ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်
ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် High Court of the Bago Region | |
---|---|
နိုင်ငံ | မြန်မာနိုင်ငံ |
တည်နေရာ | ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့ |
လုပ်ပိုင်ခွင့်ပြုခြင်း | ဖွဲ့စည်းပုံအခြေခံဥပဒေ |
ရာထူးနေရာ | ၄ |
ဝက်ဘ်ဆိုဒ် | bago.hc.gov.mm |
တရားသူကြီးချုပ် | |
လက်ရှိ | ဒေါ်လွင်လွင်အေးကျော် |
စတင်တာဝန်ထမ်းဆောင် | ၁၀ ဇွန် ၂၀၂၁ |
ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် သည် ပဲခူးတိုင်းဒေသကြီးတွင် အမြင့်ဆုံးတရားရုံးဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံးအဆင့်ရှိ တရားရုံးဖြစ်ကာ ခရိုင်တရားရုံး (၄)ရုံးနှင့် မြို့နယ်တရားရုံး (၂၈)ရုံးရှိသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့မှစ၍ ၂၀၀၈ အခြေခံဥပဒေအရ ယခင် ပဲခူးတိုင်းဒေသကြီးတရားရုံးကို ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထိုစဉ်က တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး(၃)ဦး စုစုပေါင်း (၄)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
တည်နေရာ
[ပြင်ဆင်ရန်]ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်သည် ပဲခူးမြို့တွင် တည်ရှိသည်။
တရားသူကြီးများ
[ပြင်ဆင်ရန်]၂၀၂၀ပြည့်နှစ်တွင် တိုင်းဒေသကြီးတရားလွှတ်တော်၌ တရားသူကြီးချုပ်အပါအဝင် (၄)ဦးရှိသည်။ တိုင်းဒေသကြီးတရားလွှတ်တော်အောက်တွင် တရားသူကြီးချုပ်ရုံးနှင့် တိုင်းဒေသကြီးတရားရေးဦးစီးမှူးရုံးတို့ရှိသည်။
တရားလွှတ်တော်တရားသူကြီးချုပ်များ(၂၀၁၁-လက်ရှိ)
[ပြင်ဆင်ရန်]- ဦးမောင်မောင်ရွှေ(၃၀-၃-၂၀၁၁ မှ ၁၃-၁၀-၂၀၁၉ )
- ဦးမောင်မောင်အေး(၃၁-၁၀-၂၀၁၉ မှ ၁၀-၆-၂၀၂၁)
- ဒေါ် လွင်လွင်အေးကျော် (၁၀-၆-၂၀၂၁ မှ လက်ရှိ)
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်ကို ခရိုင်တရားရုံး (၄)ရုံးနှင့် မြို့နယ်တရားရုံး (၂၈)ရုံးဖြင့် ဖွဲ့စည်းထားသည်။[၁]
ခရိုင်တရားရုံးများ
[ပြင်ဆင်ရန်]- ပဲခူးခရိုင်တရားရုံး
- တောင်ငူခရိုင်တရားရုံး
- သာယာဝတီခရိုင်တရားရုံး
- ပြည်ခရိုင်တရားရုံး
မြို့နယ်တရားရုံးများ
[ပြင်ဆင်ရန်]- ပဲခူးမြို့နယ်တရားရုံး
- သနပ်ပင်မြို့နယ်တရားရုံး
- ကဝမြို့နယ်တရားရုံး
- ဝေါမြို့နယ်တရားရုံး
- ဒိုက်ဦးမြို့နယ်တရားရုံး
- ညောင်လေးပင်မြို့နယ်တရားရုံး
- ကျောက်တံခါးမြို့နယ်တရားရုံး
- ရွှေကျင်မြို့နယ်တရားရုံး
- တောင်ငူမြို့နယ်တရားရုံး
- ရေတာရှည်မို့နယ်တရားရုံး
- အုတ်တွင်းမြို့နယ်တရားရုံး
- ဖြူးမြို့နယ်တရားရုံး
- ထန်းတပင်မြို့နယ်တရားရုံး
- ကျောက်ကြီးမြို့နယ်တရားရုံး
- သာယာဝတီမြို့နယ်တရားရုံး
- လက်ပံတန်းမြို့နယ်တရားရုံး
- မင်းလှမြို့နယ်တရားရုံး
- မိုးညိုမြို့နယ်တရားရုံး
- အုတ်ဖိုမြို့နယ်တရားရုံး
- ကြို့ပင်ကောက်မြို့နယ်တရားရုံး
- ဇီးကုန်းမြို့နယ်တရားရုံး
- နတ်တလင်းမြို့နယ်တရားရုံး
- ပြည်မြို့နယ်တရားရုံး
- ပန်းတောင်းမြို့နယ်တရားရုံး
- ပေါက်ခေါင်းမြို့နယ်တရားရုံး
- ရွှေတောင်မြို့နယ်တရားရုံး
- ပေါင်းတည်မြို့နယ်တရားရုံး
- သဲကုန်းမြို့နယ်တရားရုံး
ကိုးကား
[ပြင်ဆင်ရန်]- ↑ ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်။ ၂၀၂၀ပြည့်နှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာ။