မာတိကာသို့ ခုန်သွားရန်

လွင်လွင်အေးကျော်

ဝီကီပီးဒီးယား မှ
လွင်လွင်အေးကျော်
ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူမင်းအောင်လှိုင်
သမ္မတမင်းအောင်လှိုင်
ယခင်လူကိုယ်တိုင်
တာဝန်သက်တမ်း
၁၀ ဇွန် ၂၀၂၁  ၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတ
ဝန်ကြီးချုပ်
ယခင်လူမောင်မောင်အေး
ဆက်ခံသူကိုယ်တိုင်
ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး
တာဝန်သက်တမ်း
၂၆ မေ ၂၀၁၆  ၁၀ ဇွန် ၂၀၂၁
ခန့်အပ်သူထင်ကျော်
သမ္မတ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၂
မြန်မာနိုင်ငံ
လူမျိုးမြန်မာ
ပညာရေးရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်တရားသူကြီး

ဒေါ်လွင်လွင်အေးကျော် (၁၉၆၂ ဖွား) သည် မြန်မာအမျိုးသမီးတရားသူကြီးဖြစ်ပြီး လက်ရှိတွင် ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် အဖြစ်တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။[]

ပညာရေး

[ပြင်ဆင်ရန်]

ရန်ကုန်တက္ကသိုလ် မှ ဥပဒေဘွဲ့ကို ၁၉၈၃ ခုနှစ်တွင် ရရှိသည်။၂၀၀၄ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ဥပဒေဒီပလိုမာ အပြင် ၂၀၀၇ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဖွံ့ဖြိုးရေးပညာမဟာဘွဲ့ ရရှိသည်။

ဝန်ထမ်းဘဝ

[ပြင်ဆင်ရန်]

၁၉၈၄ ခုနှစ်တွင် တရားရေးဌာနသို့ဝင်ရောက်ခဲ့ပြီး တရားရေးဝန်ထမ်းအဆင့်(၄)အဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့သည်။ သူမသည် ကလေးသူငယ်တရားသူကြီး ရာထူး အပါအဝင် တရားရုံးများတွင် အဆင့်ဆင့် ရာထူးတိုးမြှင့် ခန့်ထားခြင်းခံရသည်။ ထို့နောက် တရားရုံးချုပ်(ရန်ကုန်)တွင် တွဲဖက်ညွှန်ကြားရေးမှူး ၊ ရန်ကုန်တိုင်း ဒေသကြီးတရားလွှတ်တော်၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး၊ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ၊ ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားရေးဦးစီးမှူးအဖြစ် လည်းကောင်း အသီးသီး တာဝန်ထမ်းဆောင်ခဲ့သည်။[]

တရားလွှတ်တော်တရားသူကြီးဘဝ

[ပြင်ဆင်ရန်]

ဒေါ်လွင်လွင်အေးကျော်သည် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးအဖြစ် ၂၀၁၆ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် စတင်တာဝန်ပေးအပ်ခံရသည်။[] ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဖြစ်လာသည်။[]၂၀၂၆ ခုနှစ် ဧပြီ ၁၀ရက်တွင် မူလရာထူးအတိုင်း ဦးမင်းအောင်လှိုင်အစိုးရက ဆက်လက်ခန့်ထားခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေး MOI Myanmar (၁၀ ဇွန် ၂၀၂၁)။ ၂၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်ရုံး 25 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ၂၀၂၀ပြည့်နှစ်တရားရုံးနှစ်စသ်အစီရင်ခံစာ ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် 19 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ပန်းတောင်းမြို့နယ်တရားရုံး အဆောက်အအုံသစ် ဖွင့်ပွဲကျင်းပ Myanmar Digital News (၁၈ ဇွန် ၂၀၂၂)။ 25 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information 2026-04-13 တွင် ပြန်စစ်ပြီး။