မာတိကာသို့ ခုန်သွားရန်

သန်းသန်းဆွေ

ဝီကီပီးဒီးယား မှ
ဒေါ်

သန်းသန်းဆွေ
၁၃ ဦးမြောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၁၉ ဩဂုတ် ၂၀၂၂  ၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူ
လက်ထောက်ဇော်မြင့်နိုင် (ဒုဥက္ကဋ္ဌ)
ဒေါက်တာလင်းအောင် (ဒုဥက္ကဋ္ဌ)
ယခင်လူသန်းညိန်း
ဆက်ခံသူဒေါက်တာ ခင်နိုင်ဦး
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ
တာဝန်သက်တမ်း
၄ ဖေဖော်ဝါရီ ၂၀၂၁  ၁၈ ဩဂုတ် ၂၀၂၂
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အတူထမ်းဆောင်သူဝင်းသော် (ဒုဥက္ကဋ္ဌ)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1967-02-03) ဖေဖော်ဝါရီ ၃၊ ၁၉၆၇ (အသက် ၅၉)
လူမျိုးမြန်မာ
အလုပ်အကိုင်ဘဏ်လုပ်ငန်းရှင်

ဒေါ်သန်းသန်းဆွေသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၁၃ ဦးမြောက် ဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်ခဲ့သူဖြစ်သည်။ သူသည် ဗဟိုဘဏ်၏ သမိုင်းတွင် ဗဟိုဘဏ်ဥက္ကဋ္ဌရာထူးကို တာဝန်ယူသည့် ပထမဦးဆုံးသော အမျိုးသမီး ဖြစ်သည်။ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်ပြီး ဥက္ကဋ္ဌ ဖြစ်လာသူလည်း ဖြစ်သည်။ ထိုတာဝန်များ မခန့်အပ်ခံရမီ သူသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားရေးမှူးချုပ်တစ်ဦးအဖြစ် ထမ်းဆောင်ခဲ့သည်။[]

ဝန်ထမ်းဘဝ

[ပြင်ဆင်ရန်]

ဒေါ်သန်းသန်းဆွေသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် ဝန်ထမ်းဘဝဖြင့် သူ၏အချိန်များ ကုန်ဆုံးခဲ့သည်။ ရာထူးအဆင့်ဆင့်တိုးပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၀ ရက်တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ်၊ ၆၁/၂၀၁၅ ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေရေးကြေးရေးကြပ်မတ်ကွပ်ကဲမှုဌာန၏ ညွှန်ကြားရေးမှူးချုပ် ဖြစ်လာသည်။ [] ယင်းနောက် ဗဟိုဘဏ်မှာပင်  ဌာနများ ပြောင်းလဲပြီး ညွှန်ကြားရေးမှူးချုပ်များအဖြစ်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့အထိ ထမ်းဆောင်သည်။

သူမကို စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ် (၂၆/ ၂၀၂၁) ဖြင့် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ အဖြစ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ခန့်အပ်တာဝန်ပေးသည်။ []၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့ ရက်စွဲ အမိန့်အမှတ် (၅၄/ ၂၀၂၂) ဖြင့် နစက က ဗဟိုဘဏ်ဥက္ကဋ္ဌ ရာထူးသို့ တိုးမြှင့်ခံရသဖြင့် (၁၃) ဦးမြောက် ဗဟိုဘဏ်၏ဥက္ကဋ္ဌ ဖြစ်လာပြီး ယင်းဘဏ်၏ ပထမဆုံးသော အမျိုးသမီးအဖြစ် သမိုင်းပြုသည်။ []

ထင်ရှားဖြစ်ရပ်

[ပြင်ဆင်ရန်]

၂၀၂၂ ခုနှစ် ဧပြီလ ၇ ရက်တွင် ရန်ကုန်မြို့ရှိ သူ၏နေအိမ်အတွင်း ရှိနေစဉ် သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခံရသည်။[] ပြင်းထန်ဒဏ်ရာသာ ရရှိခဲ့၍ အသက်မဆုံးခဲ့ပေ။ [] ဒေါ်သန်းသန်းဆွေဟာ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပေမယ့် အသက်မသေဘဲ လွတ်မြောက်ခဲ့သည်။ နောက်ပိုင်းမှာ စစ်ကောင်စီက သူ့ကို ဗဟိုဘဏ်ဥက္ကဋ္ဌ အဖြစ် ရာထူးတိုးပေးခဲ့သည်။[]

ဂုဏ်ပြုခံရခြင်း

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၄၄/၂၀၂၆ ဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော စည်သူဘွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information 2026-04-10 တွင် ပြန်စစ်ပြီး။
  2. ဝန်ထမ်းအဖွဲ့အစည်းများပြောင်းရွှေ့ခန့်ထားခြင်း၊ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများအတည်ပြုခန့်ထားခြင်းနှင့်ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများခန့်ထားခြင်း မြန်မာနိုင်ငံတော်ပြန်တမ်း (၁၀ စက်တင်ဘာ ၂၀၁၅)။ ၄ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. မြန်မာဥပဒေသတင်းအချက်အလက်စနစ်။ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများခန့်အပ်တာဝန်ပေးခြင်း 2 oct 2023 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  4. Ministry of Information။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း 3 Oct 2023 တွင် ပြန်စစ်ပြီး။
  5. ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ သေနတ်နဲ့ ပစ်ခံရ VOA (၇ ဧပြီ ၂၀၂၂)။ ၄ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. Anti-Junta Forces Shoot Deputy Governor of Myanmar’s Central Bank The Diplomat (8 April 2022)။ 4 October 2023 တွင် ပြန်စစ်ပြီး။
  7. စစ်တပ်အရာရှိဟောင်းတွေ ပစ်မှတ်ထား တိုက်ခိုက်ခံရမှု ပိုများလာ RFA။ 2025-6-8 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-8 တွင် ပြန်စစ်ပြီး။
  8. ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်း | Ministry Of Information (in en)။ 2026-03-04 တွင် ပြန်စစ်ပြီး။