ဗာတီကန် မြို့ပြနိုင်ငံ
ဗာတီကန်မြို့ပြနိုင်ငံ Status Civitatis Vaticanae (လက်တင်) | |
---|---|
နိုင်ငံတော် သီချင်း: "ပုပ်ရဟန်းမင်းကြီး၏ သီချင်းနှင့် ချီးတက်သီချင်း" | |
![]() | |
မြို့တော် | ဗာတီကန်စီးတီး (မြို့ပြနိုင်ငံ) |
ရုံးသုံး ဘာသာစကားများ | လက်တင်၊ အီတလီ |
ကိုးကွယ်မှု | ကက်သလစ်ဝါဒ (နိုင်ငံတော်ဘာသာ) |
အမျိုးအစား | ရွေးကောက်တင်မြှောက်သော ပုပ်ရဟန်းမင်းကြီး[၁] |
အစိုးရ | ကက်သလစ်သာသနာ လွှမ်းမိုးသော အကြွင်းမဲ့စိုးစံသည့် ရွေးချယ်တင်မြှောက်ခံ မင်းတစ်ပါးအုပ်ချုပ်သည့် တစ်ပြည်ထောင် အုပ်ချုပ်ရေးစနစ် |
ဟောလီစီ | |
• ပုပ်ရဟန်းမင်းကြီး | လီယို ၁၄ |
• ကာဒီနယ်ဝန်ကြီးချုပ် | Pietro Parolin |
• ဗာတီကန်မြို့ပြနိုင်ငံအတွက် ပုပ်ရဟန်းမင်းကြီး၏ ကော်မရှင်ဥက္ကဋ္ဌ | Raffaella Petrini |
ဥပဒေပြုလွှတ်တော် | ပုပ်ရဟန်းမင်းကြီး၏ ကော်မရှင် |
တည်ထောင် | |
• လွတ်လပ်ရေး (အီတလီမှ) | ၁၁ ဖေဖော်ဝါရီ ၁၉၂၉ |
ဧရိယာ | |
• စုစုပေါင်း | ၀.၁၇ စတုရန်းမိုင် (၀.၄၄ စတုရန်း ကီလိုမီတာ) (အဆင့်: ၂၃၅) |
• ရေထု (%) | ၀ |
လူဦးရေ | |
• ခန့်မှန်း | ၈၄၂[၂] (အဆင့် - ၂၄၀) |
• သိပ်သည်းမှု | ၁၈၇၇/km² (၄၈၅၉/sq mi) (အဆင့် - ၆) |
ငွေကြေး | ယူရို (€) |
အချိန်ဇုန် | +၁ (နွေရာသီ) +၂ |
တယ်လီဖုန်းကုဒ် | +၃၇၉[၃] |
Internet TLD | .va |
ဗာတီကန်စီးတီး (အင်္ဂလိပ်: Vatican City (/ˈvætɪkən/ ( ) ၊ အီတလီ: Stato della Città del Vaticano ၊ လက်တင်: Status Civitatis Vaticanae) တရားဝင်အားဖြင့် ဗာတီကန်မြို့ပြနိုင်ငံသည် မြို့တော်နှင့် နိုင်ငံတစ်ခုတည်း ဖြစ်ပြီး အီတလီနိုင်ငံ ရောမမြို့အတွင်းတွင် တံတိုင်းကာ၍ တည်ရှိသော ကမ္ဘာ့အသေးဆုံးနိုင်ငံ (ကုန်းတွင်းပိတ်နိုင်ငံ) ဖြစ်သည်။ ဧရိယာ အကျယ်အဝန်း အားဖြင့် ၄၄ ဟက်တာ (၁၁၀ ဧက) မျှ ရှိပြီး လူဦးရေ ၈၀၀ ခန့်မျှ ရှိသည်။
ကမ္ဘာ့အသေးဆုံး အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ပြီး သမိုင်းတစ်လျှောက် ဆွစ်ဇာလန်လုံခြုံရေးတပ်များ တာဝန်ယူလာသည့် ကိုယ်ပိုင် စစ်တပ်လည်း ရှိသည်။
ရုံးသုံးဘာသာစကားမှာ အီတလီဖြစ်ပြီး ကိုယ်ပိုင် တယ်လီဖုန်း ကုမ္ပဏီ၊ ရေဒီယို၊ ရုပ်မြင်သံကြားဌာန၊ ငွေကြေးနှင့် တံဆိပ်ခေါင်းလုပ်ငန်းများ တည်ရှိသော နိုင်ငံငယ် ဖြစ်သည်။ နေ့အခါတွင် နိုင်ငံ မြို့တံခါးဖွင့်ကာ အဝင်အထွက်ရှိသော်လည်း ညအခါတွင် နိုင်ငံနယ်နမိတ် တံခါးကို ပိတ်ထားသည်။
အမည်ဆင်းသက်လာပုံ
[ပြင်ဆင်ရန်]ဗာတီကန်စီးတီးဟူသောအမည်ကို ပထမဆုံးအသုံးပြုခဲ့သည်မှာ ၁၉၂၉ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သော လက်တီရန်စာချုပ် (Lateran Treaty) တွင် ဖြစ်သည်။ ထိုစာချုပ်သည် ရောမမြို့အတွင်းရှိ ဗာတီကန်ကုန်းတစ်ခုအား အစွဲပြု၍ ခေတ်သစ်မြို့ပြနိုင်ငံငယ်ကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး ကက်သလစ်ဘုရားကျောင်းဖြစ်သော စိန့်ပီတာဘာစီလီကာ (St. Peter Basilica) သည် ဤကုန်းပေါ်တွင် တည်ဆောက်ထားသည်။
ဗာတီကန်ကုန်း၏ နာမည်မှာ အီထရူးရစ်ကန်ကျေးရွာတစ်ခု၏ အမည်ဖြစ်သော Vatica သို့မဟုတ် Vaticum မှ ဆင်းသက်လာခြင်းဖြစ်ပြီး ရိုမန်လူမျိုးတို့က Ager Vaticanus ("ဗာတီကန်နယ်မြေ") ဟုခေါ်ဝေါ်သော နယ်မြေအတွင်း တည်ရှိခဲ့သည်။
မြို့၏ အီတလီအမည်မှာ Città del Vaticano ဖြစ်ပြီး ပိုမိုတရားဝင်သောအမည်မှာ Stato della Città del Vaticano ("ဗာတီကန်မြို့ပြနိုင်ငံ") ဖြစ်သည်။ လက်တင်အမည်မှာ Status Civitatis Vaticanae ဖြစ်ပြီး ဤအမည်ကို ဟောလီစီ၊ ကက်သလစ်အသင်းတော်နှင့် ပုပ်ရဟန်းမင်းကြီးတို့မှ တရားဝင်စာရွက်စာတမ်းများတွင် အသုံးပြုသည်။

ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ | |
---|---|
![]() ဗာတီကန်စီးတီး | |
ရွေးချယ်သည့် စံနှုန်း | ယဉ်ကျေးမှု: i, ii, iv, vi |
ရည်ညွှန်း | ၂၈၆ |
စာရင်းသွင်းခြင်း | ၁၉၈၄ (အဋ္ဌမအကြိမ် အစည်းအဝေး) |
ကိုးကား
[ပြင်ဆင်ရန်]- ↑ Internet portal of Vatican City State။ Vatican City State။ 24 May 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 July 2011 တွင် ပြန်စစ်ပြီး။
- ↑ Holy See (Vatican City)။ CIA—The World Factbook။ 7 January 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ဇူလိုင် ၂၀၁၄ တွင် ပြန်စစ်ပြီး။
- ↑ ITU-T assigned code 379 to Vatican City. However, Vatican City is included in the Italian telephone numbering plan and uses the Italian country code 39, followed by 06 (for Rome) and 698.
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- တရားဝင်ဝက်ဘ်ဆိုဒ် 2 November 2010 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- Official website of the Holy See