စက္ကဝါက်

ဝီကီပီးဒီးယား မှ
စက္ကဝါက်
Shelduck
Tadorna tadorna (aka).jpg
စက္ကဝါက်ငှက်
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Anseriformes
မျိုးရင်း: Anatidae
မျိုးရင်းသေး: Tadorninae
မျိုးစု: Tadorna
F. Boie, 1822
အမျိုးအစား မျိုးစိတ်
စက္ကဝါက် "(Annas tadorna)"
မျိုးစိတ်

T. ferruginea
T. cana
T. tadornoides
T. variegata
T. cristata
T. tadorna

Synonyms

စာ၌ ရှုပါ

စက္ကဝါက် (အင်္ဂလိပ်: Shelduck[၁]) သည် ဟင်္သာမျိုးနွယ်ဝင်[၂] (ဘဲ)ငှက်များအားလုံးကို ခြုံငုံ၍ သုံးနှုန်းသော အမည်နာမဖြစ်သည်။ ပါဏဗေဒအလိုအရ အန်နာတီဒီး (Anatidae) မျိုးရင်း၊ တဒ္ဒေါနီနီး (Tadorninae) မျိုးရင်းခွဲမှ ဇီဝဗေဒဆိုင်ရာ မျိုးရင်းတူ (ဘဲ)ငှက်များအစုအဖွဲ့ဖြစ်သည်။ မျိုးစုဝင် ငှက်အများစုသည် ကြီးမားသော ဘဲနှင့် ဘဲငန်း ကဲ့သို့ ပုံသဏ္ဌာန်ရှိကာ ဟင်္သာ၊ တောဘဲနှင့် အလားတူငှက်များ မျိုးစဉ်- "အန်စာရီဖောမီး (Anseriformes)" အတွင်း ပါဝင်ကြသည်။

စက္ကဝါက် ဟူသည့် ဝေါဟာရသည် ပါဠိစကား "စက္ကဝါက"မှ ဆင်းသက်လာခြင်းဖြစ်ပြီး၊ တောင်ပေါက်ဓာန်တွင် "၎င်းစက္ကဝါက်ငှက် ဟူသည် မြစ်နား၊ ကမ်းနား၌ အဖိုအမနှစ်ကောင်တွဲ၍ နေတတ်သော....ငှက်မျိုးပင်တည်း" ဟူ၍လည်းကောင်း၊ ယင်း တောင်ပေါက်ဓာန် အနက်ဖွင့်ဆိုမှုအပေါ် မှီငြမ်း၍လည်း မြန်မာဝစ်ရှင်နရီ၌ "အဖိုအမနှစ်ကောင်တွဲ၍နေတတ်သော ရေဘဲတစ်မျိုး" ဟူ၍လည်းကောင်း၊ ကြောင်းတူသံကွဲဖော်ပြချက်တွင် "ဟင်္သာ" ဟူ၍လည်းကောင်း အနက်ဖွင့်ဆိုထားသည်။[၂]

ထို့အပြင် ပါဏဗေဒအလိုအရ ၎င်းမျိုးတူငှက်အားလုံးသည်"Tardona" ဟူသော မျိုးစုထဲတွင်ပါဝင်ကြသောကြောင့် စက္ကဝါက် သည် ယင်းငှက်များအားလုံးကို ခေါ်ဆိုနိုင်သော အမည်ဖြစ်သည်။[၂]

ပါဝင်သော မျိုးစိတ်များ စာရင်း[ပြင်ဆင်ရန်]

အောက်ပါဇယားသည် HBW နှင့် BirdLife International Illustrated Illustrated Checklist of the Birds of the World[၃][၄] မှ ရယူထားခြင်းဖြစ်သည်။

ဓာတ်ပုံ သိပ္ပံအမည် အများသုံးအမည် ကျက်စားရာ
ဒေသများ
ထိန်းသိမ်း
စောင့်ရှောက်ရေး
Common.shelduck.2.arp.750pix.jpg Gravand (Tadorna-tadorna)- Ystad-2017.jpg T. tadorna စက္ကဝါက်ဟု
လူသိများသည့်
မျိုးစိတ်
ဥရောပ
အာရှ
မြောက်အာဖရိက
အန္တရာယ်မကျ
ရောက်နိုင်သေး
Tadorna ferruginea (Pallas 1764).jpg Rostgans Tadorna ferruginea Zoo Augsburg-01.jpg T. ferruginea ဟင်္သာ ဥရောပ
အာရှ
မြောက်အာဖရိက
အန္တရာယ်မကျ
ရောက်နိုင်သေး
Tadorna cana - 01.jpg Tadorna cana333863547.jpg T. cana တောင်အာဖရိက
စက္ကဝါက်
နမီးဘီးယား
ဘော့ဆွာနာ
တောင်အာဖရိက
အန္တရာယ်မကျ
ရောက်နိုင်သေး
Tadorna tadornoides male 1 - Perth.jpg Tadorna tadornoides female 1 - Perth.jpg T. tadornoides ဩစတြေးလျ
စက္ကဝါက်
ဩစတြေးလျ
နယူးဇီလန်
အန္တရာယ်မကျ
ရောက်နိုင်သေး
Tadorna variegata -New Zealand -male-8.jpg Tadorna variegata -near Kekerengu, South Island, New Zealand -female-8.jpg T. variegata သုခဘုံ
စက္ကဝါက်
နယူးဇီလန် အန္တရာယ်မကျ
ရောက်နိုင်သေး
Shiryou k.jpg T. cristata မောက်တင်
စက္ကဝါက်
အရှေ့အာရှ
ရုရှား
မျိုးသုဉ်းလုနီးပါး
အန္တရာယ်ရှိ


ကိုးကား[ပြင်ဆင်ရန်]

  1. သစ်တောဦးစီးဌာန (၄ မတ် ၂၀၂၀)။ အမိန့်ကြော်ငြာစာအမှတ်(၆၉၀/၂၀၂၀) (PDF) (in မြန်မာဘာသာ) စာ-၅။ သစ်တောဦးစီးဌာန။ 18 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၉ အောက်တိုဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။ “ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များ သတ်မှတ်ကြေညာခြင်း
  2. ၂.၀ ၂.၁ ၂.၂ ဝစ်ရှင်နရီ ပံ့ပိုးရေးသားသူများ (၁၉ ဇူလိုင် ၂၀၁၆)။ စက္ကဝါက် (in မြန်မာဘာသာ)။ ဝစ်ရှင်နရီ။ 29 October 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၉ အောက်တိုဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  3. Del Hoyo၊ J.; Collar၊ N. J. (2014)။ HBW and BirdLife International Illustrated Checklist of the Birds of the World I: Non-passerinesLynx Edicions။ pp. 134–135။ ISBN 978-8496553941
  4. HBW နှင့် BirdLife တို့၏ မျိုးရိုးခွဲခြားမှုပညာရပ်ဆိုင်ရာ စစ်ဆေးမှုစာရင်း မူကွဲအမှတ်(၅)BirdLife International (၂၀၂၀)။ 21 May 2021 တွင် ပြန်စစ်ပြီး။