အသုံးပြုခဲ့သည်။
- လစ်ဗျားနိုင်ငံ၊ ၁၉၅၁–၁၉၅၉၊ ၁၉၈၂–၁၉၈၉၊ ၁၉၉၆–၁၉၉၇၊ ၂၀၁၂–၂၀၁၃
- လစ်သူယေးနီးယားနိုင်ငံ၊ ၁၉၉၈–၁၉၉၉
- ပေါ်တူဂီနိုင်ငံ၊ ၁၉၉၃–၁၉၉၅
- တူနီးရှားနိုင်ငံ၊ ၂၀၀၅–၂၀၀၈
ဆက်လက်ကြည့်ရှုရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ CEST time now (in en-US)။ ၂၅ ဇွန် ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ Time zone names- Middle European Daylight, Middle European Summer, Mitteieuropaische Sommerzeit (german)။ ၂၅ ဇွန် ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ CEDT - Central European Daylight Time: Current local time (in en)။ ၂၅ ဇွန် ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ B – Bravo Time Zone (Time Zone Abbreviation) (in en)။ ၂၅ ဇွန် ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ Joseph Myers (2009-07-17)။ History of legal time in Britain။ ၂၅ ဇွန် ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ "European parliament votes to scrap daylight saving time from 2021"၊ The Guardian၊ 26 March 2019။
- ↑ CEST – Central European Summer Time (Time Zone Abbreviation) (in en)။ ၂၅ ဇွန် ၂၀၂၁ တွင် ပြန်စစ်ပြီး။