ခင်နိုင်ဦး
သီရိပျံချီ၊ ဒေါက်တာ ခင်နိုင်ဦး | |
|---|---|
ပြည်ထောင်စုစာရင်းစစ်ချုပ် တာဝန်ထမ်းဆောင်စဥ်ကပုံ (၂၀၂၄) | |
| ၁၃ဦးမြောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၁၀ ဧပြီ ၂၀၂၆ | |
| ခန့်အပ်သူ | မင်းအောင်လှိုင်အစိုးရ |
| သမ္မတ | မင်းအောင်လှိုင် |
| လက်ထောက် | ဒုတိယဥက္ကဋ္ဌများ
|
| ယခင်လူ | သန်းသန်းဆွေ |
| ပြည်ထောင်စုစာရင်းစစ်ချုပ် | |
| တာဝန်သက်တမ်း ၃၁ ဇူလိုင် ၂၀၂၅ – ၁၀ ဧပြီ ၂၀၂၆ | |
| ခန့်အပ်သူ | အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ |
| သမ္မတ | မင်းအောင်လှိုင် (ယာယီ-တာဝန်) |
| လက်ထောက် | နိုင်သက်ဦး |
| ဝန်ကြီးချုပ် | ညိုစော |
| ယခင်လူ | ကိုယ်တိုင် |
| ဆက်ခံသူ | နိုင်သက်ဦး |
| တာဝန်သက်တမ်း ၃ ဩဂုတ် ၂၀၂၃ – ၃၁ ဇူလိုင် ၂၀၂၅ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| သမ္မတ |
|
| လက်ထောက် | နိုင်သက်ဦး |
| ဝန်ကြီးချုပ် | မင်းအောင်လှိုင် |
| ယခင်လူ | တင်ဦး |
| ဆက်ခံသူ | ကိုယ်တိုင် |
| မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင် | |
| တာဝန်သက်တမ်း ၁၀ ဖေဖော်ဝါရီ ၂၀၂၁ – ၃ ဩဂုတ် ၂၀၂၃ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| ဗဟိုဘဏ်ဥက္ကဋ္ဌ | သန်းညိန်း သန်းသန်းဆွေ |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၁၉၅၈ ပုသိမ်မြို့၊ ဧရာဝတီတိုင်း၊ |
| လူမျိုး | မြန်မာ |
| မိခင်ကျောင်း | စီးပွားရေးတက္ကသိုလ် (ရန်ကုန်) ၊ ကွန်ပျူတာတက္ကသိုလ် (ရန်ကုန်) |
| အလုပ်အကိုင် | စီးပွားရေးပညာရှင် |
| ဆုတံဆိပ်များ | သီရိပျံချီဘွဲ့ (၂၀၂၅) |
ဒေါက်တာခင်နိုင်ဦး(၁၉၅၈ ဖွား) သည် အငြိမ်းစားပါမောက္ခချုပ်တစ်ဦးဖြစ်ပြီး လက်ရှိတွင် ၁၃ဦးမြောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။[၁] ၎င်းသည် ပထမဆုံး အမျိုးသမီး ပြည်ထောင်စုစာရင်းစစ်ချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။[၂]ယင်းမတိုင်မီက သူသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ ဒါရိုက်တာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သေးသည်။[၃]
ငယ်ဘဝနှင့်ပညာရေး
[ပြင်ဆင်ရန်]ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့တွင် မွေးဖွားသည်။ငယ်စဉ်အခါက ပုသိမ်မြို့တွင် ပညာဆည်းပူးသည်။ယင်းနောက် စီးပွားရေးတက္ကသိုလ် (ရန်ကုန်) ၊ ကွန်ပျူတာတက္ကသိုလ် (ရန်ကုန်) တို့တွင် အဆင့်မြင့်ပညာများဆည်းပူးခဲ့သည်။[၄]
ဝန်ထမ်းဘဝ
[ပြင်ဆင်ရန်]၁၉၈၀ ပြည့်နှစ်တွင် ရန်ကုန်စာပေးစာယူတက္ကသိုလ် တွင် စာစဉ်နည်းပြ တာဝန်ဖြင့် နိုင်ငံဝန်ထမ်းဘ၀ကို စတင်ခဲ့သည်။ ယင်းနောက် ရန်ကုန်စီးပွားရေးတက္ကသိုလ် သို့ ပြောင်းရွှေ့ခဲ့ပြီး ၁၉၈၀ပြည့်နှစ် မှ ၂၀၀၁ ခုနှစ် နည်းပြမှ ကထိက အထိ အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သည်။
ထို့နောက် မုံရွာစီးပွားရေးတက္ကသိုလ် တွင်တွဲဖက်ပါမောက္ခ မှ ဒုတိယပါမောက္ခချုပ် အထိ လည်းကောင်း၊ရန်ကုန်စီးပွားရေးတက္ကသိုလ် တွင် တာဝန်ခံပါမောက္ခချုပ် မှ ပါမောက္ခချုပ် အထိ လည်းကောင်း ဆက်လက် တာဝန်ထမ်းဆောင်ကာ ၂၀၁၈ ခုနှစ်တွင် အငြိမ်းစား ယူသည်။ သူသည် မြန်မာနိုင်ငံအမျိုးသားပညာရေးကော်မရှင် အဖွဲ့ဝင် အဖြစ် (၂၀၁၈ - ၂၀၂၁) အထိလည်းကောင်း၊မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးအဖြစ် (၂၀၂၁ - ၂၀၂၃) အထိ လည်းကောင်း တာဝန်ထမ်းဆောင်သည်။[၅]
ပြည်ထောင်စုစာရင်းစစ်ချုပ်
[ပြင်ဆင်ရန်]သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၂၀၂၃ ဩဂုတ် ၃ ရက်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ် အဖြစ် ခန့်အပ်လိုက်၍[၆] မြန်မာနိုင်ငံ၏ ၁၃ ဦးမြောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ဖြစ်လာသည်။ယင်းအပြင် ပထမဦးဆုံးသော အမျိုးသမီး ပြည်ထောင်စုစာရင်းစစ်ချုပ် အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
ဗဟိုဘဏ်ဥက္ကဋ္ဌ
[ပြင်ဆင်ရန်]၂၀၂၆ ခုနှစ်၊ဧပြီ ၇ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ အဖြစ် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တွင် နိုင်ငံတော်သမ္မတက အဆိုပြုတင်သွင်းခဲ့သည်။၂၀၂၆ ခုနှစ် ဧပြီ ၁၀ရက်တွင် ၁၃ဦးမြောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ အဖြစ် စတင်ထမ်းဆောင်ခဲ့သည်။ [၇]
ဂုဏ်ပြုခံရခြင်း
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ၎င်းအား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သီရိပျံချီဘွဲ့ကို အပ်နှင်းချီးမြှင့်သည်။[၈]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information (in en)။ 2026-04-11 တွင် ပြန်စစ်ပြီး။
- ↑ WORK COORDINATION MEETING: 2-DAY MEETING BY THE UNION AUDITOR-GENERAL'S OFFICE။ mitv (23 September 2023)။ 8 October 2023 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံတော်ဗဟိုဘဏ် Learning and Training Center ဖွင့်ပွဲကျင်းပ။ Myanmar Digital News (၂၈ ဇန်နဝါရီ ၂၀၂၃)။ ၈ အောက်တိုဘာ ၂၀၂၂ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ လက်ရှိပြည်ထောင်စုစာရင်းစစ်ချုပ်။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး။ ၈ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ Appointment of Central Bank of Myanmar members။ The Global New Lights of Myanmar (11 February 2021)။ 8 October 2023 တွင် ပြန်စစ်ပြီး။
- ↑ ယခင်စာရင်းစစ်ချုပ်များ။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး။ ၂၄ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information။ 2026-04-10 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၆၀ / ၂၀၂၅။ Ministry of Information။ 17 August 2025 တွင် ပြန်စစ်ပြီး။