ဗဟိုအာဖရိကဒေသ စံတော်ချိန်
ပုံပန်းသွင်ပြင်
(ဗဟိုအာဖရိက စံတော်ချိန် မှ ပြန်ညွှန်းထားသည်)
-01:00 | ကိတ်ဗာဒီ စံတော်ချိန်[a] |
±00:00 | ဂရင်းနစ်စံတော်ချိန် |
+01:00 | |
+02:00 | |
+03:00 | အရှေ့အာဖရိကဒေသ စံတော်ချိန် |
+04:00 |
b မောရစ်ရှနှင့် ဆေးရှဲတို့သည် မဒါဂတ်စကား၏ အရှေ့နှင့် အရှေ့မြောက်တွင် အသီးသီးတည်ရှိသည်။
ဗဟိုအာဖရိက စံတော်ချိန်(အင်္ဂလိပ်: Central Africa Time)(CAT)သည် ဗဟိုနှင့် တောင်အာဖရိကဒေသတွင် အသုံးပြုသော အချိန်ဇုန်ဖြစ်သည်။ ဗဟိုအာဖရိကစံတော်ချိန်သည် Coordinated Universal Timeထက် နှစ်နာရီရှေ့ရောက်သောအချိန်(UTC+02:00)ကို အသုံးပြုပြီး တောင်အာဖရိက စံတော်ချိန်၊ အီဂျစ် စံတော်ချိန်၊ အရှေ့ဥရောပဒေသ စံတော်ချိန်၊ ကာလင်နင်ဂရတ်ဒေသ စံတော်ချိန်နှင့် ဗဟိုဥရောပဒေသ နွေရာသီစံတော်ချိန်တို့နှင့် အတူတူပင်ဖြစ်သည်။
အီကွေတာနှင့် အပူပိုင်းဇုန်ဒေသများရှိ အချိန်ဇုန်များကဲ့သို့ပင် တစ်နှစ်ပတ်လုံးတွင် တနေ့တာအလျားသည် အနည်းငယ်များသာ ပြောင်းလဲမှုရှိသောကြောင့် နေ့အလင်းရောင်ထိန်းသိမ်းသောအချိန်ကို အသုံးပြုခြင်းမရှိပါ။
ဗဟိုအာဖရိက စံတော်ချိန်ကို အောက်ဖော်ပြပါနိုင်ငံများတွင် အသုံးပြုသည်။
- ဘော့ဆွာနာ
- ဘူရွန်ဒီ
- ကွန်ဂိုဒီမိုကရက်တစ်သမ္မတ (eastern side only)
- မာလဝီ
- မိုဇမ်ဘစ်
- နမီးဘီးယား
- ရဝမ်ဒါ
- ဆူဒန်
- တောင်ဆူဒန်
- ဇမ်ဘီယာ
- ဇင်ဘာဘွေ
အာဖရိကတိုက်ရှိ ဖော်ပြပါနိုင်ငံများတွင်လည်း တစ်နှစ်ပတ်လုံး UTC+02:00 ကို အသုံးပြုသည်။
- အီဂျစ် (အီဂျစ်စံတော်ချိန်ကို အသုံးပြုသည်)
- လီဆိုသို (တောင်အာဖရိကစံတော်ချိန်ကို အသုံးပြုသည်)
- လစ်ဗျား (အရှေ့ဥရောပစံတော်ချိန်ကို အသုံးပြုသည်)
- တောင်အာဖရိက (တောင်အာဖရိကစံတော်ချိန်ကို အသုံးပြုသည်)
- အဲ့စ်ဝါတီးနီ (တောင်အာဖရိကစံတော်ချိန်ကို အသုံးပြုသည်)
ဆက်လက်ကြည့်ရှုရန်
[ပြင်ဆင်ရန်]- အီဂျစ် စံတော်ချိန် - အီဂျစ်နိုင်ငံကို လွှမ်းခြုံထားသည့် တူညီသော အချိန်ဇုန်ဖြစ်ပြီး UTC+02:00 တွင်ဖြစ်သည်။
- ကာလင်နင်ဂရတ်ဒေသ စံတော်ချိန် - ရုရှားနိုင်ငံ၊ ကာလင်နင်ဂရတ်အော့ဘလတ်ကို လွှမ်းခြုံထားသည့် တူညီသော အချိန်ဇုန်ဖြစ်ပြီး UTC+02:00 တွင်ဖြစ်သည်။
- အစ္စရေး စံတော်ချိန် - ဆောင်းရာသီကာလတွင် အစ္စရေးနိုင်ငံကို လွှမ်းခြုံထားသည့် တူညီသော အချိန်ဇုန်ဖြစ်ပြီး UTC+02:00 တွင်ဖြစ်သည်။
- အရှေ့ဥရောပဒေသ စံတော်ချိန် - ဆောင်းရာသီကာလတွင် ဥရောပနှင့် အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံများကို ,လွှမ်းခြုံထားသည့် တူညီသော အချိန်ဇုန်ဖြစ်ပြီး UTC+02:00 တွင်ဖြစ်သည်။
- ဗဟိုဥရောပဒေသ နွေရာသီစံတော်ချိန် - နေ့အလင်းရောင်ထိန်းသိမ်းသောအချိန်အား အသုံးပြုသောကာလ၌ ဥရောပနိုင်ငံများအား လွှမ်းခြုံထားသည့် တူညီသော အချိန်ဇုန်ဖြစ်ပြီး UTC+02:00 တွင်ဖြစ်သည်။
- တောင်အာဖရိက စံတော်ချိန် - တောင်အာဖရိကနိုင်ငံကို လွှမ်းခြုံထားသည့် တူညီသော အချိန်ဇုန်ဖြစ်ပြီး UTC+02:00 တွင်ဖြစ်သည်။