မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိသော မျိုးစိတ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း
Bufo periglenes ဤဓာတ်ပုံသည် ၁၅ မေ ၁၉၈၉ တွင်ရိုက်ကူးနိုင်ခဲ့သော ရွှေရောင်ဖားငယ် မျိုးစိတ် (ဘပ်ဖို ပယ်ရစ်ဂလင်း) ၏ နောက်ဆုံးမှတ်တမ်းဓာတ်ပုံဖြစ်သည်။
မျိုးသုဉ်းသည့် အဆင့်
အန္တရာယ်မြင့်မားသည့် အဆင့်
အန္တရာယ်နည်းပါးသည့် အဆင့်

အခြားသတ်မှတ်မှု အဆင့်

ဆက်စပ်​သော အကြောင်းအရာများ

IUCN Red List category abbreviations (version 3.1, 2001)
အထက်ပါ IUCN အနီရောင်စာရင်းသတ်မှတ်ချက်နှင့်
အောက်ပါ NatureServe သတ်မှတ်ချက်အား နှိုင်းယှဉ်မှု

NatureServe category abbreviations

IUCN Red Listမျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိသော မျိုးစိတ်များ[၁] ( Critically Endangered - CR )[၂] ဆိုသည်မှာ ဇီဝမျိုးစိတ်တစ်ခု (ဝါ) တစ်စုသည် တောတွင်း၌ မျိုးသုဉ်းရန် အလွန်မြင့်မားသော အန္တရာယ်နှင့်ရင်ဆိုင်နေရကြောင်းကို နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်းမှ ၎င်းမျိုးစိတ်အပေါ် ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း အမျိုးအစားသတ်မှတ်ပေးခြင်း ဖြစ်သည်။[၂] ၂၀၂၁ ခုနှစ်မှစ၍ IUCN မှ စောင့်ကြည့်နေသော မျိုးစိတ်ပေါင်း (၁၂၀,၃၇၂) မျိုးတွင် မျိုးစိတ် (၆,၈၁၁) မျိုးကို စိုးရိမ်ဖွယ် အန္တရာယ်ရှိသည့်မျိုးစိတ်များအဖြစ် သတ်မှတ်ထားသည်။ [၃]

IUCN အနီရောင်စာရင်းသည် တိရစ္ဆာန်မှိုနှင့် အပင် မျိုးစိတ်များ၏ ထိန်းသိမ်းစောင့်ရှောက်ရေး အခြေအနေနှင့် ပတ်သက်သော သတင်းအချက်အလက်များ ဖော်ပြပေးသည်။[၄] ၎င်းစာရင်း၌ မျိုးစိတ်အသီးသီး၏ ဒေသရင်းနယ်မြေ၊ အကောင်ရေ (သို့) ဦးရေပမာဏ၊ နေရင်းဒေသများ၊ ခြိမ်းခြောက်ခံရမှု (သို့) အန္တရာယ်ကျရောက်မှုများ စသည်ဖြင့် ကွဲပြားခြားနားသော အဆင့်အတန်း အမျိုးအစား (၇) မျိုးခွဲခြားဖော်ပြထားသည်။ အမျိုးအစားတစ်ခုချင်းစီသည် ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းမှု အန္တရာယ်အဆင့်များ ကွဲပြားကြသည်။ မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ်များဟု ယူဆရသော မျိုးစိတ်များကို "ခြိမ်းခြောက်ခံရခြင်း" အမျိုးအစားတွင် ထည့်သွင်းထားသည်။[၅]

IUCN Red List သည် မျိုးသုဉ်းခါနီးမျိုးစိတ်များ၏ အရေးကိစ္စကိုသာ စဉ်းစားလုပ်ဆောင်ခြင်းမဟုတ်ဘဲ ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့်ပစ်မှတ်ထား၍ စစ်တမ်းများ ကောက်ယူကာ ၎င်းစာရင်းများအရ မျိုးသုဉ်းရန် အလားအလာရှိနေသော မျိုးစိတ်များသည် ထိုအချိန်မှစကာ IUCN ၌ မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိသော မျိုးစိတ်များစာရင်းဝင်အဖြစ် အတည်ပြုသတ်မှတ်သည်။

အမျိုးအစားသတ်မှတ်ရန် လိုအပ်သည့် စံနှုန်းများ[ပြင်ဆင်ရန်]

Red List တွင် မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိသော မျိုးစိတ်အဖြစ်သတ်မှတ်နိုင်ရန် ၎င်းမျိုးစိတ်သည် အောက်ပါ စံသတ်မှတ်ချက် (က - င) တစ်ခုခုနှင့် ကိုက်ညီရမည်ဖြစ်သည် ("3G / 10Y " ဆိုသည်မှာ မျိုးဆက် ၃ ဆက် (3 Generations) (သို့) အချိန်ကာလ ၁၀ နှစ် (10 Years) ဟု ဆိုလိုပြီး မည်မျှပင် သက်တမ်းရှည်သည်ဖြစ်စေ အများဆုံးသည် နှစ်ပေါင်း ၁၀၀ အထိသာ သတ်မှတ်ပြီး၊ "MI" ဆိုသည်မှာ တစ်ဦးချင်းအရွယ်ရောက်ပြီး ဦးရေ (Mature Individuals) ဟုဆိုလိုသည်။) -[၆][၇]

၁။ ဦးရေပမာဏ လျှော့ချခံရမှု
(က) ၎င်းမျိုးစိတ်၏ လွန်လေပြီးသော ၁၀ နှစ်တာကာလဖြစ်စေ၊ မျိုးဆက် သုံးဆက်စာကာလဖြစ်စေ လျှော့ချခံရမှုနှုန်းကို တွက်ချက်သည်။
(ခ) ထိုသို့ ကျဆင်းရခြင်း၏ အကြောင်းအရင်းကို သိရှိနားလည်ထားပြီး ဖြစ်ရမည်။
(ဂ) ဦးရေ လျှော့ချခံရခြင်း၏ အကြောင်းအရင်းကိစ္စရပ်များ ထပ်မံဖြစ်မလာတော့ခြင်းနှင့် ဖြစ်စဉ်ကို သိသိသာသာပြောင်းလဲပစ်နိုင်ခြင်း ရှိပါက ဦးရေ၏ ၉၀% အနည်းဆုံး လျှော့ချခံထားရပြီး ဖြစ်ရန်လိုအပ်သည်။
(ဃ) ထိုသို့မဟုတ်ပါက ဦးရေ၏ ၈၀% အနည်းဆုံးလျှော့ချခံထားရပြီး ဖြစ်နေခြင်း။
၂။ မြေပြင်နယ်နိမိတ်တလျှောက် အခြေအနေ
(က) လျှော့ချခံရသည့် နယ်မြေဧရိယာသည် 100 km2 (သို့) တွေ့ရှိရသည့် နယ်မြေဧရိယာသည် 10 km2 ထက် ပို၍သေးငယ်ခြင်း
(၁) အလွန်အမင်း ဆိုးရွားစွာဖြင့် ဒေသရင်း နယ်မြေများ အစိတ်စိတ်အမြွှာမြွှာကွဲနေခြင်း (သို့) နယ်မြေဒေသ တစ်ခု၌သာ နေထိုင်တည်ရှိခြင်း။
(၂) ကျဆင်းမှု ဖြစ်ပွားသည့် အတိုင်းအတာ၊ နေထိုင်နေသော ဧရိယာ၊ ကျက်စားရာ နယ်မြေ၏ (အရည်အသွေး/ ဧရိယာ/ ပမာဏ)၊ တည်နေရာ အရေအတွက်အလိုက် ဦးရေပမာဏ၊ တစ်ဦးချင်းအရွယ်ရောက်ပြီး ဦးရေပမာဏ။
(၃) အောက်ပါအချက်များ ပြောင်းလဲမှုပြင်းထန်ခြင်း -
(ကက) တွေ့ရှိသည့် တည်နေရာအရေအတွက်။
( ခ ခ ) နေထိုင်ကျက်စားသည့် ဧရိယာ။
( ဂ ဂ ) တည်ရှိသောနေရာများ အရေအတွက်/ဒေသကွဲများမှ ဦးရေပမာဏ။
(ဃဃ) တစ်ဦးချင်းအရွယ်ရောက်ပြီး ဦးရေပမာဏ။
၃။ ကျဆင်းသည့် ဦးရေပမာဏMI ဦးရေ ၂၅၀ အောက်သို့ ကျဆင်းသွားခြင်းဖြစ်စေ (သို့) အောက်ပါတို့ကြောင့်ဖြစ်စေ -
(က) 3G/10Y အတွင်း ဆက်တိုက် ကျဆင်းမှု ၂၅% ရှိခြင်း။
(ခ) ဦးရေ ဆက်တိုက်ကျဆင်းမှုကို လေ့လာတွေ့ရှိရခြင်း၊ ကောက်ချက်ချခြင်း၊ ခန့်မှန်းခြင်းနှင့် အောက်ပါအချက် နှစ်ခုတွင် အနည်းဆုံးတစ်ခုနှင့်ကိုက်ညီနေခြင်း -
(၁) အရွယ်ရောက်ပြီး ဦးရေ အရေအတွက် ၅၀ ထက် မပိုခြင်း။
(၂) မျိုးစိတ်တစ်ခုလုံး၏ အရွယ်ရောက်သည့် ဦးရေသည် နေရာတစ်ခုတည်းတွင် ၉၀% အနည်းဆုံးရှိခြင်း။
၄။ မျိုးစိတ်၏ အရွယ်ရောက်ပြီးဦးရေပမာဏသည် ၅၀ အောက် နည်းသည်ဟု ခန့်မှန်းရခြင်း။
၅။ ကိန်းဂဏန်းများကို ဆန်းစစ်မှုအရ နောင်လာမည့် (၁၀) နှစ် သို့မဟုတ် မျိုးဆက် သုံးဆက်စာ ကာလအတွင်း သို့မဟုတ် အချိန်ကာလပိုကြာသောအခါတွင် (အများဆုံး နောင်လာမည့်နှစ်ပေါင်း ၁၀၀ အထိ) သဘာဝအခြေအနေတွင် မျိုးသုဉ်းပျောက်ကွယ်ရန်ဖြစ်နိုင်ခြေ အနည်းဆုံး ၅၀% ရှိကြောင်း တွေ့ရှိရခြင်း။

ဖြစ်ပွားခဲ့မှုများ[ပြင်ဆင်ရန်]

Beluga sturgeon (Huso huso) သည် အလွန်အန္တရာယ်ရှိသော မျိုးစိတ်တစ်ခု၏ ဥပမာတစ်ခုဖြစ်သည်။ ၎င်းတို့၏ သားဥ caviar များအား အလွန်အကျွံရယူခြင်းကြောင့် ၎င်းငါးများ၏ သဘာဝ၌ ရှင်သန်နေသောဦးရေ အရေအတွက်သည် ကျဆင်းလာခဲ့သည်။

လက်ရှိမျိုးသုဉ်းပျောက်ကွယ်မှု အကျပ်အတည်းသည် သဘာဝသုဉ်းနှုန်းထက် ပိုမြန်သောနှုန်းတွင် ဖြစ်ပေါ်နေသည်ကိုတွေ့ရသည်။ ၎င်းသည် ရာသီဥတုပြောင်းလဲမှုအပေါ် လူသားများ၏သက်ရောက်မှုများနှင့် ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်းတို့အတွက် အကြီးအကျယ်အသိအမှတ်ပြုခံရသည်။ ၎င်းသည် မျိုးစိတ်များကို စိတ်ဖိစီးမှုဖြစ်စေနိုင်သလို တိရစ္ဆာန် ဦး ရေကို မျိုးသုဉ်းစေမည့် သဘာဝအင်အားစုများနှင့်အတူ ရှိနေသည်။[၈]

တိရစ္ဆာန်များနှင့် အပင်များအပေါ် အန္တရာယ်မြင့်မားစွာကျရောက်လာရခြင်း၏ အထင်ရှားဆုံးအကြောင်းပြချက်တစ်ခုမှာ လူသားများ၏ အခြေချနေထိုင်သောနေရာများ တိုးချဲ့လာမှုကြောင့် ၎င်းတို့၏ နေရင်းဒေသများ ဆုံးရှုံးသွားရခြင်းပင်ဖြစ်သည်။ ဇီဝမျိုးစိတ်များသည် ရှင်သန်ရန် လိုအပ်သောအရင်းအမြစ်များအတွက် ၎င်းတို့၏နေထိုင်ရာနေရာပေါ်တွင် မှီခိုနေကြသည်။ သူတို့၏ နေရင်းဒေသ ပျက်စီးပျောက်ကွယ်သွားလျှင် ၎င်းတို့၏ ဦးရေပမာဏကျဆင်းသွားသည်ကို တွေ့မြင်လိမ့်မည်။ ၎င်းတို့နေရင်းဒေသများဆုံးရှုံးစေသည့် လုပ်ဆောင်ချက်များတွင် ညစ်ညမ်းမှု၊ မြို့ပြများ ချဲ့ထွင်တည်ဆောက်ခြင်းနှင့် စိုက်ပျိုးမွေးမြူရေး မြေနေရာများတိုးချဲ့ခြင်း တို့ပါဝင်သည်။ အပင်များနှင့် တိရစ္ဆာန်များ အန္တရာယ်ကြုံလာရသည့် နောက်ထပ်အကြောင်းအရင်းမှာ ဒေသရင်းမဟုတ်သည့် ကျူးကျော်မျိုးစိတ်များကို မိတ်ဆက်ခြင်းကြောင့်ပင်ဖြစ်သည်။ ကျူးကျော်မျိုးစိတ်များသည် ၎င်းတို့၏ အရင်းအမြစ်လိုအပ်ချက်ကို ဖြည့်ဆည်းရန်နည်းလမ်းတစ်ခုအဖြစ် နောက်ဆုံးတွင် ထိုနေရာအားသိမ်းပိုက်လိုက်သည်။ ထိုလုပ်ဆောင်ချက်သည် ဇာတိမျိုးစိတ်များ မျိုးသုဉ်းရန် သို့မဟုတ် ထိုကျူးကျော်မျိုးစိတ်များ မျိုးသုဉ်းရန် အန္တရာယ်သို့ ဦးတည်စေသည်။ အပင်များနှင့် တိရစ္ဆာန်များသည် ရောဂါဘယကြောင့်လည်း မျိုးသုဉ်းသွားနိုင်သည်။ ကူးစက်ရောဂါတစ်ခုအား နေရာအသစ်တစ်ခုသို့ ရောက်ရှိစေခြင်းသည် ဒေသရင်းမျိုးစိတ်များအကြား ပြန့်ပွားစေနိုင်သည်။ ၎င်းတို့နှင့် ကူးစက်ရောဂါ အကျွမ်းတဝင်မရှိခြင်းကြောင့် ဒေသရင်းမျိုးစိတ်များသည် သေဆုံးပျောက်ကွယ်သွားစေနိုင်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. CITES (ဇွန်လ ၂၀၁၂). "တောရိုင်းတိရစ္ဆာန်များ၏ ထိန်းသိမ်းကာကွယ်မှုအဆင့်အတန်းများ" (in မြန်မာဘာသာ) (PDF). CITES ကွန်ဗင်းရှင်း နှင့် လုပ်ငန်းဆောင်ရွက်မှုစနစ်များ လက်စွဲစာစောင် (၂/ ၂၀၁၂): စာ(၇~၁၀). သစ်တောဦးစီးဌာန. 
  2. ၂.၀ ၂.၁ IUCN RED LIST CATEGORIES AND CRITERIA (2000-02-09)။
  3. IUCN Red List of Threatened Species
  4. What is The IUCN Red List?
  5. Endangered Species
  6. Guidelines for Using the IUCN Red List Categories and Criteria (February 2014)။
  7. IUCN (ဇွန်လ ၂၀၁၆). "ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ်များ အဆင့်သတ်မှတ်ခြင်းဆိုင်ရာ IUCN Category များ" (in မြန်မာဘာသာ) (PDF). မြန်မာနိုင်ငံရှိ IUCN Red List စာရင်းဝင် အပင်မျိုးစိတ်များ: စာ(၃၃ ~ ၃၅). သစ်တောဦးစီးဌာန. 
  8. Chandler၊ David (November 22, 2019)။ What Are the Causes of Animals Becoming Endangered?