ကျော်စွာလင်း
ကျော်စွာလင်း | |
|---|---|
| နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင် | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၃၁ ဇူလိုင် ၂၀၂၅ | |
| ယခင်လူ | ရာထူးစတင် |
| ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၁၈ ဒီဇင်ဘာ ၂၀၂၄ | |
| ယခင်လူ | ဗိုလ်ချုပ်ကြီး မောင်မောင်အေး |
| တပ်မတော်စစ်ဦးစီးအရာရှိချုပ်(ကြည်း) | |
| တာဝန်သက်တမ်း စက်တင်ဘာ ၂၀၂၃ – ၁၈ ဒီဇင်ဘာ ၂၀၂၄ | |
| ယခင်လူ | ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း |
| ဆက်ခံသူ | ဗိုလ်ချုပ် သန်းထိုက် |
| စစ်ထောက်ချုပ် | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၂၀၂၀ - ၂၀၂၄ | |
| ယခင်လူ | ညိုစော |
| ဆက်ခံသူ | ဇော်ဟိန်း ဒုတိယဗိုလ်ချုပ်ကြီး |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၁၉၇၁ (အသက် ၅၃–၅၄) |
| လူမျိုး | မြန်မာ |
| ကြင်ဖော် | ဒေါ်ခင်မေစိုး |
| မိခင်ကျောင်း | စစ်တက္ကသိုလ် |
| ဆုတံဆိပ်များ |
|
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | |
| တပ်/တပ်ဖွဲ့ခွဲ | |
| ရာထူး | |
| ကိုယ်ပိုင်အမှတ် | ကြည်း ၂၅၀၇၄ |
ဗိုလ်ချုပ်ကြီး ကျော်စွာလင်း (၁၉၇၁ ခုနှစ်ဖွား) သည် မြန်မာ့တပ်မတော်မှ နံပါတ်(၃) အဆင့်ရှိ အရာရှိကြီးတစ်ဦးဖြစ်ပြီး တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) တာဝန်ထမ်းဆောင်သည်။[၁] ယင်းမတိုင်မီက သူသည် တပ်မတော်စစ်ဦးစီးအရာရှိချုပ်(ကြည်း) နှင့် စစ်ထောက်ချုပ် တာဝန်အား ထမ်းဆောင်ခဲ့သည်။
ငယ်ဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]ကျော်စွာလင်းကို ၁၉၇၁ ခုနှစ်တွင် မွေးဖွားခဲ့ပြီး စစ်တက္ကသိုလ် အမှတ်စဉ် (၃၅) ဗိုလ်လောင်းသင်တန်းတွင် တက်ရောက်ပညာသင်ကြားခဲ့သည်။
စစ်မှုထမ်းဘဝ
[ပြင်ဆင်ရန်]ကျော်စွာလင်းသည် အရာရှိငယ်ဘဝတွင် နဝတခေတ် ဒု စစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ၏ ကိုယ်ရေးအရာရှိအဖြစ်လည်းကောင်း၊ စစ်ဆင်ရေးအထူးအဖွဲ့မှူးတစ်ဦးဖြစ်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ၏ လက်အောက်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
သူသည် စစ်ရုံးချုပ်တွင် ဗိုလ်ကြီးတာဝန်၊နေပြည်တော် ပျဉ်းမနားအနီးရှိ ခမရ (၄၁၁)၏ တပ်ရင်းမှူး၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ရှိ တာချီလိတ်မြို့နယ်တွင် ဗျူဟာမှူး၊ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၏ ဌာနချုပ်မှူး (တပ်မမှူး)၊ နေပြည်တော် စစ်ရုံးချုပ်တွင် စစ်ဦးစီးဗိုလ်မှူးချုပ် စသည့်တာဝန်များ အသီးသီးထမ်းဆောင်ခဲ့သည်။၂၀၁၈ ခုနှစ်မတိုင်မီကာလများတွင် သူသည် မိုးမြင့်ထွန်း နှင့် ရခိုင်ပြည်နယ်တွင် အတူတကွ အလုပ်လုပ်ခဲ့ဖူးသည်။[၂] ကျော်စွာလင်းသည် ၂၀၁၈ ခုနှစ်တွင် ဗိုလ်မှူးချုပ်ဘဝဖြင့် မန္တလေးမြို့တွင် အခြေစိုက်သော အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တိုင်းမှူးအဖြစ် ခန့်အပ်ခြင်းခံရသောအခါတွင် လူသိများ ထင်ရှားလာခဲ့သည်။[၃] ၂၀၂၀ ခုနှစ် မေလတွင် တပ်မတော်၌ အသက်အငယ်ဆုံးသော ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရပြီး အနားယူခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၏ ဆက်ခံသူအဖြစ် စစ်ထောက်ချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သည်။[၄][၅]
ကျော်စွာလင်းသည် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း အား ဦးဆောင်သူဖြစ်ခဲ့ပြီး မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်အား ကူညီထောက်ပံ့ပေးသည်။[၆] ထို့ပြင် သူသည် တပ်မတော်၏ ဘဏ္ဍာငွေ များကို စီမံခန့်ခွဲရသူတစ်ဦးဖြစ်ပြီး ထိုဘဏ္ဍာငွေသည် ၂၀၁၂ ခုနှစ်မှစ၍ နိုင်ငံတော်ဘဏ္ဍာငွေအားလုံး၏ ၁၃ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအကြားရှိသည်။[၇]
တပ်မတော်စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း အရေးယူခံရပြီးနောက် ၎င်း၏ နေရာအား ဆက်ခံရသည်။ဒုဗိုလ်ဘဝမှ ဗိုလ်ချုပ် ဖြစ်သည်အထိ စစ်တပ်ထဲတွင် ရုပ်ရှင်မင်းသားကဲ့သို့ နေထိုင်ခဲ့ရသူအဖြစ်လည်း ကျော်ကြားသကဲ့သို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် နီးကပ်သည့် ဆက်ဆံရေးရှိသည်။[၈]
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်တွင် သူ့ကို မြန်မာ့တပ်မတော်မှ နံပါတ်(၃) အဆင့်ရှိ အရာရှိကြီးတစ်ဦးအဖြစ်ရာထူးတိုးကာ ညှိနှိုင်းကွပ်ကဲရေးမှူး ဖြစ်လာသည်။
၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် ဖွဲ့စည်းလိုက်သည့် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင် အဖြစ် တာဝန်ပေးအပ်ခံရသည်။
ဂုဏ်ပြုခံရခြင်း
[ပြင်ဆင်ရန်]နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၁) ဖြင့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သော ဇေယျာကျော်ထင်ဘွဲ့ကို ချီးမြှင့်ခံခဲ့ရသည်။[၉]
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၃ ရက်နေ့တွင် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော် တည်ထားကိုးကွယ်သည့်ကိစ္စတွင် ပါဝင်ကူညီခဲ့မှုနှင့် စပ်လျဉ်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ၎င်းအားနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၂၅ /၂၀၂၃ အားဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော သရေစည်သူဘွဲ့ ပေးအပ်သည်။[၁၀]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ညှိကွပ်အပါအဝင် စစ်ဗိုလ်ချုပ်တချို့ အပြောင်းအလဲဖြစ်။ BBC Burmese (၁၈ ဒီဇင်ဘာ ၂၀၂၄)။ ၁၈ ဒီဇင်ဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ https://www.cpg-online.de/asia-in-review-sea-myanmar-2019-2020/
- ↑ Min Aung Hlaing reshuffles senior military ranks ahead of election (19 May 2020)။
- ↑ https://www.researchgate.net/publication/341601125_INFAMOUS_MYANMAR_MILITARY_SKIP_GENERATION_MONOPOLY_MAY2020
- ↑ Younger Myanmar Military Officers Promoted to Key Roles in Reshuffle (11 May 2020)။
- ↑ Systemic Conflict of Interest in Myanmar Military Allows for Serious Corruption (17 June 2020)။
- ↑ Military-Corporate conflicts of interest ‘inflame’ Myanmar’s civil wars, rights group says။
- ↑ မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း။ The Irrawaddy (၆ နိုဝင်ဘာ ၂၀၂၃)။ ၁၈ ဒီဇင်ဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊နိုင်ငံတော်သမ္မတရုံး (၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်). "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၁)" (in မြန်မာဘာသာ) (PDF). ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြန်တမ်းစာစောင် အတွဲ(၇၄) (အမှတ်(၅၁)): ၂၅၉. ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်. Retrieved on ၂၀၂၁-၀၉-၂၉.
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၂၅ / ၂၀၂၃။ cincdsmyanmar (၂၃ ဇူလိုင် ၂၀၂၃)။ ၂၄ ဇူလိုင်၂၀၂၃ တွင် ပြန်စစ်ပြီး။