ကျော်စွာလင်း
ကျော်စွာလင်း | |
|---|---|
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၃၀ မတ် ၂၀၂၆ | |
| ခေါင်းဆောင် | သမ္မတ မင်းအောင်လှိုင် |
| ယခင်လူ | ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၃၀ မတ် ၂၀၂၆ | |
| ယခင်လူ | ဗိုလ်ချုပ်ကြီး ရဲဝင်းဦး[၁] |
| နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင် | |
| တာဝန်သက်တမ်း ၃၁ ဇူလိုင် ၂၀၂၅ – ၁၀ ဧပြီ ၂၀၂၆ | |
| ခေါင်းဆောင် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
| ယခင်လူ | ကော်မရှင်စတင် |
| ဆက်ခံသူ | ကော်မရှင်ဖျက်သိမ်း |
| ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) | |
| တာဝန်သက်တမ်း ၁၈ ဒီဇင်ဘာ ၂၀၂၄ – ၃၀ မတ် ၂၀၂၆ | |
| ယခင်လူ | ဗိုလ်ချုပ်ကြီး မောင်မောင်အေး |
| ဆက်ခံသူ | ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး |
| တပ်မတော်စစ်ဦးစီးအရာရှိချုပ်(ကြည်း) | |
| တာဝန်သက်တမ်း စက်တင်ဘာ ၂၀၂၃ – ၁၈ ဒီဇင်ဘာ ၂၀၂၄ | |
| ယခင်လူ | ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း |
| ဆက်ခံသူ | ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက် |
| စစ်ထောက်ချုပ် | |
| တာဝန်သက်တမ်း ၂၀၂၀ – ၂၀၂၃ | |
| ယခင်လူ | ညိုစော |
| ဆက်ခံသူ | ဇော်ဟိန်း ဒုတိယဗိုလ်ချုပ်ကြီး |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၁၉၇၁ (အသက် ၅၄–၅၅) |
| လူမျိုး | မြန်မာ |
| ကြင်ဖော် | ဒေါက်တာ နန်းကူးကူ |
| မိခင်ကျောင်း | စစ်တက္ကသိုလ် |
| ဆုတံဆိပ်များ |
|
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | |
| တပ်/တပ်ဖွဲ့ခွဲ | |
| ရာထူး | |
| ကိုယ်ပိုင်အမှတ် | ကြည်း ၂၅၀၇၄ |
ဗိုလ်ချုပ်ကြီး ကျော်စွာလင်း (၁၉၇၁ ခုနှစ်ဖွား) သည် မြန်မာ့တပ်မတော်၏ ထိပ်သီးအရာရှိကြီးတစ်ဦးဖြစ်ပြီး လက်ရှိတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရာထူးကို ပူးတွဲထမ်းဆောင်နေသူဖြစ်သည်။[၂] ၎င်းသည် ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ရာထူးတိုးမြှင့်ခန့်အပ်ခြင်း ခံခဲ့ရသည်။ ယင်းမတိုင်မီက သူသည် တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ တပ်မတော်စစ်ဦးစီးအရာရှိချုပ် (ကြည်း) နှင့် စစ်ထောက်ချုပ် တာဝန်များကို ထမ်းဆောင်ခဲ့သည်။[၃]
ငယ်ဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]ဗိုလိချုပ်ကြီးကျော်စွာလင်းကို ၁၉၇၁ ခုနှစ်တွင် မွေးဖွားခဲ့ပြီး စစ်တက္ကသိုလ် အပတ်စဉ် (၃၅) ဗိုလ်လောင်းသင်တန်းတွင် တက်ရောက်ပညာသင်ကြားခဲ့သည်။
စစ်မှုထမ်းဘဝ
[ပြင်ဆင်ရန်]ကျော်စွာလင်းသည် အရာရှိငယ်ဘဝတွင် နဝတခေတ် ဒု စစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ၏ ကိုယ်ရေးအရာရှိအဖြစ်လည်းကောင်း၊ စစ်ဆင်ရေးအထူးအဖွဲ့မှူးတစ်ဦးဖြစ်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ၏ လက်အောက်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
သူသည် စစ်ရုံးချုပ်တွင် ဗိုလ်ကြီးတာဝန်၊နေပြည်တော် ပျဉ်းမနားအနီးရှိ ခမရ (၄၁၁)၏ တပ်ရင်းမှူး၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ရှိ တာချီလိတ်မြို့နယ်တွင် ဗျူဟာမှူး၊ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၏ ဌာနချုပ်မှူး (တပ်မမှူး)၊ နေပြည်တော် စစ်ရုံးချုပ်တွင် စစ်ဦးစီးဗိုလ်မှူးချုပ် စသည့်တာဝန်များ အသီးသီးထမ်းဆောင်ခဲ့သည်။၂၀၁၈ ခုနှစ်မတိုင်မီကာလများတွင် သူသည် မိုးမြင့်ထွန်း နှင့် ရခိုင်ပြည်နယ်တွင် အတူတကွ အလုပ်လုပ်ခဲ့ဖူးသည်။[၄] ကျော်စွာလင်းသည် ၂၀၁၈ ခုနှစ်တွင် ဗိုလ်မှူးချုပ်ဘဝဖြင့် မန္တလေးမြို့တွင် အခြေစိုက်သော အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တိုင်းမှူးအဖြစ် ခန့်အပ်ခြင်းခံရသောအခါတွင် လူသိများ ထင်ရှားလာခဲ့သည်။[၅] ၂၀၂၀ ခုနှစ် မေလတွင် တပ်မတော်၌ အသက်အငယ်ဆုံးသော ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရပြီး အနားယူခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၏ ဆက်ခံသူအဖြစ် စစ်ထောက်ချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သည်။[၆][၇]
ကျော်စွာလင်းသည် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း အား ဦးဆောင်သူဖြစ်ခဲ့ပြီး မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်အား ကူညီထောက်ပံ့ပေးသည်။[၈] ထို့ပြင် သူသည် တပ်မတော်၏ ဘဏ္ဍာငွေ များကို စီမံခန့်ခွဲရသူတစ်ဦးဖြစ်ပြီး ထိုဘဏ္ဍာငွေသည် ၂၀၁၂ ခုနှစ်မှစ၍ နိုင်ငံတော်ဘဏ္ဍာငွေအားလုံး၏ ၁၃ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအကြားရှိသည်။[၉]
တပ်မတော် စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း အရေးယူခံရပြီးနောက် ၎င်း၏ နေရာအား ဆက်ခံရသည်။ဒုဗိုလ်ဘဝမှ ဗိုလ်ချုပ် ဖြစ်သည်အထိ စစ်တပ်ထဲတွင် ရုပ်ရှင်မင်းသားကဲ့သို့ နေထိုင်ခဲ့ရသူအဖြစ်လည်း ကျော်ကြားသကဲ့သို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် နီးကပ်သည့် ဆက်ဆံရေးရှိသည်။[၁၀]
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်တွင် သူ့ကို မြန်မာ့တပ်မတော်မှ နံပါတ်(၃) အဆင့်ရှိ အရာရှိကြီးတစ်ဦးအဖြစ်ရာထူးတိုးကာ ညှိနှိုင်းကွပ်ကဲရေးမှူး ဖြစ်လာသည်။၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် ဖွဲ့စည်းလိုက်သည့် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင် အဖြစ်ပါ တာဝန်ပေးအပ်ခံရသည်။
၂၀၂၆ ခုနှစ် မတ်လ ၃၀ရက်နေ့တွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ထံမှ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ အဆောင်အယောင်ဓားနှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ အလံတို့ကို လွှဲပြောင်းရယူ လက်ခံခဲ့ပြီး၊ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရာထူးကိုလည်း တာဝန်ပေးအပ်ခံရသည်။[၁၁]
ဂုဏ်ပြုခံရခြင်း
[ပြင်ဆင်ရန်]နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၁) ဖြင့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သော ဇေယျကျော်ထင်ဘွဲ့ကို ချီးမြှင့်ခံခဲ့ရသည်။[၁၂]
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၃ ရက်နေ့တွင် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော် တည်ထားကိုးကွယ်သည့်ကိစ္စတွင် ပါဝင်ကူညီခဲ့မှုနှင့် စပ်လျဉ်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ၎င်းအားနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၂၅ /၂၀၂၃ အားဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော သရေစည်သူဘွဲ့ ပေးအပ်သည်။[၁၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဗိုလ်ချုပ်ကြီးရဲဝင်းဦး ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဖြစ်လာ။ ဘီဘီစီ (၄ မတ် ၂၀၂၆)။ ၄ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ ညှိကွပ်အပါအဝင် စစ်ဗိုလ်ချုပ်တချို့ အပြောင်းအလဲဖြစ်။ BBC Burmese (၁၈ ဒီဇင်ဘာ ၂၀၂၄)။ ၁၈ ဒီဇင်ဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ စထွန်းအောင် (2026-03-30)။ မှန်းဆထားကြသည့်အတိုင်း အာဏာသိမ်းခေါင်းဆောင် သမ္မတလောင်း ဖြစ်လာ (in en-US)။ 2026-03-30 တွင် ပြန်စစ်ပြီး။
- ↑ https://www.cpg-online.de/asia-in-review-sea-myanmar-2019-2020/
- ↑ Min Aung Hlaing reshuffles senior military ranks ahead of election (19 May 2020)။
- ↑ https://www.researchgate.net/publication/341601125_INFAMOUS_MYANMAR_MILITARY_SKIP_GENERATION_MONOPOLY_MAY2020
- ↑ Younger Myanmar Military Officers Promoted to Key Roles in Reshuffle (11 May 2020)။
- ↑ Systemic Conflict of Interest in Myanmar Military Allows for Serious Corruption (17 June 2020)။
- ↑ Military-Corporate conflicts of interest ‘inflame’ Myanmar’s civil wars, rights group says။
- ↑ မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း။ The Irrawaddy (၆ နိုဝင်ဘာ ၂၀၂၃)။ ၁၈ ဒီဇင်ဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာ့တပ်မတော်၏ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား ကျင်းပပြုလုပ် | Ministry Of Information (in en)။ 2026-03-30 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊နိုင်ငံတော်သမ္မတရုံး (၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်). "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၁)" (in မြန်မာဘာသာ) (PDF). ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြန်တမ်းစာစောင် အတွဲ(၇၄) (အမှတ်(၅၁)): ၂၅၉. ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်. Retrieved on ၂၀၂၁-၀၉-၂၉.
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၂၅ / ၂၀၂၃။ cincdsmyanmar (၂၃ ဇူလိုင် ၂၀၂၃)။ ၂၄ ဇူလိုင်၂၀၂၃ တွင် ပြန်စစ်ပြီး။