စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်
| စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် High Court of the Sagaing Region | |
|---|---|
| နိုင်ငံ | မြန်မာနိုင်ငံ |
| တည်နေရာ | နန္ဒဝန်ရပ်ကွက်၊ မုံရွာမြို့ |
| လုပ်ပိုင်ခွင့်ပြုခြင်း | ဖွဲ့စည်းပုံအခြေခံဥပဒေ |
| ရာထူးနေရာ | ၃ |
| ဝက်ဘ်ဆိုဒ် | sagaing.hc.gov.mm |
| တရားသူကြီးချုပ် | |
| လက်ရှိ | ဦးဇော်ထူး |
| စတင်တာဝန်ထမ်းဆောင် | ၁၅ ဇူလိုင် ၂၀၂၁ |
စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် အမြင့်ဆုံးတရားရုံးဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံးအဆင့်ရှိ တရားရုံးဖြစ်ကာ ခရိုင်တရားရုံး (၁၀)ရုံး၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး (၁)ရုံးနှင့် မြို့နယ်တရားရုံး (၃၇)ရုံးရှိသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့မှစ၍ ၂၀၀၈ အခြေခံဥပဒေအရ ယခင် စစ်ကိုင်းတိုင်းဒေသကြီးတရားရုံးကို စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထိုစဉ်က တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး(၂)ဦး စုစုပေါင်း (၃)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
တည်နေရာ
[ပြင်ဆင်ရန်]စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်သည် မုံရွာမြို့တွင် တည်ရှိသည်။ ယခင်က တိုင်းတရားလွှတ်တော်သည် စစ်ကိုင်းမြို့ပိုးတန်းရပ်ကွက်တွင် တည်ရှိခဲ့သည်။ မုံရွာမြို့ကို စစ်ကိုင်းတိုင်း၏ မြို့တော်အဖြစ် သတ်မှတ်ပြီးနောက် ၂၀၀၄ခုနှစ်တွင် မုံရွာမြို့ရှိ ယခုနေရာသို့ ပြောင်းရွှေ့ခဲ့သည်။
တရားလွှတ်တော်တရားသူကြီးချုပ်များ (၂၀၁၁ မှ လက်ရှိ)
[ပြင်ဆင်ရန်]ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်ကို ခရိုင်တရားရုံး (၁၀)ရုံး၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး (၁)ရုံးနှင့် မြို့နယ်တရားရုံး (၃၇)ရုံးဖြင့် ဖွဲ့စည်းထားသည်။[၂]
ခရိုင်တရားရုံးများ
[ပြင်ဆင်ရန်]- စစ်ကိုင်းခရိုင်တရားရုံး
- မုံရွာရိုင်တရားရုံး
- ယင်းမာပင်ခရိုင်တရားရုံး
- ရွှေဘိုခရိုင်တရားရုံး
- ကန့်ဘလူခရိုင်တရားရုံး
- ကယာခရိုင်တရားရုံး
- ကလေးခရိုင်တရားရုံး
- တမူးခရိုင်တရားရုံး
- မော်လိုက်ခရိုင်တရားရုံး
- ခန္တီးခရိုင်တရားရုံး
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ
[ပြင်ဆင်ရန်]- နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး
မြို့နယ်တရားရုံးများ
[ပြင်ဆင်ရန်]- စစ်ကိုင်းမြို့နယ်တရားရုံး
- မြင်းမူမြို့နယ်တရားရုံး
- မြောင်မြို့နယ်တရားရုံး
- မုံရွာမြို့နယ်တရားရုံး
- ချောင်းဦးမြို့နယ်တရားရုံး
- ဘုတလင်မြို့နယ်တရားရုံး
- အရာတော်မြို့နယ်တရားရုံး
- ယင်းမာပင်မြို့နယ်တရားရုံး
- ကနီမြို့နယ်တရားရုံး
- ပုလဲမြို့နယ်တရားရုံး
- ဆားလင်းကြီးမြို့နယ်တရားရုံး
- ရွှေဘိုမြို့နယ်တရားရုံး
- ဝက်လက်မြို့နယ်တရားရုံး
- ခင်ဦးမြို့နယ်တရားရုံး
- ရေဦးမြို့နယ်တရားရုံး
- ဒီပဲယင်းမြို့နယ်တရားရုံး
- တန့်ဆည်မြို့နယ်တရားရုံး
- ကန့်ဘလူမြို့နယ်တရားရုံး
- ကျွန်းလှမြို့နယ်တရားရုံး
- ကသာမြို့နယ်တရားရုံး
- ကောလင်းမြို့နယ်တရားရုံး
- ဝန်းသိုမြို့နယ်တရားရုံး
- အင်းတော်မြို့နယ်တရားရုံး
- ဗန်းမောက်မြို့နယ်တရားရုံး
- ပင်လည်ဘူးမြို့နယ်တရားရုံး
- ထီးချိုင့်မြို့နယ်တရားရုံး
- ကလေးမြို့နယ်တရားရုံး
- ကလေးဝမြို့နယ်တရားရုံး
- မင်းကင်းမြို့နယ်တရားရုံး
- တမူးမြို့နယ်တရားရုံး
- မော်လိုက်မြို့နယ်တရားရုံး
- ဖောင်းပြင်မြို့နယ်တရားရုံး
- ခန္တီးမြို့နယ်တရားရုံး
- ဟုမ္မလင်းမြို့နယ်တရားရုံး
- လဟယ်မြို့နယ်တရားရုံး
- လေရှီးမြို့နယ်တရားရုံး
- နန်းယွန်းမြို့နယ်တရားရုံး
တရားသူကြီးများ
[ပြင်ဆင်ရန်]၂၀၂၀ပြည့်နှစ်တွင် တိုင်းဒေသကြီးတရားလွှတ်တော်၌ တရားသူကြီးချုပ်အပါအဝင် (၃)ဦးရှိသည်။ တိုင်းဒေသကြီးတရားလွှတ်တော်အောက်တွင် တရားသူကြီးချုပ်ရုံးနှင့် တိုင်းဒေသကြီးတရားရေးဦးစီးမှူးရုံးတို့ရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်များ။ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်၊၂၀၁၁မှ၂၀၂၀ပြည့်နှစ်အထိ ဆယ်နှစ်စာသမိုင်းမှတ်တမ်း။ 27 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၇ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်။ ၂၀၂၀ပြည့်နှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာ။