ကယားပြည်နယ် တရားလွှတ်တော်

ဝီကီပီးဒီးယား မှ
ကယားပြည်နယ်တရားလွှတ်တော်
High Court of the Kayah State
နိုင်ငံမြန်မာနိုင်ငံ
တည်နေရာမင်းစုရပ်ကွက်၊ လွိုင်ကော်-ရှားတောလမ်း၊ လွိုင်ကော်မြို့
လုပ်ပိုင်ခွင့်ပြုခြင်းဖွဲ့စည်းပုံအခြေခံဥပဒေ
ရာထူးနေရာ
ဝက်ဘ်ဆိုဒ်kayah.hc.gov.mm
တရားသူကြီးချုပ်
လက်ရှိဦးထွန်းထွန်းဦး
စတင်တာဝန်ထမ်းဆောင်၁၃ မတ် ၂၀၂၃

ကယားပြည်နယ်တရားလွှတ်တော် သည် ကယားပြည်နယ်တွင် အမြင့်ဆုံးတရားရုံးဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံးအဆင့်ရှိ တရားရုံးဖြစ်ကာ ခရိုင်တရားရုံး (၂)ရုံး၊ မြို့နယ်တရားရုံး (၇)ရုံးရှိသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့မှစ၍ ၂၀၀၈ အခြေခံဥပဒေအရ ယခင် ကယားပြည်နယ်တရားရုံးကို ကယားပြည်နယ်တရားလွှတ်တော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထိုစဉ်က တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး(၂)ဦး စုစုပေါင်း (၃)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

တည်နေရာ[ပြင်ဆင်ရန်]

ကယားပြည်နယ်တရားလွှတ်တော်သည် လွိုင်ကော်မြို့ မင်းစုရပ်ကွက်၊ လွိုင်ကော်-ရှားတောလမ်းနှင့် သမိန်ထောလမ်းထောင့်တွင် တည်ရှိသည်။

တရားလွှတ်တော်တရားသူကြီးချုပ်များ(၂၀၁၁ မှ လက်ရှိ)[ပြင်ဆင်ရန်]

  • ဦးတင်ဝင်း(၃၀-၃-၂၀၁၁ မှ ၂၈-၂-၂၀၁၂ )
  • ဦးကျော်လင်းမောင်(၂၉ -၂-၂၀၁၂ မှ ၁၄-၇-၂၀၂၁)
  • ဒေါ် သန်းသန်းအေး(၁၄-၇-၂၀၂၁ မှ ၁၂-၃-၂၀၂၃)
  • ဦးထွန်းထွန်းဦး(၁၂-၃-၂၀၂၃ မှ လက်ရှိ)

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

ကယားပြည်နယ်တရားလွှတ်တော်ကို ခရိုင်တရားရုံး (၂)ရုံး၊ မြို့နယ်တရားရုံး (၇)ရုံးဖြင့် ဖွဲ့စည်းထားသည်။[၁]

ခရိုင်တရားရုံးများ[ပြင်ဆင်ရန်]

  • လွိုင်ကော်ခရိုင်တရားရုံး
  • ဘောလခဲခရိုင်တရားရုံး

မြို့နယ်တရားရုံးများ[ပြင်ဆင်ရန်]

  • လွိုင်ကော်မြို့နယ်တရားရုံး
  • ဒီးမော့ဆိုမြို့နယ်တရားရုံး
  • ဖရူဆိုမြို့နယ်တရားရုံး
  • ရှား​​တောမြို့နယ်တရားရုံး
  • ဘောလခဲမြို့နယ်တရားရုံး
  • ဖား​ဆောင်းမြို့နယ်တရားရုံး
  • မယ်စဲ့မြို့နယ်တရားရုံး

တရားသူကြီးများ[ပြင်ဆင်ရန်]

၂၀၂၀ပြည့်နှစ်တွင် ပြည်နယ်တရားလွှတ်တော်၌ တရားသူကြီးချုပ်အပါအဝင် (၃)ဦးရှိသည်။ ပြည်နယ်တရားလွှတ်တော်အောက်တွင် တရားသူကြီးချုပ်ရုံးနှင့် ပြည်နယ်တရားရေးဦးစီးမှူးရုံးတို့ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ကယားပြည်နယ်တရားလွှတ်တော်။ ၂၀၂၀ပြည့်နှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာ