စံ၊ ဆရာ (ဂဠုန်)

ဝီကီပီးဒီးယား မှ
(ဆရာစံ မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ဂဠုန်ဆရာစံ

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် ဂဠုန်ဆရာစံ(၂၄ အောက်တိုဘာ ၁၈၇၆ - ၂၈ နိုဝင်ဘာ ၁၉၃၁) သည် ထင်ရှားသော ဘုန်းကြီး တစ်ပါးနှင့် ဗမာတိုင်းရင်းဆေးဆရာ တစ်ယောက် ဖြစ်ပြီး ၁၉၃၀-၁၉၃၁တွင် ဖြစ်ပွားသော ဗမာ့တောင်သူလယ်သမားတော်လှန်ရေး၏ ခေါင်းဆောင်တစ်ဦးဖြစ်ကာ ဗမာ့ထီးနန်းကို တောင်းဆိုသူ တစ်ဦးလည်း ဖြစ်ခဲ့သည်။ ဗြိတိသျှနယ်ချဲ့တို့၏ ဩဇာလွှမ်းမိုးချုပ်ကိုင်မှုတို့ကို ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ရာတွင် တိုင်းရင်းသားတို့အား တစ်စည်းတစ်လုံး တည်းဖြစ်စေရန် ဦးဆောင်ခဲ့သူ တစ်ဦး ဖြစ်သည်။ရန်ကုန်ပဲခူး စီရင်စု၊ ဗြိတိသျှ ဘားမား၊၂၈ရက် နိုဝင်ဘာ လ ၁၉၃၁၊အသက်(၅၅ နှစ်)တွင်ကွယ်လွန်ခဲ့သည်။

ငယ်စဉ်ဘဝ[ပြင်ဆင်ရန်]

ဒီပဲယင်းမြို့နယ်၊ သရက်ကန် အရှေ့ရွာတွင် ၁၈၇၆ခု အောက်တိုဘာလ ၂၄ရက် တွင် မွေးဖွားသည်။ ဖခင် အမည်မှာ ဦးကျေး ဖြစ်ပြီး မိခင်အမည်မှာ ဒေါ်ဖက် ဖြစ်ကာ မောင်နှမ ၅ ယောက်တွင် အငယ်ဆုံး ဖြစ်သည်။ ဗမာလူမျိုးဖြစ်ပြီးထေရဝါဒ ဗုဒ္ဓဘာသာကိုကိုးကွယ်သည်။ ဆရာစံ၏ အခြားအမည်တစ်မျိုးမှာ ဦးရာကျော် ဖြစ်သည်။ မွေးချင်းများမှာ -

  1. ဦးရာကြူး
  2. ဦးရာဒန်
  3. ဒေါ်အေးမြင့်
  4. ဒေါ်အေးဆင့်
  5. ဦးရာကျော် ခေါ် ဆရာစံ တို့ဖြစ်သည်။ [၁]

သမိုင်း[ပြင်ဆင်ရန်]

၁၉၂၄ ခုနှစ်တွင် ဗုဒ္ဓဘာသာအဖွဲ့အစည်းများ အထွေထွေကောင်စီမှ အသက် ၄၅ နှစ်ရှိပြီဖြစ်သော ဆရာစံ အား ဗမာလယ်သမားများ၏ အသက်မွေးဝမ်းကျောင်း အခြေအနေများ ဆန်းစစ်ခြင်း ဆိုင်ရာ ကော်မတီခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့သည်။ ၁၉၂၇ ခုနှစ် စစ်တမ်းများကောက်ယူနေဆဲတွင် ဆရာစံ သည် (တဖြည်းဖြည်းများပြားလာသော မြို့နေဆန္ဒပြလှုပ်ရှားသူများနှင့် နိုင်ငံရေး လုပ်ဆောင်သူ သံဃာတော်များ နှင့်အတူ) ၎င်းတို့၏ လုပ်ငန်းဦးတည်ချက်ကို ပြောင်းလဲပြီး ဗြိတိသျှ တို့အား ခုခံတိုက် ခိုက်ရန် တောင်သူလယ်သမားများအား စတင်၍ လှုံ့ဆော်ခဲ့သည်။ ယင်းမှာ အထူးသဖြင့် ဗြိတိသျှ အစိုးရ ၏ အုပ်ချုပ်ရေးနှင့် အခွန်ကောက်ခံမှု မူဝါဒလမ်းစဉ်အား ပုန်ကန်ရန်အားထုတ် ကြိုးပမ်းမှုပင် ဖြစ်သည်။

၁၉၂၉ ခုနှစ်တွင် ဗြိတိသျှတို့်သည် ဗမာပြည်သူတို့အပေါ်တွင် အခွန်အသစ်များကို ပြဋ္ဌာန်းရန် တင်သွင်း ခဲ့ပြီး ဗြိတိသျှတို့၏ သဘောတူညီချက်မရဘဲ သစ်ပင် (ဗမာတို့၏ အဓိက အဖိုးတန်ပစ္စည်း) ခုတ်ခြင်းကို တားမြစ်သည့် သစ်တောနှင့်ပတ်သက်သော ဥပဒေမူကြမ်းတစ်ခုကိုလည်း တင်သွင်းခဲ့သည်။ ၁၉၂၉ ဒီဇင်ဘာ တွင် ဆရာစံ သည် လူခွန်ကောက်ခံမှု (လူခွန်) အား တွန်းလှန်ရန် ဒေသတွင်း ပုန်ကန်မှုတစ်ရပ်ကို စီစဉ်ခဲ့သည်ဟု အဆိုရှိသည်။ ထိုပုန်ကန်မှုမှာ လျင်မြန်စွာကြီးထွားလာပြီး သူ၏ ထိန်းချုပ်နိုင်မှု ထက်ကျော်လွန်၍ ကသောင်းကနင်းနိုင်သော တစ်နိုင်ငံလုံးဆိုင်ရာ ပုန်ကန်မှုတစ်ခုအသွင် ပြောင်းလဲ ခဲ့သည်။ ထိုလှုပ်ရှားမှုများ၏ ဖြစ်ရပ်များသည် Tharrawaddy (သာယာဝတီ) ခရိုင် (ရန်ကုန်မှ သုံးနာရီခွဲကြာ သွားရသော အကွာအဝေး) မှ အောက်မြန်မာပြည်တစ်ဝန်းလုံးရှိ အနီးအနားပတ်ဝန်းကျင်ခရိုင်များသို့ ပျံ ့နှံ့သွားခဲ့သည်။ ဆရာစံသည် "မင်းလောင်း" သို့မဟုတ် ဘုရင်အဖြစ်တောင်းခံပြီး သက်ဦးဆံပိုင်စနစ် ကို ပြန်လည် အသက်သွင်းကာ ယိုယွင်းကျဆင်းနေပြီ ဖြစ်သော ဗုဒ္ဓဘာသာကို ပြန်လည်အားဖြည့်ပေး မည့်သူ တစ်ဦး ဖြစ်ခဲ့သည်ဟု တရားဝင်မှတ်တမ်းများမှ အခိုင်အမာဆိုသည်။ ရိုးရာအဖွဲ ့အစည်းများ နှင့် ကွန်ရက်များကို ပြန်လည်အသက်သွင်းရန်အတွက် ဆရာစံသည် Alantaung (အလံတောင်) အရပ်တွင် နန်း တော်တစ်ခုတည်ဆောက်ကာ ဗမာ့နန်းတွင်းအဆောင်အယောင်များဖြင့် နန်းတက်ပွဲ ကျင်းပခဲ့သည် ဟုလည်းဆိုသည်။ ဆရာစံ၏ နောက်လိုက်နောက်ပါများသည်လည်း သေနတ် ပီးစေရန် သာမက ဗြိတိသျှနှင့် အခြားနယ်ချဲ ့နိုင်ငံခြားသားများကို မောင်းထုတ်ရန် ၎င်းတို့ ခံယူထား သော တာဝန်ကို ဖော်ဆောင်သည့် Garuda (ဂဠုန်ရုပ်) ဆေးမင်ကြောင်များ ထိုးခဲ့သည် ဟုလည်း ဖော်ပြထားသည်။ အချို ့သောပညာရှင်များသည် စီးပွားရေး အခက်အခဲမှာ ပုန်ကန်ခြင်းများ အတွက် အချက်အချာ ကျသည်ဟု ဆိုကြသော်လည်း အခြားသောသူများကမူ ဗုဒ္ဓဘာသာအောင်မြင်ထွန်းကား သော ခေတ်အသစ်ကို စတင်သွတ်သွင်းခြင်းသည် အရေးပါသောအကြောင်းပြချက် ဖြစ်ခဲ့သည် ဟု ဆိုသည်။

ပုန်ကန်ထကြွမှု၏ အကျိုးဆက်များ[ပြင်ဆင်ရန်]

ဗမာပြည်လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဗမာပြည်၏ ထင်ရှားသော လက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်၊ တောင်သူလယ်သမားအရေးတော်ပုံမှ ခေါင်းဆောင်ကြီး ဂဠုန်ဆရာစံ၏ သမီး ဒေါ်စိန်တို့ တွေ့ဆုံကြစဉ်ဖြစ်သည်။

ပုန်ကန်ထကြွမှု၏ အကျိုးဆက်အားဖြင့် နှိမ်နင်းရန် ဗြိတိသျှတပ်သား ၁၀၀၀၀ ကျော် နှင့် အချိန် နှစ်နှစ် ကျော် လိုအပ်ခဲ့ပြီး ဆရာစံအား ကြိုးမိန့်ပေးကွပ်မျက်ခြင်း ဖြင့် အဆုံးသတ်ခဲ့သည်။

ကြိုးပေးသတ်ဖြတ်ခြင်း[ပြင်ဆင်ရန်]

ပုန်ကန်မှုများကြောင့် ၁၉၃၁ နိုဝင်ဘာလ ၂၈ ရက် တွင် သာယာဝတီ ထောင် အတွင်းတွင် ကြိုးပေးသတ်ဖြတ်ခြင်း ခံရသည်။ ကြိုးပေးခံရခြင်းကို ဇိန်ဇာရွာသူကြီး ဦးသောင်းဆင်၊ ပန်းဆွဲရွာသူကြီး ဦးစံရုံ၊ မြေဇီသူကြီး ဦးဘိုးတင်၊ ငဖြူကလေးသူကြီး ဦးသာမြတ်၊ ပင်စင်ရ အမှုတွဲထိန်း စာရေးကြီး၊ သုံးဆယ် မြူနီစီပါယ် ဥက္ကဋ္ဌ ဦးငွေဒင်၊ ဂုံမင်းမြောင်သူကြီး ဦးဘိုးကာ၊ ပုလိပ် ရာဇဝတ်ဝန်ထောက် ဦးပိုက်၊ လက်ဖတင်နင် စစ်ဗိုလ်ရှာရား၊ ထောင်မှူးကလေး အဖေ မစ္စတာ ပီလေး နှင့် ဆရာဝန်၏ ဖခင် မစ္စတာ ဟာဘဲဆန်၊ အရေးပိုင် ကပ္ပတိန် ကလပ်၊ ထောင်ဆရာဝန်ကြီး ဒေါက်တာဦးအောင်ထွန်း၊ ဒုတိယအရေးပိုင် ဦးအုန်း တို့ မျက်မြင်သက်သေ အဖြစ် တက်ရောက်ကြသည်။

နောက်ဆုံးစကား[ပြင်ဆင်ရန်]

နှုတ်ဆက်စကား ကို အောက်ပါအတိုင်းပြောကြားသွားသည်။

သွားပြီ အားလုံးပဲ၊ အောင်ပါစေ ဆိုတဲ့ ဆု ကို တောင်းပေးကြပါ။

အမျိုး ဘာသာ သာသနာ ပညာ ကြီးပွားရန်အတွက် ကြိုးစားသဖြင့် ဤကဲ့သို့ ကြိုးပေးခံရမည်ကို မကြောက်ပါ။

[၂]

မကြာသေးမီက ပညာ သင်ဆုသည် ပုန်ကန်မှုတွင် ဆရာစံ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ မေးခွန်းများထုတ်ခဲ့ကြသည်။ ဗြိတိ သျှတို့သည် ပုန်ကန်မှုတွင် ဆရာစံ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ မှားယွင်းစွာနှင့် ပုံကြီးချဲ ့၍ ဖော်ပြခဲ့ ခြင်းဖြင့် သူ့အား ကွပ်မျက်ခြင်းအား အမှန်တကယ်ရှိခဲ့သည်ထက် ပို၍ အဓိပ္ပာယ်ရှိသည်ဟု မြင်လာ စေရန် ပြုလုပ်ခဲ့သည်ဟု အချို ့ကထင်ကြသည်။ဆရာစံ၏ အစီအစဉ်ကို အကြမ်းဖော်ပြထားသော ပုလိပ် တစ်ဦး၏ ဒိုင်ယာရီ အပါအဝင် အမှုစစ်ဆေးစီရင်ခြင်း၏ အသေးစိတ်အချက်အလက်များတို့သည် ယုံ ကြည်ဖွယ်ကောင်းသည်ဟု ယူဆခြင်းမခံရပေ။ ထို့အပြင် ပုန်ကုန်ထကြွခြင်း၏ ရို်းရာဝိသေသလက္ခဏာ အပေါ် တွင် အာရုံထားခြင်းသည် ၁၉၂၀ နှစ်များကတည်းက မြို ့ပြရှိ အမျိုးသားစိတ်ဓာတ်ရှိသူများနှင့် ကျေး လက်နေလူထုတို့၏ အကြားတွင်ကြီးထွားလာသော အဆက်အသွယ်များကို လျစ်လျူရှု ခဲ့သည်ဟု အငြင်းပွားခြင်းခံရသည်။အမျိုးသားစိတ်ဓာတ်ရှိသူများ အသင်းများ (ဝံသာနု အသင်းများ) နှင့် နိုင်ငံ ရေးအခြေခံသဘောတရားသက်ဝင်နေသည့် ရဟန်းတော်များသည် ဒေသခံ ခေါင်းဆောင်များနှင့် အ ချိန်အတော်ကြာကတည်းက အပြန်အလှန် ဆက်သွယ်မှုရှိပြီး အသွင်ပြောင်းခြင်းနှင့် ပတ်သက်သည့် နည်းဗျူဟာနှင့် အကြံအစည်အသစ်များကို အစပျိုးနေခဲ့ပြီဖြစ်သည်။

ဗုဒ္ဓဘာသာဝင် ဗမာများသည် ပုန်ကုန်ထကြွခြင်းကို ကျရှုံးခြင်းတစ်ရပ်အဖြစ် ယူဆကြသော်လည်း ၎င်း သည် ဗမာ့နိုင်ငံရေးတွင် အချို ့ကိစ္စများအတွက် အလှည့်အပြောင်းတစ်ခုအဖြစ် အမှတ်အသား ပြုကို ပြုခဲ့သည်။ ပုန်ကန်ထကြွခြင်းသည် နိုင်ငံရေး ခေါင်းဆောင်မျိုးဆက်သစ် တစ်ခုဖြစ်သည့် ဘမော် နှင့် ဦးစော ကဲ့သို့သော ပုဂ္ဂိုလ်များကို မွေးဖွားပေးခဲ့ပြီး ၎င်းတို့သည် အမှုစစ်ဆေး ခြင်းတွင် ကာကွယ်ခုခံသည့်ဘက်မှ ပါဝင်ခဲ့သည်။ ထို့အပြင် ၎င်းသည် ကိုလိုနီလှုပ်ရှားမှုများကို ခုခံရန် ဒေသတွင်း ပြည်သူများအားစည်းရုံးနိုင်သည့် သံဃာတော်များ၏ စွမ်းရည်ကို ကူညီ သရုပ်ဖော်ခဲ့သည်။ ဆရာစံသည် ကိုလိုနီအစိုးရကို ဆန့်ကျင်ခဲ့သည့် လူထုကြီးအားဦးဆောင်မှုပေးခဲ့သော အမျိုးသားစိတ် ဓာတ်ရှိသူ သူရဲကောင်းတစ်ဦးအဖြစ် အမှတ်ရခြင်းခံရသည်။

မြန်မာ ၉ဝ ကျပ်တန်မှ ဆရာစံပုံ

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးမြင့်ဝေ, (တပ်မတော် မြင့်သန္တာ) (၁၉၇၂၊ အောက်တိုဘာလ). ဗမာ့တော်လှန်ရေး အဘိဓာန် (၁၈၄၂ ခုမှ ၁၉၇၁ခု အထိ), ပထမ အကြိမ်. စပယ်ဦး၊ ရန်ကုန်၊. 
  2. ၁၄-၁၂-၁၉၃၁ မြန်မာ့အလင်းဦးလှ ၂၀၁၂

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]

ရည်ညွန်းစာ[ပြင်ဆင်ရန်]

  • ^ ဦးလှ၊ လူထု။ ကျွန်တော်သတင်းထောက်။ ရန်ကုန်၊ ၂၀၁၂၊ ဇန်နဝါရီ။ ကြီးပွားရေးစာအုပ်တိုက်၊ ဒုကြိမ်။